Posts

အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

Image
အကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာစစ်တပ်အား အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား အောက်တိုဘာ၊ ၃၀ ရက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာစစ်တပ်အား အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြားသည်။ အောက်တိုဘာ၊ ၂၉ ရက်နံနက်ပိုင်းက (၇၆) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ မျက်နှာစုံညီ အစည်းအဝေးတွင်လူ့အခွင့်အရေးကောင်စီဥက္ကဋ္ဌမှ တင်သွင်းသည့် လူ့အခွင့်အရေးကောင်စီ အစီရင်ခံစာနှင့် ပတ်သက်၍ သံအမတ်ကြီးက မိန့်ခွန်းပြောကြားရာ၌ ယင်းသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။ ပြည်သူများအား ရက်စက်ကြမ်းကြုတ်မှုများမှ ကာကွယ်ရန် နိုင်ငံတကာ၏ အလေးအနက် အာရုံစိုက်မှုနှင့် အရေးယူဆောင်ရွက်မှုတို့အား အလွန်အမင်း လိုအပ်လျက်ရှိကြောင်း၊ ကုလသမဂ္ဂ၊ အထူးသဖြင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပြတ်သားသောအချိန်နှင့် တပြေးညီ အရေးယူဆောင်ရွက်မှုအတွက် လွန်စွာအချိန်နှောင်းနေပြီဖြစ်ကြောင်း၊ အမြန်ဆုံးအရေးယူ ဆောင်ရွက်ပေးရန် သံအမတ်ကြီးကပြောသည်။ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ ဖြစ်စဉ်သည် အာဏာသိမ်းမှုဖြစ်၍ အာဏာသိမ်းမှုဟု ကိုးကားပြောဆိုစေလိုပြီး၊ မြန်မာနိုင်ငံရှ

ထွက်ပြေးနေသော ရွာသားများအား နှစ်ရက်အတွင်း အိမ်ပြန်လာရန် စစ်ကောင်စီ အမိန့်ထုတ်

Image
သတင်းနှင့် မီဒီယာ ကွန်ရက်။ Mizzima ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၃၀ရက်  စစ်ကောင်စီကို ကြောက်၍ ရွာလုံးကျွတ်ထွက်ပြေးနေသော မကွေးတိုင်း သရက်မြို့နယ်အတွင်းရှိ ပုဏ္ဏားကျွန်းရွာသားများအား နှစ်ရက်အတွင်း ပြန်မလာပါက အိမ်ရှိ ပစ္စည်းများ သိမ်းယူမည်ဟု စစ်ကောင်စီက ကြေညာထားသည်။  ပုဏ္ဏားကျေးရွာ ဘုန်းကြီးကျောင်းနှင့်  စာသင်ကျောင်းတွင် တပ်စွဲထားသည့် စစ်တပ်က ကြေညာခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။  ပုဏ္ဏားကျွန်းကျေးရွာက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီတွင် ပါဝင်ခဲ့ဖူးသူလူငယ်များ၊ ဒီမိုကရေစီအရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ သူ လူငယ်များ အယောက် ၂၀ ကျော်ကို စစ်ကောင်စီတပ်က ဖမ်းဆီးနှိပ်စက်နေသဖြင့် လူငယ်များအပါအဝင် ရွာသူ/သားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြခြင်းဖြစ်သည်။ အောက်တိုဘာလဆန်းပိုင်းက ပုဏ္ဏားကျေးရွာအနီးရှိ သရက်နှင့်ကံမ PDF က ကင်းလှည့်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ကို ခြုံခိုတိုက်ခိုက်ခဲ့ရာ ၃ ဦး သေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့၍ လက်တုန့်ပြန်နေခြင်း ဖြစ်သည်ဟု ဒေသ ခံများက ဆိုသည်။ ထိုသို့ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ပုဏ္ဏားကျေးရွာကို ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦး သေဆုံးခဲ့ရပြီးဖြစ်သည်။  ”ပ

