Posts

NLD နာယက ဦးတင်ဦးကို စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် သွားရောက်တွေ့ဆုံ

Image
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက သူရဦးတင်ဦးကို  စစ်ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က ဒီကနေ့ဒီဇင်ဘာ၁၉ရက် မနက်ပိုင်းက လာရောက်တွေ့ဆုံတယ်လို့ ဦးတင်ဦးနဲ့ နီးစပ်သူအချို့ဆီကသိရပါတယ်။ ဗဟန်းမြို့နယ်က ဦးတင်ဦးနေအိမ်ကို ဒီကနေ့ မနက် ၉နာရီကျော်က လာရောက် တွေ့ဆုံတာဖြစ်ပြီး ကျန်းမာရေး အခြေအနေနဲ့ မဟာစည်ဘုန်းကြီးကျောင်းမှာအတူတူတရားထိုင်ခဲ့တဲ့ အတွေ့အကြုံတွေကိုဆွေးနွေးပြောကြားကြတယ်လို့ ဆိုပါတယ်။  လူမှုကွန်ရက်မှာ ထွက်ပေါ်နေတဲ့ ဓာတ်ပုံမှာတော့ ဦးတင်ဦးကစာတစ်စောင်ကိုဖတ်နေတာတွေ့ရသလိုပင်နီအင်္ကျီကိုဝတ်ဆင်ကာ တွေ့ဆုံခဲ့တာတွေ့ရပါတယ်။ '' ဂါရဝပြုတာပေါ့။ကျန်းမာရေး‌အခြေအနေမေးတယ်။ ပြီးတော့ မဟာစည်မှာတရားထိုင်ခဲ့တဲ့ အကြောင်းတွေပြောကြတယ်။ နိုင်ငံရေးအကြောင်းမပါပါဘူး။ ၁၀မိနစ် ၁၅မိနစ်လောက်ပဲကြာပါတယ်''လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။  အခုတွေ့ဆုံမှုမတိုင်ခင်ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဦးတင်ဦးဆီကို မန်းငြိမ်းမောင်က လွတ်လပ်ရေးနေ့အခမ်းအနားဖိတ်ဖို့ သွားရောက်မယ်လို့ သတင်းတွေထွက်ခဲ့တာပါ။ ဒါပေမဲ့ နီးစပ်သူတွေကတော့လွတ်လပ်ရေးနေ့ဖိတ်တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်တွေကို စစ်ကောင်စီက ဖ

VAKOK -CNDF တပ်ဖွဲ့ကို US Army မှ သင်တန်းဆရာတွေရဲ့ အထူးကြပ်မတ်မှုဖြင့် အပြင်းအထန် စစ်ရေးလေ့ကျင့် (ရုပ်/သံ)

ဗွီဒီယိုကြည့်ရန်ဒီမှာနှိပ်ပါ ဧရာဝတီတိုင်းမ် ဒီဇင်ဘာလ ၁၉ ရက်  စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်အခြေစိုက်ဖြစ်သည့် VAKOK  CNDF က ရဲဘော်တွေကို US Army မှ သင်တန်းဆရာတွေရဲ့ အထူးကြပ်မတ်မှုဖြင့် အပြင်းအထန် စစ်ရေးလေ့ကျင့်နေကြောင်းကို VAKOK  CNDF တပ်ဖွဲ့ထံက ယမန်နေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က သတင်းထုတ်ပြန်သည်။ အဆိုပါ VAKOK -CNDF တပ်ဖွဲ့သည် မြို့တွင်းတိုက်ပွဲ၊ အနီးကပ်ခြေမှုန်းရေး၊ တန်ပြန်ထိုးစစ်ခြေမှုန်း တိုက်ခိုက်ရေးတို့အတွက် အပြင်းအထန် စစ်ရေးလေ့ကျင့်နေကာ စစ်ရေးလေ့ကျင့်မှု ပြီးဆုံးသည်နှင့် တပြိုင်နက် စစ်ရေးလှုပ်ရှားရာဒေသ ကလေးမြို့တွင်းနဲ့ တောင်ပိုင်းဒေသတို့မှာ တိုက်ပွဲတွေဖော်ဆောင်သွားမယ်လို့ အသိပေးထုတ်ပြန်ထားသည်။ ဒါ့ပြင် VAKOK - CNDF တပ်ဖွဲ့အနေဖြင့် တိုက်ပွဲများဖော်ဆောင်ရန်အတွက် လက်နက်ခဲယမ်း လိုအပ်မှုမှာလည်းရှိနေသည့်တွက် ပြည်တွင်း၊ ပြည်ပ ညီအစ်ကိုမောင်နှမများမှလည်း စစ်အာဏာရှင် အမြစ်ပြတ်တိုက်ခိုက်ပြီး၊ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်  VAKOK - CNDF တပ်ရင်းအား ဆက်လက်အားဖြည့်ကူညီပေးကြရန်လည်း အကူအညီတောင်းခံထားကြောင်းသိရသည်။ ရုပ်သံ-VAKOK - CNDF #Ayeyarwaddy_Times

