အခု မီးပျက်တာက ဝန်ဆောင်မှု အားနည်းလို့ပျက် တာမျိုးမဟုတ်ဘူး

မီးတွေ အရမ်းပျက်တယ်ဗျာ။ ဘာမှကို လုပ်လို့ ကိုင်လို့လဲမရဘူး။ ကုန်ဈေးနှုန်းတွေကလဲ ကြီးလိုက်တာမှအရမ်းပဲ။ စီး ပွားတွေလဲပျက်နေပြီတဲ့ မိတ်ဆွေတယောက်ကညည်းတယ်။

တိုင်းပြည်က တနှစ်အတွင်းကို ဖရိုဖရဲဖြစ်သွားရှာတယ်။

တခြားနိုင်ငံတွေ ကိုဗစ်ကနေ ပြန်ရုန်းထပြီး နောက်တဆင့်ကို လှမ်းတက်ဖို့ ကြိုးစားနေချိန်မှာ ကိုယ့်တိုင်းပြည်က အရာရာ မှာ အနောက်ကို  ဘတ်ဂီယာထိုးပြီး  တွင်းနက်နက်ထဲကို ပြန်ဆင်းသွားတယ်။

အခြေခံ စီးပွားရေး အဆောက်အအုံက ပျက်နေပြီ။ ပြည်သူတွေကို ဝန်ဆောင်မှုပေးဖို့ မပြောနဲ့ ........

 နိူင်ငံတနိူင်ငံအနေနဲ့ အခြေခံလည်ပတ်ဖို့တောင်ခက်နေပြီလို့မြင်တယ်။ဒါကြောင့် လဲ failed State ဖြစ်မယ်လို့ ပြောခဲ့ကြတာပေါ့။

ပျက်တဲ့ အပျက်က ကြီးလွန်းတယ်။ အခုထက်  အခြေအနေတွေပိုဆိုးလာဖို့ပဲရှိတယ်၊ နိုင်ငံတနိုင်ငံပျက်တယ်ဆိုတာရုတ် တရက်ကြီး ပြိုပျက်သွားတာမျိုး မဟုတ်ဘူး။ အဘက်ဘက်ကနေ တအိအိ ပြိုဆင်းလာရင်း နောက်ဆုံး ချွတ်ခြုံကျသွား တာမျိုးပါ။ တိုင်းပြည်ပျက်တယ်သာပြောတယ်။ တို့တွေနေလို့ရနေတာပဲလို့စဉ်းစားကောင်းစဉ်းစားကြလိမ့်မယ်။ လူဆို တာကတော့ သဘာဝအခြေအနေမှာတောင် နေနိုင်ကြတာပဲမဟုတ်လား။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ ချွတ်ခြုံကျတာက သိသာလာလိမ့်မယ်။ 

မိတ်ဆွေတယောက်ကလဲလှမ်းပြောတယ်။ ဒီမှာ မီးတွေပျက် နေတော့ အရင်တုန်းက မီးပျက်ရင် ခင်ဗျားရေးတဲ့ပို့စ်တွေကို တောင် သတိရတယ်တဲ့။

ဟုတ်တယ်ဗျလို့။ အရင်က မီးပျက်ရင် ပို့စ်တွေရေးဖြစ်တယ်  အစိုးရရဲ့ လျှပ်စစ်ဝန်ကြီးဌာနအနေနဲ့ ဝန်ဆောင်မှု အားနည်း လို့၊ ဝန်ဆောင်မှု ပိုကောင်းလာအောင် ပြောဆိုရတာပေါ့ဗျာ။ အဲ့လို ဝိုင်းပြောကြရင် ဝန်ဆောင်မှုလေးများပိုကောင်းလာမ လားလို့ မျှော်လင့်ပြီး ပြောရဆိုရတာပေါ့။ 

ဒါပေမဲ့ အခုအချိန်မှာတော့ ဘာဝန်ဆောင်မှုကိုမှ မျှော်မနေနဲ့ တော့ဗျ။ အခု မီးပျက်တာက ဝန်ဆောင်မှု အားနည်းလို့ပျက် တာမျိုးမဟုတ်ဘူးဗျ။ တိုင်းပြည်ပျက်လို့၊ တိုင်းပြည်ကိုပျက် အောင်ဖျက်လိုက်ကြလို့ မီးပါပျက်သွားတာလို့ ပြန်ပြောဖြစ် ခဲ့တယ်။

ကိုရဲ 🇺🇸


Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

U.N. ကအာဏာသိမ်းမှုမအောင်မြင်စေရန်အတတ်နိုင်ဆုံး လုပ်ဆောင်မည်