Posts

သြစတြီးယားနိုင်ငံလုပ် ဒရုန်းယာဉ်တွေကို ထောက်လှမ်းရေးအတွက် စစ်ကောင်စီသုံးနေ

Image
​ Camcopter S-100 ဟာ ၆ နာရီကြာ ပျံသန်းနိုင်ပြီး ရေတပ်နဲ့လေတပ်အတွက် ထောက်လှမ်းပေးပါတယ်။ စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ) 2022-03-16 Schiebel ရှီဘဲယ် အမှတ်တံဆိပ်ပါ ကင်းထောက် ဒရုန်းလေယာဉ် Photo:Schiebel စစ်အာဏာသိမ်းမှုကြိုးပမ်းချိန်ကစလို့ မောင်းသူမဲ့ Camcopter S-100 ဒရုန်းထောက်လှမ်းရေး လေယာဉ် အစိတ်အပိုင်းတွေကို ရုရှားကတဆင့် Miya Win International Limited ကုမ္ပဏီက ဝယ်ယူတင်သွင်းတယ်လို့ မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်သူတွေကို ဆက်စပ်ဖော်ထုတ်သုတေသနလုပ်နေတဲ့ Justice for Myanmar က မတ်လ ၁၄ ရက်က ပြောကြားလိုက်ပါတယ်။ Camcopter S-100 ဟာ သြစတြီးယားနိုင်ငံ Schiebel ရှီဘဲယ်ကုမ္ပဏီ မူပိုင်ဖြစ်ပြီး သူနဲ့အကျိုးတူ ရုရှား OAO Gorizont က ထုတ်လုပ်ခွင့်လိုင်စင်ရထားပါတယ်။ Camcopter ကို ကင်မရာနဲ့ ရဟတ်ယာဉ်ကိုတွဲလို့ cam- ကင်မရာနဲ့ copter ချော့ပါကို ပေါင်းနာမည်ပေးထားတယ်လို့ ပြောနိုင်ပါတယ်။ Miya Win International ကုမ္ပဏီကပဲ မြန်မာစစ်တပ်အတွက် Camcopter S-100 ဝယ်ယူပေးထားပါတယ်။ Camcopter S-100 ဟာ ၆ နာရီကြာ ပျံသန်းနိုင်ပြီး ရေတပ်နဲ့လေတပ်အတွက် ထောက်လှမ်းပေးပါတယ်။ တစ်နာရီ မိုင် ၁၄၀ နှုန်းနဲ့ အမြင့်ပေ ၁၈၀၀၀ ကနေ ထောက်လှမ်းနိုင်ပါ

စစ်တပ်ပိုင်စီးပွါးရေး များအားသပိတ်မှောက်ကြပါ။

Image
Boycott Myanmar Military-Linked Goods and Services #SocialPunishmentandBoycotting  #boycottmyanmarmilitarybusinesses https://www.facebook.com/1271325398/posts/10227514574911280/?d=n Yes