Posts

ထောက်ပို့ရဟတ်ယာဉ် ၁ စီး ကျည်မှန်ပြီး သုံးမရ

Image
နမ့်ဆန်တိုက်ပွဲတွင် TNLA၏ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထောက်ပို့ရဟတ်ယာဉ် ၁ စီးကို   ကျည်ထိမှန်ပြီး သုံးမရတော့ဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၁၈  ခေတ် သစ် ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့ အထိ ၅ ရက် အကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် TNLA ၏ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထောက်ပို့ ရဟတ် ယာဉ် ၁ စီး လက်နက်ငယ်ကျည် ထိမှန်ပြီး သုံးမရတော့ ကြောင်း လေတပ်သတင်းရင်းမြစ်က ပြော သည်။  ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်တပ်က ထောက်ပို့ရဟတ်ယာဉ်များဖြင့် စစ်သည်များကို ချထားပေးပြီး နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ထောက်ပို့ ရဟတ်ယာဉ်များဖြင့် လက်နက်ခဲယမ်းများ ချထားပေးခြင်း၊ စစ်အင်အား များ တိုးမြှင့်ချထားခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း၊ ထိုသို့ လုပ်ဆောင်စဉ် TNLA၏ ပစ်ခတ်မှုကြောင့် ထောက်ပို့ ရဟတ်ယာဉ် ၁ စီး ကျည်ထိမှန်သွားပြီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း၊ လက်ရှိတွင် ကျည်ထိမှန်ထားသော ရဟတ်ယာဉ်သည် သုံးမရတော့ကြောင်း လေတပ် သတင်းရင်းမြစ်က ပြော သည်။  "ရဟတ်ယာဉ် အပစ်ခံရတာမှန်တယ်။ ထိသွားတယ်။ အခုထက်ထိတော့ မပြင်ရသေးလို့ ဒီအတိုင

NDAA အပေါ် သူတို့အမြင်

Image
အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ သည် နှစ်ပေါင်း ၆၁ နှစ် တိုင် နှစ်စဉ်လိုလို အချိန်မီ ပြဌာန်း နိုင်ခဲ့သဖြင့် ယခုတကြိမ်လည်း နှစ်မကူးမီ သမ္မတ ဂျိုးဘိုင်ဒင်မှ သေချာပေါက် လက်မှတ် ရေးထိုးတော့မည် ဖြစ်သည်။ ထိုဥပဒေတွင် ယခုနှစ် ထူးခြားချက် အဖြစ် မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှားမှုများကို အကူအညီပေးနိုင်ရန် BURMA ACT ကို ထည့်သွင်းလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေအား အောက်လွှတ်တော်မှ ယခုနှစ် ဧပြီလ တွင် အတည်ပြု ပေးခဲ့သော်လည်း ဆီးနိတ်တွင် ဆွေးနွေး အတည်ပြုသည့် အဆင့်အထိ ရောက်မလာခဲ့၍ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ ဂရီဂိုရီ မိခ် (ပုံတွင်ရှု) မှ NDAA တွင် ထည့်သွင်းလိုက်ခြင်းပင် ဖြစ်သည်။  ရှေ့နေတဦးလည်း ဖြစ်သော မစ္စတာ မိခ် သည် ၁၉၉၈ မှ စ၍ နယူးယောက် အမှတ် (၅) မဲဆန္ဒနယ်မြေ ကိုယ်စားပြု အောက်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ထမ်းဆောင်ခဲ့သည်မှာ  သက်တမ်း အားဖြင့် ဆယ်ကြိမ် ရှိလာခဲ့ပြီ ဖြစ်သည်။  BURMA ACT ဖြင့် အမေရိကန် အစိုးရသည် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံခွင့် ရရှိသွားခဲ့ပြီ ဖြစ်သည်၊ ယင်းနှင့်အတူ အာဏာသိမ်း စစ်ကောင်စီ နှင့် ၎င်းတို့အား ထောက်ခံနေသူများ အား ပိတ်ဆို့ အရေးယူနိုင်မည

ကမ္ဘာမကျော်တဲ့အညာသူကြီးတွေ

Image
ရော်နယ်ဒိုတို့... နေမာတို့ငိုပြလိုက်တယ်... ကမ္ဘာကျော်တွေရဲ့မျက်ရည်... တကမ္ဘာလုံးကြွေပေါ့..... ကမ္ဘာမကျော်တဲ့... အညာသူကြီးတွေရဲ့မျက်ရည်... လူမသိသူမိသိ... ကမ္ဘာကြီးလည်းမသိ...                           M ! N G Y !  .....

