Posts

ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ပစ်ပယ်လို့မရဘူးဆိုတာ တရုတ်က ရှင်းရှင်းလင်းလင်း နားလည်

Image
အာဆီယံအစည်းထိပ်သီးအစည်းအဝေးမှာ စစ်တပ်ရဲ့ အမြင့်ဆုံးခေါင်းဆောင်ကို ဖယ်ကျဉ်ခံလိုက်ရတဲ့ ဒီကာလမှာ ရုရှားရဲ့ ရေတပ် ဒုတိယအကြီးအကဲက မြန်မာနိုင်ငံရောက်လာတယ်။ တကယ်တော့ ဒါဟာ စစ်လက်နက်ရောင်းဖို့ ရည်ရွယ်တာထက် အခြားဘယ်ကိစ္စမှ ဦးစားပေးမဖြစ်နိုင်ဘူး။  စစ်တပ်ဟာ ရုရှားကို သိသိသာသာ ပူးကပ်ပေမယ့် ရုရှားကတော့ မြန်မာစစ်တပ်ကို လက်နက်ဖောက်သည် အဆင့်ထက်ပိုမြင်ထားပုံလည်းရဘူး။ ဘာကြောင့်လဲဆိုရင်  အာဆီယံ က ဖယ်ကျဉ်တာပဲဖြစ်ဖြစ်၊ကုလသမဂ္ဂမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းဆက်ရှိနေတာပဲဖြစ်ဖြစ် ရုရှားဟာ မြန်မာစစ်တပ်ဘက်က ခုခံကာကွယ်တာမျိုးမလုပ်ဘဲ နှုတ်ဆိတ်နေတာတွေဟာ မြင်သာတဲ့အချက်လို့ဆိုရမယ်။ တရုတ်အနေနဲ့ကျတော့ မြန်မာနိုင်ငံမှာ ဘယ်နိုင်ငံရေးစနစ်ပဲရှိနေပါစေသူစိတ်မဝင်စားဘူး။ သူစိတ်ဝင်စားတာ မြန်မာနိုင်ငံတည်ငြိမ်ရေးပဲ( ဒါဟာ ထာဝရငြိမ်းချမ်းရေးလို့ ဆိုလိုတာမဟုတ်ဘူး)။ တည်ငြိမ်မှု ရှိမှလည်း သူ့ရဲ့ ပိုးလမ်းမစီမံကိန်းအတွက် အဆင်ချောမှာ။ တည်ငြိမ်ဖို့ဆိုရင် မြန်မာလူထု ထောက်ခံမှုရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ပစ်ပယ်လို့မရဘူးဆိုတာ တရုတ်က ရှင်းရှင်းလင်းလင်း နားလည်တယ်။ လက်နက်ကိုင်တော်လှန်တာကို တရုတ်က အားမပေးပေမယ့် ဒီအကျပ်အတည်းတွေကို ဗိ

Blood Money global campaign

Image
 မအလရဲ့အာဏာခိုးအဖွဲ့ဟာလစဉ်ဒေါ်လာသန်းတရာ ကျော် ရေနံနဲ့သဘာဝဓါတ်ငွေ့ လုပ်ငန်းတွေဆီကရရှိ နေတာဖြစ်ပါတယ်၊ ဒီပိုက်ဆံတွေဟာ အာဏာရှင်ကိုတော်လှန်နေတဲ့ပြည် သူတွေအတွက်တော့ သွေးဒဏ်ရာတွေပါပဲ၊ တရုတ်ကိုသွားတဲ့ပိုက်လိုင်းသွယ်တန်းထားခွင့်တခုထဲ မှာတင် ဒေါ်လာသန်း၄၀လောက်ရရှိနေတယ်လို့ ဆိုပါ တယ်၊ ဒါတွေဟာတနည်းအားဖြင့်ပြည်သူကိုသတ်မယ့် သွေးစွန်းငွေတွေပါပဲ။ Blood Money global campaignကိုဒီအပတ်ပြုလုပ် ပါမယ်၊ဝါရှင်တန်ဒီစီမှာရေနံရုံးတွေအလုပ်မပိတ်ခင် သောကြာနေ့ထဲကရုံးရှေ့တွေမှာဆန္ဒပြကြမှာပါ။ ကနေဒါတိုရန်တိုမြို့ မြို့တော်ခန်းမရှေ့မှာ တနင်္ဂနွေ နေ့လည်၂နာရီကစလို့  စခတွေနေရာယူပြီးမှိန်းစားနေ တဲ့ ရေနံနဲ့သဘာဝဓါတ်ငွေ့ MOGEကိုအဆိပ်ပင် ရေမလောင်းစေရေးအတွက် Total နဲ့ chervon ကိုငွေကြေးစီးဆင်းမှုရပ်တန့်ပေးရန် တောင်းဆို သွားကြမှာပါ။

