Posts

​မြောက်ဒဂုံရဲသင်တန်းကျောင်းကို လက်ပစ်ဗုံး၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်

Image
​ မြောက်ဒဂုံရဲသင်တန်းကျောင်းကို လက်ပစ်ဗုံး၊ ၄၀ မမ ဗုံးသီးများဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိနိုင်၊ လှိုင်မြို့နယ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ဝင်ပစ် ရန်ကုန်၊ မတ် ၇ ခေတ်သစ်မီဒီယာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ရဲသင်တန်းကျောင်းနှင့် လှိုင်မြို့နယ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ရန်ကုန်အခြေစိုက် တော်လှန်ရေး တပ်များက ယနေ့ည ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။  ‌ မတ်လ ၇ ရက်နေ့ ည ၇ နာရီအချိန်တွင်  ရန်ကုန်မြို့ ၊ မြောက်ဒဂုံမြို့နယ် ၊ ၃၆ ရပ်ကွက် ၊ ဗိုလ်ဆွန်ပတ်လမ်း နှင့် မန်းဘခိုင်လမ်းထောင့်ရှိ မြို့မရဲသင်တန်းကျောင်းကို People 's Force နှင့် Spring Brother Force တို့ပူးပေါင်းကာ လက်ပစ်ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း၊  ရဲများထွက်လာချိန်တွင် ၄၀မမများ ဖြင့်ထပ်မံတိုက်ခိုက်ခဲ့ကြောင်း၊  စစ်ဆင်ရေးမှာ ည ၇ နာရီမှ ၇ နာရီ ၁၅ မိနစ် အထိကြာမြင့်ခဲ့ပြီး တိုက်ခိုက်နေစဉ် ပြည်သူကားတန်းများရပ်တန့်သွားသဖြင့် ပြည်သူများဘေးကင်းစေရန် တစ်ဝက်နှင့်ရပ်လိုက်ကြောင်း People's Force က သတင်းထုတ်ပြန်သည်။  ရဲသင်တန်းဆင်းပွဲအကြို လေ့ကျင့်ရေးလုပ်နေစဉ် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပ

ဆုံလည်ကြီးပါ ပြတ်ထွက်ပြီး ကြက်ခေါင်းပြတ်ပါ ဖြစ်သွား

Image
​ ရုရှားယူကရိန်းစစ်ပွဲမဖြစ်ခင်က ရုရှားတင့်ကားတွေ ဘယ်လိုကောင်းကြောင်း Shtora-1 မျက်လုံးနီကြီးက ဘယ်လိုစွမ်းကြောင်း Kontakt-5 ERA က ဘယ်လိုစွမ်းကြောင်း ရုရှားဖန်တွေ ရေးတာတွေ ဖတ်ကြီး ရုရှားတင့်တွေကို တကယ် အထင်ကြီးခဲ့တာဗျာ  ကျနော် အထင်ကြီးထားတဲ့ ရုရှားတင့်တွေကို ယူကရိန်းက US နဲ့ အနောက်တိုင်း လက်နက်တွေသုံးပြီး တစ်စီးပြီး တစ်စီး ကြက်သံပုံးကင် ဖြစ်အောင် လုပ်ပြတော့ ကျနော်တကယ် ရင်နာရပါတယ် တချို့ရုရှားတင့်တွေဆို ဆုံလည်ကြီးပါ ပြတ်ထွက်ပြီး ကြက်ခေါင်းပြတ်ပါ ဖြစ်သွားတယ်ဗျာ 😭😭  အခုတော့ ရုရှား‌တင့်တွေမှာပါတဲ့ မျက်လုံးနီကြီးနဲ့ Kontakt-5 ERA ဆိုတာလည်း သုံးစားမရတဲ့ အလကား‌ဟာတွေဆိုတာ သိလိုက်ရပါပြီ ကမ္ဘာအဆင့် ၂ ရှိတဲ့ တပ်မတော်ကြီးရဲ့ တင့်ကားတွေက ဒီလိုစုတ်ပြတ်သတ်နေအောင် အရည်အသွေးညံ့ဖျင်းလိမ့်မယ်လို့ လုံးဝ မထင်ခဲ့မိတာ အမှန်ပါ🥴🥴 ဝီလျံစန်း

