PNO နယ်ထဲမှာ မိတဲ့သေနတ်တွေကို PDF သယ်လာတဲ့ သေနတ်တွေလို့ စစ်ကောင်စီ သတင်းဖြန့်

မဲခေါင်၊ ဒီဇင်ဘာ ၁၉

PNO နယ်မြေဖြစ်တဲ့ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နယ်မှာ ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက် ၉ နာရီက PDF တွေ သယ်ဆောင်လာတဲ့ လက်နက်များစွာ ဖမ်းမိပြီး လိုက်ပါလာသူတွေ ထွက်ပြေးသွားတယ်လို့ စစ်ကောင်စီ အာဘော် သတင်းဌာနတွေက မနေ့က ဖော်ပြပါတယ်။

ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်းကျေးရွာအနီးမှာ ပင်လုံမြို့၊ ဆနင်းကျေးရွာဘက်မှ ရပ်စောက်မြို့နယ်၊ ပင်ဖြစ်ကျေးရွာ  ဘက်သို့ မောင်းနှင်လာတဲ့ ၆ ဘီးကားကို ရှာဖွေစစ်ဆေးရာ PDF အဖွဲ့ဝင်တွေ လျှို့ဝှက် သယ်ဆောင်လာတဲ့ Type-81 အမျိုးအစား သေနတ် ၄၉၉ လက်၊ ကျည်အိမ် ၄၉၈ ခုနဲ့ တခြား ဆက်စပ် ပစ္စည်းတွေ သိမ်းဆည်း ရမိခဲ့တယ်လို့ သတင်းဖြန့်ထားတာ ဖြစ်ပါတယ်။

"ပင်လုံဖက်က လာတယ်ဆိုတော့ အဲဒီမှာ RCSS ဂိတ်ရော၊ PNO ဂိတ်ရော ရှိတယ်။ ပြီးတော့ အဲဒီလမ်းက ရပ်စောက်သွားလမ်း။ စစ်တပ်ဂိတ်က ၂ ဂိတ်၊ ၃ ဂိတ်ရှိတာ။ ဒါကို ဘယ် PDF က အဲဒီလမ်းကနေ လက်နက် သယ်မှာလဲ။ နောက်တစ်ခုက ပင်လုံ၊ ဟိုပုံး၊ ရပ်စောက် ၃ ဒေသလုံးမှာ PDF မှ မရှိတာ။ သတင်းဖြန့်တာတောင် ဦးနှောက်ရှိရှိ မဖြန့်တတ်ဘူး" လို့ ဟိုပုံးဒေသခံတစ်ဦးက ပြောပါတယ်။

အဲဒီကားဟာ ရပ်တန့်မပေးဘဲ မောင်းနှင်ထွက်ပြေး သွားတဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့က လိုက်လံဖမ်းဆီးရာ ကားကို ရပ်တန့်ခဲ့ပြီး လိုက်ပါလာသူတွေ ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အခုဖမ်းမိတဲ့ လက်နက်တွေဟာ UWSA ၀ တပ်ဖွဲ့က ထုတ်လုပ်တဲ့ လက်နက်တွေ ဖြစ်တယ်လို့ စစ်တပ် အာဘော် သတင်းဌာနတွေက စွပ်စွဲမှုတွေ ရှိနေပေမယ့် ၀ တပ်ဖွဲ့ဖက်က တုန့်ပြန် ဖြေရှင်းတာ မရှိသေးပါဘူး။

သိမ်းဆည်းရမိတဲ့ လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို စစ်ကောင်စီတပ်ဖွဲ့က လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စစ်ဆေး ဆောင်ရွက်နေတယ်လို့လည်း စစ်ကောင်စီဝါဒဖြန့်သတင်းဌာနတွေက ဖော်ပြထားပါတယ်။

MK-008
#MeKongNews


Comments

Popular posts from this blog

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော