Posts

တရုတ်၏ မိုးပျံ ပူ‌ဖောင်း အရေးကြောင့် အမေရိကန်နှင့် ဆက်ဆံရေး တင်းမာမှု မြင့်တက်လာ

Image
၂၀၁၈ ခုနှစ် နောက်ပိုင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၏ ပထမဆုံး ခရီးစဉ် သည် ပျက်ပြားသွားနိုင်စရာ ရှိသည့် အကြောင်းရင်းများ ကို ဆန်းစစ်ကြည့်သူများ အဖို့ မွန်တာနား ပြည်နယ် ပေါ် ရောက်ရှိလာသော တရုတ်၏ မိုးပျံ ပူဖောင်း ရောက်ရှိလာခြင်းကို မည်သူမျှ ထည့်သွင်း စဉ်းစားမိကြလိမ့်မည် မဟုတ်ပေ။ ဖေဖေါ်ဝါရီ ၂ ရက်နေ့တွင် ပင်တဂွန်မှ အမြင့်ပေပေါင်း များစွာ မှ ပျံသန်းနေသော ထောက်လှန်းရေး သတင်းများ စုဆောင်းရာတွင် အသုံးပြုသည့် ပူဖေါင်းကြီး တလုံးကို ခြေရာခံမိသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ နောက်တနေ့ ဖေဖေါ်ဝါရီ ၅ ရက်နေ့ တွင် တရုတ်ပြည်သို့ သွားရောက်ရန် ရှိနေသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီ ဘလင်ကင် ၏ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အိမ်ဖြူတော် အရာရှိများက ထုတ်ဖေါ်ပြောဆိုလိုက်သည်။ နှစ်ဖက်စလုံးက ထိုခရီးစဉ်သည် ဘာလီတွင် တရုတ်သမ္မတ ရှီကျင့်ပင် နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်တို့ တွေ့ဆုံခဲ့အပြီး တင်းမာမှုများ လျော့ကျလာနေမှု ကို ပို၍ ခိုင်မာအောင် တည်ဆောက်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြချိန်လည်း ဖြစ်သည်။ အမေရိကန် ဖက်က တိုင်ဝမ် အရေး နှင့် ရုရှား၏ ကျုးကျော်မှုအား တရုတ်မှ ထောက်ခံမှု ပေးနေခြင်း ကဲ့သို

လေထဲတွင် တိုက်အိမ် ဆောက်နေကြသူများ

Image
စစ်အာဏာသိမ်း အဖွဲ့သည် အကြမ်းဖက် လုပ်ရပ်များ မြှင့်တင်ရန် စစ်ဆင်ရေးနည်း လမ်း ငါးသွယ် မဟာဗျုဟာကို ချမှတ်လာပြီ ဖြစ်သည်ဟု ဝါရှင်တန် ရှိ အမျိုးသား စစ်ကောလိပ်မှ မြန်မာ အရေး အနီးကပ်လေ့လာ သုံးသပ်နေသူ ဇာကာရီ အဘူဇာ မှ RFA တွင် ရေးသားလာခဲ့သည်။ အတိုချုပ်တင်ပြရမည် ဆိုက  (၁) လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အရပ်သားများ ကို အဓိက ပစ်မှတ်ထား၍ တော်လှန်ရေး အင်အားစု များ  ထောက်ခံမှု ကျဆင်းသွားရန် အမှည့်ချွေ ချွေသွားမည် ဖြစ်သည်။ (၂) NUG ၏ ငွေကြေး ထောက်ပံ့ရေး လမ်းကြောင်းများကို  မရမနေ ပိတ်ဆို့ သွားမည် ဖြစ်သည်၊ လက်ရှိတွင် ဘဏ်တိုင်း တွင် စစ်ဗိုလ်များ ချထားပြီး ငွေကြေး လွှဲပြောင်းမှု ကျပ်တသိန်း ကျော် လျှင်ပင် မျက်လုံးဒေါက်ထောက် ကြည့်လာပြီ ဖြစ်သည်။ (၃) NUG အဓိက အင်အားလည်း ဖြစ်၊ အာချီလီ ‌‌ဖနောင့်ကြီး လည်း ဖြစ်နေသည့် တိုင်းရင်းသား အင်အားစုများ နှင့် ပေါင်း စည်းနေမှု ကို ဖြိုခွဲသွားမည်။ (၄) မြို့ပေါ်ရှိ မြေအောက် ပျောက်ကြားစစ်ဆင်‌ရေး ကို အဓိက ထား ဖြိုခွင်းမည်။ (၅) နောက်ဆုံးတွင် ထိုင်း ကို ပုံတူ ကူးချ၍ “ရွေးကောက်ပွဲ”  ဆိုသည်ကို လုပ်မည် အစရှိသည်တို့ ဖြစ်သည်ဟု ဖေါ်ပြထားသည်။ လက်ရှိတွင် မြန်မာ ၏ အခြေအနေသည် ထိန်းချုပ်၍

