ကိုဂျင်မီတို့အတွက်လျော်ကြေးပြန်လာယူမယ်

ဘယ်နေ့ကအောင်ပွဲရဲ့၁၀၀% လဲဆိုတာမသိပေ
မယ့် မအလ လမ်းပျောက်နေတာအသေအချာပဲ
Mission ကိုင်တဲ့ဗိုလ်ချူပ်ကြီးတွေလဲအကြံမပေး
တတ်တော့ဖူး VOAနဲ့အင်တာဗျူးမှာလဲ USAက
Russia နဲ့ပလူးနေတာတွေအတွက်၂ဆတိုးခံရမယ်
ပြောထားတယ် မီဒီယာပိုင်းမှာလဲကျဆုံးနေကြောင်း
ကျော်စွာနဲ့ရေသည်တို့ကအစဝန်ခံထားကြတယ်

စကစ report၂ခုအရ အသွင်ယူပြီးလုပ်ဆောင်တာ
တွေရှိနေတယ် UGဆိုတော့ဟုတ်တယ်မဟုတ်ဖူး
ပြောရတာမလွယ်ဖူး ကိုဂျင်မီမိတာအသွင်ယူ
နဲ့တဲ့တဲ့တိုးတာလို့ခြုံငုံသုံးသပ်လို့ရတယ်

report တွေကမှန်တယ်မှားတယ်ပြောမရပေမယ့်
အသွင်ယူတာကအနည်းနဲ့အများရှိနေတာအသေ
အချာပဲ
အပေါ်ဇယားကွက်မှာ အသွင်ယူခေါင်းဆောင်က
စခတပ်ကြပ် ကွန်ယက်ထဲပါတဲ့ ဇင်ယော်က
CDMဗိုလ်ကြီး သိသလောက်သူကအမှန်အကန်
CDM လုံးထွေးနေတဲ့သဘော သူလဲဖျင်ရိုး
ခံရတဲ့သဘောပါ

စကစလဲသိပြီးသားဆိုတော့တခုထုတ်ပြောပြမယ်

ကိုဂျင်မီကိုမိတဲ့နေ့ကပုံထဲမှာ၆လက်တွေ့တယ်
မဟုတ်လား အဲ့ဒါတွေပို့ထားတာ၃ရက်ပဲရှိသေး
တယ် အဲ့အချိန်ထဲကဇေယျာသော်ကတွဲဖက်
တာဝန်ခံ ကနဦးတာဝန်ကCDMကိစ္စတာဝန်ယူ
ထားပါ။

သူတို့နေရာကိုလျှို့ဝှက်အမည် နောင်— ကအခု
တာဝန်ယူထားပါတယ် code of commend
ကို လိုက်နာပါမယ်ဆိုတဲ့အဖွဲ့တွေကို mission 
မရှိသေးပေမယ့် လစဉ်ပေးတာမျိူးမဟုတ်ပဲ
၅သိန်း ၆သိန်း အဲ့လို့ရကြပါတယ် 

ကျွန်တော်တို့နဲ့လဲကနဦးထဲကသိတဲ့အဖွဲ့တွေပါ
ရှိပြီးသားအဖွဲ့တွေမှာ အသွင်ယူစခကမရှိသလောက်
နည်းပါတယ် တဖွဲ့နဲ့တဖွဲ့လဲ အဆက်အသွယ်ရှိပါတယ်

နောက်ပိုင်းအဖွဲအသစ်တက်ကြွသူတွေထပ်တိုး
လာချိန်မှာအသွင်ယူတွေပါလာတာပါ

အာမခံပြောနိုင်တာက ကနဦးကွန်ယက်ကခိုင်ပါတယ်
မပျက်ပါဖူး ကိုဂျင်မီလို သတင်းပေးတာခံတာမျိူး
ကတော့ လုံခြုံရေးစည်းပေါက်လို့အခံရခက်တာအမှန်
ပါပဲ

ရန်ကုန်ဟာ စစ်မြူတဲ့အဆင့်မှာပဲထားပါတယ်
အင်္ဂလိပ်လက်ထက်တော်လှန်ရေးတွေမှာ
ကျန်တဲ့နေရာအကုန်ကျရင် ရန်ကုန်ကကျပြီးသားပါ

နေဝင်းလက်ထက်ရန်ကုန်အစိုးရဆိုပြီးတော့တောင်
အခေါ်ခံရလောက်တဲ့အထိဖြစ်ခဲ့ဖူးတယ်

ကျွန်တော်တဦးထဲအမြင်အရနေပြည်တော်ကနေ
ပဲခူးထိကျရင်ပြီးသလောက်ပါပဲ မအလရဲ့နောက်
ဆုံးခံစစ်ဟာ ရန်ကုန်မဟုတ်လောက်ပါဖူး
လူထုကြားထဲသူမတိုးရဲပါဖူး နွေဦးသပိတ်တုံးက
လိုပိတ်ထားတဲ့လမ်းတွေရှင်းချိန်မရှိသလိုမီးရှူး
မီးပန်းနဲ့ပစ်တဲ့ခေတ်မဟုတ်လို့သူကြောက်ပါတယ်

အသွင်ယူကိစ္စဟာရန်ကုန်မှာရှိနေလို့ ဆုံးရှူံးမှုတွေ
ရှိပါတယ်နည်းနိုင်သမျှနည်းအောင်ကျစ်ကျစ်လစ်
လစ်ရှိအောင်ကြိုးစားနေပါတယ်

အခြားနေရာတွေမှာအောင်ပွဲဆက်နေတာအားလုံး
အသိပါ

အားတင်းထားရန်ကုန်—

ရန်ကုန်မယ့်အောင်မြေကို
ဒို့တွေအရောက်လာခဲ့ပါမယ်💞

ကိုဂျင်မီတို့အတွက်လျော်ကြေးပြန်လာယူမယ်






















Comments

Popular posts from this blog

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

မြောက်ဥက္ကလာပ (ဋ)ရပ်ကွက်က ကိုသျှားထက်အောင် ကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် ၎င်းနေထိုင်ရာ အိမ်ကိုချိတ်ပိတ်၊ အိမ်ကိုမွှေနှောက်ပြီး ပိုက်ဆံ ၁၀သိန်းကျော် ခိုးယူသွား

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း