Posts

ရုပ်ရှင်ရုံတွေပြန်ဖွင့်တော့မယ်တဲ့

Image
​ SP နော် SP ဒို့ပြည်သူတွေညီရဲ့လားဟေ့ ရုံတင်မယ့်ကားတွေမှာပါမယ့်သူတွေကလဲ ကြောင်စည်သူနဲ့ဇိုးပြတ်သူစါ မိုးကြံဖွန်နဲ့ဖင့်အသနီလောင် ဇိုင်ဇိုင်းနဲ့မီးပူမ မကြည့်ဖူး ဦးကွန်းဆဲလိမ့်မယ် 

အရှုံးမပေးနဲ့မိငယ်

Image
နေဝင်းခေတ်ထဲက ပြည်နယ်တွေကိုပဲ အာရုံထားခဲ့တာ၊ တိုင်းတွေကိုက သမဝါယမ လောက်ဆိုရပြီ၊ တိုင်းတွေကြွလာမယ်လို့ မအလရော နိုင်ငံရေးသုတေသီ တွေပါမထင်ခဲ့တာ၊ ၈၈တုံးက ABSDF&NCGUB လိုမျိူးနဲ့ပြီးသွားမယ်ထင်ပြီး အာဏာသိမ်းတာ အခုတော့ L**တွေဖြစ်ကုန်ပြီ မဟုတ်လား မင်းအောင်လှိုင်၊ တိုင်းပြည်ပါပျက်ရော ဟိုပုံပြင်လိုပေါ့ ငန်းကြီးကရွှေဥတနေ့တလုံးဥပေးတာ အားမရလို့ဗိုက်ဖေါက်ယူတဲ့ လူလိုမျိူးပဲ အခုလဲသူသိနေပါပြီ၊ သူဘာလုပ်ရမှန်းမသိတော့ဖူး၊ NLDကိုအပြတ်ဖြတ်တဲ့ဗျူဟာကို ဝှက်ဖဲပုံစံသုံးနေတယ်၊ နိုင်ငံတကာကတွေ့ချင်တယ်ဆိုရင် အကြမ်းဖက်တို့ ရာဇဝတ်တို့မို့လို့ ပေးမတွေ့ဖူး၊ တွေ့ချင်ရင်သူတို့ကိုအစိုးရအဖြစ် အသိအမှတ်အရင်ဆုံးပြုခိုင်းချင် နေတာ၊ တလရသမားတွေဟာကိုလိုနီစနစ် ကလွတ်ဖိူ့ ၁၀၃နှစ်လောက် ဝါယမ ထုတ်ခဲ့ရတယ် အုံကြွမှု တလရမှာပါဝင်လာမှုမှာ PDF က အရှိန်အားဖြင့်အဆပေါင်း များစွာပိုမြန်တာတွေ့ရတယ်၊ PDFဆိုတာဖြစ်လာဖို့ လွယ်တဲ့ကိစ္စ မဟုတ်ဖူး ဘယ်သူမှမထင်ထားတာ ကြီးကိုအောင်မြင်ခဲ့တာ၊ ဆက်ထိန်းထားဖို့ ခင်ဗျားရော ကျူပ်ပါ *တာဝန်ရှိတယ်။

ဆဲ ပြီ လေ

Image

မအလကိုကြိမ်စာတိုက်ပွဲလို့ပြောရင်လာဖမ်းမှာပေါ့

Image
လျှပ်စစ်နတ်မင်းကြီးကိုမေတ္တာပို့အမျှဝေပါတယ် ဘာညာနဲ့အစချီ  မီးဖျက်တဲ့စေတန်ကို နောက်ဆုံးမှာကြိမ်စာတိုက် ဆန္ဒဆိုတာပြတတ်ဖို့ပဲလိုတာ

တက်တက်ခံ ရာထူး စလောင်းဖုံးမ ရရှိ

Image
​ နွားသိုး သည်,နန်းတော်ထဲသို့ ဝင်ရောက်နိုင်သဖြင့် ဘုရင်မဖြစ်နိုင်၊ နန်းတော်သည်သာနွားတင်းကုတ်ဖြစ်သွားမည်။  #Sedef Kabas ( တူရကီစာရေးဆရာမ).. crd: KKMM မပြီးသေးဖူး အဲ့နွားသိုးက  တက်တက်ထိုင် ကို တက်တက်ခံ ရာထူးထပ်ပေးလို့ ကြူခေါမ ပေါက်ကွဲနေတယ်လို့ 🍉သတင်းထွက်

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "

