Posts

​ကုလ လူ့ အခွင့်အရေး အဖွဲ့ကြီးမှ အုန်းမောင်း ‌ခေါက်ပြန်ပြီ **********************************

Image
ဂျီနီဗာ အခြေစိုက် ကုလ လူ့အခွင့်အရေး အဖွဲ့ကြီးမှ မြန်မာ၏လက်ရှိ စစ်အုပ်ချုပ်ရေး သမား များသည် လူ့အသက်တချောင်းကို တန်ဖိုးထားရကောင်းမှန်း မသိဘဲ အကြမ်းဖက်မှုများ တိုး၍ ကျူးလွန် လာနေသောကြောင့် နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ထိုကဲ့သို့ လူမဆန်သည့် လုပ်ရပ်များ အလျှင်အမြန် ရပ်တန့်သွားအောင် ဆောင်ရွက်ကြရန် ကမ္ဘာသို့ ပန်ကြားချက် ထွက်ပေါ်လာ ခဲ့သည်။ ထိုပန်ကြားချက်ကို ကုသလူ့အခွင့်အရေး အဖွဲ့ကြီး၏ မြန်မာနှင့် ပတ်သက်၍ ပထမဆုံး အကြိမ် အပြည့်အစုံ ထုတ်ပြန်လိုက်သော အစီရင်ခံစာကြီးတွင် ဥက္ကဌ ဖြစ်သူ ချီလီ သမ္မတဟောင်း မစ္စက် ဘချီလက်က ပန်ကြားတောင်းဆိုလိုက်ခြင်းပင် ဖြစ်သည်။ အဆိုပါ ကမ္ဘာသိ ထုတ်ပြန်လိုက်သော အစီရင်ခံစာတွင် လေကြောင်းမှ တိုက်ခိုက်ခြင်း၊ လူနေ ဒေသများကို ရည်ရွယ်ချက် ရှိရှိ ဖြင့် လက်နက်ကြီးများ နှင့် ချိန်ရွယ် ပစ်ခတ်ခြင်း၊ အရပ်သား များကို သတ်ဖြတ်ခြင်းများ ပြုလုပ်ကြောင်း အချက်အလက်နှင့် တကွ အသေးစိတ် ဖေါ်ပြ ထားသည်။ မြန်မာ‌စစ်ခေါင်းဆောင်များသည် စစ်ရာဇဝတ်မှုများ ကို ပြီးခဲ့သည့် တနှစ်လုံး မည်သို့ မည်ပုံ ပုံစံချ၍ ကျူးလွန်နေကြသည်ကို မိမိတို့ ရှင်းလင်းပြတ်သားစွာ ဖေါ်ထုတ်နိူင်ခဲ့ပြီ ဖြစ်သည်ဟု ကမ္ဘာကြီးအား တပ်လှန့်နှ