Dr.ဆာဆာ၏ နောက်တဆင့်ခြေလှမ်း ဖြစ်သလို အဆုံးသတ်မဲ့ခြေလှမ်း

Image
Dr.ဆာဆာ၏ နောက်တဆင့်ခြေလှမ်းဖြစ်သလို အဆုံးသတ်မဲ့ခြေလှမ်းလို့လဲပြောလို့ရပါတယ်။ (ICJ) နိူင်ငံတကာတရားရုံးကို မေးခွန်းထုတ်၊တောင်းဆိုလိုက်ပါတယ်။ ==================================== ဂုဏ်ဏ်သရေရှိ တရားမျှတမူရှိသောလူကြီးများခင်ဗျာ... ICJ ဆိုတာဟာ နိူင်ငံတစ်နိူင်ငံရဲ့ထိပ့်သီးပိုင်းတွေ နိူင်ငံရေးပြသနာသို့မဟုတ် စစ်ရာဇာဝတ်မူကျုုးလွန်းမူတွေရှိလာတဲ့အခါ နိူင်ငံတကာ တရားဥပဒေအရအရေးယူ ဆောင်ရွက်ပေးတဲ့ နိူင်ငံတကာတရားမျှတမူရှိတဲ့ တရားရုံးဖြစ်ပါတယ်။ မြန်မာနိူင်ငံမှာနှစ်ပေါင်းများစွာ စစ်ရာဇာဝတ်မူနှင့် လူမျိုးတုန်းသတ်ဖြတ်မူ၊ လူမျိုးတုန်းသတ်ဖြတ်ရန်ကြိုးစားမူများ ကျုးလွန်ခဲ့ကြသော်လည် သက်သေခိုင်လုံစွာ မပေးနိူင်မူကြောင့် စစ်အကြမ်းဖက်အုပ်စုဟာ နှစ်ပေါင်းများစွာ လွတ်မြောက်ခဲ့ကြရပါတယ်။ ဒီလိုအကျင့်ဆိုး စနစ်ဆိုးကို အကြမ်းဖက်အုပ်စုဟာ ပွက်ပိုက်ပြီးတော့... ယခု 2021 ဖေဖော်ဝါရီလကတည်းက မြန်မာပြည်သူလူထုအပေါ် စစ်အကြမ်းဖက်မူများ၊ ရွာလုံးကျွတ်မီးရို့မူများ၊ လူမျိုးတုန်းသတ်ရန်ကြိုးစားအားထုတ်မူများ၊ စစ်ရာဇာဝတ်မူကျုးလွန်မူများစွာပြုလုပ်နေမူသည် သိသာထင်ရှားလှပါတယ်။ ကျွန်ပ်တို့မြန်မာပြည်သူများသည် နိူင်ငံတကာတရားဥပဒေနှင့်အညီအရေးယူမူကို လို

စစ်ကောင်စီကို တိုက်ရန် NUG နှင့် EAO များ ဗဟိုစစ်ရေးကော်မတီဖွဲ့စည်း

Image
စုပေါင်းခေါင်းဆောင်မှုဖြင့် သွားမည့် ထိုကော်မတီ၏ အဆင့်ဆင့်ကွပ်ကဲမှုစနစ်အတွင်း စစ်တိုင်း၊ စစ်ဒေသစသဖြင့် ပါဝင်မည်ဖြစ်ပြီး တိုက်ရည်ခိုက်ရည်နှင့် အတွေ့အကြုံရှိသူများကို တာဝန်ပေးအပ်မည်ဟု NUG က ဆိုသည်  တစ်နိုင်ငံလုံး လှည်းနေ၊ လှေအောင်း၊ မြင်းဇောင်းမကျန်ပါဝင်မည့် ပြည်သူ့တော်လှန်ရေးစပြီဟု ကြေညာပြီး နှစ်လနီးပါးရှိလာချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(EAO) အချို့ ပူးပေါင်းပါဝင်သည့် စစ်ရေးဆိုင်ရာ ဗဟိုကော်မတီ (Central Command and Coordination Committee/C3C) ဖွဲ့စည်းလိုက်သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တာဝန်ရှိသူက ပြောသည်။  ထိုကော်မတီအောက်တွင် စစ်တိုင်းအလိုက် စစ်ဒေသဦးစီးအဖွဲ့၊ တပ်ရင်း၊ တပ်ဖွဲ့ စသဖြင့် ပါဝင်မည်ဖြစ်ကာ Chain of Command (အဆင့်ဆင့်ကွပ်ကဲမှုစနစ်) ဖြင့် စစ်ကောင်စီကို ထိရောက်စွာ ရင်ဆိုင်တိုက်ပွဲဝင်နိုင်ရန် ရည်ရွယ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာန၊ အတွင်းဝန် ဦးနိုင်ထူးအောင်က Myanmar Now ကို ယနေ့ (အောက်တိုဘာ ၂၈) ပြောကြားသည်။  "(ကော်မတီမှာ) NUG က ကာကွယ်ရေးနဲ့ စစ်ရေးဆိုင်ရာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေပါဝင်သလို တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စစ်ရေးဆိုင်ရာ ခေါင်းဆော

