Posts

ဒဗမက၏ဇနီး ထမီအလှန်ခံရ

Image
မင်္ဂလာဒုံလေတပ်မှ ဒုဗိုလ်မှူးကြီး မြင့်ဝေကို မြို့ပြပြောက်ကျားအဖွဲ့ အနီးကပ် ၈ ချက် ပစ်ပြီး ရှင်းလင်း ……………………………………….. ယင်းသတင်းကို ဖုံးကွယ်ဖို့ အကြမ်းဖက် စစ်ကောင်စီက သတင်းမှား ပြန်လည် ဖြန့်ဝေ ~~~~~~~~~~~~~~~~~~~~ ဧပြီ ၁ အကြမ်းဖက် စစ်ကောင်စီ၊ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်၊ လေကြောင်းလက်နက် ပြင်ဆင်ရေးဌာနရဲ့ ဒုဌာနမှူး ဒုတိယ ဗိုလ်မှူးကြီး မြင့်ဝေဆိုသူကို မနေ့က မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်မှာ မြို့ပြပြောက်ကျားအဖွဲ့က အထူးစစ်ဆင်ရေးအနေနဲ့ အနီးကပ် ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။  အဆိုပါ အကြမ်းဖက် စစ်ကောင်စီ လေတပ်၊ လေကြောင်းလက်နက် ပြင်ဆင်ရေးဌာန၊ ဒုဌာနမှူး၊ ဒုဗိုလ်မှူးကြီး အဆင့်ရှိ မြင့်ဝေဆိုသူကို ရန်ကုန်တိုင်း၊ မြောက်ဒဂုံ၊ ၃၄ရပ်ကွက်၊ ဦးလှဖေလမ်း၊ အိမ်အမှတ် ၇၉၀ ၎င်းရဲ့ နေအိမ်ရှေ့မှာ အပြင်ကနေ ကားနဲ့ပြန်လာစဉ် သေနတ်နဲ့ အနီးကပ် ၈ ချက် ပစ်ခတ်ခဲ့တာကြောင့် သေချာပေါက် သေဆုံးနိုင်တယ်လို့ ပစ်ခတ်မှုမှာ ပါဝင်ခဲ့တဲ့ မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးက ပြောပြပါတယ်။ “သူက အပြင်ကနေ ကားနဲ့ ပြန်လာတာဗျ။ ကားပေါ်မှာ သူ့မိန်းမနဲ့ သမီးလည်း ပါတယ်။ အားလုံး ၃ ယောက်ပေါ့။ သူ့မိန်းမနဲ့ သမီးက ကားပေါ

ရေမထွက်၍ မြေအောက် ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူ ခံရနိုင်ဖွယ် ရှိနေ

Image
🤣 ဘုန်းတော်ကြောင့် ရေ မထွက် 🤣 စစ်ကောင်စီဥက္ကဋ္ဌ မြေအောက် အကူပိုက်လိုင်းကို စက်ခလုတ်ဖွင့်၍ ရေစမ်းသပ် ဖြည့်တင်းခဲ့ရာတွင် ရေမထွက်၍ မြေအောက် ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူ ခံရနိုင်ဖွယ် ရှိနေ   နိရဉ္စရာ၊ ဧပြီ ၁/၂၀၂၃  စစ်တွေမြို့သို့ ရောက်ရှိလာခဲ့သည့် စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မတ် ၃၀ ရက်နေ့က ကန်တော်ကြီးသို့ ရေဖြည့်တင်းမည့် မြေအောက်အကူ ရေပိုက်လိုင်းကို စက်ခလုတ်ဖွင့်ကာ ရေစမ်းသပ် ဖြည့်တင်းခဲ့ရာတွင် ရေမထွက်သဖြင့် မြေအောက်ရေတူးဖော်သည့် တာဝန်ရှိသူများ အရေးယူခံရနိုင်ဖွယ်ရှိနေသည်ဟု သတင်းရရှိသည်။ စစ်တွေမြို့၊ ကန်တော်ကြီးအနီးနေထိုင်သည့် ဒေသခံတစ်ဦးက " ဟိုတစ်နေ့က ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် ကန်တော်ကြီးကိုသွားပြီးတော့ စက်ခလုတ်ဖွင့်ပြီး  ရေစမ်းသပ်လွှတ်ကြည့်တယ်လို့ သိရတယ်။ ခဏစမ်းသပ်လွှတ်ကြည့်တာပါ။ ရေဖြည့်တော့ ရေမထွက်လို့ မအောင်မြင်ခဲ့ဘူးလို့ သိရတယ်"ဟု နိရဥ္စရာသို့ ပြောသည်။ သို့အတွက် ၎င်းမြေအောက်ရေရှာဖွေတူးဖော်နေသည့် ရေရရှိရေးလုပ်ငန်း အဖွဲ့ဝင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ ရေတူးရာတွင် ပါဝင်သည့် တာဝန်ရှိသူများ အရေးယူခံရနို

စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး

Image
ထီးချိုင့်မြို့နယ်၊ ဦးလာဘ ဘုရားရှိ စစ်ဘေးရှောင်များကို စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံး  ရန်ကုန်၊ ဧပြီ ၁ ခေတ်သစ် စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ရှိ ပေါက်ကုန်းရွာနှင့် ဦးလာဘ ဘုရားရှိ စစ်ဘေးရှောင်များကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်၂ စီးဖြင့် အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ရာ ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း Tigyaing Revolution-TR အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ မတ်လ ၃၁ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်နှင့် ညနေ ၄ နာရီ ၃၀ မိနစ်တို့တွင် အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ပေါက်ကုန်းရွာ၊ ဝဲကြီးရွာနှင့် အင်ဒေါင်းရွာ အကြားရှိ ဦးလာဘ ဘုရားအနီးရှိ စစ်ဘေးရှောင် ပြည်သူများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။  "ဝဲကြီးနဲ့ အင်ဒေါင်းရွာ အကြားက ဦးလာဘဘုရား အနီးမှာ စစ်ရှောင်နေသော အရပ်သား ပြည်သူတွေရှိတဲ့ နေရာကို စစ်ခွေးတွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ အရပ်သား ပြည်သူ ၆ ဦးထက်မနည်း သေဆုံးပြီး ၅ ဦးခန့်ထိခိုက် ဒဏ်ရာရရှိတယ်။ တိုက်ပွဲဖြစ်ပွားတာ မရှိပါ

အရပ်သားထိခိုက်မှုမရှိသည့် မည်သည့်နေရာမဆို တိုက်ပွဲဖော်ဆောင်ရန် အသင့်ရှိဟု စစ်ကောင်စီကို စိန်ခေါ်

Image
စစ်အာဏာရှင်စနစ် အမြန်ချုပ်ငြိမ်းရေး နေရာအသီးသီး၌ စစ်ရေးအရှိန်မြင့်တိုက်ခိုက်ရန် ထန်တလန် CDF တောင်းဆို ▪️အရပ်သားထိခိုက်မှုမရှိသည့် မည်သည့်နေရာမဆို တိုက်ပွဲဖော်ဆောင်ရန် အသင့်ရှိဟု စစ်ကောင်စီကို စိန်ခေါ် မောင်မောင်/People’s Spring စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နေရာအသီးသီး ၌ စစ်ရေးအရှိန်မြင့် တိုက်ခိုက်ရန် ထန်တလန်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF)က တော်လှန်ရေးလက်နက်ကိုင်အဖွဲ့များကို တောင်းဆိုလိုက်သည်။ ထန်တလန်မြို့နယ် ခွာဖိုရွာအား စစ်ကောင်စီတပ်က မတ်လ ၃၀ရက်တွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ ကလေးငယ် နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ရှစ်ဦး သေဆုံးခဲ့ပြီး ၁၁ဦးဒဏ်ရာရခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ထန်တလန် CDFက သဘောထား ထုတ်ပြန်ရာ အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏ ခွာဖိုရွာ နေပြည်သူများကို တိုက်ခိုက်မှုအပေါ် ဝမ်းနည်းကြေကွဲရသည့် တော်လှန်ရေး ဘက်တော်သားများဖြစ်ကြသည့် လက်နက်ကိုင်အဖွဲ့အစည်းအားလုံးက အကြမ်းဖက်စစ်ကောင်စီ အာဏာရှင်စနစ်ကြီး အမြန်ချုပ်ငြိမ်းနိုင်ရန် အတွက် ကိုယ့်နေရာ အသီးသီးမှ  စစ်ရေးအရှိန်မြှင့် တိုက်ခိုက်ဆောင်ရွက်ကြရန် တောင်းဆိုကြောင်း ထန်တလန် CDF၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

