Posts

​အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်။

DVB TV News. 3 March, 2022. ဝါရှင်တန်မှာ အခုလအတွင်းကျင်းပမယ့် အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖိတ်ကြားမှာ မဟုတ်ဘဲ နိုင်ငံရေးအရ ကိုယ်စားမပြုသူကိုသာ ဖိတ်ကြားမယ်လို့ သိရပါတယ်။  သမ္မတ ဂျိုးဘိုင်ဒင်ဟာ မတ် ၂၈ နဲ့ ၂၉ ရက်တို့မှာ အမေရိကန်နဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ အထူးထိပ်သီးအစည်းအဝေးကို လက်ခံကျင်းပဖို့ စီစဉ်ထားတာပါ။ နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ မြန်မာကိုယ်စားလှယ်တယောက်ကိုသာ အစည်းအဝေးတက်ဖို့ ဖိတ်ကြားမှာဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ရဲ့ ဦးဆောင်မှုကို လိုက်နာမှာ ဖြစ်ကြောင်း အမေရိကန်ဘက်က ပြောတယ်လို့ ရိုက်တာသတင်းမှာ ရေးပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးနယ်က မဟုတ်တဲ့ ကိုယ်စားလှယ်တွေကို အာဆီယံအဆင့်မြင့် အစည်းအဝေးပွဲတွေမှာဖိတ်ကြားဖို့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို အမေရိကန်က ထောက်ခံပါတယ် လို့ အမေရိကန် နိုင်ငံခြားရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားပါတယ်။ ထိပ်သီးဆွေးနွေးပွဲမှာ မြန်မာနိုင်ငံက နိုင်ငံရေးတာဝန်ယူထားသူမဟုတ်တဲ့ ကိုယ်စားလှယ်ကို ဖိတ်ကြားဖို့လည်း ဆုံးဖြတ်ထားကြောင်းနဲ့ စစ်အုပ်စုက အာဆီယံရဲ့ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်အရ အဓိပ္ပါယ်ရှိတဲ့ တိုးတက

​စစ်ကောင်စီ ထောက်လှမ်းရေးကြောင့် ထောက်ပို့အဖွဲ့ ၁၀ ဖွဲ့ကျော် ရပ်နား

ဂျာမုန်း စစ်ကောင်စီ ထောက်လှမ်းရေးကြောင့် ထောက်ပို့အဖွဲ့ ၁၀ ဖွဲ့ကျော်သည် ယမန်နေ့ မတ်လ ၂ ရက်နေ့မှ စတင်၍ ထောက်ပို့ လုပ်ငန်းများကို ယာယီ ရပ်နားကြောင်း ၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာ အသီးသီးမှ ထုတ်ပြန်သည်။ To Comrades - ရဲဘော်များသို့အဖွဲ့၊ ANTS- ပုရွက်ဆိတ်များ၊ Yell Baw- ရဲဘော်၊ Wings of Urban Revolution ၊ Dogs Fighter၊ လှူကြမယ်+ဒီကကြည့် ၊ မြတ်နိုးရင်းလှူ ၊ မူမနေနဲ့ လာလှူ၊  နိုင်ချင်ရင်လှူ ၊ဝယ်ရင်းလှူနိုင် စာအုပ်ဆိုင်၊  Bees Fundraising Team၊ Book Raffle Fundraising Program စသည့်အဖွဲ့များအပါအဝင် ၁၀ ဖွဲ့ကျော် ရပ်နားထားကြခြင်း ဖြစ်သည်။ “အနုပညာရှင်တွေ ပြန်လွှတ်တယ် ဆိုတဲ့သတင်းကို အကာအကွယ် ယူပြီး ရန်သူစစ်တပ်ဟာ ကျွန်တော်တို့ ညီနောင်တွေကို အင်အားသုံး ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။ ကျွန်တော် တို့ ညီနောင်တွေဟာ ပြည်တွင်းမှာ ကုတ်ကတ်နေပြီး တော်လှန်ရေးအပေါ် သစ္စာ ရှိနေကြတဲ့ လူငယ်တွေပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ လုပ်နိုင်စွမ်းဟာ သာမန်လူငယ် တစ်ယောက် လုပ်နိုင်စွမ်းထက် ပိုပြီး များနေပါတယ်။ ဒီလိုလူငယ်တွေ ကျွန်တော်တို့ အဆုံးရှုံး မခံချင်ပါဘူး။ ဒီအတွက် ကျွန်တော်တို့ ညီနောင်မဟာမိတ် အဖွဲ့အစည်း တချို့ဟာ လုပ်ငန်းစဉ်တွေ