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်

Image
လန်ဒန် အခြေစိုက် အီကော်နော်မစ် မဂ္ဂဇင်းကြီးပါ "Rebels fighting Myanmar\"s junta are doing better than expected" မှ ကိုးကားသည်။ ဇွန် လ အတွင်း က ဖြစ်သည်။ ပုလဲ မြို့နယ်ရှိ လယ်သမားများ အများစု ပါဝင်သော ရွာသား နှစ်ထောင်ခန့်သည် လုပ်သေနတ် ရိုင်ဖယ်များကို ကိုင်စွဲကာ စစ်ကောင်စီ တပ်များကို စတင်တိုက်ခိုက်လာခဲ့ကြသည်။ ထိုသူတို့သည် စစ်ပွဲ အတွေ့အကြုံ လားလားမျှ မရှိဘဲ နှစ်ပေါင်း ၇၀ နီးပါး တိုင်းရင်းသား လူမျိုးစု များအပေါ် တိုက်ခိုက်ရင်း အတွေ့အကြုံ ရင့်ကျက် လာနေသော စစ်တပ်ကို ခုခံ တိုက်ခိုက် ရန် ဆုံးဖြတ်ခဲ့ကြသည်။ စစ်ကောင်စီ တပ်များသည် ၎င်းတို့ ကျင့်သုံးနေကျ လမ်းစ‌ဉ် အတိုင်း ရွာများကို မီးရှို့၊ အိမ်များကို လုယက် ဖျက်ဆီး၊ အမျိုးသမီးများကို အဓမ္မ ပြုကျင့်ခြင်း နည်းလမ်းဖြင့် တုန့်ပြန် လာခဲ့ကြသည်။ သို့သော် တော်လှန်ရေး ခေါင်းဆောင် ဗိုလ်နဂါး ၏ ဦးဆောင်မှု အောက်တွင် တော်လှန်ရေး တပ်များက စစ်ကောင်စီ တပ်များကို ပုလဲ မြို့ အတွင်း မှ အောင်မြင်စွာ မောင်းထုတ်နိူင်ခဲ့ကြသည်။ တိုက်ပွဲများ အတွင်း စစ်ကောင်စီ တပ်သား ၄၀၀ အား သုတ်သင်နိုင်ခဲ့ပြီး မိမိတို့ဖက်မှ ငါးယောက်သာ ကျဆုံးသွားခဲ့သည်ဟု ဗိုလ်နဂါးက ဆိုသည်။ စစ်

၂ရက်ကို မွှင်းငါးပွဲ၆၀ကျော်​၏

Image
ကောလင်း ယနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၂၅ ဦး ​သေဆုံး၊ ယမန်နေ့ သေဆုံးသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ဦးတွင် တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀ မှ  ဗိုလ်မှူးရဲထွဋ်ဦး(ကြည်း-၄၃၉၈၀) ပါဝင်၊ အလောင်းဖြစ်သလို မြှုပ်ပြီး အမိန့်ဖြစ်သလို ပြန်ထားခဲ့ ရန်ကုန်၊ အောက်တိုဘာ ၂၈ ခေတ်သစ် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အရှေ့ခြမ်း ဖလဲရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် ကောလင်း PDF တို့ ယနေ့ အောက်တိုဘာလ ၂၈ ရက်နေ့တွင် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၂၅ ဦးခန့် သေဆုံးပြီး ကောလင်း PDF မှ ၃ ဦးကျဆုံးကြောင်း Kawlin Revolution-KRက လူမှုကွန်ရက်တွင် သတင်း​ဖော်ပြသည်။ ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့ ကောလင်း PDF နှင့် စစ်ကောင်စီတပ်များ  ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်း၊ ကျောက်ပြင်သာရွာနှင့် ကချင်ကုန်းရွာကြားတွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် ခလရ ၁၀ မှ ဗိုလ်မှူးရဲထွဋ်ဦး (ကြည်း-၄၃၉၈၀) ပါ ပါဝင်ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ ခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။  ဗိုလ်မှူးရဲထွဋ်ဦး၏ အလောင်းကို ဖြစ်သလို မြှုပ်နှံထားသည့်အတွက် ဒေသခံများနှင့် ဒေသ ကာကွယ်ရေးတပ်က ကောင်းမွန်စွာ သဂြိုလ်ပေးနိုင်ရန် ပြန် လည်ဖော်ကြည့်ရာမှ ခ