⏰ ၁၉-၁၂-၂၀၂၂ သတင်းများ

Image
📬 ယနေ့ကြေးနန်း 📭 ⏰ ၁၉-၁၂-၂၀၂၂ ...................................... သတင်းပိတ်-7:30 pm တင်-8:30 pm  ........................................       🛑 မြင်းခြံခရိုင်  ************ ♦ယနေ့ထူးခြားမှု မရှိ  🎯 တိုက်ပွဲ၊ EAOs & PDF ********************   ♦အင်းတော်တွင် စစ်တပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်ဖွဲတို့ တိုက်ပွဲဖြစ်ပြီး စစ် သား ၄၀ နီး ပါး ဒဏ်ရာရ သေ ♦မနေ့က ဆားလင်းကြီးတွင် ဘီယာဆိုင်လာသည့် ရဲများကို ပစ်ခတ်တိုက်ခိုက်မှု ဒုရဲအုပ် အပါအဝင် ရဲ ၄ ဦးသေ၊ လက်နက် ၃ လက်ရ ♦မနေ့ညက မြောင်မြို့ပေါ်ရှိ စစ်တပ် တပ်စွဲထားသော နေရာ ၄ ခုကို တပြိုင်တည်း ပစ်ခတ် တိုက်ခိုက်  ♦မတ္တရာတွင် စစ်တပ်ထောက်ပို့ယာဉ်တစ်စီးကို လက်နက်ခဲယမ်းများ ဖမ်းမိ ♦ မြိုင်တွင် ဈေးဝယ် ထွက်သည့် စစ်ကားကို  မိုင်း ၁၅ လုံးဖြင့် တိုက်ခိုက်မှု စခ နှင့် ပျူများ သေ ထိခိုက် ရှိ  ♦အမေရိကန် စစ်မှုထမ်းဟောင်း သင်တန်းဆရာများနှင့် အထူးတပ်ဖွဲ့သင်တန်း CNDF ပြုလုပ် ♦ဒီ- ၁၅ ရက်က ကန့်ဘလူတွင် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးချ တိုက်ခိုက် ♦မှော်ဘီလေတပ်စခန်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ရှော့တိုက် ဒုံး ၃ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့  🤡 စစ်ကောင်စီ ***********

ဆားလင်းကြီးမှာ ဘီယာဆိုင်လာထိုင်တဲ့ ရဲငါးယောက်ကို တော်လှန်ရေးတပ်တွေ ဝင်ပစ်၊ ဒုရဲအုပ်အပါအဝင် လေးယောက်သေပြီး အူဇီသေနတ်သုံးလက်ရရှိ (ရုပ်သံ)

https://youtu.be/XLc02rxMP1o  ကိုနှိပ်ပါ။ December 19 စစ်ကိုင်းတိုင်း ဆားလင်းကြီးနယ် မှာ ဘီယာဆိုင်လာထိုင်တဲ့ စစ်ကောင်စီလက်အောက်ခံ ရဲငါးယောက်ကို မနေ့က ပစ်ခတ်တိုက်ခိုက်မှုအတွင်း ဒုရဲအုပ်အပါအဝင် ရဲလေးယောက်သေကာ သေနတ်သုံးလက်ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ချင်းတွင်းဂဠုန်ရာဇာပြောက်ကျားတပ်ဖွဲ့က လူငယ့်ခေတ်ကို ပြောပါတယ်။