​အိပ်ရင်း လမ်းလျှောက်နေကြသူများ *******************************

Image
အာဏာသိမ်း အဖွဲ့၏ ပြည်ထဲရေး တာဝန်ခံ စိုးထွဋ် ဆိုသူမှ ၎င်းတို့အား ဆန့်ကျင်နေသူများကို စီးပွားပျက်၊ ဘဝပျက်သွားသည် အထိ လုပ်ပြစ်ရန် လုပ်ငန်း အစည်းအဝေး တခုတွင် ပက် စက်စွာ စေခိုင်းလာသည့် အသံဖိုင် အပြည့်အစုံသည် ခေတ်သစ် မီဒီယာ၏ ကောင်းမှုဖြင့် ပြည်သူများ အကြား ပျံ့နှံ့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုအသံဖိုင် နှင့် ပတ်သက်၍ ဆက်စပ် တွေးကြည့်မည်ဆိုလျှင် နိူင်ငံတဝှမ်း လူမဆန်စွာ ကျူးလွန်နေသော ရာဇဝတ်မှုများသည် မုန်ယို ဒေါသထွက်‌နေသော စစ်သားများက သဘောရှိ ကျူးလွန်‌နေကြခြင်း မဟုတ်ဘဲ ၎င်းတို့၏ အမိန့်ကို တသွေမတိမ်း လိုက်နာ နေခြင်းသာ ဖြစ် သည်ဟု ကောက်ချက်ချ၍ ရပေသည်။ မိမိ မကြာခဏ ရေးခဲ့သလို ထိုအဖွဲ့သည် တိုင်းပြည်ကို အုပ်ချုပ်သွားရေးသည် ဒုတိယ၊ ၎င်းတို့ အသက်အိုးအိမ် နှင့် အာဏာ ဆုပ်ကိုင်ထားနိုင်ရေးသည်သာ ပထမ ဦးစားပေး ဆိုသည်မှာ ထင်ရှားသည်ထက် ထင်ရှားလာခဲ့သည်။ ဗီယက်နမ် စစ်အတွင်း အမေရိကန် တပ်သားများမှ ရွာသူများကို အဓမ္မ ပြုကျင့်ခဲ့သည်များ ရှိနေသည်။ ထိုသို့ကျူးလွန်သူများသည် သူတို့ ရာဇဝတ်မှု ကျူးလွန်‌‌နေမှန်း ကောင်းစွာ ရိပ်စားမိကြသဖြင့် မည်သူမှ ဖော်ကောင် မလုပ်နိုင်ရန် သူတို့ တပ်စု တွင် ပါလာသည့် စစ်သားမှန်သမျှ ကို ကျူးလွန်

​ပူတင် အကြောင်း တစေ့တစောင်း ******************************

Image
နာမည် အပြည့်အစုံမှာ ဗလာဒီမာ ဗလာဒီမီရိုဗစ်ချ် ပူတင် ဖြစ်ပြီး ၁၉၅၂ အောက်တိုဘာ ၇ ရက်နေ့တွင် လီနင် ဂရက်မြို့ အမှတ် (၁၂) ဘက်စ်ကော့ဗ် လိန်း လမ်းရှိ ပြိုကျလုမတတ် ဖြစ်နေသော တိုက်ခန်းကလေး တွင် မွေးဖွားခဲ့သူ ဖြစ်သည်။ မွေးချင်း ညီအကို သုံးယောက်ထဲတွင် အငယ်ဆုံးလည်း ဖြစ်သည်။ ဖခင်သည် စက်ရုံ အလုပ်သမား တယောက် ဖြစ်သဖြင့်လည်း ပူတင် သည် အောက်ခြေ လူတန်းစားများ အကြားတွင် မထင်မရှား သာမန်လူသားတယောက်အဖြစ် ကြီးပြင်းလာခဲ့သူ ဖြစ်သည်ဟု ပြော၍ ရပေသည်။  ပူတင်၏ မိဘများ နေထိုင်သော တိုက်တန်းလျား တွင် ရေပူ မရှိ၊ ရေချိုးကန်မရှိ၊ အပူဓါတ်ရရန် အတွက် ထင်းမီးသွေး ကို အသုံးပြုရသည့် မီးဖိုကိုသာ အားကိုးအားထား ပြုခဲ့ရသည်။ တိုက်ခန်း ပေါ်သို့ တက်သည့် လှေကားတွင်လည်း အမြဲလို  ကြွက်များက သောင်းကျန်းနေတတ်သည်။ ပူတင်သည် ကျဉ်းမြောင်းလှသော သူ၏ တိုက်ခန်းထဲတွင် မနေသည်ကများပြီး အောက်ထပ် ရှိ အမှိုက်များ နှင့် ဗရပွ ဖြစ်နေသော မြေကွက်လပ်တွင်သာ အနေများသည်။ ချို့ငဲ့စွာ စားသောက်ခဲ့ရသူ ဖြစ်၍ ငယ်စဉ်က ခန္ဓာကိုယ် မဖွံ့ဖြိုးခဲ့ရှာကာ အရပ်ပုသည်ဟု ပြောလို့ရသည့် အမျိုးအစားထဲတွင် ပါဝင်ခဲ့သည်။ထို့အတွက်လည်း ရွယ်တူ ကလေးများ၏ အနိုင်ကျင့်ခြင်းကို မကြာခဏ ခံခဲ့ရသည်။

မတ် ၂၇ အပြီး PDF ကို မအလရှင်းနိုင်မှာလား?

