Posts

​တယ်လီနောမြန်မာရဲ့ လုပ်ငန်း ပိုင်ရှင်သစ်ထံအလွှဲအပြောင်းစတင်၊စစ်အုပ်စုနောက်ခံ ရွှေဗျိုင်းဖြူ ကုမ္ပဏီ အဓိကပိုင်ဆိုင်သူဖြစ်လာ

Image
People's Spring နော်ဝေးဆက်သွယ်ရေးကုမ္ပဏီတယ်လီနောက  ဒီနေ့ မတ် ၁၈ ရက်ကစတင်ပြီး မြန်မာပြည်လုပ်ငန်းခွဲကို ပိုင်ရှင်သစ်ထံ စတင်လွှဲပြောင်းပြီလို့ သတင်းထုတ်ပြန်ပါတယ်။  တယ်လီနော  က မြန်မာပြည် လုပ်ငန်းခွဲကို လက်ဘနွန်အခြေစိုက် M1 Group ကို ရောင်းချထားတာပါ။ M1 Group ထံက  တယ်လီနော မြန်မာရဲ့ ရှယ်ယာ ၈၀ ရာခိုင်နှုန်းကို စစ်အုပ်စုနောက်ခံရှိတဲ့ ပြည်တွင်းကုမ္ပဏီ ရွှေဗျိုင်းဖြူက ထပ်မံဝယ်ယူထားပါတယ်။ ဒါကြောင့် တယ်လီနော မြန်မာရဲ့အဓိက ပိုင်ရှင်သစ်ဟာ ရွှေဗျိုင်းဖြု ကုမ္ပဏီဖြစ်လာမှာပါ။ တယ်လီနောဟာ မြန်မာပြည်တွင်းမှာ သုံးစွဲသူ ၁၈ သန်းကျော်ရှိပါတယ်။ ပိုင်ရှင်သစ်ထံအလွှဲအပြောင်းဟာ တယ်လီနောရဲ့ သုံးစွဲသူတွေ ၊ ဝန်ထမ်းတွေ နဲ့ မိတ်ဖက်တွေအပေါ် တိုက်ရိုက်သက်ရောက်မှု ရှိမှာမဟုတ်ဘူးလို့ တယ်လီနောရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြန်မာပြည်တွင်းအခြေအနေဟာ ပိုမိုဆိုးဝါးလာနေတဲ့အတွက် နော်ဝေးအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီကြီး တယ်လီနောဟာ မြန်မာနိုင်ငံမှာ လည်ပတ်နေတဲ့ လုပ်ငန်းကို ရောင်းချဖို့ဆုံးဖြတ်ခဲ့တဲ့အကြောင်း ပြီးခဲ့တဲ့ ဇွန်လအတွင်းကထုတ်ပြန်ထားခဲ့ပါတယ်။ တယ်လီနောမြန်မာရဲ့ပိုင်ရှင်သစ်ဖြစ်လာသူ ရွှေဗျိုင်းဖြူ ကုမ္ပဏီ ပိုင်ရှင

Telenor Myanmar ကို M1 Groupနှင့် ရွှေဗျိုင်းဖြူ ဖက်စပ်ကုမ္ပဏီ Investcom သို့ ရောင်းချမှု စစ်ကောင်စီ အတည်ပြု ၊ တယ်လီနောပိုင်ရှင်သစ်အဖြစ် စစ်တပ်၏ မိတ်ဖက် ခရိုနီသိန်းဝင်းဇော်ဖြစ်လာ