ကြိုးမညှိပဲ ဂစ်တာတီးတဲ့သောင်းလှိုင်သား

Image
ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ပြောသလို “ညှာညှာတာတာပြောရမယ်ဆိုရင် ဗိုလ်ချုပ်မှုးကြီးက ကြိုးမညှိပဲ ဂစ်တာတီးနေတယ်လို့ ဥပမာပေးချင်တယ်” နမ့်ဆမ်က မြေဩဇာ၅၀ အကျယ်ချဲ့ကြည့်နည်း လက်၂ချောင်းနဲ့ထိပြီးကား လိုက်လို့လဲရတယ် YouTube မှာတင်မရဲလို့ပါ

ရောင်းရန်မဟုတ်တွေရောင်းတဲ့ရေမီးရှားနိုင်ငံ

Image
တောင်ကြီးကနေ ဒီးမော့ဆိုးသို့ ပို့တဲ့ WFP ရဲ့ ဆန်အိတ်တွေ လွိုင်ကော်မြို့ရှိ ဆိုင်ခန်းတွေမှာ ရောင်းဝယ်နေ

"စစ်ရေးအရ အဓိကကျနေသည့် စစ်ကောင်စီ၏ ခဲယမ်းလက်နက်အသက်သွေးကြော ကပစတပ်များ"

Image
တေဇ (CDM) စစ်ကောင်စီ၏ အဓိကအားထားသည်မှာ ရုရှား၊ တရုတ်စသည့် အင်အားကြီးနိုင်ငံများ မဟုတ်ပါ။ နိုင်ငံရေး၊ သံတမန်အရေးတွင်တော့ အားကိုးအားထား ပြုလုပ်နိုင်ပါသည်။ သို့သော် ကျွန်တော်အနေဖြင့် နိုင်ငံရေးနားမလည်သည့်အတွက် သိပ်မပြောလိုပါ။ စစ်ရေးပိုင်းအရ စစ်ကောင်စီကို အဓိကဒေါက်တိုင်အဖြစ် အထောက်အကူပေးနေသည်မှာ စစ်ကောင်စီတပ်များအတွက် စစ်လက်နက်ခဲယမ်းအင်အားကို ပြည့်၀စေရန် ထုတ်လုပ်ပေးနေသော ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) များသာ ဖြစ်ပါသည်။ ကာကွယ်‌ရေးပစ္စည်းစက်ရုံများသည် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်) အောက်တွင် ရှိသည်။ ကကထုတ်ရုံးတွင် ထုတ်အရာရှိချုပ်အဖြစ် လက်ရှိတာဝန်ယူထားသူမှာ ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းဖြစ်ပြီး နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စစ်ရုံးအမှတ် (၈) တွင် ရုံးထိုင်ကွပ်ကဲပါသည်။ ထုတ်ချုပ်၏လက်အောက်တွင် ဒုထုတ်ချုပ်နှစ်ဦး ရှိသည်။ ၎င်းတို့မှာ ဗိုလ်ချုပ်ကိုကိုလွင်နှင့် ဗိုလ်ချုပ်မျိုးအောင်တို့ ဖြစ်သည်။ ဗိုလ်ချုပ်ကိုကိုလွင်သည် တပ်မတော်အကြီးစားစက်ရုံများကို တာဝန်ယူကွပ်ကဲပြီး ဗိုလ်ချုပ်မျိုးအောင်သည် တပ်မတော်စစ်လက်နက်ပစ္စည်းစက်ရုံများကို တာဝန်ယူကွပ်ကဲသည်။ ကကထုတ်လက်အောက်တွင် ကပစ စက်ရုံများအပ