စစ်ကြောရေးမှာ ပြည်သူကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်နေတဲ့ စစ်ရာဇ ဝတ်ကောင်၊ ဒုစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် တိုးရီကို ပြည်ထဲရေး ဒုဝန်ကြီး အဖြစ် မင်းအောင်လှိုင်က ရာထူးတိုးပေး

Image
By ရန်ကုန်ခေတ်သစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် စစ်အာဏာသိမ်းမှု အောင်မြင်စေဖို့ အဓိက ကူညီထောက်ပံ့နေတဲ့ စစ်ခေါင်းဆောင်တွေထဲမှာ ပြည်သူကို ညှဉ်း ပန်းနှိပ်စက် သတ်ဖြတ်နေတဲ့ စစ်ကြောရေး ကိစ္စတွေကို ဦးဆောင်တဲ့သူ ၂ ဦးရှိပါတယ်။  အဲဒီသူ ၂ ဦးကတော့ စစ်တပ်ရဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးအရာရှိချုပ် စရဖ ခေါင်းဆောင်   ဒုဗိုလ်ချုပ်ကြီးရဲဝင်းဦး(ဗကသ-၇၇) နဲ့  ဗိုလ်ချုပ်တိုးရီတို့ပဲဖြစ်ပါတယ်။ သူတို့ ၂ ဦးက ပြည်သူတွေကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်တဲ့ စစ်ကြောရေးတွေကို အဓိက ကိုင်တွယ်ရသူတွေဖြစ်ပါတယ်။  စစ်ကြောရေးမှာ ပြည်သူကို ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခဲ့တဲ့  စစ်ရာဇ ဝတ်ကောင်၊ ဒုစစ်ဖက်ရေးရာလုံခြုံရေးအရာရှိချုပ် တိုးရီကို ပြည်ထဲရေး ဒုဝန်ကြီး အဖြစ် မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ရာထူးတိုးပေးလိုက်ပါတယ်။  အရင်ဆုံးတော့ စစ်ရာဇဝတ်ကောင် တိုးရီ ဘယ်သူလဲ။ သူက ဘာကြောင့် ပြည်သူကို ရက်ရက်စက်စက် သတ်ဖြတ်နေပါသလဲ။ တိုးရီဟာ ၁၉၈၂ ခုနှစ်မှာ ၁၀ တန်းအောင်မြင်ခဲ့ပြီး ၁၉၈၇ ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်ကနေ သိပ္ပံဘွဲ့ကို ရူပဗေဒအထူးပြုဘာသာရပ်နဲ့ ဘွဲ့ရခဲ့တယ်။  အတန်းဖော်အားလုံးနီးပါး မဟာသိပ္ပံဂုဏ်ထူးတန်းတက်နေချိန် မဟာတန်းဝင်ခွင့်မရတ

