ငါးလောင်းပြိုင် လူသတ်မှုမှ ထပ်မံထွက်ပေါ်လာသည့် မြှုပ်ကွက်များ (၂)
စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှု ဖြစ်ပွားခဲ့ပြီး ပထမဆုံး ရောက်လာသည့်အဖွဲ့မှာ စိမ်းလဲ့ကန်သာ နိုင်ငံတော် ဧည့်ဂေဟာကို လုံခြုံရေးယူထားသည့် စစ်တပ်ဖြစ်သည်။ ဒုတိယ ရောက်လာသည်မှာ ရန်ကုန်တိုင်း အကြမ်းဖက် နှိမ်နင်းရေးအဖွဲ့ဖြစ်သည်။ တတိယ ရောက်လာသည့် အဖွဲ့မှာ ၁၉၉သို့ ဖုန်းဆက်သဖြင့် အနောက်ပိုင်းခရိုင် ရဲအထူးတပ်ဖွဲ့ ဖြစ်သည်။ သို့သော် တကယ် စစ်ဆေးရမည့် ရဲအဖွဲ့ ရောက်ရှိလာချိန်တွင် လူအများ ၀င်ထွက်ပြီး ဖြစ်သဖြင့် အခင်းဖြစ်သည့် နေရာမှ ခြေရာလက်ရာများ ပျက်နေပြီး စစ်ဆေးရန် ခက်ခဲနေပြီ ဖြစ်သည်။ ထိုမှုခင်းကို စုံစမ်းစစ်ဆေးခဲ့ရသူ တစ်ဦးက အမှုမှာမပေါ်တဲ့ အမှုနဲ့ မဖော်တဲ့အမှုဆိုပြီးရှိတယ်။ ဒီအမှုက မပေါ်တဲ့အမှု မဟုတ်ဘူး။ အထက်က လူကြီးတွေ မဖော်တဲ့အမှုဟုပြောပြခဲ့သည်။ Tomorrow ဂျာနယ် ယခင်အပတ်က ဖော်ထုတ်စုံစမ်းရေးသားသည့် အချက်များနှင့် သူ့မျက်မြင် ဖြစ်ရပ်များ ကွဲလွဲမှုရှိကြောင်းလည်း အဆိုပါ အမည်မဖော်လိုသူ ရဲအရာရှိက ပြောပြခဲ့သည်။ သူက ပြောပြရာတွင် လိမ္မော်သီးရောင်းသူ ယောင်ဆောင်ပြီး သတ်သည်ဟု ယူဆချက်မှာ အခြာ းစစ်ဆေးသည့် နယ်မြေခံရဲအဖွဲ့၏ ယူဆချက်ဖြစ်သည်။ အမှန်မှာ အိမ်ရှင်နှင့် အကျွမ်းဝင်သူများက အိမ်သို့အလည်လာပြီး သတ်သွားခြင