မင်းအောင်လှ်ိုင်ဖောင်ဖျက်နေပြီ

Image
NUG ဘက်မှာ အာဆန် UN EU US ရှိနေတော့ သာကောကြီးပါမသွားအောင် မြစ်ဆုံပါ ထိုးပေးနေပြီ  ဆိုရရင် သူတို့မကျစေဖို့ ဒီမြေကို ရှိသမျှ ခွဲ လှီးထုတ် စုပုံပေးနေပြီ လိုအပ်ရင် နိုင်ငံပါ ရောင်းစားဖို့ ၀င်လေးမှာ မဟုတ်တော့ ဖောင်ဖျက်ပြီး လိုချင်တာ ရှိတာ အကုန် ထုတ်ပေးနေပြီ တနည်း ဝှတ်ဖဲတွေထဲက အသက်ကယ်ဆေးတွေဖြစ်တဲ့ မြစ်ဆုံကို နောက်ဆုံးတားဂတ်ထား လုပ်ခြင်းဟာ ပြည်သူကို စိန်ခေါ်ခြင်းပဲ တမင် အဆွနဲ့ ကစားပြတာဖြစ်တယ် ငါ့လာထိ အကုန် ဖြိုချ ဖျက်စီးပြစ်မယ်ဆိုတဲ့အထာ ချိုးပြခြင်းသာ ဖြစ်တယ်  ပြည်သူက ဆူပွတ်မရ ငြိမ်ခံပြနေကြရတော့ အောင်နိုင်သူကြီးသဖွယ် အချိုးနဲ့ ရပ်တည်မယ် ဒါပြီးရင် နောက်ထပ် အသက်ကယ်ဆေးတွေဖြစ်တဲ့ ဓာတုဗုံး မားသားစုတို့ပါ နောက်ဆူံး ထုတ်သူံးလာနိူင်ပါသေးတယ် လောဆယ် မြစ်ဆုံနဲ့ ရှိုးပြပြီး အသက်ကယ်ဆေးအဖြစ် သာကောကြီးကို NUG ဘက် ပါမသွားအောင် တားဆေးကြွေးထားပြီပဲ ဖြစ်တယ်  ဒီတော့ မအလဟာ နောက်ဆူံး အဆင့်ရောက်နေတဲ့အတွက် ဒီအချက်တွေကို တားစီးဖို့ဆိုရင် NDAA အမြန် ကူညီပေးမှုတွေနဲ့ ထိရောက်တဲ့ စစ်ဆင်ရေးတွေ ပြုလုပ်ပြီး နိုင်ငံရေးအရပါ မြစ်ဆုံအပါ ကြိုတင်ပြီး ဓာတု နူကလိ့ယားတွေအတွက် ဟန့်တားနိုင်ဖို့ အော်ချက် ထုတ်ပြနိုင်ဖို့လိုတယ် UN နဲ့ ကမ

" အဖြေထွက်ပြိီးသော ပုစ္ဆာနှစ်ပုဒ် "

Image
US က စစ်သား မစိုက်ရတာပဲ ရှိပါတယ် ကျန်တာ အကုန် ငွေ လနက် ပုံအောထားလို့ သူနဲ့ ဖြစ်နေ တိုက်နေတဲ့ US Vs ရုရှား စစ်ပွဲပါပဲ ဒါတောင် လက်နက်ဆန်းတွေ အသစ်တွေ လျိုထားသေးတယ် အာဖဂန်ကို ရှုံးတာ ပြည်သူပါ ပျောက်ကျားနဲ့ အသေခံတိုက်လို့ပါ ခုက ဒယ်ဒယ်ခြင်းဆိုတော့ ရုရျားနားကားနေတယ် ဒါကြောင့် အာဖဂန်က ကြေးစားတွေ ခေါ်အသုံးပြုနေခြင်းပဲ ဖြစ်တယ်။ သို့သော် မြေအနေထား နည်းပညာ စစ်ရေးအားကြောင့် မရတော့ပါဘူး ခုကို အီရန်ဒရုန်းတွေ ပွဲမတိုးတော့ဘူး US က တဆင့်မြင့် လေကာဒုံးတွေ ပြန်သုံးတိုက်လို့ ခုလည်း ထပ်ပြီး အဆင့်မြင့်ဒုံးတွေ ထပ်ပေးမယ်ဆိုတော့ ရုရှားက ကြောက်လန့်ပြီး နူသုံးမှရမယ် အော်ချက်ထုတ် ဟိုက်ပါဆိုးနစ်တွေ သုံးပြနေပေမယ့် ပထမတခါ သုံးပြထားဘူးတဲ့အတွက် ဒီလောက်ဟုတ်မယ် မထင်ဘူး ပွဲအဖြေက ခုကို အတော်ကွာဟ ပြတ်သားနေပြီ ပူတင်က အရှက်ပြေ ခံစစ်နဲ့ မလူးလွန့်သာပဲ ပြန်တိုက်နေရတယ်၊ သို့ဆို အဖြေရှာတွေ့လောက်ပြီပေါ့ NDAA ဟာ US အမျိုးသားလုံခြုံကာကွယ်ရေးပဋိဉာဉ်ပဲ ထိုထဲမှာ ရုရှား တျုတ်ရန်မှနေ ကာကွယ်ဖို့ပါတယ် NUG PDF ကို နည်းပညာ ကူညီပေးရေးပါတယ် ဒီတော့ ၂ နှစ်လောက် စောင့်ကြည့်ပြီး အင်အားတောင့်ရုံမဟုတ် ဖွဲ့စည်းမှုအားကောင်းလာတဲ့ PDF တပ်ကို US ဟာ တျူတ်

