မင်းအောင်လှိုင်စစ်တပ်အတွင်း အမျိုးသမီးစစ်သည်များကို ကိုယ်ဝန်ဖျက်ချခိုင်းခြင်း၊ ပြည့်တန်ဆာသဖွယ် ငွေကြေးပေး ဆက်ဆံခံရခြင်း၊ ရှေ့တန်းထွက် စစ် သားများ၏ ဇနီးများ မုဒိမ်းကျင့်ခံရခြင်းနှင့်လူမှုရေးဖောက်ပြန်မှုများ အလွန်များလာ


By ရန်ကုန်ခေတ်သစ်


အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်နေသည့် စစ်တပ်အတွင်းတွင် အမျိုးသမီး စစ်သည်များ ကိုယ်ဝန်ဖျက်ချခိုင်းခြင်း၊ ပြည့်တန်ဆာသဖွယ် ငွေကြေးပေး ဆက်ဆံခံရခြင်းကဲ့သို့သော အမျိုးသမီးအခွင့်အရေးချိုးဖောက်မှုများ အကြီးအကျယ် ဖြစ်ထွန်းနေပြီး ရှေ့တန်းထွက် စစ်သည်များ၏ ဇနီးများမှာလည်း လိင်ပိုင်းဆိုင်ရာ စော်ကားခံရခြင်းနှင့် လူမှုရေးဖောက်ပြန်မှုများ အလွန်များပြားနေကြောင်း တပ်တွင်းသတင်းရင်းမြစ်က ပြောသည်။ 


မတ်လ ပထမအပတ်တွင် ပဲခူးတိုင်း တောင်ငူလေတပ်စခန်းဌာနချုပ်လက် အောက်  အမှတ် ၄၂ တိုက်ခိုက်ရေးအုပ်မှ  အမျိုးသမီးစစ်သည်နှင့် စက်မှုလက်မှုတပ်မှ စစ်သည်တို့ ချစ်ကြိုက်ကြပြီး အမျိုးသမီးစစ်သည်တွင် ကိုယ်ဝန်ရှိလာကြောင်း၊ ထိုသို့ ကိုယ်ဝန်ရှိလာမှုကို အမှတ် ၄၂ တိုက်ခိုက်ရေးအုပ်မှူး ဒုတိယဗိုလ်မှူး‌ ကြီး ကျော်ထူးလွင်က  သိရှိသော်လည်း ဖျက်ချမည်ဆို၍ မသိချင်ယောင်ဆောင်ပေးကြောင်း၊ ခွင့်ပေးပြီး ကိုယ်ဝန်ဖျက်ချရန် လွှတ်လိုက်ကြောင်း၊ တပ်သို့ ပြန်ရောက်ချိန်တွင်လည်း ကိုယ်ဝန်က အရင့်အမာဖြစ်လာကြောင်း၊ တောင်ငူလေတပ်ဌာနချုပ်မှူး၊ အမှတ် ၄၂ တိုက်ခိုက်ရေးအုပ်မှူး ဒုတိယဗိုလ်မှူးကြီးကျော်ထူးလွင်၊ အမှတ် ၄၃ တိုက်ခိုက်ရေးအုပ်မှူး ဒုတိယဗိုလ်မှူးကြီး ရန်ကျော်တို့က ခေါင်းချင်း ဆိုင်စဉ်းစားကာ အမျိုးသမီးစစ်သည်ကို ဖိအားပေး၍ ကိုယ်ဝန်ထပ်မံ ဖျက်ချခိုင်းကြောင်း သိရှိရသည်။ 