Image
​ နေပြည်တော်ကနေ စစ်ကိုင်းက PDF တွေကို အပြတ်ရှင်းဖို့ အမိန့်ထုတ်တာကတော့ ခဏခဏပါ။ ပထမ နိုဝင်ဘာ၊ နောက် ဇန်နဝါရီ၊ ယခုကတော့ မတ်လ ၂၇ ရက်နေ့ပါ။ မအလရဲ့ တွက်ဆချက်က ကယားနဲ့ ချင်းဟာ နယ်စပ်နဲ့နီးနေလို့ အမြစ်ပြတ်ချေမှုန်းဖို့ ခက်ခဲမယ်လို့ သုံးသပ်ထားပါတယ်။ ဒါဆိုရင် စစ်ကိုင်းကို ဘာလို့မဲလဲဆိုတော့ ဗမာနယ်ဖြစ်ပြီး သူ့ကို ဒုက္ခအပေးဆုံးမိုလို့ပါ။ နောက်စစ်ကိုင်းက မြန်မာ့သမိုင်းနဲ့ ဆက်စပ်နေတာမိုလို့ ဘုရင်ရူးရူးတဲ့ မအလက စစ်ကိုင်းရှုံးရင် သူရှုံးသလို တွက်ထားလို့ပါ။ နောက်အရေးကြီးတာက စစ်ကိုင်းက ဗျူဟာအရ အရေးပါလို့ပါ။ ဒါဆိုမအလက သူတွက်ထားတဲ့အတိုင်း စစ်ကိုင်းက PDF ကို မတ်လ ၂၇ ရက်မှာ အပြီးပြတ်နိုင်မှာလား? ယခုစစ်ကိုင်းမှာ ရွာတွေကို ဆိုင်ဆိုင် မဆိုင်ဆိုင် မီးရှို့တာ၊ လူသတ်တာ၊ မုဒိမ်းကျင့်တာတွေက အားလုံးသိပြီးဖြစ်မှာပါ။ ဒီလိုရွာတွေကို မီးရှို့နိုင်တာနဲ့ စစ်ပွဲအနိုင်အရှုံးကို ဆုံးဖြတ်ရင်တော့ မအလက မီးတွေအများကြီး ရှို့နိုင်နေတာမိုလို့ နိုင်နေတယ်လို့ အပေါ်ယံထင်ရမှာပါ။ မအလအောင်မြင်တာဆိုလို့ စည်တော်ကို ဖြုတ်ချတာသာ ရှိပါသေးတယ်။ ဒါပေမယ့် မအလတပ်ဟာ မြေပြင်မှာ အကြာကြီးစခန်းချပြီး မနေနိုင်ပါဘူး။ နောက်သူတို့ရွာတွေကို မီးရှို့အပြီး က

ခလရ(၉၇)တပ်မှ အရာရှိ စစ်သည်များ၏ဇနီးများ ဆောက်တည်ရာမရဖြစ်နေ၍ ဗျူဟာမှူးကိုယ်တိုင်ထိန်းနေရ