ဖရဲသီးများကို ဒလန် အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက လျှို့ဝှက် အမိန့် ထုတ်ပြန်

Image
စစ်ကိုင်းတိုင်းတွင် ဝန်ကြီးဌာနအတွင်းမှ ဖရဲသီးများကို ဒလန် အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက လျှို့ဝှက် အမိန့် ထုတ်ပြန် ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ခေတ်သစ် စစ်ကိုင်းတိုင်းအတွင် ဝန်ကြီးဌာနအတွင်းမှ PDF ထောက်ခံနေသူများ၊ ဖရဲသီး များ ကို ဒလန်အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက တရားဝင် လျှို့ဝှက် ညွှန်ကြားချက် တစ်ရပ်ကို ဒီဇင်ဘာလအတွင်း ထုတ်ပြန်လိုက်သည်။  နိုဝင်ဘာလ၈ ရက်နေ့ နံနက် ၉ နာရီအချိန်  စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံး အစည်း အဝေး ခန်းမ ၁ တွင် ကျင်းပပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်းအစိုးရ တည်ငြိမ် အေးချမ်း ရေးနှင့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဝန်ကြီးဌာနအတွင်း PDF များ ထံသို့ သတင်းပေး နေသည့် ဖရဲသီးများကို ဒလန်အမည်တပ်၍ ရှင်းလင်း ရ န်ဆိုသော လျှို့ဝှက်အမိန့် ညွှန်ကြားချက်ကို ခရိုင်အဆင့် ဌာနဆိုင်ရာ များ အားလုံးသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။  အဆိုပါ အစည်းအဝေးတွင် စစ်ကိုင်းတိုင်း စစ်ကောင်စီက ညွှန်ကြားချက် ၅ ချက် ထုတ်ပြန်ခဲ့ပြီး ဝန်ထမ်းများ ခရီးသွားလာရာတွင် လုံခြုံမှုရှိမှသာ သွားလာ ရန် အကြောင်း ကြားချက်ကို တိကျစွာ လိုက်နာရန်၊ ဌာနအတွင်းရှိ ဒလန်များ ကို ရှင်းလင်းရန်၊ တ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ်ဗိုက်ဒါ ပြောစကား

Image
မြန်မာပြည်သူများသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ပိုင်ဆိုင်မည်ဟု ယုံကြည်ကြောင်း အမေရိကန် သံအမတ်ပြောကြား CJ Platform https://cjplatform.com/?p=4368 မြန်မာပြည်သူများသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိုပိုင်ဆိုင်မည်ဟု ယုံကြည်ကြောင်း တာဝန်ပြီးဆုံးတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ်ဗိုက်ဒါက ယနေ့တွင်ပြောကြားသည်။ ပြီးခဲ့သည့် ၂နှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်ကို ဂုဏ်ယူကြောင်း၊ သမ္မတဦးဝင်းမြင့်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ၂၀၂၁ ဇန်နဝါရီ ၁၉ရက်တွင် သံအမတ်ခန့်အပ်လွှာပေးအပ်နိုင်ခဲ့ခြင်းသည် ဆုလာဒ်တစ်ခုဖြစ်သည်ဟု သံအမတ်ကြီးက ပြောကြားသည်။ ထို့နောက် စစ်တပ်သည် အရပ်သားအစိုးရကိုဖြုတ်ချပြီး အကြမ်းဖက်ဖိနှိပ်ချုပ်ခြယ်မှုလမ်းစဥ်ကို စတင်ခဲ့သည်မှာ ယနေ့ထိဖြစ်ကြောင်း၊ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ၏ ထူးခြားအောင်မြင်မူများသည် ဆိတ်သုဥ်းပျောက်ကွယ်ခဲ့ကြောင်း အမေရိကန်သံအမတ်က ပြောကြားသည်။ "တရားမျှတမှုဆီရောက်ဖို့ အချိန်ကြာမြင့်တတ်ပေမယ့် စကြာဝဠာကြီးက. တရားမျဌတမှုဆီကိုပဲ ဦးတည်ရွေ့လျားနေတယ်လို့ မာတင်လူသာကင်းဂ