NUG တော်လှန်ရေးရန်ပုံငွေစီမံကိန်းထဲတွင် ကိုရီးယားရောက် မြန်မာများ ကန်ဒေါ်လာ တစ်သန်းခွဲ ကျော် ရင်းနှီးမြှုပ်နှံထား


24 Jan 2023 By MPA 001

NUGအစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန၏ တော်လှန်ရေးရန်ပုံငွေရှာဖွေသည့် စီမံကိန်းများတွင် ကိုရီးယားရောက် မြန်မာနိုင်ငံသားများက အမေရိကန်ဒေါ်လာ ၁ဒဿမ၆သန်းခန့် ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ 

NUG ကိုယ်စားလှယ်ရုံး-တောင်ကိုရီးယားသည် NUGအေးဂျင့်အဖြစ်လုပ်ကိုင်လျက်ရှိပြီး NUG၏ လက်တံတစ်ခုအနေဖြင့် စတင်ဖွဲ့စည်းခဲ့ကာ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာန၏ ငွေတိုက်စာချုပ်ရောင်းချခြင်း အပါအဝင်တော်လှန်ရေးရန်ပုံငွေ ရှာဖွေသည့်  စီမံကိန်းများကို သီးသန့်တာဝန်တစ်ခုအနေဖြင့် လုပ်ဆောင်လျက်ရှိကြောင်း NUG တောင်ကိုရီးယား ကိုယ်စားလှယ်ရုံး၏ အလုပ်သမားရေးရာဌာနက MPA သို့ ပြောသည်။

"ကျွန်တော်တို့ကိုယ်စားလှယ်ရုံးအနေနဲ့ကတော့ အဓိကလုပ်ငန်းတာဝန်တွေလည်းရှိတယ်ပေါ့နော်။ အထူးသဖြင့် Ministry of Foreign Affairs - Myanmar - NUG နဲ့ပတ်သက်တဲ့ လုပ်ငန်းဆောင်ရွက်ရမယ့် ကိစ္စတွေရှိပါတယ်။
သို့သော်တစ်ဖက်မှာလည်း ငွေတိုက်စာချုပ်ရောင်းချခြင်း အပါအဝင် တော်လှန်ရေးရန်ပုံငွေရှာဖွေတဲ့ ပရောဂျက်တွေကို လုပ်ဆောင်တဲ့အခါမှာ ကျွန်တော်တို့ကိုယ်စားလှယ်ရုံးကလည်း အေးဂျင့်တစ်ခုအနေနဲ့ ပေါ့နော်၊ သီးသန့်တာဝန်တစ်ခုအနေနဲ့ ဒီတာဝန်တွေကို ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်"ဟု NUG တောင်ကိုရီးယား ကိုယ်စားလှယ်ရုံး၏ အလုပ်သမားရေးရာဌာန၊ တာဝန်ရှိသူကပြောသည်။

NUG တောင်ကိုရီးယား ကိုယ်စားလှယ်ရုံးအနေဖြင့် NUG၏ ငွေတိုက်စာချုပ်များကို ရောင်းချကာ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအား တော်လှန်ရေးရန်ပုံငွေအဖြစ် ဝမ်သိန်းပေါင်းတစ်သောင်း ခြောက်ထောင်အထိ အများဆုံးရောင်းချနိုင်ခဲ့ကြောင်းသိရသည်။

"လတ်တလောကာလမှာ စီမံကိန်းနှင့်ဘဏ္ဍာရေး၀န်ကြီးဌာနကရောင်းချတဲ့ ကွန်ဒိုတိုက်ခန်းတွေကို ရောင်းချပေးနေတယ်။အဲ့ကွန်ဒိုတိုက်ခန်းတွေဆိုလို့ရှိရင် လောလောဆယ်မှာ ဝမ်သိန်းပေါင်းလေးရာ့ငါးဆယ်လောက် ဝယ်ယူထားတဲ့သူတွေရှိတယ်။အဲ့မတိုင်ခင်မင်းအောင်လှိုင်အိမ်နှစ်အိမ်ရောင်းချမှုတွေ၊ရန်ကုန်နဲ့ မန္တလေးက လူနေအိမ်ယာစီမံကိန်းတွေအတွက်လည်း ရောင်းချပေးထားတယ်။မန္တလေးမှာဆိုလို့ရှိရင်ဝမ်သိန်းပေါင်း ၁၆၀၀ခန့်ရောင်းချနိုင်ခဲ့တယ်ပေါ့နော်"ဟု၎င်းကပြောသည်။

NUG တောင်ကိုရီးယား ကိုယ်စားလှယ်ရုံးအနေဖြင့် အေးဂျင့် အဖြစ်စတင် တာဝန်ယူခဲ့ချိန်မှ ယခုအချိန်ထိ ကိုရီးယားရောက်မြန်မာနိုင်ငံသားများထံက တော်လှန်ရေးရန်ပုံငွေ မြန်မာငွေ သိန်းတစ်သောင်းကျပ်(အမေရိကန်ဒေါ်လာငွေ ၁.၆သန်းခန့်)နှင့်ညီမျှသော ရင်းနှီးမြှုပ်နှံငွေ ဝမ်းသန်းနှစ်ထောင်တိတိကို ရရှိခဲ့ပြီး ယင်းမှာ တောင်ကိုရီးယားနိုင်ငံအတွင်း လှုပ်ရှားနေသည့် တော်လှန်ရေးအဖွဲ့အစည်းများ၏ ရရှိငွေမပါဝင်သေးကြောင်း MPAက စုံစမ်းသိရသည်။

Comments

Popular posts from this blog

KNUနယ်မြေတွင် ဖေဖော်ဝါရီအတွင်း တိုက်ပွဲ ၄၀၀ကျော်ဖြစ်၊ စစ်ကောင်စီတပ် ၃၈၀ကျော် သေဆုံးဟု ထုတ်ပြန်

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း

ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော

ဘုရား ကျောင်း ရဟန်း ဒါယကာကြီး KTV မှာအသတ်ခံရ

သပွတ်အူနိုင်ငံတော်

ဗိုလ်ချုပ်ကြီးမိုးအောင်၊ ဗိုလ်ချုပ်ကြီးမောင်မောင်အေး၊ ရန်ကုန်စီးပွားရေးကြီး မျိုးမြင့်အောင်၊ ဗိုလ်ချုပ်ကိုကိုမောင် အပါအဝင် လူပုဂ္ဂိုလ် ၉ ဦး၊ ကုမ္ပဏီအဖွဲ့ ၇ ခုကို ဥရောသမဂ္ဂက ဒဏ်ခတ် ပိတ်ဆို့

ဗန်ကူးဗားမှာဟန်လေးရဲ့ fundraising ပွဲ

လေတပ် နှစ်ပတ်လည်နေ့တွင် ရုရှားလေယာဉ်မှူးများဖြင့်သာ SU-30 လေယာဉ်သစ်များကို မောင်းနှင်ပျံသန်းခိုင်း

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