အနောက်နိုင်ငံများက စစ်အုပ်စုကို အရေးယူပိတ်ဆို့မှုများ ထပ်တိုး

Image
အမေရိကန်နိုင်ငံအပါအဝင်   ဗြိတိန်၊   ကနေဒါနှင့်   ဩစ တြေးလျနိုင်ငံတို့က   စစ်အာဏာသိမ်းမှု   ၂   နှစ်ပြည့်ချိန်တွင် စစ်   ကောင်စီအဖွဲ့ဝင်များ၊   အစိုးရဝန်ထမ်းတချို့နှင့်   လေ ယာဉ်ဆီ   တင်သွင်းရောင်းချပေးသော  Asia Sun  ကုမ္ပဏီတို့ကို   အရေး   ယူပိတ်ဆို့မှုများကို   ထပ်မံ   လုပ်ဆောင်လိုက်သည်။ အဆိုပါ   ဒဏ်ခတ်အရေးယူမှုတွင်   ဗြိတိန်အစိုးရက   မြန်မာ့လေတပ်အတွက်   လေယာဉ်ဆီကဏ္ဍကို   ချုပ်ကိုင်ထားသည့်  Asia Sun Group  ရှိ  Asia Sun Trading  ကုမ္ပဏီနှင့်   ယင်းကုမ္ပဏီ၏   ဒါရိုက်တာ   ဦးဇော်မင်းထွန်း၊   တဦးတည်းအစုရှယ်ယာရှင်   ဦးဝင်းကျော်   ကျော်အောင်   တို့ကို   ဇန်နဝါရီ   ၃၁ရက်က   ဒဏ်ခတ်ပိတ်ဆို့မှုများ   ချမှတ်လိုက်ခြင်း ဖြစ်သည်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး  James Cleverly  က  “ ဒီလို   ပိတ်ဆို့   အရေးယူခြင်းအားဖြင့်   မြန်မာစစ်တပ်ရဲ့   ဘဏ္ဍာငွေ အရင်း   အမြစ်   လက်လှမ်းရရှိနိုင်မှု လောင်စာ ဆီအရင်းအမြစ်   လက်လှမ်းရရှိနိုင်မှု၊   လက်နက်နှင့်   ကိရိယာ အရင်းအမြစ်   လက်လှမ်း   ရရှိနိုင်မှုတွေကို   လျော့နည်းစေမှာ   ဖြစ်ပါတယ်။   အတိုက်အခံ   အင်အားစုတွေကို ရက်ရက်စက်စက်   ဖြိုခွင်းခဲ့တာ၊   လေ   ကြောင်း   တ

တရုတ်က ထောက်လှမ်းရေးမှာ ဂြိုဟ်တုမသုံးဘဲ မိုးပျံပူဖောင်း ဘာလို့သုံးတာလဲ

Image
ဓာတ်ပုံ ရင်းမြစ်,  REUTERS/BBC ဓာတ်ပုံ ပုံစာ,  အမေရိကန်ပေါ်ကို ပျံဝဲနေခဲ့တဲ့ တရုတ်မိုးပျံပူဖောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ အမေရိကန်နိုင်ငံ မွန်တားနားပြည်နယ်အပေါ်က ဝေဟင်တနေရာမှာ ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီးတလုံးကို တွေ့ရှိပြီး စောင့်ကြည့်နေကြောင်း အမေရိကန်ကာကွယ်ရေးဌာနက အရာရှိတွေက စတင်ကြေညာခဲ့ပါတယ်။  အမေရိကန် လေပိုင်နက်ထဲမှာ တွေ့ရှိထားတဲ့ မိုးပျံပူဖောင်းကို ပစ်မချဖို့ ဆုံးဖြတ်ခဲ့ပြီး အပျက်အစီးတွေ လူအများပေါ် ကျလာတဲ့ အန္တရာယ် ရှိနိုင်လို့ ဖြစ်တယ်လို့ ဆိုပါတယ်။  နောက်ပိုင်းမှာ လက်တင်အမေရိက အပေါ်ဘက် ဝေဟင်မှာလည်း မိုးပျံပူဖောင်း နောက်တလုံး ထပ်တွေ့တယ်လို့ ပင်တဂွန်စစ်ဌာနချုပ်က ကြေညာခဲ့ပါတယ်။ အသေးစိတ်တော့ ထုတ်မပြောပါဘူး။​ တရုတ်အစိုးရကတော့ ဖေဖော်ဝါရီလ ၄ ရက်နေ့ရောက်မှ သူတို့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် သတင်းထုတ်ပြန် တုံ့ပြန်ခဲ့ပြီး ဒီမိုးပျံပူဖောင်းဟာ မိုးလေဝသ ထောက်လှမ်းတာသာ ဖြစ်တယ်လို့ ဆိုပါတယ်။  တရုတ်အစိုးရ အနေနဲ့ အခုလို သူတို့ရဲ့ မိုးပျံပူဖောင်းက လေနဲ့လွင့်ပြီး အမေရိကန်ပိုက်နက်ပေါ်ကို ရောက်သွားရခြင်းအတွက် စိတ်မကောင်းဖြစ်ကြောင်းနဲ့ တရုတ်ဟာ ဘယ်အချုပ်အချာ အာဏာပိုင်နိုင်ငံရဲ့ ရ