"အမျိုးသမီးစစ်သည်တွေက သတ်မှတ်ကာလအတွင်း အိမ်ထောင်ပြုလို့မရဘူး။ အဲဒါကိုဖြေရှင်းရင် အမှုတွေ ပတ်မယ်။ အဲဒါနဲ့ ကောင်မလေးက ဖျက်ချမယ်ဆိုလို့ အဲဒီအုပ်မှူး ဒုတိယဗိုလ်မှူးကြီး ကျော်ထူးလွင်က သိသိနဲ့ မတားဘူး။ ခွင့်ပေးပြီးလွှတ်လိုက်တယ်။ အဲဒါနဲ့ပြီးစီးပြီး ပြန်လာတယ်။ ဒါပေမယ့် အခု ၄ လလောက် အကြာမှာ ထပ်သိတာက အဲဒီကိုယ်ဝန်က ပျက်မကျဘူးဖြစ်နေတယ်။ စစ်သည်ကောင်မလေးက မွေးချင်တယ်။ တောင်ငူ လေတပ်ဌာနချုပ်မှူးရယ်၊ အုပ်မှူးရယ်က အမျိုးသမီးစစ်သည်ကို စဉ်းစားခိုင်းတယ်။ နောက်ဆုံးကောင်မလေး က ထပ်ပြီးဖျက်ချပေးပါ့မယ်ဖြစ်သွားတယ်။  ၄၃ အုပ်မှူး မှူးကြီးရန်ကျော်ကပါ ငွေ ၇ သိန်းပေးလိုက်တယ်။ ဆိုလိုတာက သူတို့ မလုပ်ခိုင်းဘူးနော် သဘောမျိုး။ သိတော့သိတယ်။ သူတို့ပြဿနာတက်မှာစိုးလို့ မသိချင်ယောင် ဆောင်လိုက်တဲ့သဘောပဲ။ မလုပ်သင့်ဘူးဗျာ။ သမီးချင်းကိုယ်ချင်း မစာမနာတာ။ ကိုယ်ဝန်က ၄ လရှိနေပြီ။ မိတ္ထီလာမှာ ဖျက်ချဖို့ဆိုပြီး ခွင့်ပေးပြီးလွှတ်လိုက်တယ်" ဟု တပ်တွင်း သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 


ထို့ပြင် တပ်အတွင်းတွင် အရာရှိနှင့်စစ်သည်များက အမျိုးသမီးစစ်သည်များကို နှစ်ဦးသဘောတူ ငွေကြေးပေး၍ ပြည့်တန်ဆာဆန်ဆန် ပျော်ပါးမှုများလည်းရှိကြောင်း သိရှိရသည်။ 


" အဲလိုကိုယ်ဝန်အချင်းချင်း ဖျက်ခိုင်းတာအပြင်  ဖာသည်ဆန်ဆန် လုပ်စားလို့ ခံဝန်ထိုးခိုင်းရတာတွေရော ရှိတယ်။ အောက်ခြေမှာက လစာနဲ့မှမလောက်တာ" ဟု တပ်တွင်းသတင်းရင်းမြစ်က ဆိုသည်။ 


အမျိုးသမီးစစ်သည်များ ပြည့်တန်ဆာကဲ့သို့ လုပ်စားမှုများတွင် တပ်အတွင်းရှိ အရာရှိနှင့်စစ်သည်များက အတင်းအကျပ်သွေးဆောင်ပြီး ငွေကြေးပေး ပျော်ပါးမှုများလည်း ရှိသည်ဟု သိရှိရသည်။ 


"အမျိုးသမီးစစ်သည်တွေက ရုံးပိုင်းဆိုင်ရာတွေမှာများတယ်။ အဲဒီမှာ အရာရှိတွေနဲ့ နေ့စဉ် ထိတွေ့ရတော့ ပစ္စည်းလေးတွေပေး။ ငွေကြေးလေးတွေပေးပြီး နောက်ဆုံး အဲဒီအရာရှိက စားသွားတယ်။ အဲဒါ တပ်တွေ ဘာတွေ ပြောင်းသွားတော့ ဝေးသွားကြတယ်။ နှစ်ဦးသဘောတူလုပ်ကြတာဆိုတော့ ဒါက လူမှုရေး ကိစ္စ ဖြစ်တော့ တပ်ထဲမှာ မျက်စိမှိတ်ထားကြတာများတယ်" ဟု ရန်ကုန်တပ်တွင်း သတင်းရင်းမြစ်တစ်ခုက ဆိုသည်။ 


