Posts

၂ နှစ်ကျော်အတွင်း စစ်အုပ်စုက အပြစ်မဲ့ပြည်သူ ၃,၀၀၀ ကို သတ်ဖြတ်ခဲ့ဟု အေအေပီပီ ထုတ်ပြန်

Image
DVB | 17 February, 2023 မြန်မာနိုင်ငံမှာ   အာဏာသိမ်း   ၂   နှစ်ကျော်အကြာ   စစ်ကောင်စီတပ်တွေ   အကြမ်းဖက်   ပစ်ခတ်   သတ်ဖြတ်မှုတွေကြောင့်   နိုင်ငံတဝန်း   အပြစ်မဲ့ကျဆုံးပြည်သူ   အယောက်   ၃ , ၀၀၀   နဲ့   ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း   ၁၉ , ၇၃၉ ယောက်ထိ   ရှိလာခဲ့ပြီဖြစ်တယ်လို့   နိုင်ငံရေးအကျဉ်းသားများ   ကူညီစောင့်ရှောက်ရေးအသင်း  ( အေအေပီပီ )  က ထုတ်ပြန်ထားပါတယ်။ ဒီစာရင်းဟာ   ပြီးခဲ့တဲ့   ၂၀၂၁   ခုနှစ်၊   ဖေဖော်ဝါရီ   ၁   ရက်မှ   ၂၀၂၃   ခုနှစ်၊   ဖေဖော်ဝါရီ   ၁၇   ရက်အထိ   အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး   အမှန်တ ကယ်   ကျဆုံးသူတွေဟာ   ဒီထက်ပိုနိုင်တယ်လို့   ဖော်ပြပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း   ဒီနေ့အထိ   ၁၅ , ၈၈၂   ယောက်   လက်ရှိ   ချုပ်နှောင်ခံထားရဆဲ   ဖြစ်ပြီး   အဲဒီထဲက ၄ , ၃၉၈   ယောက်ကတော့   ထောင်ဒဏ်   ချမှတ်ခံထားရပါတယ်။ တော်လှန်ရေးနဲ့ဆက်စပ်ပြီး   သေဒဏ်ချမှတ်ခံထားရကာ   အကျဉ်းထောင်တွေထဲ   ထိန်းသိမ်းခံနေရသူ   အရေအတွက်ကတော့   ၁၀၃   ယောက်ရှိနေပြီး   မျက်ကွယ်   သေဒဏ်ချမှတ်ခံထားရသူ   ၄၁   ယောက်   အပါအဝင်   ၁၂၁   ယောက်ကတော့   မျက်ကွယ်ပြစ်ဒဏ်   ချမှတ်ခံထားရတာကြောင့်   သေဒဏ်ချမှတ

တော်လှန်ရေးခရီးထွင်ရန် မဟာမိတ်များနှင့် ပေါင်းကူးဆက်ဆံရေး အခရာကျဟု NUG ဝန်ကြီးချုပ်ပြော

