Posts

တော်လှန်ရေးရန်သူ ဆိုပေလင့် တဖက်မှာ စီးပွားရေး မိတ်ဖက်

Dawei Watch စုံစမ်းဖော်ထုတ်ရေးသားသည်| ဖေဖော်ဝါရီ ၁၇  ထိုင်းနိုင်ငံနယ်စပ် ထီးခီးတွင်ရှိသော ကာစီနိုများကို ကရင်ပဒို၊ ကရင်တပ်မှူး အမည်များနှင့် ဒေသခံများက တွဲသိလေ့ရှိသည်။ သည်ကာစီနိုမှာ ပဒို အယ်နားပိုင်၊ သည်ကာစီနိုမှာ တပ်မှူး ဘချောပိုင် ဟူ၍ ဖြစ်သည်။  ထီးခီးဒေသရှိ ကာစီနိုကြီးတစ်ခုကို ကရင်အမျိုးသား အစည်းအရုံး (KNU) မြိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ (၄) ပဒိုခေါင်းဆောင်ပိုင်း၊ တပ်ရင်း (၇) တပ်ရင်းမှူး အပါအဝင် စစ်ကောင်စီခန့် တနင်္သာရီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာ ဝန်ကြီးတို့ ပူးပေါင်း ပိုင်ဆိုင်သော ကုမ္ပဏီက လည်ပတ်နေကြောင်း သက်သေ အထောက်အထားများ တွေ့ရှိခဲ့ရသည်။  ထိုကြောင့်ပင် စစ်အာဏာရှင်ကို အမြစ်ပြတ်တော်လှန်မည်ဟု ကြွေးကြော်ထားသော KNU တပ်မဟာ (၄) ခေါင်းဆောင်ပိုင်းတို့သည် စစ်ကောင်စီ၏ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် ဟိုတယ်ကာစီနိုလုပ်ငန်း စီးပွားဖက်များ ဖြစ်လျက်ရှိကို တွေ့ရသည်။ စစ်အာဏာရှင် တော်လှန်ရေး ကာလအတွင်း KNU တပ်မဟာ (၄) သည် စစ်ကောင်စီ တပ်များနှင့် ထိပ်တိုက်မတွေ့မှုကို ပြည်သူများက မေးခွန်းထုတ်နေချိန်တွင် ထီးခီးတွင် နိုင်ငံတကာ ကာစီနိုကြီး တစ်ခု တဖြည်းဖြည်း ရုပ်လုံးပေါ်လာနေသည်။   ■ လေးဦးပိုင် ကုမ္ပဏီ  ရ

အင်းစိန်လူမိုက် ထောင်ထွက် ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်နှင့်မင်းအုပ်စိုး ဆက်စပ်နေ

Image
ဓားပြမှုဖြင့် အိမ်ချိတ်ပိတ်ခံရ၍ ၀ရမ်းပြေးနေရသော်လည်း စစ်တပ်ကို သေသည်အထိ ချစ်ခင်နေဟု မင်းအုပ်စိုး ပြော၊ အင်းစိန်လူမိုက် ထောင်ထွက် ပျူစောထီး ခေါင်းဆောင် ကျော်ဝင်းစိန်နှင့်မင်းအုပ်စိုး ဆက်စပ်နေ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇ ခေတ်သစ် ဓားပြမှုဖြင့် ထွက်ပြေး တိမ်းရှောင်နေသော အိမ်ကို စစ်တပ်က  ချိတ်ပိတ်သွားသော်လည်း နောက်ဆုံး ထွက်သက်အထိ စစ်တပ်ကို ချစ်ခင်လေးစားမည်ဟု ယမန်နေ့  လူမှုကွန်ရက်မှတစ်ဆင့် ရေးသားပြောဆိုသည်။  "ဖိုးစိန်လမ်းမှာရှိတဲ့ ကျွန်တော့်အိမ်တစ်လုံး ချိတ်ပိတ်ခံလိုက်ရတယ်ဆိုတာ …… မှန်ပါတယ်…… ။ ဘာကြောင့်မို့ ချိတ်ပိတ်ခံရတာလည်းဆိုရင် ……. လွန်ခဲ့တဲ့ (၈) လကျော်တုန်းက ဖြစ်ခဲ့တဲ့ ပြသာနာကြောင့်ပါ ။ ကျွန်တော့်ကိုစွဲခဲ့တဲ့ ပုဒ်မကြောင့်ပါ ။ ကျွန်တော့်ကို တရားစွဲခဲ့ကြတဲ့ ဓားပြမူကြောင့်ပါ ။ အဲ့ဒီချိန်မှာကတည်းက ဒီဓားပြမူကို ကျွန်တော် မကျုးလွန်ခဲ့တာမို့ ရဲစခန်းမှာသွားပြီး အဖမ်းမခံခဲ့ပါဘူး ။ တေးနုယဉ်သေတုန်းက ကျွန်တော့်ကြောင့်သေတာ မှန်ကန်တဲ့အတွက် ကျွန်တော်ကိုယ်တိုင်ရဲစခန်းမှာ သွားအဖမ်းခံခဲ့ပါတယ် ။ ဒီဓါးပြမှုမှာတော့ သူတို့တွေက ကျွန်တော့်ကို မတရားအမှုဆင် စွဲထားကြတာပါ ။ သူတို့စွဲထားတဲ့ ဓားပြမှုဆိုတာကြီးကို ကျ