NUG နဲ့မဟာမိတ်များကို အကူညီပေးရေး

Image
🔻 Burma Act  ကျွန်တော်တို့ Burma Act ထဲက အချက်တွေ လက်တွေ့ အကောင်အထည် ဖော်နိုင်ဖို့ နေ့စဉ် အလုပ်လုပ်နေပါတယ်။ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုအကူအညီတွေ အများဆုံးပေးနေတဲ့ နိုင်ငံ    တစ်နိုင်ငံ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့အတွက် ရန်ကုန်မြို့ အမေရိကန်သံရုံးကတစ်ဆင့် ကြိုးပမ်းနေပါတယ်။ 🔻 NUG နဲ့မဟာမိတ်များကို အကူညီပေးရေး အခုဆိုရင် မြန်မာနိုင်ငံဧရိယာရဲ့ ငါးဆယ်ရာခိုင်နှုန်းလောက်ဟာ စစ်ကောင်စီရဲ့ထိန်းချုပ်မှု အပြင်ဘက်မှာ ရှိနေပြီဖြစ်တဲ့အတွက်၊ ဒီဒေသတွေမှာ စီမံအုပ်ချုပ်နိုင်ဖို့ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲမှုနဲ့ ဘဏ္ဍာငွေစာရင်း ရေးဆွဲတာလို အပိုင်းတွေအတွက် နည်းပညာ အကူအညီတွေ ပေးသွားဖို့ ဖြစ်ပါတယ်။ ဒီလို အကူအညီပေးဖို့အတွက်လည်း အမေရိကန်လွှတ်တော်မှာ ပါတီနှစ်ရပ်လုံးရဲ့ တစ်ခဲနက် ထောက်ခံမှုကို ရထားပါတယ်။ Burma Act ပါ အကြောင်းအရာ တွေကိုလည်း လွှတ်တော်ကို ပုံမှန် အစီရင်ခံတင်ပြပြီး ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ 🔻 ရုရှားနဲ့စစ်ကောင်စီ ဆက်ဆံရေး အခုလို ရုရှားက လက်နက်ရောင်းချနေတာ လက်ခံနိုင်စရာ မရှိတဲ့အကြောင်း မိတ်ဖက်နိုင်ငံအားလုံး သိအောင်

KMKL&KPKL

Image
ဘာလဲဟေ့သောက်ကျိုးနဲ ဇာတ်ကားရိုက်လဲသေချာလေ့လာပြီးရိုက်ကြ ကချင်စကားမှာ “အာဝါး အာနူး” ဆိုတာမရှိဘူး ကချင်လို့ အဖေကို အဝါး (A Wa) အမေကို အနိုး (A Nu) လို့ခေါ်တယ်။  ကချင်လူမျိုးတွေ ဘယ်တော့အခါမှ လင်မယားချင်း အဝါး (A Wa) အနိုး (A Nu) လို့မခေါ်ကြဘူး။ ဘာလို့လဲဆိုရင် အဝါး (A Wa) အနိုး (A Nu) ဆိုတာ ကိုယ့်ရဲ့မိဘအရင်းကိုပဲခေါ်တဲ့အခေါ်အဝေါ်ဖြစ်တယ်။ လင်မယားချင်း အဝါး  (A Wa) လို့ခေါ်ရင် ကိုယ့်ဖခင်အရင်းနဲ့ အိမ်ထောင်ပြုခြင်း အနိုး (A Nu) လို့ခေါ်လိုက်ရင် ကိုယ့်မိခင်အရင်းနဲ့အိမ်ထောင်ပြုခြင်းအဖြစ်ဆိုလိုရင်းသက်ရောက်တယ်။  ခုထုတ်လွင့်နေတဲ့ စောင်နီလေးတစ်ထည်ဝါဒဖြန့်ဇာတ်ကားမှာ ရန်အောင်နဲ့ စိုးမြတ်သူဇာကလင်မယားခန်းမှာသရုတ်ဆောင်ပြီး တစ်ယောက်နဲ့တစ်ယောက် အာဝါး (A Wa) အာနူး (A Nu) ခေါ်နေကြတာက “ကိုယ့်ဖအေကိုယ်လိုး ကိုယ့်မအေကိုယ်လိုး” တွေလိုအဓိပ္ပါယ်သက်ရောက်တယ်။ အဲဒါနင်တို့ကောင်တွေအတိုင်းပဲ နင်တို့ရဲ့ဇတ်ရုပ်အမှန်ပဲ။  မသိရင်မှတ်ထား ကချင်မှာလင်မယားချင်း နိန်ဝါး (ကလေးဖေ) နိန်နိုး (ကလေးမေ)လို့ပဲခေါ်တယ်။ အချို့ကလည်း ချစ်စနိုးနဲ့ စောရ (ချစ်ချစ်) မာင (ကလေးလေး) လို့ခေါ်ကြပါတယ်။ Crd

