Posts

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ မြန်မာအကြမ်းဖက် စစ်တပ်ကို အိန္ဒိယက အမြောက်ပြောင်းများ ပံ့ပိုးကူညီနေ

Image
ရန်ကုန်၊ မတ် ၂ ခေတ်သစ် ဒီမိုကရေစီ လိုလားတောင့်တတဲ့ တော်လှန်ရေး အင်အားစုတွေကို ချေမှုန်းရာမှာ မြန်မာစစ်တပ်က အသုံးပြုနေတဲ့ လက်နက်ကြီး အမြောက်ပြောင်းတွေကို အိန္ဒိယက ပံ့ပိုးကူညီနေတယ်လို့ Justice For Myanmar(JFM) ကထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ စစ်ကောင်စီဟာ တစ်နိုင်ငံလုံးနီးပါးမှာ ဖြစ်ပွားနေတဲ့ တော်လှန်မှုတွေကို ဖြိုခွင်းဖို့အတွက် အချိန်နဲ့အမျှ လုံးပမ်းနေရပါတယ်။ လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်မှုတွေကို အကန့်အသတ် မရှိ အသုံးချကာ ပြည်သူတွေကို ရက်ရက်စက်စက် တိုက်ခိုက်သတ်ဖြတ်နေရတာကြောင့်  မြန်မာစစ်တပ်ကို လက်နက်တင်ပို့ရောင်းချမှုတွေ ရပ်တန့်ဖို့ ဖိအားပေးတောင်းဆိုမှုတွေလည်း နိုင်ငံတကာမှာ မြင့်တက်လို့ လာနေပါတယ်။ ဒီလို အခြေအနေတွေကြားက အိန္ဒိယဟာ စစ်ကောင်စီအတွက်  အမေရိကန်ဒေါ်လာ ၃၃၀,၀၀၀ တန်ဖိုးရှိတဲ့ အမြောက်ပြောင်းတွေကို ရောင်းချရာမှာ တိုက်ရိုက်ပါဝင်ပတ်သက်ခဲ့တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။   ပြီးခဲ့တဲ့ ၂၀၂၂ အောက်တိုဘာလအတွင်းက အိန္ဒိယနိုင်ငံပိုင် စစ်လက်နက် ထုတ်လုပ်တဲ့ Yantra India Limited ကုမ္ပဏီက ၁၂၂ မီလီမီတာ အမြောက်ပြောင်း ၂၀ ကို မြန်မာစစ်တပ်ဆီ ပေးပို့ခဲ့ကြောင်း  သင်္ဘောအသွားအလာ အချက်အလက်တွေကို အခြေ

ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်၊ ဗိုက်ဖောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်

Image
စစ်ကိုင်း၊ တာတိုင်ကျေးရွာမှ PDF ရဲဘော် ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်၊ ဗိုက်ဖောက်ပြီး ရက်ရက်စက်စက် သတ်ဖြတ် ရန်ကုန်၊ မတ် ၂ ခေတ်သစ် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာမှ PDF ရဲဘော် ကိုကျော်ဇောကို စစ်တပ်က ခေါင်း၊ ခြေလက်များ ဖြတ်တောက်ပြီး ဗိုက်ဖောက်ထုတ်ပြီး ရက် ရက် စက်စက် သတ်ဖြတ်သွားကြောင်း စစ်ကိုင်းမြို့နယ်၊  ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။   မတ်လ ၁ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက စစ်ကိုင်း မြို့နယ်အတွင်းသို့ ရေကြောင်းမှ ဝင်ရောက်လာပြီး တာတိုင်ကျေးရွာအတွင်း သို့ ဝင်ရောက်ကာ PDF တော်လှန်ရေးရဲဘော် မိုက်ကယ်(ခ) ကိုကျော်ဇောကို  သတ်ဖြတ်သွားခဲ့ကြောင်း၊ သတ်ဖြတ်ရာတွင် အလွန်ရက်စက်စွာ သတ် ဖြတ်သွားခဲ့ကြောင်း သိရှိရသည်။  "စစ်ကိုင်းမြို့နယ်၊ တာတိုင်ရွာ တော်လှန်ရေး ရဲဘော် မိုက်ကယ်(ခ) ကိုကျော်ဇောကို စစ်ခွေးတွေက ရက်ရက် စက် စက် သတ်ဖြတ်သွားပါတယ်။ ငါန်းဇွန်ဘက်ကို ပြန်ဆုတ်သွားပြီ။  စစ်ခွေးတွေ ရေကြောင်းက ၀င်လာတာ။ မနေ့မနက် အစောကြီးက၀င် ဒီမနက်မှ ပြန်ကပ်ရတော့ အလောင်းတွေ့တာပဲ" ဟု စစ်ကိုင်းမြို

