၂၀၂၃ တွင် ရွေးကောက်ပွဲဖြစ်ရန် မသေချာဟု စစ်ကောင်စီပြော


Mizzima
ရွေးကောက်ပွဲ ဖြစ်မဖြစ်ပြောရန် စောလွန်းနေသည်ဟု စစ်ကောင်စီပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြား ကြောင်း VOA က သတင်းဖော်ပြသည်။

"ရွေးကောက်ပွဲကျင်းပနိုင်မယ် မကျင်းပနိုင်ဘူးဆိုတာ ပြောဖို့ သိပ်ကိုစောလွန်းတဲ့ အခြေအနေမျိုးဖြစ်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

NUG၊ CRPH အဖွဲ့များသာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အချို့ကလည်း ရွေးကောက်ပွဲမဖြစ်အောင် ထုတ်ပြောခြင်းများရှိ သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။

" ကျွန်တော်တို့အနေနဲ့ ဒါရွေးကောက်ပွဲနဲ့ပတ်သက်ပြီး လိုအပ်လာတဲ့အခင်းအကျင်းတွေ၊ ဆောင်ရွက်ရမယ့် အခြေခံလိုအပ်ချက်တွေကို ကျွန်တော်တို့ ကြိုးစားဆောင်ရွက်လျက်ရှိတယ်။ ဟိုဘက်မှာလည်း အဖျက်လုပ်ငန်းတွေရှိပြီးသားဖြစ်တယ်။ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) လို CRPH (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ) လို အဖွဲ့မျိုးတွေ တရားဝင်ပြောလာတာရှိတယ်။ တချို့ EAO (တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း) တွေပြောလာတာရှိတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး မဖြစ်အောင်လုပ်မယ်ဆိုတာမျိုးတွေ ပြောလာတာရှိတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဒါကြိုးစားလုပ်ဆောင်လျက်ရှိတယ်လို့ပဲ ပြောချင်ပါတယ်" ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များဖြစ်သည့် KIA၊ KNU၊ CNF အစရှိသည့်အဖွဲ့များက တရားမဝင်ရွေးကောက်ပွဲကို လုံးဝလက်မခံကြောင်း ထုတ်ပြန်ထားသည်။


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်