စစ်ရာဇဝတ်မှုနဲ့ တော်လှန်ရေး
မနေ့က စစ်သုံ့ပန်းကိစ္စရေးအပြီးမှာ အချို့က PDF တွေကို ခံစားချက်တွေနဲ့ စစ်ရာဇဝတ်မှု မကျူးလွန်စေချင်ဘူး ဘာညာဆိုပြီး လာရေးတာတွေ့ရပါတယ်။ ခဏနေတော့ အဆိုပါတင်ထားတာကို Facebook က ဖြုတ်ချတာတွေ့ရပါတယ်။ ယခုမှ ပြန်ရတာပါ။ အဆိုပါလူက ဒီမိုယောင်ယောင် စကားပြောနေပေမယ့် မအလဖြုတ်တာနဲ့ တိုက်ဆိုင်နေလို့ မအလမကြိုက်တာကတော့ ကျိန်းသေပါတယ်။ ဒီနေရာမှာ အချို့ဗမာလို မရှင်းသူတွေ၊ အဘဘောမတွေနဲ့ လူ့အခွင့်အရေးကို အလွန့်အလွန် လေးစားလိုက်နာလိုသူတွေအတွက် နားလည်လွယ်အောင် ရေးပေးပါ့မယ်။ ဘာလို့လဲဆိုတော့ တော်လှန်ရေး အောင် မအောင်က ဒါကနေ အဆုံးအဖြတ်ပေးသွားမှာ မိုလို့ပါ။
ပထမက မအလတပ်က လက်နက်ချလို့ ဖမ်းမိရင် စစ်သုံ့ပန်းအနေနဲ့ ဆက်ဆံရပါမယ်။ မအလလုပ်သလိုတော့ ဒီနေ့ဖမ်း မနက်ဖြန် အလောင်းပြန်ပို့လို့မရပါ။ ဒါကတော့ ရှင်းပါတယ်။ ဒါပေမယ့် အဆိုပါဖမ်းမိတဲ့သူကို ပေါ်ဆန်းမွှေးကျွေး ရေသန့်ဗူးတိုက်စရာ မလိုပါဘူး။ အိမ်ကမွေးတဲ့ ချီးစားခွေးကိုကျွေးသလိုကျွေး ရေတိုက်ရင်ရပါပြီ။ ဂျနီဗာကွန်ဗန်းရှင်းမှာ ပေါ်ဆန်းမွှေးကျွေး ရေသန့်ဗူးတိုက်ရမယ်လို့ မပါပါ။ သူတို့ကို အမြောက်နဲ့ မအလကထုနိုင်တဲ့ ဗုံးကြဲနိုင်တဲ့နေရာမှာ နေရာမရှိရင် ချုပ်ထားလို့ရပါတယ်။ မအလကပစ်လို့ အမြေက်ဆန်ထိတာက သူ့သဘောပါ။ အားလုံးက ဂျနီဗာကွန်ဗန်းရှင်းအတိုင်းပါ။ ဒါဆိုရင် လူ့အခွင့်အရေး ရူးသွပ်သူတွေရော၊ ဘောမတွေရော အဆင်ပြေမယ်ထင်ပါတယ်။
ဒါပေမယ့် လက်နက်မချသူ မချသလိုလုပ်နေသူကို မချခင်အထိက စစ်ရေးဆိုင်ရာပစ်မှတ်ဖြစ်ပြီး တရားဝင်ပစ်ခတ်လို့ ရပါတယ်။ ဒီထက်အရေးကြီးတာက ယခုမှလာမှာပါ။ လေတပ်က ဗိုလ်မှူးကြီးက သူ့အမေနေမကောင်းလို့လာတယ်။ အိမ်ရှေ့မှာထိုင်နေတယ်။ တပ်ပြင်ထွက်လို့ သေနတ်ယူမလာဘူး။ ဒါပေမယ့် သူကအရပ်သားမဟုတ်ဘူးဆိုတာ အားလုံးသိမှာပါ။ ဒီလူကို မိမိတို့က ရပ်ကွက်ထဲမှာတွေ့ချိန်မှာ ဂျနီဗာကွန်ဗန်းရှင်းအရ သူကသေနတ်မကိုင်လို့ သူ့အမေကိုထိမှာစိုးလို့ မုန့်ဟင်းခါး မကျွေးသူများရှိနိုင်ပါတယ်။ ဒါဆိုရင် သူက တပ်ထဲပြန်ရောက်ရင် မိတ်ဆွေတို့စခန်းကို ဗုံးကြဲဖို့ အမိန့်ပေးမှာပါ။ သူက ဒုက္ခသည်စခန်းက PDF လေးက လက်နက်မပါဘဲ သူ့ရွာကိုပြန် သူ့အမေအိုကြီးနဲ့တွေ့တာကို ဂျနီဗာကွန်ဗန်းရှင်းအရ ဗုံးမကြဲဘဲ မနေပါ။