Image
​ KNUနှင့်တိုက်ပွဲတွင် အထိနာခဲ့သည့် ခလရ(၉၇)တပ်မှ အရာရှိ စစ်သည်များ၏ဇနီးများ ဆောက်တည်ရာမရဖြစ်နေ၍ ဗျူဟာမှူးကိုယ်တိုင်ထိန်းနေရဟုဆို ▪️ယာယီတပ်ရင်းမှူးအပါအဝင် ရှေ့တန်းထွက်သည့် တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရ —People's Spring ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ၌ ဖြစ်ပွားသည့် တိုက်ပွဲတွင် အထိနာခဲ့သည့် ခလရ(၉၇)တပ်မှ စစ်ကောင်စီတပ်၏ အရာရှိစစ်သည်များ၏ဇနီးများ ၎င်းတို့၏ ယောကျ်ာများ ရှေ့တန်း၌မရှုမလှရှုံံးနိမ့်ပြီး သေဆုံးထိခိုက်မှု၊ ဖမ်းဆီးခံရသည့်အပေါ်  ဆောက်တည်ရာမရဖြစ်နေကြောင်း တပ်တွင်းသတင်းပေးတစ်ဦးကို ကိုးကားပြီး သတင်းပေးပို့လာသည်။ ခလရ (၉၇)တပ်သည် ကရင်ပြည်နယ် ကော့ကရိတ်မြို့ အခြေစိုက်တပ်ဖြစ်ပြီး မတ်လ ၁၁ရက်က ဖာပွန်ခရိုင်တွင် KNU တပ်မဟာ(၅)ဦး​ဆောင်​ပြီး BPLA အပါအဝင် ပူး​ပေါင်းတပ်နှင့်ဖြစ်သည့် တိုက်ပွဲ၌ သေဆုံးထိခိုက်မှုများရှိခဲ့ပြီး ၁၆ဦး ဖမ်းဆီးခံခဲ့ရသည်။ အရာရှိများအပါအဝင် ဒဏ်ရာရသူ ၁၁ဦးရှိခဲ့ပြီး RPG၊ စက်သေနတ်၊ လက်ဖြောင့်သေနတ်အပါအဝင် လက်နက် မျိုးစုံ ၂၉လက်နှင့် ကျည်၊ ခဲယမ်း အများအပြား KNU က သိမ်းဆည်းရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်းဆီးရမိသည့် စစ်ကောင်စီတပ်ဖွဲ

ဝင်လှူပေးသွားတဲ့စလုံးကသယ်ရင်း ဈေးအများကြီးရောင်းရပါစေ😘

Image

ဖမ်းဆီးစစ်ဆေးနေသည့် အရာရှိသုံးဦးမှာ မှော်ဘီလေတပ်စခန်း တိုက်ခိုက်မှုနှင့် မသက်ဆိုင်

Image
​ စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေသည့် အရာရှိသုံးဦးမှာ မှော်ဘီလေတပ်စခန်း တိုက်ခိုက်မှုနှင့် မသက်ဆိုင်ဟု ပြည်သူ့အင်အားစု ထုတ်ပြန် —People's Spring မှော်ဘီလေတပ်စခန်းတိုက်ခိုက်မှု နှင့်ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးနေသည့် အရာရှိသုံးဦးမှာ တိုက်ခိုက်မှု ဖြစ်စဉ်နှင့် သက်ဆိုင်ခြင်းမရှိဟု ပြည်သူ့အင်အားစု(PF) အဖွဲ့က ထုတ်ပြန်သည်။ ဖေဖော်ဝါရီ ၁၈ရက်က မှော်ဘီလေတပ်စခန်းအား ပြည်သူ့အင်အားစုအဖွဲ့က ဗုံးဖြင့်တိုက်ခိုက်ခဲ့ရာ ယင်းဖြစ်စဉ်အပြီး လေတပ်စခန်းမှ အရာရှိစစ်သည်များကို စစ်ကောင်စီက စစ်ဆေးမှုမျာရပြုလုပ်ရာ ဗိုလ်မှူးထင်လင်းဖေ၊ ဗိုလ်ကြီးလွင်မျိုးထက်၊ ဗိုလ်ကြီးထက်အောင် တို့ စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ဆိုသည်။ မှော်ဘီလေတပ်စခန်းအား တိုက်ခိုက်ခဲ့မှုနှင့် ပတ်သက်၍ တပ်မတော်သားများအား အပြစ်မရှိဘဲ အတင်းအကျပ် ခေါ်ယူ စစ်ဆေးမေးမြန်း နှက်စက်မှုများကို ကြားသိရ၍ အထူးပင်ဝမ်းနည်းကြောင်း၊ ယခုကဲ့သို့ ထင်သလို နှိပ်စက်ညှင်းပန်းခံနေရမှုများကြောင့် အာဏာကို ဖီဆန်ရန်နှင့် ပြည်သူ့ရင်ခွင်သို့ အမြန်ခိုလှုံရန် တိုက်တွန်းကြောင်း ပြည်သူ့အင်အားစုအဖွဲ့က ထုတ်ပြန်ခဲ့သည်။ #လူထုနွေဦး #LuduNwayOo #People'sSpring #PS https://www.ludunwayoo.com htt