Image
​ ရန်ကုန်၊ မတ် ၁၈ ခေတ်သစ်မီဒီယာ Telenor Myanmar ကို  စစ်တပ်နှင့်ဆက်နွယ်နေသော ခရိုနီသိန်းဝင်းဇော်နှင့် M1 Group ဖက်စပ်ကုမ္ပဏီ Investcom သို့ရောင်းချခြင်းမှုကို အကြမ်းဖက် စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ယနေ့ အတည်ပြု လိုက်ပြီဖြစ်ကြောင်း M 1 Group က ရန်ကုန်ခေတ်သစ်ထံသို့ ပေးပို့သော  တရားဝင် သတင်းထုတ်ပြန်ချက် အရ သိရှိရသည်။   Telenor Group မှ ၎င်း၏ Telenor Myanmar လုပ်ငန်းကို M1 Group ၏မိတ်ဖက်လုပ်ငန်းဖြစ်သည့် Investcom PTE Ltd. ထံ ရောင်းချခြင်းဆိုင်ရာလျှောက်တင်လွှာအား အတည်ပြုကြောင်း M1 Group ကို အကြမ်းဖက်စစ်ကောင်စီ၏ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က အသိပေးအကြောင်းကြားလာကြောင်း M1 Group က အတည်ပြုသည်။  M1 Groupက လုပ်ငန်းလွှဲပြောင်းရယူမှုကို အမြန်ဆုံးအပြီးသတ်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။   M1 Group သည် Telenor Group ၏မြန်မာလုပ်ငန်းခွဲအားဝယ်ယူရန်အတွက် ကနဦးသဘောတူညီချက်ကို ၂၀၂၁ ခုနှစ် ဇူလိုင်လတွင် ကြေညာခဲ့ပြီး  ၇ လအကြာတွင် အလုံးစုံ တရားဝင်အရောင်းအဝယ်ဖြစ်သွားခြင်းဖြစ်သည်။   M1 Group သည် ပိုင်ဆိုင်မှုကိုလွှဲပြောင်းရယူမည့် လုပ်ငန်းသစ်တစ်ခုဖြစ်သည့် Investcom မှ တစ်ဆင့် စစ်တပ

​နူရာဝဲစွဲ ကြသူများ ***************

Image
မြန်မာ့ စီးပွားရေးသည်ကား အကြမ်းဖက် စစ်တပ်၏ မျောက်အုန်းသီး ကိုင်မိသလို ဖြစ်နေရသည့် အပြင် ယူကရိန်း အရေးနှင့် ငွေစက္ကူ အတုများ အလျှံပယ် ဝင်ရောက်လာနေသည့် အတွက်ကြောင့်  နူရာဝဲစွဲ လဲရာသူခိုးထောင်း ဆိုသလို ဖြစ်လာနေရသည်။ ငွေစက္ကူ အတုများ လိုချင်ပါက မည်သို့ မည်ပုံ ဆက် သွယ်မှာယူနိုင်သည်ကို ပြောင်ပြောင်တင်းတင်းပင် ဘတ်စ်ကားဂိတ်များ၊ အ‌ဝေးပြေးကားဂိတ်များ၊ ဆိုရှယ် မီဒီယာများ တွင် ကြော်ငြာလာကြသည်။ လျှပ်စစ်ဓါတ်အားသည် တနေ့လျှင် ၈၇၃ မီဂါဝပ်သာ ထုတ်လုပ်နိုင်တော့သည်။ သို့သော် စစ်ဗိုလ်ချုပ်ကြီးများ နေထိုင် နေသော နေပြည်တော် ခံတပ်ကြီးတွင်တော့ မီးများ ထိန်ထိန်လင်းကာ ရှုမငြီးအောင် ဖြစ်နေသည်ဟု ဧရာဝတီတွင် ဓါတ်ပုံနှင့်တကွ ဖေါ်ပြထားသည်။ ပြည်သူများက ဒီဇယ်ဆီ ဈေးသည် သုံးဆနီးပါး တက်လာနေပြန်သည့် အတွက် ဂျင်နရေတာကို သုံးစွဲရန် အခက်အခဲ တွေ့လာနေရသည်။ LNG ဖြင့် လည်ပတ်နေရသော ဓါတ်အားပေး စက်ရုံများသည်လည်း ‌ဈေးနှုန်း များ မြင့်တက်လာသည့် အတွက် ထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ရပြန်သည်။ ထို့ကြောင့် တိုင်းပြည်၏ တိုးတက် မှုသည် ရုတ်ခြည်း ဆွဲချခံရသလို ဆယ်နှစ်မျှ နောက်ပြန်ဆုတ်သွားပြီး “ဟေး...မီးလာပြီဟေ့” ဆိုသည့် ဝမ်းသာ အားရ အော်ဟစ်သံများကိ