ကျောက်ခေတ် မှသည် ကျောက်ခေတ်ဆီသို့

Image
လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၁ နှစ်  ဒီလိုနေ့မျိုးမှာ ဗိုလ်ချုပ်ကြီးနေဝင်းဦးဆောင်တဲ့ စပ်တပ်ဟာ  အရပ်သားရွေးကောက်ခံ ဝန်ကြီးချုပ် ဦးနု အစိုးရ ကိုဖမ်းဆီးပြီး အာဏာသိမ်းခဲ့ပါတယ်။ အာဏာသိမ်းမယ့်  ၁၉၆၂ မတ်လ ၂ ရက် မနက် ၂ နာရီလောက်မှာ ရန်ကုန်မြို့ ပြည်ထောင်စုရိပ်သာလမ်းကြား က ဝန်ကြီးချုပ် ဦးနုနေထိုင်ရာ အိမ်ကို  စစ်တပ်က ဝိုင်းလိုက်ပါတယ်။ ဘုရားဝတ်ပြုပြီး ည ၁၂ နာရီကျော်လောက်မှ အိပ်ရာဝင်တဲ့  ဝန်ကြီးချုပ်ဟာ အိမ်ဝင်းထဲက ဆူဆူညံညံအသံတွေကြောင့်အိပ်ပျော်ရာကနိုးလာတာနဲ့တပြိုင်နက် ခြောက်လုံးပြုးကိုင်ထားတဲ့ စစ်ဗိုလ်တယောက် သူ့အခန်းထဲမှာ မတ်တပ်ရပ်နေတာကိုတန်းတွေ့လိုက်ရတော့တာပဲ။ စစ်ဗိုလ်က စစ်တပ်က အာဏာသိမ်းလိုက်ကြောင်းနဲ့ သူတို့နဲ့ လိုက်ခဲ့ဖို့ ပြောခဲ့တယ်လို့  ဦးနုက  တာတေစနေသားစာအုပ်ထဲမှာရေးသားခဲ့ပါတယ်။ People’s spring “၅၉ နှစ်အကြာ သမိုင်းလှည်းဘီး“ ❐ ဝန်ကြီးချုပ်ဦးနုနဲ့ သမ္မတဦးဝင်းမြင့်ဆီက စစ်တပ် အာဏာဘယ်လိုလုခဲ့လဲ — People's Spring လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၉ နှစ်က ဝန်ကြီးချုပ် ဦးနုဆီကနေ စစ်တပ်အာဏာလုစဉ် ဝန်ကြီးချုပ်ကို ထိုင်ခုံ တစ်လုံးပေါ်မှာ ခဏ ထိုင်ခိုင်းတဲ့ အပြုအမူမျိုး ဖေဖော်ဝါရီလ ၁ရက် မနက်ဝေလီဝေလင်းမှာ သမ္မတ

ပြည်တွင်းစစ်ထဲတရားဝင် ဝင်ရောက်လာတဲ့ကြံ့ခိုင်ရေးပါတီ

Image
ပါတီလိုင်းအမြင်တခုထဲနဲ့ပဲကြည့်ပြောရအောင်— NLD-ပါတီအဆင့်ရပ်တည်မရတော့လို့တော်လှန်ရေး လမ်းစဉ်ကိုလိုက်တယ် အဲ့ဒီအတွက်လက်နက်ကိုင်တယ် လက်နက်ကိုင်အကြမ်းဖက်စစ်ကောင်စီနဲ့ထိပ်တိုက်တွေ့ တယ် နိုင်ငံရေးပါတီအဖြစ်လတ်တလောမှာမရပ်တည်ဖူး USDP-လတ်တလောမှာနိုင်ငံရေးပါတီအဖြစ်တရားဝင် မှတ်ပုံတင်ထားတယ် ပြီးတော့အကြမ်းဖက်လုပ်ရပ်ကို စည်းရုံးရေးတရပ်အနေနဲ့လူသိရှင်ကြားလုပ်တယ်၊ဒီလုပ် ရပ်ဟာ စစ်ကောင်စီနဲ့ပေါင်းပြီးပါတီနိုင်ငံရေးကို NLDလို ပဲစွန့်လွှတ်ပြီးအကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီးပြည် တွင်းစစ်ထဲတရားဝင် ဝင်ရောက်လာတာပဲဖြစ်တယ်၊ပါတီ နိုင်ငံရေးပဲလုပ်ချင်တဲ့ကြံ့ခိုင်ရေးအဖွဲ့ဝင်တွေ ပါတီကတ ရားဝင်နုတ်ထွက်စေချင်တယ် ခေါင်းဆောင်ပိုင်းကလက် နက်ကိုင်လမ်းစဉ်ရွေးချယ်လိုက်တာ ဒီဗွီဒီယိုဖိုင်မှာ အတိ အလင်းတွေ့မြင်ပြီးဖြစ်လို့ ကြံ့ခိုင်ရေးခေါင်းစဉ်အောက် မှာရှိသူမှန်သမျှ လက်နက်ကိုင်ဖြေရှင်းတာကြုံတွေ့လာ တော့မှာမြေကြီးလက်ခတ်မလွဲပါဖူး၊ အဲ့ဒီအတွက်ငါမှ လက်နက်မကိုင်တာဆိုပြီး ချွင်းချက်တွေဆင်ခြေတွေပေး လို့မရသလိုဘယ်သူ့ကိုမှအပြစ်တင်ခွင့်မရှိတော့ဖူး နုတ်ထွက်မလား ဝါးချွန်ကိုင်မလား တလမ်းထဲကိုရွေး ချယ်ရမယ့်အချိန်ဖြစ်ကြောင်းအသိပေးပါတယ်၊ ဒီအချိန်ကစပြီး

ဘယ်အချိန်အထိယုံကြည်ပေးရမလဲပြော

Image

စဉ်းစားရင်ကြာတယ်ဆေးသကြားထည့်လိုက်ပါလား

Image

ရမည်းသင်း အကျဉ်းထောင်မှ အကျဉ်းသားနှင့် အချုပ် သား ၉ ဦး ကားပေါ်မှ ဆင်းပြေး၍ လက်နက် လုယူပြီး ရဲများကို ပစ်ခတ်ကာ လွတ်မြောက်

Image
ရန်ကုန်၊ မတ် ၁ ခေတ်သစ် မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်မှ အကျဉ်းသား၊ အချုပ်သား ၉ ဦးသည် ယနေ့ ည နေ ၄ နာရီကျော်အချိန် အချုပ်ကားပေါ်မှ ဆင်းပြေး၍ လက် နက် များလုယူပြီး ရဲများကို ပြန်လည် ပစ်ခတ်ကာ လွတ်မြောက်သွားကြောင်း ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်ထံမှ သိရှိရသည်။  ယနေ့ မတ်လ ၁ ရက်နေ့တွင် ရမည်းသင်းထောင်မှ ပျဉ်းမနားသို့ တရားရုံးထုတ်လာသည့် အချုပ်သား ၂၁ ဦးကို ရုံးထုတ်ပြီး အပြန်လမ်း၊ ကင်းသားလမ်းခွဲတွင် ပါဆယ်ယူရန် ရှိသည်ဟုဆိုကာ အချုပ်ကားကို ခဏရပ်ခိုင်းကြောင်း၊  ယင်းနောက် အကျဉ်းသား၊ အချုပ်သား ၉ ဦးက ရဲများထံမှ လက် နက် လု ယူကာ ပစ်ခတ်ပြီး လွတ်မြောက်သွားကြောင်း၊ ပစ်ခတ်မှုဖြစ်ပွားသဖြင့် ရဲတချို့ ဒဏ်ရာရရှိကြောင်း သိရှိရသည်။  "ရမည်းသင်းအကျဥ်းထောင်မှ ရုံးထုတ်လာတဲ့ အချုပ်သား ၊ အကျဉ်းသား  ၂၁ ဦးကို ပျဉ်းမနားမှာ ရုံးထုတ်ပြီး အပြန် ထောင်ပြန် အပို့  ကင်းသာလမ်းခွဲမှာ ပါ ဆယ် ယူဖို့ ရှိလို့ ကားခဏရပ်နေချိန်  အချုပ်သား ၊အကျဥ်းသား ၉ ဦး  ထွ က်ပြေး တယ်။ ရဲတွေဆီက  သေနတ်တွေပါ သွားတယ်။  ရဲတွေနဲ့ ပစ် ခတ်မှုဖြစ်တယ်။ ၉ ဦးလုံး လွတ်ပါတယ်။  လွတ်မြောက်သွား သူတွေထဲမှာ ထောင်ဒဏ် နှစ် ၅၀ ကျော် ချခံထားရတဲ့ သူတွေလည်းပါတယ်။  န

ကြံ့ဖွတ် ထိပ်တန်းအဖွဲ့ဝင်ဟောင်းနှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဟောင်း မြငြိမ်း၏အိမ် ဗုံးပစ်ခံရ ၊