မင်းအောင်လှိုင် ၏ လျှပ်စစ်ရထားနှင့် ဘတ်စ်ကား စီမံကိန်း လှောင်ရယ်စရာဖြစ်လာ

Image
​ တစ်ပတ်တိတိ ၂၄ နာရီ မီးပြတ်မည်ဟု ကြေညာပြီးနောက် နေရာအလိုက်အချိန်ပိုင်း မီးပေးမည်ဖြစ်၍ ပြည်သူများ မစိုးရိမ်ရန် ထပ်မံထုတ်ပြန်၊ မင်းအောင်လှိုင် ၏ လျှပ်စစ်ရထားနှင့် ဘတ်စ်ကား စီမံကိန်း  လှောင်ရယ်စရာဖြစ်လာ ရန်ကုန်၊ မတ် ၇  မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ လျှပ်စစ်အား ၂၄ နာရီ ပြတ်တောက်မှုများ ဖြစ်မည်ဟု စစ်ကောင်စီက ယမန်နေ့ညပိုင်းတွင် ကြေညာပြီးနောက် ယခုတစ်ဖန် လျှပ်စစ်မီးကို အပိုင်းလိုက် အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေးမည်ဖြစ်၍ မစိုးရိမ်ကြရန် စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့  ထပ်မံ ကြေညာချက် ထုတ်ပြန်သည်။ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ မတ်လ ၆ ရက်နေ့  အများပြည်သူသို့ပန်ကြားချက်တွင် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ လျှပ်စစ် ဓာတ်အား ဝန်အားထိန်းညှိ လျော့ချမောင်းနှင်ခြင်းအတွက် အချို့သောနေရာများတွင် အပိုင်းလိုက်၊အချိန်ပိုင်းအလိုက် ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း ပြည်သူ လူထုအနေဖြင့် စိုးရိမ်ပူပန်မှု မရှိကြပါရန် အသိပေးပန်ကြားအပ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ထပ်မံ သတင်းထုတ်ပြန်သည်။  ယမန်နေ့ညပိုင်း ကြေညာချက်တွင် လာမည့် မတ်လ ၁၂ ရက်နေ့မှ မတ်လ ၁၈ ရက်နေ့အထိ  တစ်ပတ် လျှပ်စစ်မီး

မြန်မာဟာ ယူကရိန်းလို ဖြစ်လာမလား ပူတင်ရဲ့သင်ခန်းစာကို လက်တွေ့မြင်လိုက်ရတဲ့ ကျင်ဖင့်

