Posts

အရင်ကဘယ်လိုခေါ်ခဲ့ကြသလဲ

Image
Pyu city-states ပျူမြို့ပြများ Pagan Kingdom (1044–1297)ပုဂံနိုင်ငံတော် Kingdom ဆိုတာဘုရင်ပိုင်တဲ့နယ် (ဘာသာပြန်မှာနိုင်ငံတော်လို့ပဲပြတယ်၊) (Kingdom of Ava, အင်းဝ the Hanthawaddy Kingdom, ဟံသာဝတီ the Kingdom of Mrauk U မြောက်ဦး and the Shan States)ရှမ်းပြည် ဟုပြိုကွဲပြီးနောက်တောင်ငူမင်းဆက်က အကုန်ပြန်သိမ်းတာထိုင်းတခုလုံးနီးပါပါတယ် Toungoo dynasty (1510–1752)တောင်ငူမင်းဆက် Konbaung dynasty (1752–1885) Alaungpaya Dynastyမင်းဆက် အလောင်းဘုရားမင်းဆက်က ကုန်းဘောင်မင်းဆက်မှာပါတယ်တဲ့ Anglo-Burmese wars (1824–85)  Burma အင်္ဂလိပ်သိမ်းပြီးမှ country of Burma ဗမာနိုင်ငံ လို့ခေါ်ဆိုသတ်မှတ်ခဲ့တာတွေ့ရတယ် တောင်ငူမင်းဆက်ရဲ့နယ်မြေကအရှေ့တောင် အာရှမှာအကြီးဆုံးပဲတဲ့ ကိုးကား https://en.m.wikipedia.org/wiki/History_of_Myanmar ၁၉၈၉မှာမှ Burma ကို Myanmar လို့ပြောင်းခေါ်တာ မအလက တောင်ငူရူးရူးနေတာနေမှာ😅 လက်တွေ့မှာကကြိုးစင်kingdom 😂 ယဉ်ကျေးမှုနဲ့လူ့အဖွဲ့အစည်းအဆင့်ဆင့် ပြောင်းလဲလာတာကိုနောက်ပြန်ဆွဲချင်ရင် ကြိုးကြီးကြီးဆောင်ထားလိုက် ပျူစောထီးအထိကိုပြန်သွားတာနော်   လိပဲ🫢 (ရဲရင့်ငယ်) တော်လှန်ရေးကာလမှာသိစရာမလိုသေးပေမယ

ကုလသမဂ္ဂမှ R2Pအခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကို အရေးယူရန် အလိုအပ်ဆုံးအချိန်ဟု မြန်မာသံအမတ်ကြီးပြော

Image
ယန်းဒီ/People’s Spring ယခုအချိန်ကာလသည် ကုလသမဂ္ဂမှ R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် တာ၀န်ခံမှုရှိစေရန် အရေးယူဆောင်ရွက်ရန် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။ မြန်မာသံအမတ်ကြီးက ဇန်နဝါရီ ၂၄ ရက်တွင် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ “လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုတို့အား ကာကွယ်နိုင်မည့် လူမှုရေးနှင့် စီးပွားရေးလုပ်ဆောင်ချက်များ”ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အထူးအစည်းအဝေး၌ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး စစ်တပ်တာ၀န်ခံမှုရှိစေရန်နှင့် ၎င်းတို့အကျိုးခံစားနေသည့် ပြစ်ဒဏ် ခတ်ခြင်းမခံရသည့်ယန္တရားကို အပြီးတိုင်ရပ်တန့်နိုင်ရန်အတွက် ကုလသမဂ္ဂမှ အသံတစ်သံတည်း ထွက်ဆိုကာ စုပေါင်းအင်အားဖြင့် အရေးယူဆောင်ရွက်ရမည့် အလိုအပ်ဆုံး အချိန်ပင်ဖြစ်ကြောင်းထည့်သွင်းပြောကြားသည်။ ကိုယ်ပိုင်အတွေ့အကြုံအရ စစ်တပ်မှ အကျိုးခံစားနေသော ပြစ်ဒဏ်ခတ်မှု မခံရခြင်းကို အပြီးတိုင်ရပ်တန့်ခြင်းနှင့် စစ်တပ်ကို ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရအောက်တွင် ပြည့်ပြည့်ဝဝထားရှိခြင်းကသာလျှင် ပြည်သူမျ