Image
နေပြည်တော်ရှိ ကြံ့ဖွတ် ထိပ်တန်းအဖွဲ့ဝင်ဟောင်းနှင့် အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဟောင်း မြငြိမ်း၏အိမ် ဗုံးပစ်ခံရ ၊  နေပြည်တော် Mandalay Paradise  စားသောက် ဆိုင်တွင်လည်း ယခုည ဗုံးပေါက်ကွဲ ရန်ကုန်၊ မတ် ၁  နေပြည်တော်ရှိ ကြံ့ဖွတ်ပါတီ ထိပ်တန်းအဖွဲ့ဝင်ဟောင်းနှင့် အမျိုးသားလွှတ် တော် ဒုဥက္ကဋ္ဌ ဟောင်း မြငြိမ်း၏အိမ် ဗုံးပစ်ခံရမှုဖြစ်ပွားကြောင်း နေပြည်တော်သတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။  ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၇ နာရီဝန်းကျင်အချိန် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက်၊ မြစ်ငယ်လမ်းနှင့် စန္ဒီလမ်းထောင့်ရှိ အမျိုးသားလွှတ်တော် ဒု-ဥက္ကဋ္ဌ ဟောင်း၊ ကြံ့ဖွတ်ပါတီ ထိပ်တန်းအဖွဲ့ဝင်ဟောင်း မြငြိမ်း၏ နေအိမ်တွင် ဗုံးပစ်ခံရကြောင်း၊ ဗုံးဖြင့် ပစ်ခတ်မှုကြောင့် အိမ်ပျက်စီးမှု တချို့ရှိပြီး လူထိခိုက်မှုမရှိကြောင်း သိရှိရသည်။  "ရွှေကြာပင်ရပ်ကွက်မြောက်ဘက် ဇမ္ဗူသီရိဆေးရုံနောက်ကျော သုံးအိမ်တန်း ဘက် ဦးမြငြိမ်းအိမ်မှာ အပစ်ခံရတာ။ လူထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ မီးထွန်းထားပေမယ့် လူသိပ်မနေဘူးလို့ ပြောတယ်" ဟု နေပြည်တော် သတင်းရင်းမြစ်က ပြောသည်။  ထို့ပြင် ယနေ့ည မတ်လ ၁ ရက်နေ့ ည ၈ နာရီအချိန်တွင်လည်း နေပြ

ကြက်ကြော်ဆိုင်ကဖရူဆိုမှာလား လေးကေ့ကော်မှာလားဖုန်းဆက်မေးကြည့်

Image

ဝက်လက်၊ မုဆိုးခြုံဘူတာရွာတွင်းကို စစ်တပ်က ပစ်သတ်၊ ကျောက်ကြီးမြို့နယ်၊ ညောင်ပင်သာရွာမှ ဦးကျော်မိုးဝင်း စစ်ဘေးရှောင် ပြည်သူတစ်ဦးနှင့် ဦးကြာပေါ် တို့ကိုလည်း စစ်တပ်က ပစ်သတ်

Image
ရန်ကုန်၊ မတ် ၁ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် မုဆိုးခြုံဘူတာ ရွာကို စစ်တပ်က ယမန်နေ့ ညပိုင်း မီးတင် ရှို့ပြီးနောက် စစ်ဘေးရှောင် ပြည်သူတစ်ဦးကို သတ်ဖြတ်ခဲ့ ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးနှင့် ဒေသပြည်သူများထံမှ သိရှိရသည်။ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန် ဝက်လက်မြို့နယ်၊ သ မိုင်း ဝင် ဟံလင်းပျူမြို့ဟောင်းအနီးရှိ မုဆိုးခြုံဘူတာရွာကို စစ်တပ်က မီးတင်ရှို့ ခြင်း ဖြစ်ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် စစ်တပ် စစ်ကြောင်းက ရွှေဘိုမြို့ နယ် မှ ဝက်လက်မြို့နယ်အတွင်း လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက် လာ ပြီး မုဆိုးခြုံဘူတာရွာတွင် ဝင်ရောက် တပ်စွဲကြောင်း၊ ယင်းနောက် ယမန်နေ့ ညပိုင်း တွင် ရွာကို မီးတင်ရှို့ခဲ့ခြင်းဖြစ်ပြီး ပြည်သူ တစ်ဦးကို ယနေ့ နံနက်ပိုင်း ပစ်ခတ် သတ်ဖြတ်ခဲ့သည်ကို မြင်တွေ့ရကြောင်း ဒေသပြည်သူတစ်ဦးက ပြောသည်။ "ပြေးရင်းလွှားရင်းနဲ့ပဲ ဖမ်းမိပြီး ပစ်သတ်ခံလိုက်ရတာ။ ဆိုင်ကယ်ကိုပါ မီးရှို့သွား တယ်။ ခေါင်းကို တည်ပြီး ပစ်သတ်သွားတာ။ ပြည်သူတွေမှာ ပြေးစရာ မြေမရှိ ဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။ ထို့ပြင် ယနေ့ နံနက်အစောင်ပိုင်းဝက်လက်မြို့နယ်၊ ဘိုတဲကျေးရွာကို စစ်တပ်က ဝင်ရောက