​ နွေဦးတော်လှန်ရေးမှသည် ယူကရိန်း ရုရှစစ်ပွဲဆီသို့ အတွေးစများ ဘိုင်တန်ဟာ ယူကရိန်း NATO ထဲဝင်ဖို့ကို ဟ ပေးတယ် ယူကရိန်းကလဲဝင်ချင်တာပေါ့ သူကရုရှရန်ကြောက်တယ် လေ တရားဝင် NATO အဖွဲ့ဝင်နိုင်ငံဖြစ်လာရင် ရုရှဟာ ယူကရိန်းကို ၂၀၁၄ က ကရိုင်းမီးယား ကျွန်းဆွယ်ကိုဝင် သိမ်းသလို သိမ်းမရတော့ဘူး ရုရှဘက်ကကြည့်ရင် သူ့နိုင်ငံလုံခြုံရေးအရ ယူကရိန်းမှာ သူ့ဩဇာခံ အစိုးရရှိမှကိုဖြစ်မယ် ယူကရိန်း NATO ထဲပါ သွားလို့မရဘူး ဒါပေမယ့်လဲ လက်ရှိယူကရိန်းသမ္မတက အနောက်ဘက်ယိမ်းတယ် ဘိုင်တန်တို့ကမြှောက်ပေးတယ် လာခဲ့လက်ခံမယ်လုပ်ပြီး ပူတင်ကိုဆွတယ် ပူတင်ကလဲ ဝင်ရဲဝင်ကြည့်ချမယ်လုပ် တယ် ပူတင်အရင်ကလဲ ပိုလန်မှာခံခဲ့ရပြီးပြီ ပိုလန်မှာ NATO ဒုံးကွင်းတွေထားတော့ ရုရှကအသည်းအသန်ကန့် ကွက်တယ် မရပါဘူး ဒီသင်ခန်းစာယူပြီး ပူတင်ဟာ ယူ ကရိန်းကိုပိုလန်လို အဖြစ်မခံတော့ဘူး ကမ္ဘာ့အရေးဘက်ပြန်ကြည့်ရင်လဲ တရုတ်ကအင်အား ကောင်းနေပြီ ရုရှကလဲ ဆိုဗီယက်ခေတ်ကလို ဂျောက်ဂျက်မဟုတ်တော့ဘူး စီးပွားရေးအတော်အတန်တောင့်လာတယ် သူတို့နှစ်နိုင်ငံ တောင့်လာရင် ရေရှည်မှာ အမေရိကန်နဲ့ ဥရောပကထိန်းနိုင်မှာ မဟုတ်တော့ဘူး ဒီတော့ ယူကရိန်းကိုမျှားပြီး ရုရှ ဒုက္ခရောက်အောင် ဘိုင်တန်တို့ ပူတင်နဲ့ကျ

စစ်ကောင်စီ အသေအပျောက်များသည့် ဒီမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲ (ရုပ်သံ)

​ မဲခေါင်၊ မတ် ၆ ဒီမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲတွင် စစ်ကောင်စီဘက်က အသေအပျောက်များခဲ့သည့် ရုပ်သံအား အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က အရှင် ၂ ယောက်နှင့်အတူ လက်နက်များလည်း သိမ်းဆည်းရမိခဲ့သည်။ #MeKongNews

နိုင်ငံတော် အရန်စက်သုံးဆီ ဂါလံ ၁၈ သန်းကို အာဏာသိမ်း စစ်တပ်အသုံးပြုရန်

Image
​ နိုင်ငံတော် အရန်စက်သုံးဆီ ဂါလံ ၁၈ သန်းကို အာဏာသိမ်း စစ်တပ်အသုံးပြုရန်အတွက် ပေးအပ်ထားသော ကုမ္ပဏီများထံမှ ပြန်တောင်းခံကြောင်း သိရ ~~~~~~~~~~~ ထက်ခေါင်လင်း/ဧရာဝတီတိုင်းမ် ရန်ကုန် ၊ မတ်လ ၆ ရက် အာဏာသိမ်း စစ်ကောင်စီသည် လွန်ခဲ့သည့် ၇ နှစ်ကျော်က နိုင်ငံတော်ပိုင် အရန်စက်သုံးဆီ ဂါလံ သန်းနှင့်ချီသည့် ပမာဏကို စစ်တပ်နှင့် နီးစပ်သည့် ကုမ္ပဏီ ၅ ခုကို အခွန်မဲ့စနစ်ဖြင့် ပေးအပ်ထားခဲ့ရာမှ ပြီးခဲ့သည့်လကမှစပြီး လျှပ်စစ်ကဏ္ဍထုတ်လုပ်ရေးအတွက်ဟုဆိုပြီး အရန်ဆီ ဂါလံ ၁၈ သန်းကို အဆိုပါကုမ္ပဏီများထံမှ အချိုးကျနှုန်းဖြင့် ပြန်လည်တောင်းခံခဲ့ကြောင်း မြန်မာ့ရေနံလုပ်ငန်းဌာန၏ လျှို့ဝှက်ရုံးတွင်းစာအရ သိရသည်။ အဆိုပါ စက်သုံးဆီများသည် သန်လျင်ရေနံချက်စက်ရုံ ပိတ်သိမ်းစဉ်က စက်ရုံအတွင်း ရှိနေခဲ့သည့် စက်သုံးဆီများဖြစ်ပြီး ဂါလံ သန်းရာနှင့်ချီကို မြတ်မေတ္တာမွန်၊ Apex၊ Puma Energy Asia Sun၊ Max၊ Greenluck၊ Denko ကုမ္ပဏီများထံသို့ သိမ်းထားရန်ဆိုပြီး အချိုးကျ ပေးအပ်ခဲ့ကြောင်း သိရသည်။ " အရန်ဆီကို ပြန်တောင်းတဲ့ ခေါင်းစဉ်ကတော့ လျှပ်စစ်လိုအပ်ချက်အတွက် ပြန်ထုတ်ပေးဖို့ပဲလို့ ဆိုတယ်။ ဒါပေမယ့် ထုတ်ယူလိုက်တဲ့ အများစုကတော့ စစ်တပ်အသုံးပြု

