မင်းအောင်လှိုင်၏ လျှို့ဝှက်အစည်းအဝေး မှတ်တမ်း နှင့် စိုးထွဋ်အသံဖိုင်ပေါက်ကြားမှု ဒုဝန်ကြီးမှစ၍ ဌာနဆိုင်ရာ ညွှန်ချုပ်များအထိ စစ်ဆေးခံရ၊ စစ်ကိုင်းတိုင်းမှ ထွေ/အုပ်အရာရှိတစ်ဦး ဖမ်းဆီးခံထားရ
ရန်ကုန်၊ မတ် ၂၀ မင်းအောင်လှိုင်က နေပြည်တော်တွင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ကျင်းပပြုလုပ်ခဲ့သော အလွတ်သဘော လျှို့ဝှက်အစည်းအဝေး ပြောဆိုမှုများ မှတ်တမ်း ပေါက်ကြားသည့်အတွက် စစ်ကိုင်းတိုင်းမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာရှိတစ်ဦး ဖမ်းဆီးခံထားရကြောင်း သိရှိရသည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မင်းအောင်လှိုင်၏ လျှို့ဝှက်အစည်းအဝေး ပြောဆိုမှု မှတ်တမ်းများကို ရန်ကုန်ခေတ်သစ်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် မှတ်တမ်းဖိုင်များအားလုံး ဖော်ထုတ်တင်ပြခဲ့ရာ ယင်းဖော် ထုတ်တင်ပြမှုအတွက် ရန်ကုန်တိုင်းအစိုးရ ၊ E-government ဝန်ထမ်းများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့်နေပြည်တော် စစ်ကောင်စီရုံးမှ ဝန်ထမ်းတချို့ ၁ ပတ်ကျော်ကြာ ခေါ်ယူ စစ်ဆေးခံရကြောင်း၊ ယင်းနောက် စစ်ကိုင်းတိုင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာရှိတစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း သိရှိရသည်။ "မအလနဲ့ တိုင်းကောင်စီဥက္ကဋ္ဌတွေရဲ့ အစည်းအဝေး မှတ်တမ်း ခေတ်သစ်ကိုပို့ပေးလို့ လိုင်းပေါ်တက်လာတယ်ဆိုပြီး စစ်ကိုင်းတိုင်းထွေ/အုပ်အရာရှိတစ်ဦး အဖမ်းခံရပါတယ်" ဟု စစ်ကိုင်းတိုင်းမှ အရာရှိတစ်ဦးက ပြောသည်။ ထို့ပြင် ဇန်နဝါရီလ ၂၅ ရက်နေ့ နေပြည်တော်တွင် အသံတိတ်သပိတ်တားဆီးရေး ပြည်ထဲရ