PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်
တိုင်းပြည် ကျဆုံးပျက်စီးရေး လမ်းကြောင်းပေါ် ရောက်နေ၊ ချင်း၊ စစ်ကိုင်း၊ မကွေးနှင့်ကရင်နီတို့တွင် စစ်တပ်က ဘာသာရေးနှင့်ပြည်သူပိုင်များကို တိုက်ခိုက်မှု PPST ပြင်းထန်စွာ ရှုတ်ချ ခေတ်သစ်မီဒီယာ ရန်ကုန် ၊ နိုဝင်ဘာ ၅ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် လက်မှတ်ရေးထိုးထားသည် လက်နက်ကိုင် ၁၀ ဖွဲ့ပေါင်းစုထားသော PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်၍ သတိပေးလိုက်သည်။ PPSTက ချင်းပြည်နယ် ထန်တလန်အပါအဝင် စစ်ကိုင်း၊ မကွေးနှင့် ကရင်နီဒေသများတွင် စစ်ကောင်စီက ပြည်သူများ၏ ဘာသာရေးအဆောက်အအုံအပါအဝင် အိုးအိမ်များကို ပစ်မှတ်ထား တိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း အပါအဝင် ကြေညာချက် တွင်ဖော်ပြထားသည်။ PPST အနေနှင့် ပြည်တွင်း ပြည်ပ Stakeholders များနှင့် တွေ့ကာ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ သဘောထားများကို စုစည်းရန် ဆွေးနွေးညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားကြောင်း၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် ပြည်သူများရင်ဆိုင်ရသည့် အကျပ်အတည်းသည် တိုင်းပြည်ကျဆုံးပျက်စီးရေးလ