နောက် လေတပ်က ဗိုလ်မှူးကို သူ့ကလေးကျောင်းပို့ချိန်မှာ တွေ့လိုက်ရတယ်ဆိုပါစို့။ ဒါဆိုရင် အချို့လူ့အခွင့်အရေးလေးစားသူတွေက သူက စစ်ယူနီဖောင်းမဝတ်ထားလို့ ကလေးလဲပါနေလို့ ဘာမှမုန့်ဟင်းခါးမကျွေးဘဲ ရှောင်လိုက်တယ်ဆိုပါစို့။ သူကရဟတ်ယာဉ်ကြီး တက်မောင်းပြီး ယင်းမာပင်ကိုလာဗုံးကြဲမှာပါ။ သူက PDF လေး သူ့ကလေးကျောင်းပို့ချိန်မှာ PDF လေးက သေနတ်မပါလို့ ကလေးပါနေလို့ ကျောင်းကိုဗုံးမကြဲဘဲ မီးမရှို့ဘဲ ရဟတ်ယာဉ်ပေါ်ကနေ မပြန်သွားပါ။
နောက်ဒလန်ကိစ္စပါ။ ဒလန်ဟာ ရန်သူ enemy combatant ဖြစ်လို့ စစ်သဘောအရ ပစ်ခွင့်ရှိပါတယ်။ ရန်သူ့အိမ်ဟာလဲ အကြမ်းဖက်သမားအိမ်မိုလို့ ပစ်မှတ်ပါ။ ဒါက စစ်ရာဇဝတ်မှုမဟုတ်ပါ။ ဒါပေမယ့် တစ်ရွာလုံးကို မီးရှို့ရင်တော့ စစ်ရာဇဝတ်မှုပါ။
နောက်စဉ်းစားရမှာက စာရေးသူတို့မှာ ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေရှိမှ သူတို့ကောင်းကင်ပေါ်ရောက်ရင် တက်ပစ်လို့ရမှာပါ။ လေယာဉ်ပစ်လက်နက်လဲမရှိပါ။ ဒါကြောင့် မိမိအားသာချိန်မှာ လုပ်စရာရှိတာကို လုပ်ရမှာပါ။ ကုလအနေနဲ့၊ အမေရိကန်အနေနဲ့ ဂျနီဗာကွန်ဗန်းရှင်းအရ စစ်တိုက်စေချင်ရင် စာရေးသူတို့ကိုလဲ ဂျနီဗာကွန်ဗန်းရှင်းအတိုင်း မိမိကိုယ်ကို ခုခံကာကွယ်နိုင်အောင် လက်နက်ထောက်ပံ့ရမှာပါ။
တာလီဘန်သာ ဘီဘီစီနဲ့ CNN က ဝေဖန်မှာကို ကြောက်နေရင် Amnesty International ရဲ့ ဝေဖန်မှာကို ကြောက်နေရင် အမေရိကန်ကို နိုင်မှာမဟုတ်ပါ။ တာလီဘန်က မိမိမှာ ဘာလက်နက်သာရှိတယ်ဆိုတာကို သဘောပေါက်ပြီး မိမိလူမျိုး မိမိဒေသနဲ့ ကိုက်ညီတဲ့ တိုက်ကွက်ကို ဖော်တိုက်သွားလို့ အောင်မြင်တာပါ။ စာရေးသူတို့ တော်လှန်ရေးဟာလဲ လက်နက်မပြည့်စုံနိုင်ပေမယ့် မိမိလူမျိုးက ဘာကြောက်တတ်တယ်၊ အားသာချက် အားနည်းချက်အပေါ် သုံးသပ်ပြီး လက်တွေ့ကျကျတိုက်သွားရင် အောင်မြင်မှာပါ။
https://www.myattunoo.com/post/စစ-ရ-ဇဝတ-မ-န-တ-လ-န-ရ
Comments