NUG မှ စစ်ဦးစီးချုပ်ရုံး ဖွဲ့စည်းပြီ *******************************

Image
အမျိုးသား ညီညွတ်ရေး အစိုးရမှ ဗဟိုကွပ်ကဲ ညှိနှိုင်းရေး ကော်မတီ Central Control and Coordination Committee (C3C) အား တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ နှင့် အတူ ပူးတွဲ ဖွဲ့စည်း လိုက်ပြီ ဟု ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးနိုင်ထူးအောင်က ဧရာဝတီသို့ ထုတ်ဖေါ် အသိပေး လိုက်သည်။ တနိုင်ငံလုံး အနှံ့ ပြန့်ကျဲနေသော ရာပေါင်းများစွာ ရှိသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအား တစု တစည်း တည်း ပေါင်းစည်းရန် ရည်ရွယ် လုပ်ဆောင်လာခြင်း ဖြစ်သည်။ တပ်ရင်း တပ်ဖွဲ့ အမည်များကိုလည်း စနစ်တကျ သတ်မှတ်သွားပြီး C3C ၏ ကွပ်ကဲမှု နှင့် ဟန်ချက်ညီညီ လှုပ်ရှားသွားမည်ဟု မျှော်လင့်ရပေသည်။ အာဏာရှင် များကတော့ သေမထူး နေမထူး ဇာတ်ခင်းကာ အာဆီယံ မှ ပါဝင် သက်ဆိုင်နေသူများနှင့် ဆွေးနွေး ရန် အတန်တန် တိုက်တွန်း နေသည့်ကြားမှ အသက် ၇၉ နှစ်ရှိ NLD ၏ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန် အား ထောင်ဒဏ် အနှစ် နှစ်ဆယ်  ချမှတ်လိုက်ခြင်း ဖြင့် တုန့်ပြန်ခဲ့ပေသည်။ သို့သော် လက်ရှိတွင် မြို့ပေါ်ရှိ NLD အမတ် အတော်များများ အနေဖြင့် နိုင်ငံရေး နှင့် မပတ်သက်ပါ ကြောင်း လက်မှတ် ရေးထိုးပြီး စစ်တပ်ကို အညံ့ခံထားရသည့် အတွက် ထိုသူတို့ကို အသုံးချ

မအလအား စိတ်ဆင်းရဲစေသည့်ပြည်သူ့အောင်ပွဲ (၁)

Image
  မအလတို့အား   အရှက်တကွဲဖြစ်စေကာ   မည်သို့မျှ   မတုန့်ပြန်နိုင်တော့ပဲ   အကြီးအကျယ်   စိတ်ဆင်းရဲစေသည့် ပြည်သူ့အောင်ပွဲ  ( ၁ ) မင်းအောင်လှိုင်၏   စကစသည်  ( ၇၆ ) ကြိမ်မြောက်  UN  ၌   ခွေးနေရာမရသလို   ဖြစ်သွားခဲ့သည်။   မအလက   ခန့်အပ်မည့်   ဒေါ်ရင်ရင်နွယ်သည်  UN ရုံးစိုက်ရာ   အမေရိကန်ကို   သွားဖို့   ဖင်တကြွကြွလုပ်နေရာမှ   မသွားရတော့ပဲ  UN နှင့်   မအလအား   စိတ်ဆိုးကာ   ရှက်ရှက်ဖြင့်   အိမ်ပြန်အိပ်နေရသည်။   နေရာမြဲသွားသည့်  NUG  သံအမတ်ကြီး   ဦးကျော်မိုးထွန်းသည်  UN ၏   ပထမဆုံးအစည်းအဝေး၌   စကားပြောခွင့်မရသော်လည်း   နောက်ထပ်ကျင်းပသော   အစည်းအဝေးမှန်သမျှတို့၌   မအလတို့   ကျုးလွန်ခဲ့သည့်   ရာဇဝတ်မူ့တစ်ခု့ခြင်းစီကို   အထောက်အထားခိုင်လုံစွာနှင့်   တောက်လျှောက်ဖွင့်ချပြီး   မိန့်ခွန်းပြော   တင်ပြနေသည်။   မအလ၏   နိုင်ငံခြားရေးဝန်ကြီး   ဝဏ္ဏမောင်လွင်သည်   အစောပိုင်းက   အလန့်တကြား     ပြင်းထန်စွာကန့်ကွက်ကြောင်း စာထုတ်ပြန်ခဲ့သော်လည်း   မည်သည့်အဖွဲ့အစည်းကမျှ   စောက်ရေးပြန်မလုပ်သည့်အဖြစ်ကို   တွေ့ရသောအခါ ဝမ်းနည်းကြေကွဲစွာ   ခံစားရ၏။   ထို့အပြင်  NUG  သံအမတ်ကြီး   ဦးကျော်မိုးထွန်း၏   များပြားလှသော   အစည