သေနတ်ပစ်နည်း သင်ပြစဉ် လ၀က ဦးစီးမှူး ပေါင် ကျည်ထိမှန်

Image
စစ်ကောင်စီက ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လျှောက်လွှာ တင်ရန် မလိုအပ်ဘဲ လက်နက်များ ထုတ်ပေး၊  ကျောက်ပန်းတောင်းတွင် ရဲမှူးက လ၀က ဦးစီးမှူးကို သေနတ်ပစ်နည်း သင်ပြစဉ် လ၀က ဦးစီးမှူး ပေါင် ကျည်ထိမှန် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈ ခေတ်သစ် အကြမ်းဖက်စစ်ကောင်စီက  ရပ်ကွက်အုပ်ချုပ်ရေးမှူးများကို လက်နက်ကိုင်ဆောင်ခွင့် လျှောက်လွှာ တင်ရန် မလိုအပ်ဘဲ လက်နက်များ တပ်ဆင် ထုတ်လုပ်ပေးနေကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့ထံမှ သိရှိရသည်။  ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ သာကေတမြို့နယ်မှ ရပ်ကွက်အုပ်ချုပ်ရေးမှူးတချို့သည် စစ်တပ်က ထုတ်လုပ် ပေးသည့် ပစ္စတို သေနတ်များ စတင်ရရှိနေကြပြီး လက်နက်ငယ် ပစ်ခတ်မှု သင်တန်းကို ရက်တို ပုံစံဖြင့် သင်ကြား နေကြရကြောင်း သိရှိရသည်။  "လှိုင်သာယာနဲ့ သာကေတ ဘက်က ရပ်ကွက် လူကြီးတချို့ ပစ္စတိုတွေ စရတယ်။ အခြားမြို့နယ်က ရပ်ကွက်လူကြီးတွေ ရ၊ မရတော့ မသိသေးဘူး။ လှိုင်သာယာဘက်နဲ့ သာကေတ ဘက်တော့ ပစ္စတိုလေးတွေ အုပ်ချုပ်ရေးမှူးတချို့ရနေကြပြီ။ အဲဒါ လျှောက်လွှာတင်စရာမလိုဘဲ ထုတ်ပေးတာလို့ သိရပါတယ်" ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ် တစ်ခုက ပြောသည်။  အလားတူ ပဲခူးတိုင်း၊ ပြည်မြို့နယ်၊ မြို့ပေါ်ရှိ ရပ်ကွက်

ချမ်းမြသာစည်မြို့နယ်ရှိ သေနတ်ကိုင်ခွင့်ရ ရာအိမ်မှူးတစ်ဦးကို အောင်စည်တော်အဖွဲ့မှ ပစ်ခတ်ရှင်းလင်းပြီး သေနတ်ပါသိမ်းဆည်းရရှိ

Image
ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီလ ၁၈ ရက်        မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်ရှိ ရာအိမ်မှူးတစ်ဦးကို အောင်စည်တော် စစ်ဆင်ရေးအဖြစ် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ညနေ ၄နာရီ ဝန်းကျင်တွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိသည်။  စစ်ကောင်စီမှ သေနတ်ထုတ်ပေးထားပြီး ရာအိမ်မှူး လုပ်နေသူ ဇော်ဝင်းထွန်းဆိုသူအား ၇၉ လမ်းထောင့်တွင် ပစ်ခတ်ရှင်းခင်းခဲ့ခြင်းဖြစ်ကြောင်း အောင်စည်တော်အဖွဲ့ထံမှသိရသည်။                     " သူက ဆယ်အိမ်မှူးကနေ ရာအိမ်မှူးဖြစ်တာ မကြာသေးဘူး၊ သူ့ကို ၇၉ လမ်းရှိ ပညာပျိုးခင်း ထောင့်မှာ သေနတ်နဲ့ပစ်သတ်ခဲ့တာပါ။ သူ့ဆီက လက်လုပ်သေနတ် ၁ လက်၊ ကျည် ၁၅ တောင့်၊ ငွေသားနဲ့ဖုန်းတွေ သိမ်းဆည်းနိုင်ခဲ့တယ်၊ သူ့အလောင်းကို စစ်ကောင်စီက လာသယ်ပြီးစစ်ဆေးနေတေယ်လို့တော့သိတယ်"ဟု အောင်စည်တော်အဖွဲ့၏ ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ဧရာဝတီတိုင်းမ်သို့ ပြောသည်။ နောင်တွင်လည်း စစ်ကောင်စီအလိုကျ ပြည်သူတွေကို ဒုက္ခပေးအနိုင်ကျင့်နေသည့် စစ်ကောင်စီဒေါက်တိုင်မည်သူကိုမဆို အောင်စည်တော်အဖွဲ့အနေဖြင့် ဆက်လက်ရှင်းလင်းသွားမည်​ဖြစ်ကြောင်း ၎င်းမှဆက်လက်ပြောဆိုသည်။                  ဇန်နဝါရီလ ၂၇ ရက်နေ့နှင့် ဖေဖော်ဝါရီ ၄ ရက်နေ့များတွင

ရွှေဘိုမြို့နယ်၊ ရေတော်မူရွာကို စစ်တပ် မီးရှို့မှု နေအိမ် ၃၂ လုံးပြာကျ

Image
ရန်ကုန်၊   ဖေဖော်ဝါရီ   ၁၈ ခေတ်သစ် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ရေတော်မူရွာအကြမ်းဖက် စစ်တပ်   မီးရှို့ဖျက်ဆီးမှု   နေအိမ်   ၃၂   လုံးပြာကျခဲ့ ကြောင်း ဒေသခံ   ပြည်သူများက   ရန်ကုန်ခေတ် သစ်   မီဒီယာသို့ ပြောဆိုသည်။ဖေဖော်ဝါရီလ   ၁၆   ရက်နေ့ တွင်   ရွှေဘို မြို့နယ်၊   ရေတော်မူရွာကို   အကြမ်းဖက် စစ်တပ်က   ဝင်ရောက်   စီးနင်းခဲ့ပြီး   ပြည်သူပိုင်   နေအိမ်များကို   မီးရှို့ဖျက်ဆီးခဲ့ကာ   နေအိမ်   ၃၂လုံး ပြာကျခဲ့ကြောင်း   သိရ သည်။  "  ရေတော်မူရွာနားမှာ   တိုက်ပွဲဖြစ်ပြီး   စစ်ခွေးတွေက   ရွာကို   ဝင်စီးပြီး   မီးရှို့တာပဲ ပြည်သူပိုင်   နေအိမ်   ၃၂   လုံး ပြာကျခဲ့တယ်။   ပြည်သူတွေကတော့   အချိန်မီ   ရှောင်ရှား နိုင်ခဲ့လို့   ထိခိုက်ဒဏ်ရာရတာ   မရှိပါဘူး "  ဟု   ဒေသခံ   ပြည်သူတစ်ဦးကပြောဆိုသည်။ စစ်ကိုင်းတိုင်း၊   ရွှေဘိုမြို့နယ်၊   ရေတော်မူရွာကို   အကြမ်း ဖက်   စစ်တပ်   မီးရှို့ဖျက်ဆီးမှု   နေအိမ်   ၃၂   လုံးပြာကျခဲ့ကြောင်း   ဒေသခံ   ပြည်သူများက   ရန်ကုန်ခေတ်သစ်   မီဒီယာသို့   ပြောဆိုသည်။ ဖေဖော်ဝါရီလ   ၁၆   ရက်နေ့တွင်   ရွှေဘိုမြို့နယ်၊   ရေတော်မူရွာကို   အကြမ်းဖက်   စစ်တပ်က   ဝင်ရောက်

မအလ အဖွဲ့အရေးယူမှုများ ရှောင်လွှဲ ရန် နာမည်ပြောင်းလဲထားသော နိုင်ငံကူးလက်မှတ် ၃ ခုနှင့် မှတ်ပုံတင် ၃ ခု ကိုင်ဆောင်