တိုက်ပွဲများ ရပ်တန့်ရန် ယူကရိန်းကို ရုရှားသမ္မတ ပူတင် တိုက်တွန်း၊

Image
​ အမေရိကန်-ယူကရိန်း နှစ်နိုင်ငံ သမ္မတ ဖုန်းဖြင့် ထပ်မံဆက်သွယ်ဆွေးနွေး (乌克兰局势)最新动态:普京敦促乌克兰停止战斗 美乌总统再次通话 ပေကျင်း၊ မတ် ၇ ရက် (ဆင်ဟွာ)   ယူကရိန်းဘက်က တိုက်ခိုက်မှုများ ရပ်တန့်ပြီး ရုရှား၏တောင်းဆိုချက်ကို ဖြည့်ဆည်းမှသာ အထူးစစ်ဆင်ရေးလှုပ်ရှားမှု ယာယီရပ်တန့်နိုင်မည် ဖြစ်ကြောင်း ရုရှား သမ္မတ ပူတင်က မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။ အမေရိကန်အစိုးရက ယူကရိန်း လုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့်စီးပွားရေးအကူအညီများကို အားဖြည့်ဆောင်ရွက်နေကြောင်း အမေရိကန် သမ္မတ ဘိုင်ဒန်က မတ် ၅ ရက်တွင် ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ဖုန်းဖြင့်ဆက်သွယ်စဉ် ပြောကြားခဲ့သည်။     ___   ဒွန်ဘတ်စ်မှ မရီဥပိုလ်သို့ဆက်သွယ်ထားသည့် ပင်မ သဘာဝဓါတ်ငွေ့ပိုက်လိုင်း မတ် ၆ ရက်က တိုက်ခိုက်ခံရကြောင်း၊  ဒွန်ဘတ်စ်ဒေသ အနောက်ဘက်မှ ဇာပိုရေဇီးယားပြည်နယ် Berdianskမြို့တစ်လျှောက် အနီးတစ်ဝိုက်လူနေဒေသများတွင် သဘာဝဓါတ်ငွေ့ပံ့ပိုးမှု အမြန်ဆုံးပြတ်တောက်သွားနိုင်ကြောင်း ယူကရိန်းရှိ Interfax သတင်းဌာနက ယူကရိန်းဒေသခံအရာရှိတစ်ဦး၏ သတင်းကို ကိုးကားဖော်ပြထားသည်။   ___   ရုရှား သမ္မတ ပူတင်သည် မတ် ၆ ရက်က တူရကီ သမ္မတ အာဒိုဂန်နှင့်  ယူကရိန်းအရေး ဆွေးနွေးခဲ့သည်။

​ရုရှား ဗုံးမိုးရွာနေတဲ့ ယူကရိန်း မြို့ရွာတွေထဲ လူတွေ သိန်းပေါင်းများစွာ ပိတ်မိနေ