ရွှေဘိုမြို့ပေါ်မှ ဟော်တယ်နှင့်အိမ်များ စစ်တပ်ပိုင်သိမ်းဆည်းခံရ၊

Image

ပုသိမ်မြို့လယ်ခေါင် ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး ဇော်မင်းထက်နှင့် တပ်ကြပ် မြတ်မင်းဦးတို့ သေဆုံး

Image
ပုသိမ်မြို့လယ်ခေါင်၊ နေ့ခင်းအချိန် ယာဉ်ထိန်းရဲကင်းကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး ဇော်မင်းထက်နှင့် တပ်ကြပ် မြတ်မင်းဦးတို့ သေဆုံး ရန်ကုန်၊ အောက်တိုဘာ ၂၉  ဧရာဝတီတိုင်း၊ ပုသိမ်မြို့လယ်ခေါင်တွင် အောက်တိုဘာလ ၂၈ ရက်နေ့  နေ့လယ်ပိုင်း မြကျွန်းသာမီးပွိုင့် ယာဥ်ထိန်းရုံးကို အမည်မသိသူတချို့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် ယာဉ်ထိန်း ရဲ ၂ ဦး သေဆုံးသွားကြောင်း ရန်ကုန်ခေတ်သစ်က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။  ပုသိမ်ဒေသခံများ၏အဆိုအရ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ယာဉ်ထိန်းရဲ ၂ ဦးမှာ ယာဉ်ထိန်းတပ်ကြပ်ကြီး ဇော်မင်းထက်နှင့်တပ်ကြပ် မြတ်မင်းဦးတို့ ဖြစ်ကြောင်း သိရှိသည်။  "တစ်ဦးကတော့ ပွဲချင်းပြီးသေတာ။ နောက်တစ်ဦးကတော့ ဆေးရုံရောက်မှ သေတာ။ ပစ်သွားတာကလည်း အရမ်းမြန်တော့ ဘယ်သူမှန်းတောင် မသိလိုက်ကြဘူး။ ပုသိမ်မှာတော့ ဒီနေ့ စစ်တပ်က အင်အားများတယ်။ လမ်းဆုံလမ်းခွနဲ့ နေရာတိုင်းလိုလိုမှာ တွေ့ရတယ်" ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောဆိုသည် ။

စစ်ရေးထွက်ပေါက် တံခါးတစ်ချပ်သာ ဟ'တော့သည်။

Image
ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားတို့က စစ်ကောင်စီအဆိုပြုတဲ့ ထိုင်းကိုယ်စားလှယ်အစား ဘရူနိုင်းကိုယ်စားလှယ်ကိုသာ ခန့်အပ်လိုက်ခြင်းမှာ အာဆီယံအနေနဲ့ မြန်မာပြည်တွင်းရေးကို နောက်ပိုင်းမှာ ယခင်ကထက် ပိုစွက်လာမယ့်အကြောင်း၊ ရိုဟင်ဂျာ ပဋိပက္ခနဲ့ပက်သက်လို့ အရင်က အင်ဒိုနီးရှားဟာ အာဆီယံလမ်းကြောင်းက တစ်ဆင့် ဝင်စွက်လာခြင်းကို သံသယရှိခဲ့ခြင်း၊ ယခုအခါတွင်လည်း အာဆီယံ ကိုယ်စားလှယ်ရဲ့ လုပ်ပိုင်ခွင့်ကို တဖြည်းဖြည်း ချဲ့ထွင်ပြီးတော့ ရခိုင်အရေးကိုပါ ဆွဲသွင်း လာလိမ့်မယ်လို့ စစ်တပ်ဘက်က သံသယ ရှိနေတဲ့ သုံးချက်ဖြစ်သည်။ (သုံးရက်တာ ထိပ်သီးဆွေးနွေးပွဲမှာ ၎င်းတို့သံသယ ရှိခဲ့တဲ့ ထို (မွတ်ဆလင်) သုံးနိူင်ငံရဲ့ စစ်ခေါင်းဆောင်တွေအပေါ် ခြေတစ်လှမ်းကြို ဖိအားပေးခဲ့တာကို မြင်ခဲ့ရပြီး ဖြစ်သည်။) စစ်တပ်အတွက် ဒေသတွင်း ကြီးမားတဲ့ကျရှုံးခန်းနဲ့ ပဋိပက္ခကို ဖြေရှင်းနိူင်တဲ့ သံတမန်နည်း တစ်နည်း မှေးမှိန်သွားရခြင်းလည်း ဖြစ်သည်။ စစ်ခေါင်းဆောင် ကိုယ်တိုင် အထင်သေးစွာ ပြောဆိုဆက်ဆံခဲ့ဖူးသော အဖွဲ့အစည်း နှစ်ခုက ယခုတော်လှန်ရေးကို ဦးဆောင်နေသည်ကို ငြင်းလို့မရနိူင်ပါ။ တစ်ခုမှာ အနိုင်ရ လွှတ်တော်အမတ်များ နေပြည်တော်ရိပ်သာမှာ ရောက်နေတုန်း ပထမဖမ်းထားခဲ့