​ပူတင်က သူ့မိသားစုကို လျို့ဝှက် "မြေအောက်ဘန်ကာ" ထဲ ပုန်းခိုင်းထား

Image
news.com.au ဗလာဒီမာပူတင်က သူ့မိသားစုကို မကြာသေးခင်က ဆိုက်ဘေးရီးယားရှိ မြေအောက်မြိုတစ်ခုသို့ပြောင်းရွှေ့ဝှက်ထားကြောင်း ရုရှားပရော်ဖက်ဆာတစ်ဦးအပြောအရသိရသည်။   ဇိမ်ခံအဆင်မြင့်နည်းပညာများဖြင့်ဖွဲ့စည်းတည်ဆောက်ထားသော ဘန်ကာသည် အယ်လ်တိုင်တောင်တန်းများတွင်တည်ရှိပြီး နူကလီးယားဒဏ်ကိုပင်ခံနိုင်အောင် ဒီဇိုင်းဆွဲထားခဲ့သည်ဟု အသက် ၆၁ နှစ်အရွယ် နိုင်ငံရေးဆိုင်ရာသိပ္ပံပညာရှင် ဗလာရီ ဆိုလိုဗီး ပြောသည်။    ရုရှားက ယူကရိန်းမြို့တော် ကီယက်ဗ်နှင့် ဒုတိယအကြီးဆုံးမြို့ ခါကိဗ်ကို အမြောက်ကျည်ဆံမိုးရွာနေချိန် ပူတင်သည် "Vaccum ဗုံး" များအသုံးပြုကာ အပြစ်မဲ့အရပ်သားများအပေါ် စစ်ရာဇဝတ်မှုများကျူးလွန်နေကြာင်း စွပ်စွဲချိန်များထွက်ပေါ်လာချိန်တွင် သူ့မိသားစုပုန်းရှောင်နေသည်ဆိုသောပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။  အဆိုပါပညာရှင်သည် အစောပိုင်းက ပူတင်သည် ကျန်းမာရေးပြဿနာရှိနေပြီး ရုရှားလူထုမသိအောင်ဖုံးအုပ်ထားကြောင်းနှင့် သူနှင့် သူ၏ ကာကွယ်ရေးဝန်ကြီး ဆာဂျေရွိုင်ဂုတို့ လျို့ဝှက်ကာ တိုင်းရင်းရိုးရာတစ်မျိုးဖြစ်သော ရှာမန်တို့၏ ယတြာချေဆုတောင်းခြင်းများပြုလုပ်ကြောင်း စွပ်စွဲထားဖူးသည်။  " သမ္မတပူတင်ရဲ့ မိသားစုဟာ နူကလီယာ

ရုရှားကျူးကျော်စစ်ကို ထောက်ခံသော ဘီလာရုစ် အဖွဲ့ နေပြည်တော်ရောက်

Image
​ ရုရှားကျူးကျော်စစ်ကို ထောက်ခံသော ဘီလာရုစ် စစ်ရေးကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်၊ အီရန် လေယာဉ်ဆိုက်ရောက်ပြီး ငွေစက္ကူကုန်ကြမ်း ပါဝင်လာဟုဆို၊ ရုရှား IL 76 ကုန်တင်လေယာဉ် နေပြည်တော် လာရန်ရှိ ရန်ကုန်၊ မတ် ၃  ခေတ်သစ် ရုရှားနိုင်ငံ၏ ယူကရိန်း အပေါ် ကျူးကျော်စစ်ကို ထောက်ခံသော ဘီလာရုစ်နိုင်ငံမှ စစ်ရေးဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ နေပြည်တော်တွင် ရောက်ရှိနေပြီး ယနေ့ ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း နေပြည်တော်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။  ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ဘီလာရုစ် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်ရောက်ရှိလာခြင်းဖြစ်‌ပြီး  စစ်ရေးဆိုင်ရာ ကိုယ်စားလှယ် ၁၀ ဦးမှ ၁၅ ဦးပါဝင်ကြောင်း ၊ ယနေ့ မတ်လ ၃ ရက်နေ့တွင် ပြန်လည် ထွက်ခွာမည်ဖြစ်ကြောင်း သိရှိရသည်။  အလားတူ အီရန်နိုင်ငံ မက်ရှ်ဟတ်လေဆိပ်မှ ထွက်ခွာလာသည့် Qeshm Fars လေကြောင်းလိုင်းပိုင် ကုန်တင်လေယာဉ်တစ်စင်းသည် ယမန်နေ့ နေပြည်တော် လေဆိပ်ရောက်ရှိကာ ကုန်သေတ္တာများချထားပေးကြောင်း၊ ယင်းကုန်သေတ္တာများတွင် ငွေစက္ကူရိုက်နှိပ်နိုင်သော စက္ကူများ၊ လက်နက်ခဲယမ်းများ ပါဝင်ဖွယ်ရှိကြောင်း နေပြည်တော်သတင်းရင်းမြစ်က ပြောသည်။  အလားတူ မတ်လ ၅ ရက်နေ့

