Posts

ဖက်ဒရယ် ပြည်သူ့တပ်မတော်ကြီး မကြာမှီလာမည်။

စစ်ကောင်စီရဲ့ မြေပြင်လှုပ်ရှားမှုမှာ Psycho ပိုင်းတွေအများကြီးပါနေတာတွေ့ရတယ်။

Image
  လက်ရှိ စစ်ကောင်စီရဲ့ မြေပြင်လှုပ်ရှားမှုမှာ Psycho ပိုင်းတွေအများကြီးပါနေတာတွေ့ရတယ်။လွန်ခဲ့တဲ့ရက်ပိုင်းအထိ Well Plan မရှိတော့ပဲ ရမ်းပစ်နေတယ်လို့ ထင်ခဲ့မိတယ်။ မဟုတ်ဘူး တကယ် Well Plan နဲ့ သူတို့ ဆက်လုပ်နေကြတယ်။ ပထမဦးစွာ အထွေထွေထိုင်သပိတ်တွေလုပ်တဲ့ နေရာတွေ နေ့လည်မှာ ထိုင်သပိတ်လုပ်တယ် ၊ဖြိုခွင်းတယ်။ရပ်ကွက်နေပြည်သူတွေကို အထိနာအောင်လုပ်တယ် ။ပစ်သတ်တယ်။ ဒါတင်မကပဲ ညအခါ ထိုင်သပိတ်လုပ်ခဲ့တဲ့ ရပ်ကွက်ကို ထပ်ပြီး သေနတ်တွေနဲ့လာပစ်တယ်။အကြောက်တရားရအောင်လုပ်တယ်။ ပထမ ၁/၂ ခါ မသိသာပေမဲ့ ၃/၄/၅ ခါမြောက်မှာ ထိုင်သပိတ်လုပ်မဲ့ရပ်ကွက်ရှိ ပြည်သူတွေက သပိတ်တွေကို ပူးပေါင်းချင်စိတ်မရှိကြတော့ဘူး။ ထိုင်သပိတ်လာလုပ်ရင် ညကျ ငါတို့ရပ်ကွက်ကိုလာပြီး သောင်းကျန်းတော့မယ် ဆိုတဲ့ အသိတရားဝင်သွားပြီ။ မလုပ်အောင် တားတဲ့သူကို ရပ်ကွက်ထဲက သူအချင်းချင်းကလဲ ဒလံဆိုပြီး အမြင်တွေစောင်းပြီး စိတ်ဝမ်းကွဲကြပြီ။ အခုဆို ထပ်ပြီးအထိခိုက်မခံချင်လို့ ထိုင်သပိတ်တွေ နားထားကြပြီ။ ဒုတိယ တစ်ခုက ရပ်ကွက်တွေထဲ အတားအဆီးလုပ်တဲ့ကိစ္စတွေ။ လွန်ခဲ့တဲ့ ၂ ရက်က ကျနော်လက်ရှိနေနေတဲ့ နေရာတနေရာမှာပေါ့ ။လမ်းထိပ်မှာပိတ်ထားတဲ့သဲအိတ်တွေကို လာဖြိုတယ်။ပြီးတော့ပြောသွားတယ်။ &

မျောက်သေပါးရိုက်ထားတဲ့ရုပ်တွေနဲ့

Image
မျောက်သေပါးရိုက်ထားတဲ့ရုပ်တွေနဲ့ ဖိုးချစ်ဇာတ်ထဲက ကန့်လန့်ကာ တွေသွားမလာတာ အနောက်ကကိုင် ပေးထားရတယ်တဲ့😂 