Image
ဒီကနေ့ ဥရောပပါလီမန်မှာ မြန်မာ့အရေးဆွေးနွေးကြရာမှာ ပါလီမန်အမတ်အများစုက မြန်မာနဲ့ ယူကရိန်းကို ယှဥ်တွဲပြောသွားကြပါတယ်။ အဲဒီလို ယှဥ်တွဲပြောသွားတဲ့အထဲမှာ ဆွီဒင်နိုင်ငံက ဥရောပပါလီမန်အမျိုးသမီးအမတ် Evin Incir ရဲ့တင်ပြ​ဆွေးနွေးချက်ကို ပါလီမန်အမတ်အများစုက အားရထောက်ခံခဲ့ကြတာတွေ့ရပါတယ်။ Evin Incir ဆွေးနွေးချက်အကျဥ်းချုပ်ကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပေးဆပ်မှုတွေနဲ့ ခက်ခက်ခဲခဲကျိုးစားတည်ဆောက်ခဲ့ရတဲ့ ဒီမိုကရေစီတိုးတက်ပွင့်လင်းမှုတွေဟာ စစ်တပ်အာဏာသိမ်းမှုကြောင့် အကုန်ပျက်စီးပျောက်ဆုံးသွားရပါတယ်။  ဒီမိုကရေစီအတွက် မြန်မာပြည်သူတွေ ဒုက္ခဆင်းရဲ ခံစားနေရချိန်မှာ ကျမတို့က ဘေးကနေ လက်ပိုက်ကြည့်နေလို့ မရပါဘူး။ ဘေးကနေ စောင့်ကြည့်လေ့လာသူတွေ လုပ်လို့မရပါဘူး။ နိုင်ငံတကာဥပဒေတွေချို့းဖေါက်နေတာကို ဘေးကနေ ထိုင်လေ့လာနေလို့ ပြောနေလို့မရပါဘူး။ ဘာကြောင့်လည်းဆိုတော့ ကျမတို့ပြောနေရတာက မြန်မာပြည်သူတွေရဲ့အသက်တွေ ဘ၀တွေပါ၊ စစ်တပ်က အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်နေတဲ့ အလွှာစုံက လူတွေ အရေအတွက်ကလည်း တနေ့တခြားတိုးနေပါတယ်။ လူဦးရေ ၁၄သန်းကျော်ဟာ အရေးပေါ် အကူအညီလိုနေတယ်လို့ UN က ပြောထားပြီးပါပြီ။ အများစုဟာ အမျိုးသမီးတွေနဲ့ကလေ

အခု မီးပျက်တာက ဝန်ဆောင်မှု အားနည်းလို့ပျက် တာမျိုးမဟုတ်ဘူး

Image
​ မီးတွေ အရမ်းပျက်တယ်ဗျာ။ ဘာမှကို လုပ်လို့ ကိုင်လို့လဲမရဘူး။ ကုန်ဈေးနှုန်းတွေကလဲ ကြီးလိုက်တာမှအရမ်းပဲ။ စီး ပွားတွေလဲပျက်နေပြီတဲ့ မိတ်ဆွေတယောက်ကညည်းတယ်။ တိုင်းပြည်က တနှစ်အတွင်းကို ဖရိုဖရဲဖြစ်သွားရှာတယ်။ တခြားနိုင်ငံတွေ ကိုဗစ်ကနေ ပြန်ရုန်းထပြီး နောက်တဆင့်ကို လှမ်းတက်ဖို့ ကြိုးစားနေချိန်မှာ ကိုယ့်တိုင်းပြည်က အရာရာ မှာ အနောက်ကို  ဘတ်ဂီယာထိုးပြီး  တွင်းနက်နက်ထဲကို ပြန်ဆင်းသွားတယ်။ အခြေခံ စီးပွားရေး အဆောက်အအုံက ပျက်နေပြီ။ ပြည်သူတွေကို ဝန်ဆောင်မှုပေးဖို့ မပြောနဲ့ ........  နိူင်ငံတနိူင်ငံအနေနဲ့ အခြေခံလည်ပတ်ဖို့တောင်ခက်နေပြီလို့မြင်တယ်။ဒါကြောင့် လဲ failed State ဖြစ်မယ်လို့ ပြောခဲ့ကြတာပေါ့။ ပျက်တဲ့ အပျက်က ကြီးလွန်းတယ်။ အခုထက်  အခြေအနေတွေပိုဆိုးလာဖို့ပဲရှိတယ်၊ နိုင်ငံတနိုင်ငံပျက်တယ်ဆိုတာရုတ် တရက်ကြီး ပြိုပျက်သွားတာမျိုး မဟုတ်ဘူး။ အဘက်ဘက်ကနေ တအိအိ ပြိုဆင်းလာရင်း နောက်ဆုံး ချွတ်ခြုံကျသွား တာမျိုးပါ။ တိုင်းပြည်ပျက်တယ်သာပြောတယ်။ တို့တွေနေလို့ရနေတာပဲလို့စဉ်းစားကောင်းစဉ်းစားကြလိမ့်မယ်။ လူဆို တာကတော့ သဘာဝအခြေအနေမှာတောင် နေနိုင်ကြတာပဲမဟုတ်လား။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ချွတ်ခြုံကျတာက သိသာလာလိမ့်မယ်။ 