၅ နှစ်အတွင်း စစ်ရေးဆိုင်ရာ နူကလီးယားနည်းပညာ ရရှိရေး မင်းအောင်လှိုင်မျှော်မှန်း

Image
ရုရှား-မြန်မာဆက်ဆံရေးအဖွဲ့ကို ဝန်ကြီးဌာနပုံစံဖွဲ့စည်းထားပြီး နူကလီးယား ဆိုင်ရာ ဌာနကြီး တစ်ခုကိုပါ ဖွဲ့စည်းထား၊ ၃ နှစ်မှ ၅ နှစ်အတွင်း စစ်ရေးဆိုင်ရာ နူကလီးယားနည်းပညာ ရရှိရေး မင်းအောင်လှိုင်မျှော်မှန်းထားဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၁၉ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ရန်နှင့် နှစ်နိုင်ငံ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး အရှိန်အဟုန်တိုးမြှင့် ပူးပေါင်းဆောင် ရွက်ရေးအတွက် စစ် ကောင်စီက စစ်ဘက်အရာရှိကြီးများ ဦးဆောင်ပါဝင်သောအဖွဲ့တစ်ခုကို  ဝန်ကြီး ဌာနပုံစံ ဖွဲ့စည်းထားပြီး ယင်းဝန်ကြီးဌာနအောက်တွင် ရုရှား-မြန်မာ နူကလီးယား နည်းပညာပူးပေါင်းမှု ဌာနကြီးတစ်ခုကိုပါ ဖွဲ့စည်းထားကြောင်း နေပြည်တော်စစ်ဘက်သတင်းရပ်ကွက်ထံမှ သိရှိရသည်။  ရုရှားနိုင်ငံတွင်  စက်တင်ဘာလ ၇ ရက်နေ့ ကျင်းပခဲ့သည့် အရှေ့ဖျားစီးပွားရေး ဖိုရမ်(EEF)တွင် ရုရှားသမ္မတ ပူတင်နှင့် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ပြီးနောက် နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်ရေးအတွက် ဝန်ကြီးဌာနပုံစံ အဖွဲ့များ ဖွဲ့စည်းခြင်း၊ နူကလီးယားနှင့်စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဌာနကြီးတစ်ခုကိုပါ တိုးချဲ့ ဖွဲ့စည်းလာခြင်းဖြစ်ကြောင်း သိရှိရသည်။  "ရုရှား-မြန်မာပူးပ

ကမ္ဘာဗလားကိုအသက်နဲ့လောင်းကြေးထပ်ခဲ့တဲ့စခ

Image
မြောင်တွင် စစ်အုပ်စု ကမ္ဘာ့ဖလားဗိုလ်လုပွဲကြည့်နေချိန် တပ်စွဲရာနေရာလေးခုကို ပစ်ခတ်တိုက်ခိုက် အောင်ဇေယျ/People's Spring စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်တွင် စစ်အုပ်စု ကမ္ဘာ့ဖလားဗိုလ်လုပွဲ ကြည့်နေချိန် ရဲစခန်းအပါအဝင် စစ်အုပ်စုတပ်စွဲရာ နေရာ လေးခုကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြောင်မြို့နယ်တော်လှန်ရေးတပ် MRAအဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။ ယမန်နေ့(ဒီဇင်ဘာ ၁၈ ရက်) ည ၉ နာရီခွဲခန့်က မြောင်မြို့ပေါ်ရှိ စစ်ကောင်စီအုပ်စု တပ်စွဲရာ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဝန်ထမ်းအိမ်ရာနှင့် စစ်ကောင်စီတပ်သားများ ကင်းပုန်းဝပ်နေသည့် နေရာများသို့ MRAက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ဖလား ဗိုလ်လုပွဲအား အားပေးနေကြမည့်အခြေအနေကို အခွင့်ကောင်းယူ၍  လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်သားများ အထိအခိုက်အကျအဆုံး အများအပြားရှိသည်ဟု သိရပြီး အသေးစိတ်ထပ်မံစုံစမ်းနေကြောင်း MRA အဖွဲ့ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ပြောသည်။ "မြို့ထဲထိဝင်ပြီး အနီးကပ် ပစ်ခဲ့တာပါ။ အပြန်အလှန် ပစ်ခတ်ခဲ့တာ ၃၀မိနစ်ခန့် ကြာခဲ့ပါတယ်။ ဒီ Missionကို ကမ္ဘာ့ဖလား ဗိုလ်လုပွဲရက်မှာ သေချာ