Image
မင်းအောင်လှိုင်   အပါအဝင်   စစ်ဗိုလ်ချုပ်များ၏   မိသား စု ဝင်များအားလုံး    စီးပွား   ရေးပိတ်   ဆို့မှုနှင့်   ဒဏ်ခတ် အရေး ယူမှုများ   ရှောင်လွှဲ   ရန်   နာမည်ပြောင်းလဲထား သော   နိုင်ငံကူးလက်မှတ်   ၃   ခုနှင့်   မှတ်ပုံတင်   ၃   ခု   ကိုင်ဆောင်ထား ရန်ကုန်၊   ဖေဖော်ဝါရီ   ၁၈  ခေတ်သစ် အကြမ်းဖက်   မင်းအောင်လှိုင်နှင့်   စစ်ဗိုလ်ချုပ်များက   ပြည်သူလူထုကို   နိုင်ငံကူးလက်မှတ်များ   ထုတ်ပေးမှု   ရပ်ဆိုင်း ထားသော်လည်း   ၎င်းတို့၏   မိသားစုဝင်များအတွက်   အမည်နာမည်   ပြောင်းလဲထားသော   နိုင်ငံကူးလက်မှတ်   ၃   ခုစီ၊ မှတ်ပုံ   တင်   ၃   ခု   စီ   ထုတ်ယူ   ကိုင်ဆောင်ထားကြောင်း   စစ်ဘက်သတင်းအသိုင်းအ၀ိုင်းနှင့်   ပြည်ထဲရေး   သတင်းရင်းမြစ်   များထံမှ   သိရှိရသည်။   အမေရိကန်၊   ဥရောပ၊   ကနေဒါ   အပါအဝင်   အနောက်နိုင်ငံများက   စစ်ဗိုလ်ချုပ်များနှင့်   မိသားစုဝင်များကို   စီးပွားရေး ပိတ်ဆို့မှုများ၊   ခရီးသွားလာခွင့်   ပိတ်ပင်သော   အရေးယူဒဏ်ခတ်မှုများ   လုပ်ဆောင်လာကြောင်း၊   လိုအပ်ချက်ကြောင့်   ပြည်ပနိုင်ငံများသို့   ခရီးသွားရောက်ရပါက   အဆိုပါ   အရေးယူဒဏ်ခတ်ပိတ်ဆို့မှုများကို   ကျော်လွှားနိုင်ရန်၊ အမည်  

မင်းအောင်လှိုင်တို့ လုပ်သမျှ ဘာတခုမှ တရားမဝင်

Image
DVB | 17 February, 2023 မကြာသေးမီက   မင်းအောင်လှိုင်တို့   အကြမ်းဖက်အဖွဲ့က   မာရှယ်လော   ထုတ်ပြန်ကြေညာခဲ့သည်။   ထိုနည်းတူ   လာမယ့်   သြဂုတ်လတွင်လည်း   ဒင်းတို့အဖွဲ့က   ရွေးကောက်ပွဲကျင်းပပေးဦးမည်   ဆိုသည်။   စင်စစ်   မာရှယ်လောပဲထုတ်ထုတ်၊   ရွေးကောက်ပွဲပဲလုပ်လုပ်   ဒင်းတို့တွင်   လုပ်ပိုင်ခွင့်မရှိ။   နိုင်ငံတော်ပုန်ကန်မှု   ကျူးလွန်ထား   ကြသောကြောင့်   ဖြစ်သည်။   ထို့အပြင်   သူတို့၏   ဘုရားရှိခိုးသဖွယ်၊   ဂါထာမန္တရားသဖွယ်ဖြစ်သော   သူတို့ကိုယ်တိုင်ရေးဆွဲထားသည့်   ၂၀၀၈   အခြေခံဥပဒေအရပင်   တရားမဝင်တော့၍   ဖြစ်ပါသည်။   ၂၀၀၈   အခြေခံဥပဒေအကြောင်း မပြောချင်သည့်တိုင်   ပြောရပါဦးမည်။ ၂၀၀၈   ခြေဥဆိုတာ ၁၉၈၈   အရေးအခင်းပြီးနောက်   စစ်တပ်အမည်ခံအဖွဲ့က   နိုင်ငံတော်ကို   အာဏာသိမ်းယူလိုက်သည်။ လွတ်လပ်မျှတ၍   သန့်ရှင်းသော   ရွေးကောက်ပွဲကြီးကို   ကျင်းပပြီးရင်   အနိုင်ရပါတီကို   အာဏာလွှဲပြောင်းပေးမယ်၊ စစ်တပ်ဟာ   စစ်တန်းလျားကိုပဲ   ပြန်မယ်ဆိုသည့်   အာမခံ   ကတိစကားများနဲ့အတူ   ၁၉၈၉   တွင်   ရွေးကောက်ပွဲဥပဒေကို   ပြဋ္ဌာန်းပေးခဲ့သည်။   နောက်တနှစ်   ၁၉၉၀   တွင်   ရွေးကောက်ပွဲကျင်းပရာ   ပြည်သူအားလုံး   ထောက်ခံမ