ပုသိမ်မြို့လယ်ခေါင် ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး ဇော်မင်းထက်နှင့် တပ်ကြပ် မြတ်မင်းဦးတို့ သေဆုံး

ပုသိမ်မြို့လယ်ခေါင်၊ နေ့ခင်းအချိန် ယာဉ်ထိန်းရဲကင်းကို သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် တပ်ကြပ်ကြီး ဇော်မင်းထက်နှင့် တပ်ကြပ် မြတ်မင်းဦးတို့ သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၂၉ 

ဧရာဝတီတိုင်း၊ ပုသိမ်မြို့လယ်ခေါင်တွင် အောက်တိုဘာလ ၂၈ ရက်နေ့  နေ့လယ်ပိုင်း မြကျွန်းသာမီးပွိုင့် ယာဥ်ထိန်းရုံးကို အမည်မသိသူတချို့က ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ပစ်ခတ်မှုကြောင့် ယာဉ်ထိန်း ရဲ ၂ ဦး သေဆုံးသွားကြောင်း ရန်ကုန်ခေတ်သစ်က သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။ 

ပုသိမ်ဒေသခံများ၏အဆိုအရ ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ယာဉ်ထိန်းရဲ ၂ ဦးမှာ ယာဉ်ထိန်းတပ်ကြပ်ကြီး ဇော်မင်းထက်နှင့်တပ်ကြပ် မြတ်မင်းဦးတို့ ဖြစ်ကြောင်း သိရှိသည်။ 

"တစ်ဦးကတော့ ပွဲချင်းပြီးသေတာ။ နောက်တစ်ဦးကတော့ ဆေးရုံရောက်မှ သေတာ။ ပစ်သွားတာကလည်း အရမ်းမြန်တော့ ဘယ်သူမှန်းတောင် မသိလိုက်ကြဘူး။ ပုသိမ်မှာတော့ ဒီနေ့ စစ်တပ်က အင်အားများတယ်။ လမ်းဆုံလမ်းခွနဲ့ နေရာတိုင်းလိုလိုမှာ တွေ့ရတယ်" ဟု ပုသိမ်မြို့ခံတစ်ဦးက ပြောဆိုသည်

Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်