ဥရောပပါလီမန်က NUG၊ CRPH နှင့် NUCC ကို ပြည်သူကိုယ်စားပြု ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြု

ဥရောပ ပါလီမန်က NUG ၊ CRPH နှင့် NUCC ကို မြန်မာပြည်သူများ၏ ဒိမိုကရေစီဆန္ဒများကို ကိုယ်စားပြုသည့် တရားဝင်ကိုယ်စားလှယ်များအဖြစ် အသိအမှတ်ပြုထောက်ခံကြောင်း NUG လူအခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း ကပြောသည်။

"ရိုဟင်ဂျာနဲ့ ခရစ်ယာန်တွေအပါအဝင် လူမျိုးနဲ့ ဘာသာရေးအုပ်စုတွေအပေါ်  အကြမ်းဖက် စစ်ကောင်စီက ကျူးလွန်တဲ့ရာဇဝတ်မှုတွေကို အဓိက အထောက်အထားပြု ဖော်ပြထားခဲ့ပါတယ်။ အရေးယူပိတ်မှုထဲမှာ ဗဟိုဘဏ် အပါအဝင် အခြားလုပ်ငန်းတွေကိုပါ ထည့်သွင်းဖို့ တောင်းဆိုထားပါတယ်။" ဟု ဦးအောင်မျိုးမင်းက ၎င်း ၏ လူမှုကွန်ရက်မှတဆင့် ထုတ်ပြန်ပြောဆိုထားသည်။

အဆိုပါဆုံးဖြတ်ချက်ကို ဥရောပပါလီမန်မှ မတ်လ (၁၀)ရက်နေ့၌ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်တွင် ထည့်သွင်း ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း၊ ဥရောပလွှတ်တော်၏ ထုတ်ပြန်ချက်တွင်  NUCCကို အသိအမှတ်ပြု ထောက်ခံလာ ခြင်းသည် ထူးခြားချက်ဖြစ်ကြောင်းလည်း ဉီးအောင်မျိုးမင်းက သုံးသပ်သည်။ 

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို ပြင်းထန်စွာရှုတ်ချထားပြီး ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို လေးစားရန်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေအကျဉ်းသား အားလုံးကိုလွှတ်ပေးရန်လည်း ဥရောပ ပါလီမန်တွင် ထပ်မံတောင်းဆိုတားကြောင်းလည်း သိရသည်။

ဓာတ်ပုံ/ ဖေဖော်ဝါရီ လအတွင်းက ပြုလုပ်ခဲ့သည့် ဥရောပပါလီမန်အစည်းအဝေးတခု

#UNacceptNUGrejectMilitary

#DavidDT

#P08 #Lungekhit #NUG #NUCC



Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်