Posts

ထန်းတပင်မြို့နယ်တွင် စစ်တပ်က ပြည်သူ (၁၈)ဦးကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်

▪️︎​မေ ၁၀ ရက်တိုက်ပွဲတွင် စစ်တပ်က ၃၀ ခန့်သေဆုံးဒဏ်ရာရပြီး အရာရှိ ၂ဦးအဖမ်းခံရပြီး​​နောက်အနီးရှိရွာမှပြည်သူများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ခြင်းဖြစ် ကျော်ဇော/People's Spring ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် စစ်ကောင်စီတပ်က အပြစ်မဲ့ပြည်သူ (၁၈)ဦးကို ခေါင်းဖြတ်၊ မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ထန်းတပင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People's Spring သတင်းဌာနသို့ ပြောသည်။ မေလ ၁၀ ရက်နေ့ ၁၀ နာရီခွဲနှင့် နေ့လယ် ၃နာရီတို့တွင်ကျောက်ကြီးမြို့နယ်၊ ထန်းတပင်မြို့နယ်အစပ် ညောင်ပင်သာရွာတွင် KNU၊  PDFပူးပေါင်တပ်ဖွဲ့ကစစ်ကောင်စီတပ်စစ်​ကြောင်းအား နှစ်ဖက်ညှပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ အင်အား (၁၀၀) ဝန်းကျင်တွင် (၃၀)ခန့်ထိခိုက်သေဆုံး၍ ဗိုလ် ၃ ဦးဖမ်းဆီးခံရကာအထိနာခဲ့သည်။တိုက်ပွဲပြီးချိန်၌ ညောင်ပင်သာမြောက်ကမ်းမှ ကလေး ၅ ဦး အပါအဝင် အပစ်မဲ့ပြည်သူ (၁၈)ဦးအား စစ်​ကောင်စီတပ်က လူမဆန်စွာ ရက်ရက် စက်စက် သတ်ဖြတ်သွားခြင်းဖြစ်သည်ဟု ထန်းတပင် ပ.က.ဖ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ သတ်ဖြတ်ံခံရသူများတွင် ​လေးငယ် ၅ ဦး  ၊အမျိုးသမီး၉ ဦးနှင့် သက

The marriage ကအပြင်မှာတကယ်ရှိခဲ့တယ်မြဒေဝီ

Image
တိုက်ဆိုင်မှုကတော့ မနေ့ကကျွန်မဒီ post ကိုစမြင်တဲ့နေ့ဟာ အန်တီမာကို ဆေးရုံအရေးပေါ်စပို့ရတဲ့နေ့တဲ့ ကျွန်မက ရက်စွဲတွေနဲ့ပတ်သက်ရင်မမှတ်မိတတ်သူမို့ အမေပြောမှသိရလို့ပါ ဒီဇာတ်လမ်းကို fb ပေါ်မှာ ခဏခဏမြင်နေရတာ ပထမတစ်ပိုင်းတော့ကြည့်ဖြစ်လိုက်တယ် ခုတော့ ဒီဇာတ်လမ်းကဘယ်ဖြစ်ရပ်ကို inspiration ယူထားတယ်ဆိုတာသဘောပေါက်သွားပြီ ဆရာဝန်မနာမည်က 'မြ' တဲ့ စစချင်းအခန်းမှာထဲက သားလေးတစ်ယောက်လဲထည့်ရိုက်ထားသေးတယ် ယောက်ျားကသင်္ဘောသားဟုတ်မဟုတ်တော့မသိဘူး EDITED - ဒီဇာတ်ကားထွက်တာနဲ့ အန်တီမာဆုံးခဲ့တဲ့မေလမှာ ၈နှစ်ပြည့်တော့မှာနဲ့ကွက်တိပါပဲ Edited - အပြင်မှာတော့ ဖောက်ပြန်ခံရသူမှာရုပ်ရှင်ထဲကထက်အပူတွေနဲ့ပေါ့ စသိတာကလဲ မယငရဲ့ အမေကိုယ်တိုင်တမင်လာပြောလို့သိတယ် အန်တီမာကအဲ့အချိန်က fb မသုံးတတ်တာကိုအခွင့်ကောင်းယူပြီး အပြင်မှာရော fb ပေါ်မှာပါပုံတွေပလူပျံပျော်ပျော်ကြီးဖောက်ပြန်ကြတာပေါ့ သူ့ကိုယ်သူ သင်္ဘောကပ္ပတိန်ကတော်ပါဆိုပြီး ဂုဏ်တွေဆာ ငါ့အဒေါ်က သူ့ကို fb acc ဖွင့်ပေးပါ သုံးနည်းသင်ပေးပါဆိုတော့ သင်ပေးလိုက်တော့သူ့ခမျာ အဲ့ကောင်နဲ့ကောင်မ acc တွေကိုရှာ ပုံတွေစာတွေအကုန်လုံးကို save လုပ် memory stickထဲထည့် print တွေထု

မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ

Image
လှိုင်မြို့နယ်၊ စစ်တပ်ပိုင် ချည်မျှင်စက်ရုံက အလုပ်သမား မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား  ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ ကိုကိုလေး/ဧရာဝတီတိုင်းမ် မေလ ၂ ရက် လှိုင်မြို့နယ်၊ စစ်တပ်ပိုင် ချည်မျှင်စက်ရုံမှာ အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမား မိန်းမပျိုလေးတွေဟာ နေပြည်တော်ကောင်စီနယ်မြေက စစ်ကောင်စီတပ် အရာရှိတွေကို ပြုစုပေးဖို့ အဓမ္မစေလွှတ်ခံနေရတယ် လို့ လှိုင်မြို့ခံတွေထံက သိရပါတယ်။ နေပြည်တော်ရှိ စစ်ကောင်စီအရာရှိ ၈၀ ဝန်းကျင်ကို ချည်မျှင်စက်ရုံက မိန်းမပျိုလေး တွေဟာ နှစ်ပတ်ကြာ သွားရောက် ပြုစုပေးရပြီး စက်ရုံရှိ မိန်းမပျိုအားလုံး ၁၅ ဦးစီ အလှည့်ကျ အဓမ္မ စေလွှတ်ခံနေတာ ဖြစ်တယ် လို့ စက်ရုံနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ "သူတို့ရဲ့အဝတ်လျှော်ရတယ်၊ မီးပူတိုက်ရတယ်၊ နှိပ်ခိုင်းတယ်၊ သူတိုစားဖို့ သောက်ဖို့လုပ်ပေးရတယ်။ ပြီးတော့ တစ်ခြား လိင်ပိုင်း ကိစ္စတွေ လဲရှိသေးတယ် ထုတ်မပြောသင့်လို့ပါ။ မခံနိုင်လို့ ပြန်ပြောမိတဲ့အခါ  ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ရှိတယ်" လို့ ချည်မျှင်စက်ရုံမှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးဝန်ထမ်း တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။ လက်ရှိ စစ်ကောင်စီပိုင် ချည်မျှင်

အမေရိကန်က နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ် သင်္ဘောများကို တောင်ကိုရီးယားဆီ ပို့ပေးမည်

Image
(ကျော်မောင်) မြောက်ကိုရီးယား ရဲ့ ခြိမ်းခြောက်မှုများကနေ ကာကွယ်ဖို့ ဂတိစကားအသစ်အရ အမေရိကန်ဟာ ဆယ်စုနှစ်များအတွင်း ပထမဦးဆုံး အဖြစ် နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ် သင်္ဘောများကို တောင်ကိုရီးယားဆီ ပို့ပေးမှာ ဖြစ်ပါတယ်။ သမ္မတ ဘိုင်ဒင် နဲ့  သမ္မတ ယွန်းဆက်ရဲ တို့ဟာ အဆိုပါ သဘောတူညီချက်ကို ဝါရှင်တန် ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ရေးထိုး လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေဟာ မြောက်ကိုရီးယားထက်စာရင် ချိုင်းနားကွန်မြူနစ်အတွက် ရည်ရွယ်တာ ပိုပြီး ဖြစ်နိုင်ခြေရှိနေပါတယ်။ ကီလို ၂၀၀၀ အကွာအဝေးအောက် လျှော့ ပစ်လို့ မရတဲ့ Trident D5 missiles တွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေကို အဲဒီနားထားလိုက်တာဟာ ICBM တွေ သွားထား ထားတာထက် ချိုင်းနားကွန်မြူနစ်ကို တုန့်ပြန်ချိန် နဲနဲလေး ပဲ ပေးလိုက်တာ ဖြစ်သွားပါလိမ့်မယ်။ .. US to send nuclear armed submarines to South Korea for the first time in decades — in new pledge to protect it from North Korea's threats Biden & South Korean President Yoon Suk Yeol, will sign the agreement in Washington on Wednesday, officials said. Nuclear armed subs in S

အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

Image
မြန်မာကိုချည်နှောင်မည့် အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရလက်ထက်မှာ တ-ရုတ်နဲ့စီးပွားရေး ချည်နှောင်မှုတွေဟာ အားနည်းသွားတဲ့အနေအထားရောက်ခဲ့တယ်လို့ အချက်အလက်ကိန်းဂဏန်းတွေအရ သိရပါတယ်။ ပိုမိုပွင့်လင်းတဲ့ စီးပွားရေးလုပ်‌ဆောင်နိုင်တဲ့အနေအထား‌တွေအရ ဥရောပအပါအ၀င် အခြားနိုင်ငံများနဲ့ သိသိသာသာတိုးမြှင့်ဆက်ဆံနိုင်ခဲ့လို့ တ-ရုတ်ကြွေးမြီကို ၂၆ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့ပါတယ်။ တ-ရုတ်နဲ့ကုန်သွယ်ရေး လိုငွေပြမှုတွေလည်း သိသိသာသာလျော့ချနိုင်ခဲ့ပါတယ်။ တ-ရုတ်ဟာ မြန်မာအပါအ၀င် အရှေ့တောင်အာရှနိုင်ငံ အာဆီယံနိုင်ငံတွေကို သူ့ရဲ့ ခါးပတ်လမ်းစီမံကိန်း One Belt One Road BRI အရ ချုပ်ကိုင်ထားဖို့ ၂၀၁၃ ခုနှစ်တည်းက စတင်ခဲ့ပါတယ်။ ၂၀၁၃ ကစပြီး အာဆီယံဒေသတွင်းမှာ တ-ရုတ်အစိုးရက BRI ခေါင်းစဉ်အောက်ကနေ ရန်ပုံငွေ ဒေါ်လာ ဘီလီယံ ၃၀၀ ကျော်သုံးစွဲခဲ့ပြီး ဒါဟာ နိုင်ငံတခုချင်းစီရဲ့ နှစ်စဉ်သုံးရန်ပုံငွေထက်၀က်နဲ့ညီမျှတဲ့အထိဖြစ်ပါတယ်။ တချို့ဆို ကျော်တောင်ကျော်လွန်နေပါသေးတယ်။ အဲ့ထဲမှာ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာပါ၀င်ပါတယ်။ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာဟာ ချိုင်းနားကြွေးမြီကို အထူ