PNO နယ်ထဲမှာ မိတဲ့သေနတ်တွေကို PDF သယ်လာတဲ့ သေနတ်တွေလို့ စစ်ကောင်စီ သတင်းဖြန့်

Image
မဲခေါင်၊ ဒီဇင်ဘာ ၁၉ PNO နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက် ၉ နာရီက PDF တွေ သယ်ဆောင်လာတဲ့ လက်နက်များစွာ ဖမ်းမိပြီး လိုက်ပါလာသူတွေ ထွက်ပြေးသွားတယ်လို့ စစ်ကောင်စီ အာဘော် သတင်းဌာနတွေက မနေ့က ဖော်ပြပါတယ်။ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအနီးမှာ ပင်လုံမြို့၊ ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ  ဘက်သို့ မောင်းနှင်လာတဲ့ ၆ ဘီးကားကို ရှာဖွေစစ်ဆေးရာ PDF အဖွဲ့ဝင်တွေ လျှို့ဝှက် သယ်ဆောင်လာတဲ့ Type-81 အမျိုးအစား သေနတ် ၄၉၉ လက်၊ ကျည်အိမ် ၄၉၈ ခုနဲ့ တခြား ဆက်စပ် ပစ္စည်းတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ သတင်းဖြန့်ထားတာ ဖြစ်ပါတယ်။ "ပင်လုံဖက်က လာတယ်ဆိုတော့ အဲဒီမှာ RCSS ဂိတ်ရော၊ PNO ဂိတ်ရော ရှိတယ်။ ပြီးတော့ အဲဒီလမ်းက ရပ်စောက်သွားလမ်း။ စစ်တပ်ဂိတ်က ၂ ဂိတ်၊ ၃ ဂိတ်ရှိတာ။ ဒါကို ဘယ် PDF က အဲဒီလမ်းကနေ လက်နက် သယ်မှာလဲ။ နောက်တစ်ခုက ပင်လုံ၊ ဟိုပုံး၊ ရပ်စောက် ၃ ဒေသလုံးမှာ PDF မှ မရှိတာ။ သတင်းဖြန့်တာတောင် ဦးနှောက်ရှိရှိ မဖြန့်တတ်ဘူး" လို့ ဟိုပုံးဒေသခံတစ်ဦးက ပြောပါတယ်။ အဲဒီကားဟာ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေး သွားတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖမ်

“ရွှေဘ နောက်ပိုင်း ကြမ်းမည်”

Image
“ရွှေဘ နောက်ပိုင်း ကြမ်းမည်” ကာလ ထဲ စတင် ချည်းနင်း ဝင်ရောက်လာပြီ *************** ကုလ အထွေထွေ ညီလာခံ၏ ကိုယ်စားလှယ် ခန့်အပ်ရေး ကော်မတီမှ တနင်္လာနေ့တွင် တွေ့ဆုံဆွေးနွေးပြီး စစ်အာဏာသိမ်း အဖွဲ့မှ သံအမတ်အသစ် အမည်စာရင်း တင်သွင်းလာမှု အပေါ် မဲ ပင် ခွဲစရာ မလိုပဲ ဆုံးဖြတ်ချက် ပေးရန် နောက်တကြိမ် ထပ်မံ ရွှေ့ဆိုင်းလိုက်သည့် ဆုံးဖြတ်ချက်အား အထွေထွေ ညီလာခံမှ သောကြာနေ့တွင် တရားဝင်  ကျေညာလိုက်ခြင်းဖြင့် အမျိုးသား ညီညွတ်ရေး အစိုးရဖက်မှ ရပ်တည်လာခဲ့သူ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးကျော်မိုးထွန်းသည် ဆက်လက် ၍ တည်မြဲသွားခဲ့ပြီ ဖြစ်သည်။ ထိုဆုံးဖြတ်ချက် အပေါ် လန်ဒန် အခြေစိုက် မြန်မာ အရေး တာဝန်ခံမှု ထွက်ပေါ်ရေး ပရိုဂျက်၏ ဒါရိုက်တာ ဖြစ်သူ ဘီဘီစီ သတင်းထောက်ဟောင်းကြီး ခရစ် ဂန်းနက်စ် (ပုံတွင် ရှု)  မှ ကြိုဆိုလိုက်ပြီး “တရားမဝင် စစ်အာဏာသိမ်း ခေါင်းဆောင်များမှ နိုင်ငံတကာ၏ အသိအမှတ် ပြုခံရရေး ကြိုးပမ်းလာနေချိန်တွင် ယခုလို ရွှေ့ဆိုင်းခံလိုက်ရခြင်းသည် သံတမန်ရေးအရ ရော၊ သင်္ကေတ သဘောအရပါ လွန်စွာ လေးနက် မှု ရှိသည်” ဟု ဆိုသည်။ “ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သည် အရှေ့တောင်အာရှတွင် ပိုပေါ့ ၏ ခမာနီ အုပ်ချုပ်ရေး ကာလအတွင်း ပေါ်ပေ