မွှင်းငါးပွဲလေးဆယ်

Image
 ကောလင်းတွင် စစ်ကောင်စီအင်အား ၁၀၀ ခန့်ကို နှစ်နေရာခွဲ၍ တစ်ပြိုင်နက်တည်း ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၄၀ ခန့်သေဆုံး ရန်ကုန်၊ အောက်တိုဘာ ၂၈  ခေတ်သစ်မီဒီယာ စစ်ကိုင်းတိုင်းကောလင်းမြို့နယ်တွင် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၂ နာရီအချိန် စစ်ကောင်စီအင်အား ၁၀၀ ခန့်ကို နှစ်နေရာခွဲ၍ တစ်ပြိုင်နက်တည်း ဝင်တိုက်၊ စစ်ကောင်စီဘက်မှ ၄၀ ခန့်သေဆုံးနိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။   အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၂ နာရီ အချိန်ခန့် စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်း၊ ကျောက်ပြင်သာရွာနှင့် ကချင်ကုန်းရွာကြားရှိ စစ်ကောင်စီတပ်သား ၂၀ ဦးခန့် နေရာယူထားသော နေရာနှင့် နောက်ချန် စစ်ကောင်စီ အင်အား ၈၀ ခန့် နားနေသော သော နေရာ ၂ ခုကို  ကောလင်း PDF က လက် နက်ကြီးများဖြင့် တစ်ချိန်တည်း ဝင်ရောက်ပစ်ခတ်နိုင်ခဲ့ကြောင်း၊ တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်သား ၄၀ ခန့် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်သား ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်း သိရှိရသည်။  စစ်ကောင်စီတပ်၏ သေဆုံးအလောင်းများကို မီးရှို့သဂြိုလ်ပေးခဲ့ကြောင်း ကောလင်းPDFက သတင်းထုတ်ပြန်သည်။

တက်မရရင် ခုန်ချလိုက်တော့ မြောင်းထဲကို

Image
မင်းအောင်လှိုင်(သို့မဟုတ်) ဝန်ကြီးတစ်ဦး အာဆီယံထိပ်သီးအစည်းအဝေး တက်ခွင့်မရလျှင် မတက်ဟု အကြမ်းဖက်စစ်ကောင်စီ ထုတ်ပြန် ရန်ကုန်၊ အောက်တိုဘာ ၂၅  ခေတ်သစ်မီဒီယာ အကြမ်းဖက် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်(သို့မဟုတ်) ဝန်ကြီး  တစ်ဦးဦး အာဆီယံ ထိပ်သီးအစည်းအဝေး တက်ခွင့်မရလျှင် တက်ရောက်တော့မည်မဟုတ်ကြောင်း ဖက်ဆစ် စစ်ကောင်စီက ယနေ့ည သတင်းထုတ်ပြန်သည်။   ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမည့် (၃၈) ကြိမ်မြောက်နှင့် (၃၉) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးများ နှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများသို့ နိုင်ငံအကြီးအကဲ(မင်းအောင်လှိုင်) သို့မဟုတ် အစိုးရအဖွဲ့အကြီးအကဲ သို့မဟုတ် နိုင်ငံအကြီးအကဲ( မင်းအောင်လှိုင်) ကို ကိုယ်စားပြုမည့် ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ် က ပါဝင်တက်ရောက် နိုင်ရေးကိုသာ မြန်မာနိုင်ငံက လက်ခံမည်ဖြစ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ အကြောင်းပြန်ထားပြီးဖြစ်ကြောင်း  စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

လူသတ်ကောင်တွေမြူးတဲ့အချိန်

Image

ပိုင်ရှင်လာကောက်ပါ

Image