ငုံ့ခံလိုက်ရင် ကျနော်တို့ဟာ သစ္စာဖောက်ပဲ။

Image
အာဏာသိမ်း ၄၄ ၁။ ဒီပွဲဟာ အကြမ်းဖက်စစ်တပ်အနေနဲ့ လူထုထောက်ခံမှု အကျဆင်းဆုံးပွဲပါပဲ။ အရင်က ဘာပဲဖြစ်ဖြစ် စစ်တပ်ရဲ့ ဘတ်ဂျက်ဟာ KNU လိုအဖွဲ့နဲ့ ယှဉ်ရင်တောင် အဆမတန် များလွန်းတာ တွေ့ရမှာပါ။ ဒီဘတ်ဂျက်တွေဟာ ဗမာပြည်သူတွေဆီကနေ ဂုတ်သွေးစုတ်ထားတဲ့ ပိုက်ဆံတွေပါပဲ။ အခုတော့ အတော်များများက လုံးဝလက်မခံဘဲ ကန့်ကွက်နေကြပြီမို့ စစ်တပ်အနေနဲ့လည်း ဘတ်ဂျက်တွေ အများကြီးထိခိုက်ပါတယ်။ တဖက်မှာ နိုင်ငံတကာမှာ ဖြန့်ကျက်ထားတဲ့ ပိုက်ဆံတွေပါ ပိတ်မိကုန်တော့ စစ်မျက်နှာပြင်နှစ်ခုလုံးမှာပါ ရှုံးနေရတာပေါ့။ မိတ်ဆွေနည်းနည်းနဲ့ နေဖို့ ကြိုးစားထားတယ်ဆိုတာ ဆိုက်ဝါးသက်သက်ပဲဆိုတာ အရာမထင်လိုက်တဲ့လော်ဘီကြေးက သက်သေပြနေပါတယ်။ အကြမ်းဖက်တပ်ဟာ ငွေကြေးအခက်အခဲ ကြီးကြီးမားမား ရင်ဆိုင်နေရပါတယ်။ ဒီကြားထဲမှာ လူတွေ ရာနဲ့ချီပြီး စစ်တပ်ကနေ ထွက်ပြေးနေတာပါ ပေါင်းလိုက်ရင် သူတို့မှာလည်း အင်အားလျော့နေတာ သေချာပါတယ်။ ၂။ ပြည်သူလူထုရဲ့ နိုင်ငံရေးရေချိန်ဟာ အရမ်းမြင့်မားနေပါတယ်။ ပိုဆိုးတာက အကြမ်းဖက်တပ်က ဆိုးရွားတဲ့ကိုင်တွယ်ပုံတွေကြောင့် ညှိနှိုင်းလို့ ရတဲ့အခြေအနေကို ကျော်လွန်ခဲ့ပြီ။ တကယ်လို့ ဖေဖော်ဝါရီ ၂၀ လောက်က အန်တီစုတို့ ပြန်လွတ်ခဲ့ပြီး အာဏာမသိမ်းခင် အစလေ

* ( Doomsday Plane ) တောင်ရောက်နေပါလား၊

Image
  နိုင်ငံခြားရေးဝန်ကြီးစီးလာတဲ့အပြာရောင်လေယာဉ်ပျံကြီးဘေးမှာရပ်ထားတဲ့ကိုယ်ထည်အဖြူရောင် ဘေးကအပြာရောင်အစင်းနဲ့လေယာဉ်ကြီးကိုတချက်အကဲခတ်လိုက်ပါ၊ အဲ့လေယာဉ်ကြီးတောင် အာရှမှာရောက်နေတာတွေ့ရတော့ ကိုယ်တောင်တကယ် အံဩ တုန်လှုပ်လန့်သွားပါတယ်၊ အဲ့လောက်တောင် တကယ်စစ်ပြင်ဆင်လာတာပါလား၊ *****အခုန လေယာဉ်အဖြူကြီးကို Doomsday Plane လို့ခေါ်ပါတယ်၊ သူ့နိုင်ငံနဲ့တကမ္ဘာလုံးမှာနေရာယူထားသော ရွေ့လျှားနေသော အဏုမြူဒုံးကျည်လက်နက်တပ်ဆင်ထားတဲ့စစ်သင်္ဘောအားလုံး ရေငုပ်သင်္ဘောအားလုံး တအမ္ဘာလုံးကြိုက်တဲ့နေရာကိုလှမ်းပစ်လို့ရတဲ့အဆင်သင့်အနေထားလျို့ဝှက်တာဝေးပစ် နျူးကလီးယားဒုံးကျည်အားလုံး ကိုအဲ့လေယဉ်ပေါ်မှထိမ်းချုပ်စင်တာကနေအမိန့်ပေး ၍သော်လည်းကောင်း အဲ့ကနေဘဲတိုက်ရိုက်ထိမ်းချုပ်ခလုတ်နှိပ်ပီး ကြိုက်တဲ့နေရာအားလုံးကိုအကုန်လှမ်းပစ်လို့ရပါတယ်၊ အနုမြူဗုံးကျဲ B လေယာဉ်ကြီးအားလုံးနဲ့လည်းအတူတွဲအလုပ်လုပ်နိုင်ပီး သူကကြိုက်တဲ့ကောင်းကင်နေရာဝေဟင်အနိမ့်အမြင့်မှာဘဲဆီပြန်ဖြည့်ပီးလျို့ဝှက်ပျံသန်းရင်းအကြာကြီးနေနိုင်ပါတယ်တဲ့၊ အခုချီတက်လာနေတဲ့လေယာဉ်တင်သင်္ဘောအုပ်စု ရေငုပ်သင်္ဘောအုပ်စုနဲ့မဟာမိတ်တပ်တွေခနမေ့ထားပါဦး၊ *****ဒါကြောင့် လူယုတ်မာရဲ

