မြန်မာ ပြည်သူ တို့၏ အောင်ပွဲ၊ ကုလ လုံခြုံရေး ကောင်စီမှ ကန့်ကွက်သူ မရှိ ဆုံးဖြတ်ချက် ချပြီ
ယနေ့ ပြုလုပ်သော ကုလ လုံခြုံရေး ကောင်စီမှ ၇၄ နှစ် အတွင်း ပထမဆုံး အကြိမ် အဖြစ် နိုင်ငံတွင်း အကြမ်း ဖက်မှုများ ချက်ချင်း အဆုံးသတ်ရေး နှင့် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးရန် ဆုံးဖြတ်ချက် အမှတ် ၂၆၆၉ အား ထောက်ခံမဲ ၁၂ မဲ၊ ကန့်ကွက်သူ မရှိ ချမှတ်လိုက်ပြီ ဖြစ်သည်။ ရုရှား၊ တရုတ် နှင့် အိန္ဒိယ တို့က မဲမပေးဘဲ ကြားနေခဲ့ကြသည်။ ဗီတိုအာဏာဖြင့် ပယ်ချခွင့် ရှိနေသည့် တရုတ် နှင့် ရုရှားတို့မှ ယခုအကြိမ်တွင် ကန့်ကွက်ခဲ့ခြင်း မရှိ၍ ထိုသို့ ဆုံးဖြတ်ချက်ကို ပထမဆုံး အကြိမ် ချမှတ် နိုင်ခဲ့ ကြခြင်းလည်း ဖြစ်သည်။ ထိုအဆိုအား ဗြိတိန်မှ ကမကထ ပြု တင်သွင်းလာခြင်းဖြစ်ပြီး ဆုံးဖြတ်ချက် အဆိုမူကြမ်းကို ထုံးစံအတိုင်း ရုရှား၊ တရုတ်တို့၏ ဗီတို နှင့် ရင်ဆိုင်ရဖွယ် ရှိ၍ မျှော်လင့်ချက် မရှိလှဟု ယူဆရသော်လည်း အဆိုတင်သွင်း သည့် နိုင်ငံများကလည်း ထိုနိုင်ငံများမှ ဗီတို အာဏာ သုံး၍ ကမ္ဘာ အလယ်တွင် ဆိုးသွမ်းလှသော အကြမ်းဖက် စစ်တပ်အပေါ် ကာကွယ်ပေးနေမှု ကို ပေါ်လွင်စေရန် ရည်ရွယ်ချက်ဖြင့် လုပ်ဆောင်လာကြခြင်း ဖြစ်သည်။ မိမိတို့ နိုင်ငံ၏ ဂုဏ်သိက္ခာသည် ဆိုးသွမ်းလှသေ