Image
ရုရှားရဲ့ လက်နက်ကြီးဒဏ်တွေ အဆက်မပြတ် အပြင်းအထန် ခံနေရတဲ့ ယူကရိန်းနိုင်ငံ အနှံ့က မြို့ရွာတွေမှာ လူတွေ သိန်းနဲ့ချီ ပိတ်မိနေကြပြီး အတိဒုက္ခ ဆိုးရွားစွာ ကျရောက်နေပါတယ်။ ရုရှားရဲ့ အမြောက်ကျည်၊ ဒုံးကျည်တွေ ပစ်ခတ်မှုအောက်က ယူကရိန်း လူနေရပ်ကွက်တွေမှာ အရပ်သား ထိခိုက် သေဆုံးရမှုတွေ ဘယ်လိုမှ တားမနိုင် ဆီးမရ မြင့်မားနေပြီး၊ အသက်မသေပဲ ရှင်နေတဲ့ လူတွေဟာလည်း အငတ်ဘေး ဆိုက်လုလု အခြေအနေ ဖြစ်နေပါတယ်။ ယူကရိန်း မြောက်ပိုင်း၊ ကိယက်ဗ် မြို့တော် အနီးက အဲရ်ပင်မြို့ Irpin မှာ ဆိုရင် လူတွေဟာ တနိုင်တပိုင် အထုပ်လေးတွေ၊ သားသမီးငယ်တွေ၊ အိမ်မွေး ခွေးလေး ကြောင်လေးတွေ ပိုက်ပြီး ခြေကျင် ထွက်ပြေး ခဲ့ကြရပါတယ်။ ဒါပေမယ့်လည်း၊ မနေ့ တနင်္ဂနွေနေ့က ဆိုရင် အဲဒီ စစ်ဘေး ဒုက္ခသည်တွေ ပြေးရာလမ်း အဲရ်ပင်မြို့ပြင်မှာ လက်နက်ကြီးကျည် ကျပြီး ယောက်ျား၊ မိန်းမ၊ ကလေး အရွယ်စုံ သေဆုံးခဲ့ရတယ်လို့ မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ ရသူတွေက ပြောပါတယ်။  ယူကရိန်း အရှေ့ဘက်ခြမ်း ဆူ(မ)မီ Sumy ဆိုတဲ့ မြို့မှာ ရှိနေတဲ့ အိန္ဒိယကနေ ကျောင်းလာတဲ့ ကျောင်းသားတစ်ယောက်လည်း သူ အစာ သေချာ မစားရတာ သီတင်းတစ်ပတ်ကျော် သွားပြီလို့ ဘီဘီစီကို ပြောပါတယ်။ သူ့မှာ ရှိနေတဲ့ အဟာရဖြည့်