PDF ကို နေ့စဉ်ဆဲဆိုနေသည့် ဘိုကလေးမြို့က ဒလန် ချစ်စမ်းမောင် သေနတ်ဖြင့်ပစ်သတ်ခံရ

Image
28 October,2021 ဧရာဝတီတိုင်း၊ ဘိုကလေးမြို့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များကို နေ့စဉ်ဆဲဆိုနေသည့် ဒလန် ချစ်စမ်းမောင်မှာ ယနေ့ (အောက်တိုဘာလ ၂၈ ရက်နေ့  မနက် ၁ဝ နာရီဝန်းကျင်က ဘိုကလေးစျေးရုံမှာ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။ အဆိုပါ ချစ်စမ်းမောင်မှာ အာဏာသိမ်း စစ်ကောင်စီ၏ သတင်းပေးဖြစ်နေသည့်အတွက် မိမိတို့အဖွဲ့မှ သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ဧရာကဗေဒါအဖွဲ့က ပြောသည်။ "သူက ခရိုနီ ဒလန်အကြီးစား။ နေ့တိုင်း PDF ကို ဆဲနေတာ။ စစ်ကောင်စီကိုလည်း နေ့တိုင်း သတင်းပေးတာ။ အဲဒါကြောင့် အခုမနက် ၁၀ နာရီဝန်းကျင်မှာ ရှင်းလိုက်တာ။ သတိပေးထားတဲ့ကြားက ဆက်ပြီးဇောင်းကြွ သတင်းပေးတဲ့သူတွေလည်း သတိသာထာနေကြ။ ဆက်ရှင်းမယ်"ဟု ဧရာကဗေဒါအဖွဲ့ဝင် တဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။ စစ်ကောင်စီသတင်းပေး ခရိုနီအကြီးစားချစ်စမ်းမောင် ကို ဘိုကလေးစျေးရုံမှာ သေနတ်ဖြင့်တစ်ချက် ပစ်ခတ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေ ရောက်ရှိလာကာ ရှာဖွေစစ်ဆေးမှုတွေပြုလုပ်နေကြောင်း မြို့ခံများထံက သိရသည်။ အဆိုပါ စစ်ကောင်စီသတင်းပေးဒလန် ရှင်းလင်းမှုသည် ဘိုကလေးမြို့နယ်တွင် ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း ဧရာကဗေဒါအဖွဲ့တပ်ဖွဲ့ထံမှ သိရသည်။ ဧရာဝတီတိုင

