မအလအား စိတ်ဆင်းရဲစေသည့်ပြည်သူ့အောင်ပွဲ (၁)

 မအလတို့အား အရှက်တကွဲဖြစ်စေကာ မည်သို့မျှ မတုန့်ပြန်နိုင်တော့ပဲ အကြီးအကျယ် စိတ်ဆင်းရဲစေသည့်ပြည်သူ့အောင်ပွဲ ()


မင်းအောင်လှိုင်၏ စကစသည် (၇၆)ကြိမ်မြောက် UN  ခွေးနေရာမရသလို ဖြစ်သွားခဲ့သည်။ မအလက ခန့်အပ်မည့် ဒေါ်ရင်ရင်နွယ်သည် UNရုံးစိုက်ရာ အမေရိကန်ကို သွားဖို့ ဖင်တကြွကြွလုပ်နေရာမှ မသွားရတော့ပဲ UNနှင့် မအလအား စိတ်ဆိုးကာ ရှက်ရှက်ဖြင့် အိမ်ပြန်အိပ်နေရသည်။ 


နေရာမြဲသွားသည့် NUG သံအမတ်ကြီး ဦးကျော်မိုးထွန်းသည် UN ပထမဆုံးအစည်းအဝေး၌ စကားပြောခွင့်မရသော်လည်း နောက်ထပ်ကျင်းပသော အစည်းအဝေးမှန်သမျှတို့၌ မအလတို့ ကျုးလွန်ခဲ့သည့် ရာဇဝတ်မူ့တစ်ခု့ခြင်းစီကို အထောက်အထားခိုင်လုံစွာနှင့် တောက်လျှောက်ဖွင့်ချပြီး မိန့်ခွန်းပြော တင်ပြနေသည်။ 


မအလ၏ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်သည် အစောပိုင်းက အလန့်တကြား  ပြင်းထန်စွာကန့်ကွက်ကြောင်းစာထုတ်ပြန်ခဲ့သော်လည်း မည်သည့်အဖွဲ့အစည်းကမျှ စောက်ရေးပြန်မလုပ်သည့်အဖြစ်ကို တွေ့ရသောအခါဝမ်းနည်းကြေကွဲစွာ ခံစားရ၏။ 


ထို့အပြင် NUG သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ များပြားလှသော အစည်းအဝေးများကြောင့်  ဝဏ္ဏမောင်လွင်သည် ကန့်ကွက်စာများ ဆက်မထုတ်နိုင်တော့ပဲ ငုတ်တုတ် ထိုင်ကြည့်ကာ လက်မှိုင်ချသွားတော့သည်။ မအလသည် ထိုဖြစ်ရပ်အတွက် မချိတင်ကဲ ဒေါသထွက်ကာ "so what "ဟု့ အချိန်ရတိုင်း ပြောနေလေ၏။ စပစတစ်ဖွဲ့လုံးမကျေမနပ်ဖြင့် ယူကြုံးမရ စိတ်ဆင်းရဲနေလေသည်။


နောက်ဆုံး မအလတို့ မည်သို့ တပ်ပျက်နေသလဲ ဆိုသည်မှာစပစဥက္ကဌမင်းဟောင်လှိုင်က ကုလသမဂ္ဂအဖွဲ့ကြီးနှင့် လက်တွဲဆောင်ရွက်မည်ဟု့  (၇၆)ကြိမ်မြောက် ကုလသမဂ္ဂနေ့၌ ကုသမဂ္ဂသို့  သဝဏ်လွှာ ပို့၏။ သူ၏

ဒပဲ့ ဝဏ္ဏမောင်လွင်က ကုလမြန်မာအထူးကိုယ်စားလှယ်တင်သွင်းသောအစီအရင်ခံစာအား သဘောမတူပဲ ပြင်းထန်စွာကန့်ကွက်သည် ဟူ၏။

 

ခေတ်အဆက်ဆက် ကုလစင်မြင့်အထက်သို့ တက်ကာ မဟုတ်မမှန် ပြောခဲ့ကြားခဲ့သည့် ဝဋ်ကြွေးကို ယ္ခုအခါ

 မအလတို့ အတိုးရော အရင်းပါ ပေါင်းပြီး ပြန်ခံစားနေရသည်။ ထိုသို့ မအလတို့တစ်သိုက် စိတ်ဆင်းရဲကြီးစွာ ခံစားနေရသည်ကို မြင်ခွင့်ရခြင်းသည် ကျွန်ုပ်တို့ ပြည်သူမျာအတွက် နှစ်ထောင်းအားရ ဝမ်းသာစရာဖြစ်၏။ တန်ဖိုးရှိလှ၏။ကမ္ဘာနိုင်ငံများတွင် မြင်ရခဲလှ၏။ ဤသည်ကား ပြည်သူအောင်ပွဲဖြစ်ပေသည်တကား။


ပြည်သူအောင်ပွဲ ()အတွက်စွမ်းဆောင် တိုက်ပွဲဝင်ပေးသူ ဦးကျော်မိုးထွန်း ကျန်းမာချမ်းသာပါစေဗျားး


ချစ်ကိုကြီး

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်