ယူကရိန်းက တရုတ်ကို အကူအညီ​တောင်း

Image
​ ဘေဂျင်း၊ မတ် ၂ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရို ကူလီဘာသည် ရုရှားနိုင်ငံနှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအတွက် တရုတ်ထံမှ အကူအညီ​ပေးရန် အင်္ဂါနေ့တွင် တရုတ်နိုင်ငံခြား​ရေးဝမ်ယိ အား ဖုန်းဆက်​အကူညီ​တောင်းခဲ့သည်။ "ယူကရိန်းသည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကောင်းမွန်လိုသည့်ဆန္ဒရှိပြီး အပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်ရာတွင်လည်း တရုတ်နိုင်ငံမှ ပါဝင်ရန် မျှော်လင့်နေပါတယ်" ဟု Kuleba က​​ပြောခဲ့​ကြောင်း တရုတ်ထုတ်ပြန်ချက်ထဲတွင်​ဖော်ပြထားသည်။ ယူကရိန်းစစ်ပွဲတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ အလွန်သတိထားပြီး​နေထိုင်ပြောဆိုလျက်ရှိသည်။ ဘေဂျင်းအ​နေဖြသ့် ယခု ပဋိပက္ခကို "ရုရှားကျူးကျော်မှု" ဟုခေါ်ဆိုရန် တွန့်ဆုတ်နေသလို တစ်ချိန်တည်းတွင်အချုပ်အခြာအာဏာကို လေးစားရန်လည်း အားလုံးကို  တောင်းဆိုထားသည်။  ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ရုရှားကို ရှုတ်ချ​ကြောင်း မဲခွဲဆုံးဖြတ်ရာမှာ တရုတ်နိုင်ငံလည်းပါဝင်ခဲ့သည်။  အကယ်၍ တရုတ်နိုင်ငံက ကြားဝင် ဖျန်ဖြေပေးရမည်ဆိုပါက ပေကျင်းအစိုးရအ​နေဖြင့်ဘက်မလိုက်​သော အခန်းကဏ္ဍမှ ပါဝင်မည့်ပုံ ပေါ်သည်။ Source:Nikkei Asia Credit: Popular  #SYHL

သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံတွင် ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု ရှုတ်ချရေး အဆို

Image
​ NUG အစိုးရ၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂညီလာခံတွင် ယူကရိန်းအပေါ် ရုရှားကျူးကျော်မှု ရှုတ်ချရေး အဆိုကို ထောက်ခံမဲပေး၊ စစ်ကောင်စီက ရုရှားကိုထောက်ခံသော်လည်း တရားဝင် အစိုးရ မဟုတ်၍  ကုလ သမဂ္ဂတွင် မဲပေးခွင့်မရ  ရန်ကုန်၊ မတ် ၃  ခေတ်သစ်မီဒီယာ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက  ကုလသမဂ္ဂ အ‌ရေးပေါ် အထွေထွေညီလာခံတွင် ရုရှား၏ယူကရိန်းကျူးကျော်စစ်ကို ရှုတ်ချပြီး ရုရှားတပ်များ ပြန်ရုပ်သိမ်း‌ရေး အဆိုကို မြန်မာနိုင်ငံက ထောက်ခံမဲပေးကြောင်း သိရှိရသည်။  ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃နိုင်ငံတွင် ရုရှား၏ ယူကရိန်းအပေါ် ကျူးကျော်စစ်ကို ရှုတ်ချသော အဆိုကို မြန်မာနိုင်ငံအပါအဝင်  ၁၄၁ နိုင်ငံက ထောက်ခံလိုက်ပြီး ၃၅ နိုင်ငံက ကြားနေကာ ၅ နိုင်ငံက ကန့်ကွက်ခဲ့ကြကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၁၄၁ နိုင်ငံက ရုရှားကို ရှုတ်ချလိုက်သဖြင့် အဆိုအောင်မြင်ပြီး ရုရှား တပ်များ ယူကရိန်းမှ ချက်ချင်းဆုတ်ခွာရန် အဆို အောင်မြင်သွားခြင်းဖြစ်သည်။  မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက် စစ်ကောင်စီက  ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲသော ရုရှားကိုထောက်ခံကြောင်း ပြည်ပသတင်းဌာနများကို ထုတ်ဖော်ပြောဆိုသော်