Project DragonFly နှင့် ပတ်သက်သော နောက်ဆက်တွဲအခြေအနေများကို အသိပေးထုတ်ပြန်

Image
သတင်းထုတ်ပြန်ချက် Project DragonFly နှင့် ပတ်သက်သော နောက်ဆက်တွဲအခြေအနေများကို အသိပေးထုတ်ပြန်ခြင်း ၂၀၂၃ ခုနှစ်၊ မတ်လ (၃၀) ရက်နေ့   ၁။​အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်များတွင် အတတ်ပညာ၊ အသိပညာ၊ ငွေကြေးအားဖြင့် ပါဝင်ကူညီအားဖြည့်ပေးနေကြသူ တစ်ဦးချင်းစီတိုင်း၏ ကြိုးစားအားထုတ်မှုများကို လေးစားစွာဖြင့် အသိ အမှတ်ပြုအပ်ပါသည်။ ၂။​အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များထံမှ တဆင့် Project DragonFly အတွက် အမေရိကန်ဒေါ်လာ (၂.၂) သန်းတိတိကို လက်ခံရရှိသုံးစွဲလျက်ရှိပါသည်။ ရရှိထားသော ရန်ပုံငွေများကို လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၁.၄) သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (၈) သိန်း လျာထား သုံးစွဲလျက်ရှိပါသည်။ ၃။​အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သည့် ရန်ပုံငွေရှာဖွေရေးစီမံချက်များမှ ရရှိလာသော ရန်ပုံငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စနစ်တကျစီမံခန့်ခွဲနေပြီး အလေအလွင့်မရှိ လက်ခံရရှိခဲ့ပါသည်။ ၄။​Project DragonFly မှ ရရှိခဲ့သေ

တပ်သားတွေရဲ့ သားသမီးတွေကို အလှည့်ကျ ကင်းစောင့်ခိုင်း

Image
ကော့သောင်း၊ ခမောက်ကြီး ခမရ ၄၃၁ နဲ့ ၅၈၂ တပ်ရင်းတွေမှာ စစ်ကောင်စီတပ်သားတွေရဲ့ သားသမီးတွေကို အလှည့်ကျ ကင်းစောင့်ခိုင်း ဧရာဝတီတိုင်းမ် မတ်လ ၃၀ ရက် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ခမရ ၄၃၁ နှင့် ၅၈၂ တပ်ရင်းတို့တွင် စစ်ကောင်စီတပ်သားများ၏ ၎င်းတို့၏ ဇနီးမယားများအပြင် သားသမီးများပါ အလှည့်ကျ ကင်းစောင့်ပေးနေရကြောင်း သိရသည်။ စစ်ကောင်စီတပ်သားများ၏  သားသမီးတွေကို ည ၈ နာရီမှ ည ၁၂ နာရီအထိ ၄ နာရီအကြာ  ၎င်းတို့ရဲ့ဇနီးမယားများနှင့်အတူ ပူတွဲကာ အလှည့်ကျ ကင်းစောင့်တာဝန်ချပေးထားတာကြောင်း အဆိုပါ တပ်ရင်းများနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ထို ကင်းစောင့်ပေးနေရသည့် စစ်ကောင်စီတပ်သားများ၏ သားသမီးများမှာ အသက် ၁၆ ၊ ၁၇ နှစ် အရွယ်ရှိပြီး စာမေးပွဲပြီးချိန်ကတည်းက စတင်ကာ ယခုလို လုပ်ဆောင်နေကြရတာဖြစ်ကြောင်းသိရှိရသည်။ "ခမရ ၄၃၁ နဲ့ ၅၈၂ ကတော့ အလှည့်ကျ ကင်းစောင့်နေရတယ်လို့သိရပါတယ်။ အခြားတပ်ရင်းတွေရဲ့ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ အခုရက်က စာမေးပွဲပြီးသွားပီဆိုတော့ သူတို့သားသမီးတွေလည်း အလှည့်ကျ ကင်းစောင့်ရတယ်လို့ သိရတယ်။ သိရသလောက်က တပ်တွင်းမှာလည်း အရင်ထက် အင်အားက အ​တော်လေးရော့နဲသွားတာကို တွေရှ်ိရတယ်"