နယ်မြေပိုင်စိုးသူ

Image
​နယ်မြေပိုင်စိုးသူကအစိုးရဖြစ်တယ်တဲ့ မအလတွေ မြေဩဇာဖြစ်တာအနည်းဆုံး ၁၂၀၀၀ 🍉တွေကလဲဒင်းကြမ်းပဲ အစိုးရအစစ်က ပြည်သူ့လက်ထဲမှာ သစ်ငုတ်တောင်ဖြေးဖြေးချင်းနှဲ့ရင် ကျွတ်ထွက်သေးတာပဲ မအလတွေက ဘာသားနဲ့ထုထားတာမှတ်လို့ (ဖေ့ဘွတ်ပေါ်တင်ရေးရင်အပိတ်ခံရလွန်းလို့ ကိုယ်ပိုင်တဲ့စာမျက်နှာမှာတက်ရေးတာ😏) စကားမစပ် မထက်ကနာမည်ခေါ်ပေးလား😅

ဘီလာရုစ်က လက်နက် မြန်မာတပ်အတွက် ပွဲစားလုပ်သူကို ဖော်ထုတ်

Image
Mi 17 မှာ အလျှားရှည်တဲ့ ကုန်စည်ပါတင်နိုင်ပြီး တပ်ဖွဲ့ဝင် ၃၀ နဲ့ ဒဏ်ရာရထားသူ ၂၀ ထိ တင်နိုင်တယ်လို့ FAS Federal American Scientists အမေရိကန်သုတေသနအဖွဲ့က ပြောပါတယ်။ Mi 17 ရဟတ်ယာဉ်ကို လူနဲ့ကုန်တင်ဖို့ ရည်ရွယ်ပြီး ဒီဇိုင်းဆွဲထားတာပါ။ ဒါကြောင့်လည်း PDF တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရွာတွေကို ဝင်ရောက်ဖျက်ဆီး၊ မီးရှို့ ပစ်ခတ် ဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွက် ပစ်မှတ်ရှိတဲ့နေရာကို တပ်ဖွဲ့ဝင်တွေ အရောက်ပို့ပေးနိုင်တဲ့ Mi17 က အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာပါ။ စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ) 2022-03-09 ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားတွင် စစ်ရေးပြပျံသန်းနေသည့် ရဟတ်ယာဉ်များကို တွေ့ရစဉ်။   Photo: AFP ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို နှိမ်နင်းဖို့ လေကြောင်းက တပ်ကူပေးတဲ့အခါ သုံးတဲ့ ရုရှားနိုင်ငံလုပ် Mi17 တိုက်ရဟတ်ယာဉ် အပိုပစ္စည်းတွေကို Dynasty International ကုမ္ပဏီက မြန်မာလေတပ်အတွက် တင်သွင်းပါတယ်။ မနှစ်က ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းပြီး နောက်တစ်လအကြာ မတ်လမှာ ရုရှားအခြေစိုက် Ural Avia ကုမ္ပဏီကနေ Dynasty International က ဒီ Mi17 အပိုပစ္စည်းတွေကို ဝယ်ယူတင်သွင်းတယ်လ

အကြမ်းဖက်စစ်တပ်က ဓာတု လက်နက်သုံးပြီးတိုက်ခိုက်နေ သည်ဟု သံသယဖြစ်ဖွယ်သေဆုံးသူများ

Image
​ စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်တပ်က ဓါတုလက်နက်အသုံးပြု​နေဟု ​PDFများ​ပြော —People's Spring အကြမ်းဖက်စစ်​ကောင်စီတပ်က စစ်ကိုင်းတိုင်း၊ ခင်ဦး၊ ယင်းမာပင် မြို့နယ်များတွင် ​ဒေသခံကာကွယ်​ရေးတပ်များကို တိုက်ခိုက်ရာတွင် ဓာတုလက်နက်များအသုံးပြုတိုက်ခိုက်နေသည်ဟု တော်လှန်​ရေးအဖွဲ့ အချို့ကထုတ်ပြန်သည်။  ဓာတု လက်နက်ကြောင့် ထိခိုက်ရသူ များသည် အလင်းဒဏ်မခံနိုင်ဖြစ်ကာ မျက် လုံးမဖွင့်နိုင်ဘဲ ဖြစ်ရသည်ဟု ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ထုတ်ပြန်သည်။ ကိုယ်​တွေ့ကြုံခဲ့​သော PDF အချို့ကမူ ထိုက်လက်နက်ကျည်ကျ​သော​နေရာသို့ ဖြတ်သန်းသွားလျှင်အားအင်ကုန်ခမ်း လာပြီး မျက်ခွံများ​လေးလံလာကာ အိပ်ချင်လာသလို ၊ အ​ငွေ့ရှုမိသူများမှာ စက္ကန့် အတန်ကြာ မလှုပ်နိုင်ဘဲ သတိ့လက်လွတ်ဖြစ်ကုန်သိ့ဟု​ပြောကြသည်။ "စခတွေဟာ လျှပ်တပြတ် အငိုက်မှာ ဓာတု လက်နက်တွေ အသုံးပြုနေပါတယ်"ဟု   ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။ ယင်းမာပင် မြို့နယ်တွင် မတ်လ ၈ ရက်တိုက်ပွဲ၌ စစ်​ကောင်စီတပ်က ဓါတုလက်နက်အသုံပြုခဲ့သည်ဟု ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင် (PDF) တစ်ဦးက ​ပြောသည်။ "ကျွန်တော်က သူတို့နဲ့ထိပ်တိုက် တွေ့တဲ့နေရာမှာ