တယ်လီဂရမ် အပါအဝင် နိုင်ငံခြားကုမ္ပဏီ ၂၈ ခုကို အမည်ပျက်စာရင်းသွင်း

Image
​ ရန်ကုန်၊ မတ် ၁ ရက် လူငယ့်ခေတ် အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်း လူသုံးများလာသည့် အပ်ပလီကေးရှင်း တခုဖြစ်သည့် Telegram အပါအဝင် နိုင်ငံခြား ကုမ္ပဏီ(၂၈)ခုကို ထပ်တိုးအမည်ပျက်စာရင်းသွင်းလိုက်ကြောင်း Burma Campaign UK က ယနေ့(မတ်လ၁ရက်) ထုတ်ပြန်သည်။ အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ချိမှုများ လုပ်ဆောင်နေခြင်းကိုလက်ခံခြင်းနှင့် အမုန်းစကားဖြန့်နေမှုကို ခွင့်ပြုထားခြင်းကြောင့် Telegram ကို အမည်ပျက်စာရင်းတွင်ထည့်သွင်းရဖြစ်ကြောင်း ဖော်ပြထားသည်။ အမည်ပျက်စာရင်းသွင်းခံရသည့် နိုင်ငံခြား ကုမ္ပဏီများမှာ KDDI corporation၊ COSCO၊ BKH shipping၊ Fujita Corporation၊ Eastern Dragon Shipping Company စသည့် ကုမ္ပဏီများပါဝင်ပြီး  ဂျပန်နိုင်ငံမှ(၈)ခု၊ဗီယက် နမ်နိုင်ငံမှလုပ်ငန်း(၈)ခု၊ အမေရိကန်နိုင်ငံမှ(၃)ခုနှင့် ရုရုား၊စင်ကာပူ၊‌ဟောင်ကောင်၊အိန္ဒိယ၊တရုတ်၊ကနေဒါ၊ယူအေအီး၊ တူရကီနှင့် ထိုင်းနိုင်ငံမှ လုပ်ငန်း(၁)ခုစီ ပါဝင်ကြောင်း သိရသည်။ အဆိုပါစာရင်းတွင် ဂျပန်နိုင်ငံမှ ကုမ္ပဏီများလည်းပါဝင်ပြီး စစ်တပ်ပိုင်မြေများတွင် လုပ်ဆောင်နေသည့် စီမံကိန်းများ တွင် ပါဝင်နေခြင်းကြောင့် အမည်ပျက်စာရင်းသွင်းခံရခြင်းဖြ

kpay ကနေ နေရာလိုက်လို့ရအောင် လုပ်ထားတာ

​ Wave/Kpay ကနေ လှူတဲ့လူတွေ လိုက်နေတယ်ဆိုပြီး သတင်းတွေတက်ကြတယ်.... ဟုတ်မဟုတ် မသေချာပေမယ့် kpay ကနေ နေရာလိုက်လို့ရအောင် လုပ်ထားတာကို အံ့ဩစွာ သိလိုက်ရတယ်... ဘယ်လိုသိသွားလဲဆိုတော့ kpay ကနေ ချေးငွေချေးတဲ့အခါ location access ကိုဖွင့်ခိုင်းတယ်...ဖုန်းမှာပါတဲ့ A-GPS က 10 m(ပေ ၃၀) ဝန်းကျင်အထိ တိကျတာမို့ ...ဘယ်အိမ်လဲဆိုတာ မှန်းလို့ရနိုင်ပါတယ်.... ချေးငွေလျှောက်တဲ့အခါ Allow လုပ်မိတဲ့အထဲမှာ GPS Access ကို Kpay သုံးတုန်းခွင့်ပြုပါတယ်ဆိုတာ ပေးထားမိလားဆိုတာ setting မှာ check နိုင်ပါတယ်... ချေးချေးမချေးချေး...မတော်တဆ allow ဖြစ်ထားလား check ပါ... Wave လည်းပါမပါ စစ်ကြည့်ပါ.. credit