မင်းအောင်လှိုင်စစ်တပ်အတွင်း အမျိုးသမီးစစ်သည်များကို ကိုယ်ဝန်ဖျက်ချခိုင်းခြင်း၊ ပြည့်တန်ဆာသဖွယ် ငွေကြေးပေး ဆက်ဆံခံရခြင်း၊ ရှေ့တန်းထွက် စစ် သားများ၏ ဇနီးများ မုဒိမ်းကျင့်ခံရခြင်းနှင့်လူမှုရေးဖောက်ပြန်မှုများ အလွန်များလာ

Image
​ By ရန်ကုန်ခေတ်သစ် အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်နေသည့် စစ်တပ်အတွင်းတွင် အမျိုးသမီး စစ်သည်များ ကိုယ်ဝန်ဖျက်ချခိုင်းခြင်း၊ ပြည့်တန်ဆာသဖွယ် ငွေကြေးပေး ဆက်ဆံခံရခြင်းကဲ့သို့သော အမျိုးသမီးအခွင့်အရေးချိုးဖောက်မှုများ အကြီးအကျယ် ဖြစ်ထွန်းနေပြီး ရှေ့တန်းထွက် စစ်သည်များ၏ ဇနီးများမှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းနှင့် လူမှုရေးဖောက်ပြန်မှုများ အလွန်များပြားနေကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။  မတ်လ ပထမအပတ်တွင် ပဲခူးတိုင်း တောင်ငူလေတပ်စခန်းဌာနချုပ်လက် အောက်  အမှတ် ၄၂ တိုက်ခိုက်ရေးအုပ်မှ  အမျိုးသမီးစစ်သည်နှင့် စက်မှုလက်မှုတပ်မှ စစ်သည်တို့ ချစ်ကြိုက်ကြပြီး အမျိုးသမီးစစ်သည်တွင် ကိုယ်ဝန်ရှိလာကြောင်း၊ ထိုသို့ ကိုယ်ဝန်ရှိလာမှုကို အမှတ် ၄၂ တိုက်ခိုက်ရေးအုပ်မှူး ဒုတိယဗိုလ်မှူး‌ ကြီး ကျော်ထူးလွင်က  သိရှိသော်လည်း ဖျက်ချမည်ဆို၍ မသိချင်ယောင်ဆောင်ပေးကြောင်း၊ ခွင့်ပေးပြီး ကိုယ်ဝန်ဖျက်ချရန် လွှတ်လိုက်ကြောင်း၊ တပ်သို့ ပြန်ရောက်ချိန်တွင်လည်း ကိုယ်ဝန်က အရင့်အမာဖြစ်လာကြောင်း၊ တောင်ငူလေတပ်ဌာနချုပ်မှူး၊ အမှတ် ၄၂ တိုက်ခိုက်ရေးအုပ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ထူးလွင်၊ အမှတ် ၄၃ တိုက်