ယမန်နှစ် နိုဝင်ဘာလအတွင်း ပေါက်ကြားခဲ့သော တပ်တွင်း လျှို့ဝှက် ညွှန်ကြားအစီရင်ခံစာတွင်လည်း ရှေ့တန်းထွက်စစ်သည်များ၏ နောက်တန်းတွင်ကျန်ရစ်သော ဇနီးများအပေါ် ကျူးလွန်သော မုဒိမ်းမှုနှင့် ဖောက်ပြန်မှု ၅ မှုကို ဖော်ပြခဲ့ပြီး တပ်တွင်း စည်းကမ်းထိန်းသိမ်းကြရန် ညွှန်ကြားခဲ့သည်။  


အဆိုပါလျှို့ဝှက်ညွှန်ကြားစာတွင်  အမှတ်(၇) စစ်တပ်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ တပ်ကြပ်ကြီး ဇော်မျိုးက တစ်တပ်တည်းနေ တပ်ကြပ်တစ်ယောက်၏ ဇနီးကို လိင်ကိစ္စအတွက် စည်းရုံးပြောဆိုခဲ့၍ အရေးယူရကြောင်း၊ အမှတ် ၁၄၂ ခြေလျင်တပ်ရင်းမှ ဗိုလ်မှူးတင်ကိုထက်က  ဒုတပ်ကြပ်၏ ဇနီးနှင့် လူမှုရေးဖောက်ပြန်သဖြင့်  အရေးယူထားကြောင်း စသည်ဖြင့် ထုတ်ဖော်ပြောဆိုထားသည်။ 


"ရှေ့တန်းထွက်နေတဲ့ စစ်သားတွေရဲ့ မိန်းမတွေကို နောက်တန်းမှာကျတဲ့ တပ်ကြပ်ကြီးစာရေးတို့၊ တပ်ထိန်းတို့၊ ဒုတပ်ရင်းမှူးတို့ တပ်ရင်းမှူးတို့က မုဒိမ်းကျင့်တာတွေ၊ ဖောက်ပြန်တာတွေ အရမ်းကို တိုင်ကြတယ်။ ရှေ့တန်းထွက်တဲ့ စစ်သည်တွေ ပြန်သိတော့ သူတို့မိန်းမတွေကို နောက်တန်းမှာကျန်တဲ့ အရာရှိတွေ စစ်သည်တွေက အဲဒီလိုတွေ လုပ်ရမလားဆိုပြီး ဒေါသတွေထွက် ပစ်မယ် ခတ်မယ် မီးကုန်ယမ်းကုန် ဖြစ်တော့ ဆွဲရ လွဲရ ဒါတွေလည်းရှိတယ်။ အခု ရှေ့တန်းသွားရပြီဆိုရင် ဘယ်အချိန် ပြန်လာရမလဲဆိုတာ မသေချာတော့ဘူး။ နောက်တန်းကိုလည်း ပြန်လည်း မပြန်ရဘူး။ အာဏာသိမ်းပြီးကတည်းက စစ် သည်တွေ အကုန် တစ်နှစ်ပတ်လုံး၂၄ နာရီအမှုထမ်းနေရသလို ဖြစ်နေတယ်။ ချုပ်ပြောရရင်တော့ အိမ်ထောင်သည် အမျိုးသမီးတွေ နောက်တန်းမှာ ဖောက် ပြန်တာရှိသလို မုဒိမ်းကျင့်ခံရတာတွေလည်းရှိတယ်"ဟု ရန်ကုန်ခေတ်သစ်၏ တပ်သတင်းရင်းမြစ်က ပြောဆိုသည်။ 


ဓာတ်ပုံ- ၂၀၂၀ ခုနှစ် အမျိုးသမီး ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင် အမျိုးသမီးစစ်သည်များနှင့် လက်ဆုံထမင်းစားနေသည့် အကြမ်းဖက် မင်းအောင်လှိုင်။


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