သွေးကြွေးမှာဆွေးနွေးရန်မရှိ

​ သေတွင်းထဲတွန်းပို့နေတဲ့ ငပုကို တပ်ရင်းလိုက်ပြောင်းလှဲ့ပြီး ပုန်ကန်ပြီး ပြည်သူရင်ခွင်ဝင်ချိန်တန်ပြီ။အသာစီးကနေမသာချည့်ဖြစ်လာနေပြီ။ ဘယ်လိုမှ ပြည်သူ့အားကိုမတွန်းလှန်နိုင်တော့ဘူး။ တတိုင်းတပြည်လုံးက PDF တွေကိုစပ်ရာစပ်ရာ  ရွာတွေကို မီးတင်ရှို့ရုံနဲ့ ဖြတ်လေးဖြတ် အောင်ပြီမထင်နေကြနဲ့။ ရွာတွေ မရှိရင် တောတွေ တောင်တွေထဲ နေပြီး မင်းတို့ကို ဆော်နေမှာပဲ။ ရွာတွေ မရှိရင် မြို့တွေက ထောက်ပံ့မှာပဲ။  မြို့တွေကိုတော့ မင်းတို့မီးရှို့လို့မရဘူး။ မီးဖြတ်တာလောက်နဲ့လည်း မြို့နေလူတန်းစားက စိတ်ဓာတ်ကျမယ်မထင်နဲ့။ မီးပြတ်လာခဲ့တာ နှစ်ပေါင်းများစွာမှာ အမေစုအစိုးရ ၅ နှစ်တာလောက်ပဲ မီးမှန်ခဲ့တာ။  ငသိန်းကြီးလက်ထက်ထိ လမ်းဘေးမှာမီးစက်ကြီးငယ် ထိုင်ပြီး မီးစက်သံ တညံညံ နဲ့ကျင့်သားရခဲ့ပြီးသား။ အမေစုလက်ထက် မီးလည်းမှန်လာရော မြို့ပေါ်မှာ ငသိန်းလက်ထက်ထိ မီးစက်သွင်းရောင်းစား အမြတ်ထွက်နေတဲ့ ခရိုနီတွေ စီးပွားစပျက် တာ....။မီးစက်စီးပွားပြီးတော့ ဓာတ်ဆီ ဒီဇယ် ကိုလက်ဝါးကြီးအုပ် လုပ်စားနေတဲ့ ခရိုနီကြီးငယ်တွေ ရန်ကုန်မှာ ကွီးဖြိုးက နိုင်ငံခြားကုမ္ပဏီတွေပါ ခေါ် သွင်းပြီး ဈေးပြိုင်ရောင်းခိူင်းမယ်ဆိုတော့ ....မြန်မာနိုင်ငံ စက်သုံးဆီ ဥက္ကဌ ဆိုတဲ့

#ဂျာဗလင်တွေ ရော #NLAWတွေ ပါ ပဲလှော်ဝေသလိုဝေ

Image
​ ယူကရိန်းလက်ထဲကို အနောက်အုပ်စုက #ဂျာဗလင်တွေ ရော #NLAWတွေ ပါ  ပဲလှော်ဝေသလို ပေါပေါများများကြီး  ဝေပေးလိုက်ပါပြီ။ ဂျာဗလင်တို့ NLAW တို့ဆိုတာ သာမာန် လေယာဥ်ပစ်သေနတ်လို RPGလို စုတ်တီးစုတ်ပြတ် ရော့ကက်လောင်ချာ မဟုတ်ဘဲ ကိုယ်ပိုင်ထိန်းကျောင်းသွားလာနိုင်တဲ့ အဆင့်မြင့်  Missile စနစ်တွေ ဖြစ်တာမို့ NLAW နဲ့ ပစ်ခံထိတဲ့ တင့်ကား သံချပ်ကာကားဆိုရင် လွတ်ဖို့ ခဲယဥ်း​ပြီး ဂျာဗလင်နဲ့ အပစ်ခံရတဲ့ လေယာဥ် ရဟတ်ယာဥ့်ဆိုရင်လည်း နောက်ဆုံးပေါ်  လေကာမပါဘူး Speed မရဘူး ဆိုလို့ကတော့ သေဖွယ်ရာ ရှိတာပါဘဲ။ တချိန်ထဲမှာဘဲ ရုရှားဖက်က Multiple Launcher ဆိုတဲ့ ပဲ့ထိန်းစနစ်မပါ Missileလို မတိကျတဲ့  ရှေးဟောင်းရော့ကက်​​တွဲကြီးတွေနဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်ခြင်းဆိုတဲ့ Bombardment နည်းနဲ့ ပစ်ခတ်လာပြီဆိုတော့ ယူကရိန်းမြို့ပြစနစ်တွေ အများကြီးကို ပျက်စီးကြရအုံးမှာ။ ကြာလေ ပွဲက ပိုကြည့်ကောင်းလာလေပါဘဲ ( ကိုယ်မှ မခံရတာကိုးးးးး 😁😁😁) နိုုင်ဇာမြင့်