​စစ်ရာဇဝတ်မှုနဲ့ တော်လှန်ရေး

Image
မနေ့က စစ်သုံ့ပန်းကိစ္စရေးအပြီးမှာ အချို့က PDF တွေကို ခံစားချက်တွေနဲ့ စစ်ရာဇဝတ်မှု မကျူးလွန်စေချင်ဘူး ဘာညာဆိုပြီး လာရေးတာတွေ့ရပါတယ်။ ခဏနေတော့ အဆိုပါတင်ထားတာကို Facebook က ဖြုတ်ချတာတွေ့ရပါတယ်။  ယခုမှ ပြန်ရတာပါ။ အဆိုပါလူက ဒီမိုယောင်ယောင် စကားပြောနေပေမယ့် မအလဖြုတ်တာနဲ့ တိုက်ဆိုင်နေလို့ မအလမကြိုက်တာကတော့ ကျိန်းသေပါတယ်။ ဒီနေရာမှာ အချို့ဗမာလို မရှင်းသူတွေ၊ အဘဘောမတွေနဲ့ လူ့အခွင့်အရေးကို အလွန့်အလွန် လေးစားလိုက်နာလိုသူတွေအတွက် နားလည်လွယ်အောင် ရေးပေးပါ့မယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေး အောင် မအောင်က ဒါကနေ အဆုံးအဖြတ်ပေးသွားမှာ မိုလို့ပါ။ ပထမက မအလတပ်က လက်နက်ချလို့ ဖမ်းမိရင် စစ်သုံ့ပန်းအနေနဲ့ ဆက်ဆံရပါမယ်။ မအလလုပ်သလိုတော့ ဒီနေ့ဖမ်း မနက်ဖြန် အလောင်းပြန်ပို့လို့မရပါ။ ဒါကတော့ ရှင်းပါတယ်။ ဒါပေမယ့် အဆိုပါဖမ်းမိတဲ့သူကို ပေါ်ဆန်းမွှေးကျွေး ရေသန့်ဗူးတိုက်စရာ မလိုပါဘူး။ အိမ်ကမွေးတဲ့ ချီးစားခွေးကိုကျွေးသလိုကျွေး ရေတိုက်ရင်ရပါပြီ။ ဂျနီဗာကွန်ဗန်းရှင်းမှာ ပေါ်ဆန်းမွှေးကျွေး ရေသန့်ဗူးတိုက်ရမယ်လို့ မပါပါ။ သူတို့ကို အမြောက်နဲ့ မအလကထုနိုင်တဲ့ ဗုံးကြဲနိုင်တဲ့နေရာမှာ နေရာမရှိရင် ချုပ်ထားလို့ရပါတယ်။ မအလကပစ်လို့ အမြေက်ဆန်

မင်းအောင်လှိုင်ဘဝကအဲ့လို ရှေ့မှာတဂိတ်ပဲကျန်တာ၊

Image

​ဒေါ်‌ဇင်မာအောင် နှင့် အမေရိကန် ရေဒီယို The World တွေ့ဆုံ၊ ဒေါ်လာ တစ်ဘီလီယံ ကိစ္စ၊ no-fly zone၊ ယူကရိန်း အရေး သဘောထား။ ***********************

Image
စစ်တပ်မှ နိုင်ငံ အာဏာကို လက်နက် အားကိုးဖြင့် သိမ်းယူထားသည်မှာ တနှစ်ကျော်လာပြီ ဖြစ်သော်လည်း ယခုထိ နိုင်ငံ ကို အုပ်ချုပ်နိုင်ခြင်း မရှိသေး၊ ရှိပါကလည်း ၎င်းတို့အား ပြည်ပ နိုင်ငံ တနိုင်ငံ မှ ဝင်ရောက် သိမ်းပိုက်ထားသည့် စစ်တပ်ကဲ့သို့ သဘောထား နေကြပြီး မြန်မာပြည်သူများက ကျားကုတ် ကျားခဲ ခုခံ တော်လှန်သွားမည် ဆိုသည်က တကမ္ဘာလုံး မှ ရှင်းလင်း မြင်သာစွာ သိမြင်နေကြပြီး ဖြစ်သည်။ ထိုသို့သော အနေအထားတွင် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး များ၏ ခေါင်းကိုင် ဘိုးအေကြီး ဖြစ်သည့် အမေရိကန်သည်  မြန်မာတို့ အပေါ် ထားရှိသော သဘောထားကို မေးခွန်းထုတ်စရာ ဖြစ်လာပေသည်။ ယူကရိန်း အစိုးရအား ဒေါ်လာ ၁၃ ဘီလီယံ အပါအဝင် လက်နက် အမြောက်အမြားကို တပတ် အတွင်း ပေးရန် သဘောတူခဲ့ကြသော်လည်း မြန်မာ ပြည်သူတို့ပိုင် အမေရိကန် ဗဟိုဘဏ် တွင် အပ်နှံထားသော ဒေါ်လာ တစ်ဘီလီယံကို ပြည်သူတို့ လက်ဝယ် ပြန်လည် အပ်နှံရေးကိုမူ အမေရိကန် အစိုးရက အကြောင်းအမျိုးမျိုးပြကာ လွှဲရှောင်နေဆဲ ဖြစ်သည်။ မြန်မာတို့မှ မိမိတို့အား အကူအညီ ပေးပါရန် အသနားခံနေခြင်း မဟုတ်၊ မိမိတို့ ငွေကို မိမိတို့ ပြန်တောင်းနေခြင်းသာ ဖြစ်သည်။ အကယ်၍ လုပ်ထုံးလုပ်နည်းအရ မလျှော်ညီဟု ဆိုကလည်း ၎င်းတို့