အမေရိကန်အစိုးရဘက်ဂျက် ၂၀၂၂ နဲ့ နွေဦးတော်လှန်ရေးအပေါ် သက်ရောက်မှု

Image
(၁) အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က အမေရိကန်အစိုးရရဲ့ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ဘက်ဂျက်ကို မတ်လ ၁၁ ရက်နေ့၊ သောကြာနေ့မှာ အတည်ပြုလိုက်ပါတယ်။ လွှတ်တော် နှစ်ရပ်စလုံးက တခဲနက်ထောက်ခံအတည်ပြုလိုက်တာမို့ သမ္မတ ဂျိုးဘိုင်ဒင်က ရက်ပိုင်းအတွင်းမှာ လက်မှတ်ရေးထိုးပြီး ဥပဒေဖြစ်လာပါလိမ့်မယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ဘဏ္ဍာရေးနှစ်က အောက်တိုဘာလမှာ စပြီး စက်တင်ဘာလမှာ အဆုံးသတ်တာမို့ ဒီ ဘတ်ဂျက်ဟာ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ အစိုးရရဲ့ ကုန်ကျစားရိတ်များအတွက် ဖြစ်ပါတယ်။ တကယ်တော့ အခု ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် ၆ လလောက်တောင် နောက်ကျနေပါပြီ။ ဒီဘက်ဂျက်ကို အတည်မပြုနိုင်သေးခင်မှာ အစိုးရလုပ်ငန်းတွေ ရပ်တန့်မသွားစေဖို့ ကွန်ဂရက်လွှတ်တော်က အစိုးရကို အရင်နှစ်က ဘတ်ဂျက်ပမာဏအတိုင်း ဆက်လက်သုံးစွဲခွင့်ပြုတဲ့ ကာလတိုဘတ်ဂျက်ဥပဒေ (Short-term Continued Resolution) ၄ ကြိမ် ပြဋ္ဌာန်းပေးခဲ့ရပါတယ်။ နောက်ဆုံးအတည်ပြုပေးခဲ့တဲ့ ကာလတိုအသုံးစားရိတ်ဘတ်ဂျက်က မတ်လ ၁၁ ရက်နေ့အထိပဲ သက်တမ်းရှိတာမို့ ဒီတစ်ကြိမ်လည်း ပါတီကြီး ၂ ခုက လွှတ်တော်ကိုယ်စားလှယ်များ သဘောတူညီမှုမရခဲ့ရင် အစိုးရလုပ်ငန်းတွေ ရပ်တန့်ရမယ့် အခြေအနေမျိုး