ကောလင်းPDFပေးစာ

Image
သို့-- စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဒုတိယ ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်ကြီးစိုးဝင်း ! သက်ဆိုင်ရာ စစ်ဘက်၊အရပ်ဘက် ဌာနများ၊  နစက ကောင်စီ ဥက္ကဌ ဝန်ကြီးချုပ်  ဦးမင်းအောင်လှိုင်နဲ့ သက်ဆိုင်ရာ ဝန်ကြီးများ၊  လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီး ဒေါ်သက်သက်ခိုင်နဲ့  သက်ဆိုင်ရာ လူကြီးမင်းများခင်မျာ...  ကျွန်တော်တို့ ကောလင်း PDF အပေါ်   စစ်ရေး၊ အုပ်ချုပ်ရေး၊ ဖိနှိပ်ချုပ်ချယ်ရေး၊  ရပ်ရွာ မီးရှို့ဖျက်စီးရေးတွေ လုပ်နေတာ  ကျွန်တော်တို့ အနေနဲ့ ထွေထွေထူးထူး  မပြောလိုပါဘူး။  ဒါပေမယ့်  တစ်ခုပဲ တောင်းဆိုချင်ပါတယ်။  ဗိုလ်ချုပ်ကြီးတို့ ဘက်ကလာတဲ့ စစ်သားတွေရဲ့  အလောင်းတွေကို တော့ ကျေးဇူးပြု၍  နိုင်အောင်ပြန်ကောက်ယူပေးပါ။   ကျွန်တော်တို့မှာ သူတို့ကို မီးရှို့ပေးဖို့ အထိ  အချိန်ပေးနိုင်ဖို့ အလုပ်မအားကြတာမို့ ပါ။  ပုပ်ပွလာမှ.... ဒေသခံပြည်သူ  အနံ့မခံနိုင်လို့ လုပ်ပေးရတာမျိုးတွေ  ရှိနေပါတယ်။ ဒါကြောင့် ဒီကိစ္စလေးကိုတော့  ကျေးဇူးပြု၍ ကူညီပေးပါ... 😏 လူမှုကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာ ချထားပေးရေး ဝန်ကြီး ဒေါ်သက်သက်ခိုင်  ဌာနနဲ့လည်း ဆိုင်ပါတယ်။  မိမိ ပြည်သူ မိမိစစ်သား အတ

အလောင်းစည်သူစစ်ဆင်ရေး

Image
  ဘာ အလောင်းဘုရားစစ်ဆင်ရေးလဲ။  အလောင်းစည်သူစစ်ဆင်ရေးက အလောင်းစည်သူ စစ်ဆင်ရေးပေါ့။  အမှိုက်အိတ် တစ်ယောက်တစ်အိတ် ထည့်ပေးလိုက် တယ်ကြားတယ်။ မေ့ကျန်ခဲ့တဲ့ကောင်တော့ ချီးတွင်းထဲ ကန်ချခံရမှာပဲ။  စစ်ကိုင်းဘက်ဆီ စစ်ခွေးတွေကို ရဟက်ယာဉ်နဲ့ ပို့သတဲ့။  ပို့တာကတော့ ဟုတ်ပါပြီ။ အလောင်းတွေကိုကျ ဘာနဲ့ ပြန်သယ်မလဲ။  ရှင်းအောင် ပြောထားဦး။ ပစ်ချင်ရင် စစ်တပ်ကို လာပစ်ဆိုပြီး ပြောထားတဲ့စကား ရှိတယ်။ ကျွန်တော်တို့သွားပစ်တော့လည်း သေတာပဲတဲ့။  ဖယ်ခုံ PDF က ငါးယောက် ငါးလက် ရလိုက်တဲ့နေ့က အင်တာဗျူးမှာ ဖြေတဲ့စကား။  အနော်ရထာစစ်ဆင်ရေးဆိုတော့ ပိုကြိုက်တယ်။ သူတို့လာတိုက်တော့ ကျွန်တော်တို့ သွားတိုက်စရာမလိုတော့ဘူး။ ခရီးသွားရ သက်သာတာပေါ့တဲ့။  မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းတူမီးရဲ့ ပြောစကား။  စုန်စုန်ခွေ့ ဆွေ့ဆွေ့ခုန်စမ်း ကြင်စိုးရေ စစ်ခွေးသင်္ချိုင်း စစ်ကိုင်းတိုင်းဆိုတာ အလကားဖြစ်လာတဲ့ နာမည်မဟုတ်ဘူး ကြင်စိုးရဲ့။  ရွှေဘိုကနေ မုံရွာအသွား မြင်းမူဘက်မှာတင် ကား၂ စီး ဖျောခံရ။ နေကြာ ၁၅ ခင်းဖြစ်တဲ့။  ကြင်စိုးရေ….  နင်တော့ အရမ်းနီးလာပြီ။ ကြိုးစင်နဲ့။ စောက်တပ်က ကောင်တွေက မသေခင်သာ တန်ဖိုးမရှိတာ သေတော့လည်း တစ်ပြားမှ မတန်ဘူး။  ချ