​ကုလ လူ့ အခွင့်အရေး အဖွဲ့ကြီးမှ အုန်းမောင်း ‌ခေါက်ပြန်ပြီ **********************************

Image
ဂျီနီဗာ အခြေစိုက် ကုလ လူ့အခွင့်အရေး အဖွဲ့ကြီးမှ မြန်မာ၏လက်ရှိ စစ်အုပ်ချုပ်ရေး သမား များသည် လူ့အသက်တချောင်းကို တန်ဖိုးထားရကောင်းမှန်း မသိဘဲ အကြမ်းဖက်မှုများ တိုး၍ ကျူးလွန် လာနေသောကြောင့် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ထိုကဲ့သို့ လူမဆန်သည့် လုပ်ရပ်များ အလျှင်အမြန် ရပ်တန့်သွားအောင် ဆောင်ရွက်ကြရန် ကမ္ဘာသို့ ပန်ကြားချက် ထွက်ပေါ်လာ ခဲ့သည်။ ထိုပန်ကြားချက်ကို ကုသလူ့အခွင့်အရေး အဖွဲ့ကြီး၏ မြန်မာနှင့် ပတ်သက်၍ ပထမဆုံး အကြိမ် အပြည့်အစုံ ထုတ်ပြန်လိုက်သော အစီရင်ခံစာကြီးတွင် ဥက္ကဌ ဖြစ်သူ ချီလီ သမ္မတဟောင်း မစ္စက် ဘချီလက်က ပန်ကြားတောင်းဆိုလိုက်ခြင်းပင် ဖြစ်သည်။ အဆိုပါ ကမ္ဘာသိ ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လူနေ ဒေသများကို ရည်ရွယ်ချက် ရှိရှိ ဖြင့် လက်နက်ကြီးများ နှင့် ချိန်ရွယ် ပစ်ခတ်ခြင်း၊ အရပ်သား များကို သတ်ဖြတ်ခြင်းများ ပြုလုပ်ကြောင်း အချက်အလက်နှင့် တကွ အသေးစိတ် ဖေါ်ပြ ထားသည်။ မြန်မာ‌စစ်ခေါင်းဆောင်များသည် စစ်ရာဇဝတ်မှုများ ကို ပြီးခဲ့သည့် တနှစ်လုံး မည်သို့ မည်ပုံ ပုံစံချ၍ ကျူးလွန်နေကြသည်ကို မိမိတို့ ရှင်းလင်းပြတ်သားစွာ ဖေါ်ထုတ်နိူင်ခဲ့ပြီ ဖြစ်သည်ဟု ကမ္ဘာကြီးအား တပ်လှန့်နှ