Image
lusane | 16 February, 2023 ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို   လျှောက်လှမ်းနေတဲ့   တော်လှန်ရေးလမ်းမှာ   ခရီးတွင်ဖို့ဆိုရင်   မဟာမိတ်တွေနဲ့   ခိုင်မြဲတဲ့   ပေါင်းကူးဆက်ဆံရေးဟာ   အခရာကျတယ်လို့   အမျိုးသားညီညွတ်ရေးအစိုးရ  (NUG)  ပြည်ထောင်စုဝန်ကြီးချုပ်   မန်းဝင်းခိုင်သန်းက   ပြောပါတယ်။    ဖေဖော်ဝါရီ   ၁၆   ဒီကနေ့   ပြုလုပ်တဲ့   ကြားကာလဒေသန္တရ   ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု   ဗဟိုကော်မတီအစည်းအဝေးမှာ   ခုလိုပြောလိုက်တာဖြစ်ပြီး   ကော်မတီမအနေနဲ့   မဟာမိတ်တွေနဲ့   အခါအားလျော်စွာ   တွေ့ဆုံတဲ့ အစည်းအဝေးတိုင်းမှာ   ပေါင်းစပ်လုပ်ဆောင်မှု   အားကောင်းနေတဲ့   ကဏ္ဍတွေဖြစ်တဲ့   လူသားစာနာကဏ္ဍ၊ ကျန်းမာရေး၊   ပညာရေးကဏ္ဍတွေရဲ့   စုစုစည်းစည်း   လုပ်ဆောင်နိုင်မှုအတွက်   ကောင်းမွန်တဲ့   မှတ်ချက်ပြုမှုတွေလည်း   အမြဲကြားရတာမို့   မဟာမိတ်   တိုင်းရင်းသားအဖွဲ့တွေနဲ့   ဆက်ဆံရေးတွေ   ပိုပြီးကောင်းလာအောင်   အဓိက ဆောင်ရွက်ပေးနေကြတဲ့   သက်ဆိုင်ရာဌာနများက   တာဝန်ရှိသူတွေကိုလည်း   ကျေးဇူးတင်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးချုပ်က   ပြောပါတယ်။    “ အကြမ်းဖက်စစ်ကောင်စီဟာ   တိုင်းပြည်အခြေအနေကို   သူတို့ထိန်းချုပ်လို့မရတော့မှ

ရန်ကုန်တိုင်း ၈ မြို့နယ်တွင် လူဦးရေ၏ ၄ ပုံ ၁ ပုံ လစာဝင်ငွေမရှိဘဲ နေထိုင်နေရ

Image
DVB | 17 February, 2023 ရန်ကုန်မြို့က   ဆင်းရဲနွမ်းပါးသူ   လူဦးရေအများဆုံးနေထိုင်တဲ့   မြို့နယ်   ၈   မြို့နယ်ရဲ့   လူဦးရေ   လေးပုံတပုံလောက်ဟာ   ပြီးခဲ့တဲ့   ၁၂   လအတွင်းမှာ   ဝင်ငွေမရှိဘဲနေရတဲ့   အခြေအနေကို   မကြာခဏ   ကြုံတွေ့နေရတယ်လို့   ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်  (UNDP)  က   စစ်တမ်းထုတ်ပြန်ပါတယ်။ လှိုင်သာယာ၊   ရွှေပြည်သာ၊   အင်းစိန်၊   ဒဂုံဆိပ်ကမ်း၊   ဒလမြို့နယ်၊   တောင်ဒဂုံ၊   မြောက်ဒဂုံနဲ့   သန်လျင်မြို့နယ်တို့မှာ စစ်တမ်းကောက်ယူခဲ့တာဖြစ်ပြီး   ဒီအခြေအနေတွေက   အဲဒီမြို့နယ်တွေမှာရှိတဲ့   အိမ်ထောင်စုတွေရဲ့   ကျန်းမာရေးနဲ့ လူမှုစီးပွား   အခြေအနေတွေကို   ခြိမ်းခြောက်နေတယ်လို့  UNDP  က   ဆိုပါတယ်။ အိမ်ထောင်စုဝင်တွေဟာ   ဝင်ငွေလျော့နည်းလာမှုကို   အစာလျှော့စားတာ၊   ပိုင်ဆိုင်တဲ့   ရုပ်ဝတ္ထုပစ္စည်းတွေကို   ခွဲခြမ်းရောင်းချတာ၊   ကျန်းမာရေးစောင့်ရှောက်မှုတွေ   မခံယူတာ၊   ကလေးသူငယ်တွေကို   ပညာသင်ကြားမှုက   ရပ်ဆိုင်းပြီး အလုပ်လုပ်   ဝင်ငွေရှာစေတာ   စတဲ့   နည်းလမ်းတွေနဲ့   ဖြေရှင်းနေရတယ်လို့   ဆိုပါတယ်။ UNDP  ရဲ့   စစ်တမ်းအရ   မြို့နယ်   ၈   မြို့နယ်က အိမ်ထောင်စု   ၂၇   ဒသမ   ၅   ရာခိုင်နှုန်း