ဇေယျာသော်ပြန်လာပြီ NITRIC ACID မိုးရွာတော့မယ်

Image

ပွေးကွက်

Image
လျှပ်စစ်ကားတွေကသာမန်ကားထက်စျေးကြီးပေ မယ့်ဆီကားထက်လျှပ်စစ်ခအများကြီးသက်သာ တယ် ဒါပေမယ့် စျေး၊အလုပ်သွားတာလောက်ပဲ အဆင်ပြေတယ် ခရီးဝေးသွားရင်ဆီဆိုင်လိုအား သွင်းဖို့နေရာရှားတယ် ဆီထည့်ရင် ၂မိနစ်လောက် ပဲကြာမယ် အားသွင်းတာက ဘယ်လောက် boost  လုပ်လုပ် ကြာတာကကြာတာပဲ အရေးရယ်အကြောင်း ရယ်ဆို အသက်တောင်မှီမှာမဟုတ်ဖူး တောင်တက်လမ်းတွေဆိုလဲအဆင်မပြေဖူး ခဏလေးနဲ့အားကုန်တယ်  အိမ်မှာအားသွင်းတဲ့အဆင့်အထိမရှိသေးပဲ လျှပ်စစ် ကားဝယ်စီးတဲ့သူမတွေ့ဖူးသေးဖူး  40amp breaker နဲ့ ပါဝါလိုင်းအသစ် stove အတွက် ကြိုးမျိူး ကားဂိုထောင်ထဲကိုထပ်သွယ်ရတယ် အားကုန်ရင်နေပြည်တော်အထိတွန်းသွားပြီးအား သွင်းရမှာလား🫣🫢🥴 တက်စီဆိုပိုတောင်ဆိုးသေးတယ် ဆန်မရှိပဲစောက်စားကြီးပြချင်တာ လျှပ်စစ်ကားရှိလို့နိုင်ငံကြီးတိုးတက်နေပြီ ငါ့ကိုသမ္မတလုပ်ခွင့်ပြုဆိုတဲ့အကွက် ပွေးကွက်လေ အဲ့မှာကုပ်နေတယောက်ထဲ🖕🏿

လိရွေးကောက်ပွဲလား

Image
လွှတ်တော်ခေါ်ခါနီးရက်တွေ မအလ သမ္မတရာထူး တောင်းခဲ့လားဆိုတာ မသေသေးတဲ့ NLD CECတွေ လွှတ်လာရင်တောင်မေးစရာမလိုပါဖူး၊ မဲဆွယ်ပွဲကာလထဲကအာဏာသိမ်းမယ်ဆိုတာ ပါတီ၃၀ကျော်နဲ့မအလတွေ့အပြီးထဲကနုတ်မလုံတဲ့ မိုက်ကယ်ကျော်မြင့် လွှင့်တဲ့ Live! ထဲမှာပါပြီးသား မဲသမာသည်ဖြစ်စေ မသမာသည်ဖြစ်စေသိမ်းကို သိမ်းမှာ၊ ဘူးလက် ဝီရသူ လာအဖမ်းခံတာ အာမခံ ချက်ရှိထားလို့၊ မဲမသမာမှုစာတမ်းဆိုပြီး၁၄၀ M PDF က လည်းစခ တွေရေးဖြန့်တာ ကြားနေလူဆိုတာအာဏာရှင်လက် ထက်မှာမရှိတဲ့အတွက်စာတမ်းမှာပါသမျှဟာလုပ် ဇာတ်အဖြစ်နဲ့ 🗑️ ထဲရောက်မှာပဲ ဘယ်သုသေသီ ကမှမှီငြမ်းရေးသားကြမှာမဟုတ်ဖူး ထားပါတော့ အခုကာလုံခေါ်မယ် လူစုံအောင်ခေါ်မယ်ဆိုလို့အပြင် လူများလားမှတ်တယ် ဗိုလ်ချူပ်ကြီးတွေတဲ့ ကာလုံဆိုတဲ့နာမည်ကိုကာဗာယူရုံအဆင့်ပဲရှိတယ် အနိုင်ရပါတီကိုအာဏာလွှဲမယ်တဲ့ ဒီလောက်တောင် အာဏာရူးထားပြီိးမှဘယ်လိုပုံစံနဲ့လွှဲမှာလဲစဉ်းစား ကြည့်၊ PRစနစ်ဆိုတော့ ကြံဖွတ် အမတ်အများဆုံးရမယ် မိုက်ကယ်ကျော်မြင့် အေးမောင် အဘဘောမတွေ မအလခေါ်တွေ့ထားတဲ့၃၅ပါတီကအနည်းဆုံးတ ယောက်စီလွှတ်တော်အမတ်ဖြစ်လာမယ်  ကိုကိုကြီးကသိပ်မသေချာဖူး လွှတ်တော်ထဲမှာ ကန့်ကွက်မဲပေးတာမအလမကြိုက်ဖူး၊ ပုံမှန်ဆိုရင် ခင်ရီသမ္မတဖြစ်လာမယ်