​အိပ်ရင်း လမ်းလျှောက်နေကြသူများ *******************************

Image
အာဏာသိမ်း အဖွဲ့၏ ပြည်ထဲရေး တာဝန်ခံ စိုးထွဋ် ဆိုသူမှ ၎င်းတို့အား ဆန့်ကျင်နေသူများကို စီးပွားပျက်၊ ဘဝပျက်သွားသည် အထိ လုပ်ပြစ်ရန် လုပ်ငန်း အစည်းအဝေး တခုတွင် ပက် စက်စွာ စေခိုင်းလာသည့် အသံဖိုင် အပြည့်အစုံသည် ခေတ်သစ် မီဒီယာ၏ ကောင်းမှုဖြင့် ပြည်သူများ အကြား ပျံ့နှံ့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုအသံဖိုင် နှင့် ပတ်သက်၍ ဆက်စပ် တွေးကြည့်မည်ဆိုလျှင် နိူင်ငံတဝှမ်း လူမဆန်စွာ ကျူးလွန်နေသော ရာဇဝတ်မှုများသည် မုန်ယို ဒေါသထွက်‌နေသော စစ်သားများက သဘောရှိ ကျူးလွန်‌နေကြခြင်း မဟုတ်ဘဲ ၎င်းတို့၏ အမိန့်ကို တသွေမတိမ်း လိုက်နာ နေခြင်းသာ ဖြစ် သည်ဟု ကောက်ချက်ချ၍ ရပေသည်။ မိမိ မကြာခဏ ရေးခဲ့သလို ထိုအဖွဲ့သည် တိုင်းပြည်ကို အုပ်ချုပ်သွားရေးသည် ဒုတိယ၊ ၎င်းတို့ အသက်အိုးအိမ် နှင့် အာဏာ ဆုပ်ကိုင်ထားနိုင်ရေးသည်သာ ပထမ ဦးစားပေး ဆိုသည်မှာ ထင်ရှားသည်ထက် ထင်ရှားလာခဲ့သည်။ ဗီယက်နမ် စစ်အတွင်း အမေရိကန် တပ်သားများမှ ရွာသူများကို အဓမ္မ ပြုကျင့်ခဲ့သည်များ ရှိနေသည်။ ထိုသို့ကျူးလွန်သူများသည် သူတို့ ရာဇဝတ်မှု ကျူးလွန်‌‌နေမှန်း ကောင်းစွာ ရိပ်စားမိကြသဖြင့် မည်သူမှ ဖော်ကောင် မလုပ်နိုင်ရန် သူတို့ တပ်စု တွင် ပါလာသည့် စစ်သားမှန်သမျှ ကို ကျူးလွန်

​ပူတင် အကြောင်း တစေ့တစောင်း ******************************

Image
နာမည် အပြည့်အစုံမှာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင် ဖြစ်ပြီး ၁၉၅၂ အောက်တိုဘာ ၇ ရက်နေ့တွင် လီနင် ဂရက်မြို့ အမှတ် (၁၂) ဘက်စ်ကော့ဗ် လိန်း လမ်းရှိ ပြိုကျလုမတတ် ဖြစ်နေသော တိုက်ခန်းကလေး တွင် မွေးဖွားခဲ့သူ ဖြစ်သည်။ မွေးချင်း ညီအကို သုံးယောက်ထဲတွင် အငယ်ဆုံးလည်း ဖြစ်သည်။ ဖခင်သည် စက်ရုံ အလုပ်သမား တယောက် ဖြစ်သဖြင့်လည်း ပူတင် သည် အောက်ခြေ လူတန်းစားများ အကြားတွင် မထင်မရှား သာမန်လူသားတယောက်အဖြစ် ကြီးပြင်းလာခဲ့သူ ဖြစ်သည်ဟု ပြော၍ ရပေသည်။  ပူတင်၏ မိဘများ နေထိုင်သော တိုက်တန်းလျား တွင် ရေပူ မရှိ၊ ရေချိုးကန်မရှိ၊ အပူဓါတ်ရရန် အတွက် ထင်းမီးသွေး ကို အသုံးပြုရသည့် မီးဖိုကိုသာ အားကိုးအားထား ပြုခဲ့ရသည်။ တိုက်ခန်း ပေါ်သို့ တက်သည့် လှေကားတွင်လည်း အမြဲလို  ကြွက်များက သောင်းကျန်းနေတတ်သည်။ ပူတင်သည် ကျဉ်းမြောင်းလှသော သူ၏ တိုက်ခန်းထဲတွင် မနေသည်ကများပြီး အောက်ထပ် ရှိ အမှိုက်များ နှင့် ဗရပွ ဖြစ်နေသော မြေကွက်လပ်တွင်သာ အနေများသည်။ ချို့ငဲ့စွာ စားသောက်ခဲ့ရသူ ဖြစ်၍ ငယ်စဉ်က ခန္ဓာကိုယ် မဖွံ့ဖြိုးခဲ့ရှာကာ အရပ်ပုသည်ဟု ပြောလို့ရသည့် အမျိုးအစားထဲတွင် ပါဝင်ခဲ့သည်။ထို့အတွက်လည်း ရွယ်တူ ကလေးများ၏ အနိုင်ကျင့်ခြင်းကို မကြာခဏ ခံခဲ့ရသည်။