PDF တပ်သား ၆၅၀၀၀ ကျော်ခန့်ရှိ

Image
ယူကျု့တွင်ကြည့်ရန်ဒီမှာနှိပ်ပါ ဂျာမန် DW သတင်း ဌာက ၁၇-၁၂-၂၀၂၂ ဒီနေ့  ထုတ်လွှင့် သွားတဲ့ မြန်မာ က ပီဒက်တွေအကြောင်း  Documentary သတင်း ဗီဒီယိုပါ။ ဂျာမန်သတင်းထောက်ဟာ ပီဒက်အချို့နဲ့ တွေ့ဆုံသတင်းယူခဲ့ပါတယ်။ ပီဒက် PDF တပ်သား ၆၅၀၀၀ ကျော်ခန့်ရှိနေပြီး ၊  သူတို့ဟာ မြန်မာပြည်ပြန်လည်လွတ်မြောက်ဖို့ ဘာကိုပဲပေးရ၊ပေးရ အသက်ကိုပင်မမှုပဲ ရင်ဆိုင်နေကြပြီး စိတ်အားထက်သန်နေကြတယ်။ လူငယ်တွေ အဖွဲဖွဲ အသုတ်လိုက် ပီဒက် တပ်တွေ အသီးသီး ကိုလာရောက်ပူးပေါင်းနေကြတယ်။ နောက်ဆုံးသတင်းက ပီဒက်ကလေး ပြောသွားတာ ကတော့ သူတို့ နိုင်ငံခြားပြည်ပကလက်နက်ထောက်ပံ့ တာကို လိုချင်တယ်။ DW news 17-12-2022

အရာရှိ ၂ ဦးကိုဖမ်းဆီးမှု တပ်တွင်းဝေ ဖန်ပြစ်တင်မှုများရှိနေ

Image
ခမရ ၄၀၅ မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး လှိုင်မင်းထွဋ် နဲ့အကြီးတန်းအရာရှိ ၂ ဦးကိုဖမ်းဆီးမှု တပ်တွင်းဝေ ဖန်ပြစ်တင်မှုများရှိနေပြီး စစ်ခေါင်းဆောင်တွေအပေါ် မကျေမနပ်ဖြစ်နေ ဧရာဝတီတိုင်းမ် ဒီဇင်ဘာလ ၁၈ ရက် ကရင်ပြည်နယ်စစ်ဆင်ရေးအတွင်း စစ်တိုက်ဖို့ငြင်း ဆန်ခဲ့တဲ့ တနင်္သာရီတိုင်း၊သရက်ချောင်းမြို့အခြေ စိုက် ခမရ ၄၀၅ တပ်ရင်းမှူးနဲ့ဒုတပ်ရင်းမှူးအပါ တပ်အကြီးတန်းအရာရှိ ၃ ဦးကို ဖမ်းဆီးစစ်ဆေးနေတဲ့အပေါ် ခမရ ၄၀၅ တပ်ရင်း ကတပ်မိသားစုဝင်တွေ မကျေမနပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ကရင်ပြည်နယ်၊ဖာပွန်ခရိုင်နယ်မြေအတွင်းက စစ်ကောင်စီတပ်မဲဝိုင်စခန်းကို စစ်ကူ သွားရောက်ပူးပေါင်းဖို့ ခမရ ၄၀၅ ရဲ့ကွပ်ကဲမှုဖြစ်တဲ့ အမှတ် ၈ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ ၈) စကခ မှူး ဗိုလ်မှူးချုပ် အေး မင်းဦးမှ ဒီဇင်ဘာလ ၁၄ ရက်နေ့က ညွှန်ကြားမှုကို ခမရ ၄၀၅ တပ်ရင်းမှူး၊ဒုတပ်ရင်း မှူးနဲ့ တပ်ခွဲမှူး မှူး/ဗက ၁ ဦးတို့ က မသွားရောက်နိုင်ကြောင်းပြန်လည်ပြောဆို၍ အာဏာဖီဆန်တပ်တွင်းပုန်ကန်ခဲ့တာဖြစ်ပြီး အဲ့ဒီလို လုပ်ဆောင်ခဲ့လို့ စစ်ကောင်စီတပ်က ခမရ ၄၀၅ စစ်ကြောင်းကို သာလွန်အင်အားနဲ့ပြန်လည်ဝိုင်းပြီး တပ်အကြီးတန်းအရာရှိ ၃ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဲ့ဒီလို ခမရ ၄၀၅ တ