စစ်ဘက်ဆိုင်ရာ ကြေးနန်းတွေ စာတွေ အတုတွေ ထွက်ပေါ်ခဲ့ကြောင်းဗိုလ်ဇင်ယော်ပြော

Image
စစ်ဘက်ဆိုင်ရာ ကြေးနန်းတွေ စာတွေ အတုတွေ ထွက်ပေါ်ခဲ့ကြောင်း ဘယ်လိုအမှားတွေ ရှိကြောင်း ကျွန်တော်တို့ CDM စစ်သားအများစု ရှင်းလင်းပြီးဖြစ်ပါတယ် ။ အခုတစ်ခါကတော့ Power Point လို့ခေါ်တဲ့ တင်ပြချက် အတုတစ်စောင်ဘဲ ဖြစ်ပါတယ် ။ စစ်ဘက်စာတွေရော အခုလို Power Point တွေ မှာရော ပထမဆုံး စာမျက်နှာမှာ နံပတ် ၁ လို​ ့ တပ်လေ့မရှိပါ တပ်လို့လည်းမရပါ ။ ဒါကြောင့် မြို့ပြအဖွဲ့တွေရဲ့ လှုပ်ရှားမှုအားကောင်းလာခြင်းကို ထောက်ပံ့သူများ နဲ့ လှုပ်ရှားသူများကို ထိတ်လန့်စက်ဆုပ်ဖွယ် ပြုလုပ်လာမှုလည်းဖြစ်ပါတယ်။ မူရင်း ပို့စ်မှာ ဖော်ပြထားတဲ့ အချက်အလက်တွေထဲမှာ မှားယွင်းမှု တွေရှိနေပေမယ့် ဘယ်အရာက မှားနေပါတယ်လို့ ချေပရင် အဖွဲ့တွေရဲ့ လုံခြုံမှုစည်း ကျိုးပေါက်မှာဖြစ်ပါတယ် ။ ဒါကြောင့် ပါဝင်ကူညီသူများ အနေဖြင့် စိုးရိမ်ပူပန်စိတ် မဖြစ်ကြစေဘို့ အသိပေးတင်ပြရခြင်းဖြစ်ပါတယ်ခင်ဗျာ ။ စာကြွင်း။ သတင်းဌာနကို အပြစ်တင်ခြင်းမဟုတ်ပါ ။ ကျွန်တော် တို့တွေဆို Documents အစစ်တွေ ရရှိပါတယ် သတင်း မူရင်း Source ပျောက်ပျက် အန္တရယ် စိုးရိမ်၍ စကားပြေဖြင့်သာ အမြဲ သတိပေးပြောဆိုပါတယ်ခင်ဗျာ။ ပုံ ၁ ။ စာမျက်နှာ နံပတ် တပ်ထားခြင်း (False) ပုံ ၂ ။ စာမျက်နှာ နံပတ် ကာလာတူဖြ