လာဘီနော်

Image

၁၀။ တိုင်းပြည်အုပ်ချုပ်ချင်တာ မအောင်မြင်ဘူး

Image
စိတ်ဓာတ်ကျနေပြီလား? 1st Feb ကနေ 15th March အထိ မြေပြင် အဖြစ်အပျက်တွေကို ကျော်ကြည့်ရအောင်။ ၁။ ဆေးရုံတွေဖွင့်တာ မအောင်မြင်ဘူး ၂။ ကျောင်းတွေဖွင့်တာ မအောင်မြင်ဘူး ၃။ ဘဏ်တွေဖွင့်ခိုင်းတာ မအောင်မြင်ဘူး ၄။ ရပ်ကျေးကောင်စီ မအောင်မြင်ဘူး ၅။ CDM ရုံးတက်ခိုင်းတာ မအောင်မြင်ဘူး ၆။ ငွေတိုက်စာချုပ်တင်ဒါ မအောင်မြင်ဘူး ၇။ နိုင်ငံတကာပွဲမှန်သမျှ မအောင်မြင်ဘူး ၈။ တိုင်းရင်းသားလက်နက်ကိုင်ကို ကြိုညှိတာ မအောင်မြင်တော့ဘူး ၉။ CRPHဖမ်းချင်တာခုထိ ရှာမတွေ့တော့ မအောင်မြင်ဘူး ၁၀။ တိုင်းပြည်အုပ်ချုပ်ချင်တာ မအောင်မြင်ဘူး ~~~~~~~~~~~~~~~~~~~~~~~~~~ ပြောချင်တာ အနှစ်ချုပ်က "မောရင် နားပါ ပြီးရင် ပန်းတိုင်ကိုဆက်သွားမယ်။" နိုင်ငံခြားကပိုင်ဆိုင်မူတွေ ထုတ်မရတော့ တာတွေလို/ social punishment တွေလို/ အယောင်ဆောင် democracy မှန်းကမ္ဘာကသိသွားတာတွေလို/ သူတို့အကြောင်းကို တိတိပပသိပြီး တူးတူးခါးခါးမုန်းတဲ့ next generationကြီးတစ်ခုပေါ်လာတာတွေ နဲ့အခြားသော ကိုယ်တွေလို သာမန်လူနားမလည်နိုင်တဲ့ အမြတ်ထွက်တာတွေ လည်းအများကြီးရှိပါသေးတယ် သူတို့ မအောင်မြင်တာမှန်သမျှ ကျတော်တို့အောင်ပွဲလေ။ ဘာကို စိတ်ဓါတ်ကျရမှာလဲ ပြော။ သူတို့အောင်မြင်တာ သေန

ကျဆုံးရဲဘော်တွေအလောင်းကိုလုပြီးကလီစာတွေထုတ်ယူနေပါသည်

Image

ခွန်အားဖြည့် မိငယ်(cover by Khine Zar)

Image

ဝဏ္ဏအောင်၊ မြောက်ဒဂုံကျဆုံး

Image
ကောင်းကင်ထက်က ကြယ်စင်များကို ဂုဏ်ပြုလျက်။ မြောက်​ဒဂုံ မဝတလမ်းဆုံပစ်ခတ်မှုမှာ ကျဆုံးသွားတဲ့ သူရဲကောင်း ကိုဝဏ္ဏအောင်၊ ဇနီး နဲ့ သားလေးတစ်ယောက်ကျန်ရစ်ပါတယ်။ မင်းအခုတော့ငါတို့ကိုထားသွားပြီ သားကြီးရာ မင်းကျရှုံးမှုအတွက်ငါတို့ဂုဏ်ယူနေမယ်သားကြီး ကျွန်တော်တို့သူငယ်ချင်း ဝဏ္ဏအောင် မနေ့က မဝတသပိတ်နားမှာ ဗိုက်ကိုကျဉ်ထိပြီး ကျရှုံးသွားပါတယ် သူ့မိန်းမနဲ့ သားလေးတစ်ယောက်ကျန်ခဲ့ပါတယ် ဗုဒ္ဓဟူးနေ့မှာ ရေးဝေးသို့ပို့ဆောင်မှာဖြစ်ပါတယ် (အချိန် ၁၀နာရီခွဲ) ကျန်ခဲ့တဲ့မိသားစုကို ကူညီလှူဒါန်းချင်တယ်ဆိုရင်တော့ ကျွန်တော့်ကိုဆက်သွယ်လှူဒါန်းလို့ရပါတယ် Chat Box သို့ဆက်သွယ်လှူဒါန်းနိုင်ပါသည် 09795434607 သို့လည်းဆက်သွယ်မေးမြန်းနိုင်ပါသည်။ --------- ငါတို့နာကျည်းချက်များ....ခွန်အားတွေဖြစ်စေ။ စစ်အာဏာရူးများ......အမြန်ကျဆုံးစေ။ မြန်မာပြည်ကြီး......ငြိမ်းချမ်းစေ။ --------- #WhatsHappeningInMyanmar #SaveMyanmar