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း

Image
​ တရုတ်နိုင်ငံမှ   နိုင်ငံပိုင်   အကြီးမားဆုံးဘဏ်များအနက်   အနည်းဆုံး   နှစ်ခုက   ရုရှားမှ   ကုန်စည်များ   ဝယ်ယူခြင်းများမှာ   ငွေကြေးကိစ္စ   ဝန်ဆောင်မှုများ   ပေးအပ်ခြင်း   မပြုရန်   တားမြစ်ထားပါတယ်။  ICBC (Industrial & Commercial Bank of China Ltd.)  ရဲ့   ပြည်ပရှိ   ဘဏ်ခွဲများက   ရုရှားမှ   ပြည်ပတင်ပို့ဖို့   အသင့်ဖြစ်နေတဲ့ကုန်စည်များအတွက်   အမေရိကန်ဒေါ်လာ   သုံးတဲ့  L/C (letter of credit)  များထုတ်ပေးခြင်းအား   ရပ်ဆိုင်းထားပါတယ်။   ယွမ်သုံးတဲ့  L/C  တွေကိုတော့   အချို့သော   လုပ်ငန်းများအတွက်   ထုတ်ပေးနေဆဲ   ဖြစ်ပါတယ်။   ဒါပေမဲ့   အကြီးတန်းအရာရှိများထံ အတည်ပြု   ခွင့်ပြုချက်   အရင်ရယူဖို့   လိုအပ်ပါတယ်။   ယူကရိန်းကို   ရုရှားက   ကျူးကျော်ပြီးတဲ့နောက်မှာ   ပိတ်ဆို့အရေးယူမှု   အမျိုးမျိုးကို   အမေရိကန်၊   ယူကေ၊   ဂျပန်   အပါအဝင်   နိုင်ငံများက   စတင်လုပ်ဆောင်နေကြပါတယ်။ ပြည်ပပို့ကုန်   ကုန်စည်နှင့်   ဆက်နွှယ်တဲ့  L/C  များကိုဘဏ်များက   မကြာခဏ   ထုတ်ပေးကြရပါတယ်။   ပိတ်ဆို့အရေးယူမှု‌ကြောင့်   အရင်ဆုံးထိခိုက်မယ့်  ‌ ငွေကြေးကိစ္စရပ်များထဲမှာ  L/C  လည်း   ပါဝင်နေတာကြောင့်   အခြေအနေ မသေခ

ကုလ နှစ်စဉ်ကြေး NUG ထည့်ဝင်ရဖို့ရှိ

Image
​ ကုလသမဂ္ဂ ဆိုင်ရာ အမျိုးသား ညီညွတ်ရေး အစိုးရ ၏ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ ဖေဖေါ်ဝါရီ ၂၈ ရက် နယူးယောက်ရှိ ကုလသမဂ္ဂ ဌာနချုပ်၌ ပြုလုပ်သည့် အထွေထွေ ညီလာခံကြီးတွင် မြန်မာပြည်သူ တရပ်လုံး၏ ဆန္ဒကို ကိုယ်စားပြုပြီး ယူကရိန်း အား ရုရှား၏ ကျူးကျော်မှုကို ရှုတ်ချကြောင်း အဆိုကို ထောက်ခံ အတည်ပြု မဲထည့်ခဲ့ကြောင်း ကမ္ဘာမီဒီယာများ မှ သီးခြား သတင်း တရပ် အဖြစ် ဖေါ်ပြလာခဲ့ကြသည်။ စစ်ကောင်စီ သံအမတ်ဆိုက အာဏာသိမ်း အဖွဲ့၏ အလို အတိုင်း ကန့်ကွက်မဲ ထည့်မည်က ယုံမှား သံသယ ရှိစရာ ပင် မလိုပေ၊ ထိုအချက်တချက်တည်းနှင့်ပင် ပြည်သူများ အား ကိုယ်စားပြုခြင်း မရှိသည်က ထင်ရှားနေပေသည်။ စစ်ကောင်စီ သည် ကမ္ဘာပေါ်တွင် လတ်တလော ကျရောက်နေသည့် အန္တရာယ်ကြီးကို သတိမူရမှန်း မသိပဲ ရုရှားအပေါ် တရုတ်တို့ သဘောထားကို သံယောင်လိုက်ကာ မျက်စိမှိတ်ထောက်ခံနေသော်လည်း စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးကမူ "အင်အားကြီးသူတို့၏ လုပ်ရပ်တိုင်း မှန်သည်ဟု လက်ခံသော ကမ္ဘာစနစ်ကြီး" ပေါ်ထွန်းလာမည်ဆိုက နိုင်ငံငယ်များ၏ လုံခြုံရေး နှင့် ရှင်သန် ရပ်တည်ရေးကို အန္တရာယ်ပြုလာနိုင်သည်ဟု ပါလီမန်တွင် ထုတ်ဖေါ် ပြောဆိုလိုက်ပြီး မိမိတို့ ဘဏ်များမှ ရုရှားအား ပိတ်ဆို့ ဒ