အမျိုးသမီး စစ်သည်တွေ စစ်ကောင်စီ စုဆောင်းလာ

Image
အမျိုးသမီး စစ်သည်တွေ စစ်ကောင်စီ စုဆောင်းလာ ဓာတ်ပုံ ရင်းမြစ်,  တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး ၂၃ ဇန်နဝါရီ ၂၀၂၃ ဘီဘီစီ နိုင်ငံအနှံ့မှာ တိုက်ပွဲတွေဖြစ်ပွားနေချိန်မှာ စစ်ကောင်စီတပ်ဟာ အမျိုးသမီးစစ်သည်တွေကို တိုးချဲ့လက်ခံဖို့ ထပ်ပြီး ပြင်ဆင်လာပါတယ်။ စစ်တပ် အာဏာမသိမ်းခင်ကလည်း အရာရှိမဟုတ်တဲ့ အခြားအဆင့် အမျိုးသမီးစစ်သည်တွေကို အခုလို ခေါ်ယူမှုတွေရှိခဲ့ပေမဲ့ အာဏာသိမ်းပြီးတဲ့နောက် လပိုင်းခြားပြီး မကြာခဏခေါ်ယူနေတာလို့ စောင့်ကြည့်သူတွေက ဆိုပါတယ်။ ကြည်း၊ ရေ၊ လေ လက်ရုံးတပ်နဲ့ ဝန်ထမ်းတပ်တွေမှာ စစ်မှုထမ်းဖို့ အခြားအဆင့်အမျိုးသမီးတွေကို မြန်မာစစ်တပ်က အခုရက်ပိုင်း နိုင်ငံပိုင်သတင်းစာတွေကနေ ခေါ်ယူနေတာလို့လည်း သိရပါတယ်။ ကြည်းတပ်တွေမှာ စစ်အင်အားလိုအပ်ချက်ရှိနေချိန်မှာ ဒီလို အမျိုးသမီးစစ်သည်ခေါ်ယူမှုတွေကြောင့် စစ်ကောင်စီဟာ အမျိုးသမီးစစ်မှုထမ်းတွေကို စစ်မြေပြင်အထိ စေလွှတ်မှုတွေရှိနေလားဆိုတဲ့ မေးခွန်းတွေလည်း ရှိလာပါတယ်။ ဓာတ်ပုံ ရင်းမြစ်,  တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး  စစ်ကောင်စီက ခေါ်တဲ့ အမျိုးသမီး စစ်သည်အတွက်လျှောက်ထားသူတွေဟာ အိမ်ထောင်မရှိသူ အပျိုဖြစ်ရမှာဖြစ်ပြီးတော့ အသက် ၂၅ နှစ်ထက်မကြီးရလို့ ပါရှိသလို

ရန်သူ စစ်သား အယောက်(၅၀)ကျော်ကိုရှင်းလင်းခဲ့တဲ့ လက်ဖြောင့်တပ်သား ရဲဘော်နွေဦးကို NUG က စနိုက်ပါသေနတ် ဂုဏ်ပြု ချီးမြှင့်

Image
ဇန်နဝါရီ (၂၄)ရက် |||နွေဦးအသံ||| အကြမ်းဖက် စစ်ကောင်စီ ရဲ့ဗိုလ်မှူးကြီး အဆင့်ကစပြီး တပ်ခွဲမှူး ၊ ရဲဘော်အဆင့်အထိ ရန်သူအယောက် ၅၀ ကျော်ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့တဲ့ ရဲဘော်နွေဦး ကို NUG ၀န်ကြီးဦးလွင်ကိုလတ်က ဇန်နဝါရီ (၂၄)ရက်မှာ စနိုက်ပါသေနတ် ပေးအပ်ချီးမြှင့် ခဲ့တယ်လို့ တောင်ငူ ခရိုင် ပြည်သူ့ကာကွယ် ရေး တပ်ရင်းအမှတ် - ၃၅၀၂  တပ်ခွဲ(၁) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ ရဲဘော်နွေဦး(ခ) ဖိုးလုံးကိုတပ်ရင်း (၃၅၀၂)ရဲ့တပ်ရင်းမှူးကတဆင့် စနိုက်ပါ (388) ကို ချီးမြှင့်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ERO အဖွဲ့တခုဆီက စနိုက်ပါအသေးတစ်လက်ကို ဆုချီး မြှင့်ခံထားရတဲ့သူ ဖြစ်ပါတယ်။ ရှေ့တန်းစစ်မျက်နှာပြင်လို အန္တရာယ်များတဲ့နေရာတွေမှာလည်း ကိုယ်တိုင် ၀င်ရောက်ပစ်ခတ်နေတာဖြစ်ပြီး မိမိ ရဲဘော်တွေကို လက်တွေ့သင်ကြားပေးနေတဲ့ ရဲဘော်တဦးလည်းဖြစ်ပါတယ်။ ရဲဘော်နွေဦး သုတ်သင်ရှင်းလင်းခဲ့တဲ့ ရန်သူတွေထဲမှာ  ဗိုလ်မှူးကြီးအဆင့်ကနေ တပ်ခွဲမှူး၊ ရဲဘော်အဆင့်အထိ စုစုပေါင်း (၅၇)ယောက်ကိုရှင်းလင်း ခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေအနေနဲ့လည်း အကြမ်းဖက် စစ်ကောင်စီ ကို ပိုမိုချေမှုန်း တိုက်ခိုက် သွားမှာဖြစ်ပြီး မြို့ပေါ်တိုက်ပွဲတွေအတွက်လည်း တိုက်ခိ