​အမေရိကန်က မြန်မာ့နွေဦးတော်လှန်ရေးကိုဒေါ်လာ၁၃၆သန်းထောက်ပံ့

Image
​ အမေရိကန်က မြန်မာ့နွေဦးတော်လှန်ရေးကို ထောက်ပံ့ဖို့ ဒေါ်လာ၁၃၆သန်းတဲ့။  အထက်လွှတ်တော်ရော အောက်လွှတ်တော်ကရော ထောက်ခံပြီးတာမို့ သေချာသလောက်နီးပါးတော့ ရှိနေပါပြီ။ ရက်ပိုင်းအတွင်း မစ္စတာဘိုင်ဒန် လက်မှတ်ထိုးအတည်ပြုဖို့ပဲ ကျန်ပါတော့တယ်။  ဒီ၁၃၆ သန်းဟာ နွေဦးတော်လှန်ရေးအတွက် ထိရောက်တဲ့နေရာမှာ အသုံးပြုခွင့်ရမယ်ဆိုတော့ဖြင် စောက်ပုရဲ့ နေ့ရက်တွေကို အမြန်အဆုံးသတ်နိုင်မယ်လို့ မျှော်လင့်ရတယ်။  မုန်တိုင်းနေ့စွဲတွေမှာ လေပြေရနံ့ကို လှမ်းရလိုက်တာပဲ။ ❤️ ပန်ဆယ်လို နွေဦးတော်လှန်ရေးအတွက် အထောက်အကူပြုဖို့ ကန်ဒေါ်လာ ၁၃၆ သန်းကျော် အကူအညီပေးရေး ပါဝင်ထားတဲ့ အမေရိကန်အစိုးရဘတ်ဂျက်ကို လွှတ်တော်က အတည်ပြု အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်ကနေပြီးတော့ အမေရိကန်အစိုးရအတွက် ၂၀၂၁-၂၀၂၂ ခုနှစ် ဘတ်ဂျက်ကို မတ် ၁၁ ရက်က အတည်ပြုခဲ့ရာ အဲဒီဘတ်ဂျက်ထဲမှာ မြန်မာ့နွေဦးတော်လှန်ရေးအတွက် ကန်ဒေါ် လာ ၁၃၆ သန်းကျော်အကူအညီပေးမယ့်အစီအစဉ်တွေ ပါဝင်နေတာ တွေ့ရပါတယ်။ ဒီဘတ်ဂျက်ကို အမေရိကန်လွှတ်တော်နှစ်ရပ်စလုံးကထောက်ခံပြီးတာမို့ သမ္မတဂျိုးဘိုင်ဒင်က ရက်ပိုင်းအတွင်း လက်မှတ်ရေးထိုးအတည်ပြုမယ်လို့လည်း ဆိုထားပါတယ်။ လွှတ်တော်က အတည်ပြုလိုက်တဲ့ ဘတ်ဂျက်ထဲမှာ မ

အကိုင်ခံတော့မယ့် သက်သက်ခိုင်

Image
​ ကျော်ဇေယျ က သက်သက်ခိုင်ဆီက ဆီမလာပဲမလာတော့လို့ ပါတီကထွက်လိုက်ပြီ သက်သက်ခံလဲဝန်ကြီးလုပ်ချင်တာ လုပ်ရပြီ ဆိုတော့ ပါတီကိုစိတ်မဝင်စား တော့ဖူး၊အံမယ် အတိုင်ပင်ခံရာထူး တောင်ရတော့မယ်ကြားတယ် မအလရဲ့အကိုင်ခံရာထူးပဲဖြစ်လာမှာ မအလ အရောင်ပြောင်းတာကြူခေါမ တောင်မျက်လုံးဒေါက်ထောက်ကြည့် နေရတယ်၊ မတူဖူးလေ ဒေါ်ဦးအောင်ကျော်ဝင်းက အနံ့ပဲရှူရတာဆိုတော့ မအလက ဈေးဦးဖေါက်ဖို့ချောင်းနေတာ အောင်ကျော်ဝင်းကစိတ်နာပြီး သိန်း၄၀တန် ၃၄သိန်းနဲ့လျော့ ရောင်းပစ်တယ်၊ သက်သက်ခိုင်ပါတီဖွဲ့တာအဲ့ဒါပဲ အကိုင်ခံချင်လို့၊ ကြူခေါမနဲ့တွေ့ကြပြီပေါ့ သက်သက်ခိုင်ပုံရှာမရလို့ အေးနေဝင်းရိုက်ထားတဲ့ ပုံလေးပဲကြည့်တော့😋