ဂုဏ်သိက္ခာရှိတဲ့ သတင်းဓာတ်ပုံဆု

Image
⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯❍ တကမ္ဘာလုံးက သတင်းဓာတ်ပုံဆရာတွေ၊ မှတ်တမ်းဓာတ်ပုံဆရာတွေ ဝင်ပြိုင်ကြတဲ့ World Press Photo ဆုတွေထဲက ဆုတစ်ခုကို လွိုင်ကော် ပီဒီအက်ဖ်အဖွဲ့က ဓာတ်ပုံဆရာ မောက်ခမ်းဝါ ရရှိကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ဒီနေ့ ကြေညာပါတယ်။  . ဆုရတဲ့ ဓာတ်ပုံကတော့ မနှစ်က ကရင်နီ (ကယား)၊ မိုးဗြဲမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတစ်ခုအတွင်း လွိုင်ကော်ပီဒီအက်ဖ် တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက ဒဏ်ရာရသူတစ်ဦးကို ထမ်းခေါ်လာတဲ့ ပုံပါ။  . ဥရောပ၊ အလယ်ပိုင်းနဲ့ မြောက် အမေရိက၊ တောင်အမေရိက၊ အာဖရိက၊ အာရှ၊ အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဆိုပြီး နယ်မြေအလိုက် သတ်မှတ် ဆုပေးတဲ့အထဲမှာ မောက်ခမ်းဝါရဲ့ ဓာတ်ပုံက အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဒေသအတွက် ပေးတဲ့ ဆုတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။  . အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဒေသအတွက် Singles, Stories, Long-Term Project, Open Format နဲ့ Honorable Metion ဆိုတဲ့ ဆု ၅ ဆုကြေညာခဲ့ပြီး မောက်ခမ်းဝါက Singles ကဏ္ဍအတွက် ဆုရခဲ့တာ ဖြစ်ပါတယ်။  . World Press Photo Award ဆိုတာကတော့ တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းက ဓာတ်ပုံသတင်းထောက်တွေ၊ မှတ်တမ်းဓာတ်ပုံရိုက်က

တရားမျှတမှုဆိုတာကို ပြန်ပေးဖို့တော့ မေ့နေကြတာ

Image
တရားမျှတမှုဆိုတာကို လူတွေက ကိုယ့်အတွက်ပဲ လိုချင်ကြတာ။ ပြန်ပေးဖို့တော့ မေ့နေကြတာမျိုး။ တရားမျှတမှုဆိုလို့ ရာဇဝတ်ပြစ်မှုအကြီးကြီးတွေပဲ ပြေးမြင်ရမှာလည်းမဟုတ်ဘူး။  ကိုယ့် လူ့ပတ်ဝန်းကျင်မှာအသေးအဖွဲ တရားမျှတမှုမရှိတာကို လက်ပိုက်ကြည့်မနေတာ လည်း တရားမျှတမှုကို ကျင့်ကြံတာပဲ။ ကိုယ်ယူခဲ့သလို ပြန်ပေးတတ်တာမျိုးကလည်း တရားမျှတမှုကို ကျင့်ကြံတာပဲ။ ဒီ society ကြောင့် ကိုယ်အသာစံခဲ့ရတယ် ဆိုရင်၊ ဒီ society နာနေတဲ့အချိန် ကိုယ်မနာချင်လို့လည်း မရဘူး။ နောက်တမျိုးက  သူ့ဖက်ကျတော့ အိုးပစ် အိမ်ပစ် ဘဝပစ် career ပစ် မိသားစုပစ် လုပ်ပလေ့စေ၊ ကိုယ့်ဖက်ကျတော့ အသေးအဖွဲသာယာမှုလေးတွေတောင် အောင့်ထားဖို့ အားမနာတတ်ဘူး။ သူတို့ခက်ခဲနေချိန် ငါ ဒါလုပ်လိုက်ရင် မတရားသလိုများဖြစ်မလား လို့မတွေးဘူး။ ဒါဟာလည်း တရားမျှတဖို့ ပျက်ကွက်တာပဲ။ "ဟာ…ဒါလေး တွေများကွာ၊ ရေးကြီးခွင်ကျယ်" ဆိုပြီး တရားမျှတမှုခေါင်းစဉ်အောက် ထည့်တွေးရမှန်း‌တောင် မသိ‌သေးဘူးဆိုရင်တော့ တရားမျှတမှုဟာ ဝေးနေဦးမှာပဲ။  ဘာလို့ဆို…ကြီးမားတဲ့ တရားမျှတမှုတွေဆိုတာ သေးငယ်တဲ့ တရားမျှတမှုတွေအပေါ် ဆင့်ကဲတည်ဆောက်ထားတာ ဖြစ်လို့ပါ။  Justice is not one sided. ဖြူဖြူကျော်သိန်း