ကိုဂျင်မီတို့အတွက်လျော်ကြေးပြန်လာယူမယ်

Image
ဘယ်နေ့ကအောင်ပွဲရဲ့၁၀၀% လဲဆိုတာမသိပေ မယ့် မအလ လမ်းပျောက်နေတာအသေအချာပဲ Mission ကိုင်တဲ့ဗိုလ်ချူပ်ကြီးတွေလဲအကြံမပေး တတ်တော့ဖူး VOAနဲ့အင်တာဗျူးမှာလဲ USAက Russia နဲ့ပလူးနေတာတွေအတွက်၂ဆတိုးခံရမယ် ပြောထားတယ် မီဒီယာပိုင်းမှာလဲကျဆုံးနေကြောင်း ကျော်စွာနဲ့ရေသည်တို့ကအစဝန်ခံထားကြတယ် စကစ report၂ခုအရ အသွင်ယူပြီးလုပ်ဆောင်တာ တွေရှိနေတယ် UGဆိုတော့ဟုတ်တယ်မဟုတ်ဖူး ပြောရတာမလွယ်ဖူး ကိုဂျင်မီမိတာအသွင်ယူ နဲ့တဲ့တဲ့တိုးတာလို့ခြုံငုံသုံးသပ်လို့ရတယ် report တွေကမှန်တယ်မှားတယ်ပြောမရပေမယ့် အသွင်ယူတာကအနည်းနဲ့အများရှိနေတာအသေ အချာပဲ အပေါ်ဇယားကွက်မှာ အသွင်ယူခေါင်းဆောင်က စခတပ်ကြပ် ကွန်ယက်ထဲပါတဲ့ ဇင်ယော်က CDMဗိုလ်ကြီး သိသလောက်သူကအမှန်အကန် CDM လုံးထွေးနေတဲ့သဘော သူလဲဖျင်ရိုး ခံရတဲ့သဘောပါ စကစလဲသိပြီးသားဆိုတော့တခုထုတ်ပြောပြမယ် ကိုဂျင်မီကိုမိတဲ့နေ့ကပုံထဲမှာ၆လက်တွေ့တယ် မဟုတ်လား အဲ့ဒါတွေပို့ထားတာ၃ရက်ပဲရှိသေး တယ် အဲ့အချိန်ထဲကဇေယျာသော်ကတွဲဖက် တာဝန်ခံ ကနဦးတာဝန်ကCDMကိစ္စတာဝန်ယူ ထားပါ။ သူတို့နေရာကိုလျှို့ဝှက်အမည် နောင်— ကအခု တာဝန်ယူထားပါတယ် code of commend ကို လိုက်နာပါမယ်ဆိုတဲ့အဖွဲ့တွေကို mission  မရှိသေးပေမယ့် လစဉ်ပေးတာမျိူးမဟုတ်ပဲ

၂၀၂၃ တွင် ရွေးကောက်ပွဲဖြစ်ရန် မသေချာဟု စစ်ကောင်စီပြော

Image
Mizzima ရွေးကောက်ပွဲ ဖြစ်မဖြစ်ပြောရန် စောလွန်းနေသည်ဟု စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား ကြောင်း VOA က သတင်းဖော်ပြသည်။ "ရွေးကောက်ပွဲကျင်းပနိုင်မယ် မကျင်းပနိုင်ဘူးဆိုတာ ပြောဖို့ သိပ်ကိုစောလွန်းတဲ့ အခြေအနေမျိုးဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ NUG၊ CRPH အဖွဲ့များသာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကလည်း ရွေးကောက်ပွဲမဖြစ်အောင် ထုတ်ပြောခြင်းများရှိ သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။ " ကျွန်တော်တို့အနေနဲ့ ဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လိုအပ်လာတဲ့အခင်းအကျင်းတွေ၊ ဆောင်ရွက်ရမယ့် အခြေခံလိုအပ်ချက်တွေကို ကျွန်တော်တို့ ကြိုးစားဆောင်ရွက်လျက်ရှိတယ်။ ဟိုဘက်မှာလည်း အဖျက်လုပ်ငန်းတွေရှိပြီးသားဖြစ်တယ်။ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) လို CRPH (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ) လို အဖွဲ့မျိုးတွေ တရားဝင်ပြောလာတာရှိတယ်။ တချို့ EAO (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း) တွေပြောလာတာရှိတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဖြစ်အောင်လုပ်မယ်ဆိုတာမျိုးတွေ ပြောလာတာရှိတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒါကြိုးစားလုပ်ဆောင်လျက်ရှိတယ်လို့ပဲ ပြောချင်ပါတယ်" ဟု ဗိုလ်ခ