Posts

ဖြတ်ဖေါက်ချူပ်ကြိုက်တဲ့ Kylian Mbappé

Image
အီတလီနှင့် ပြင်သစ်ရှိ မီဒီယာများ၏ ဖော်ပြချက်အရ Kylian Mbappé (World Soccer Sensation) သည် Playboy မဂ္ဂဇင်း မျက်နှာဖုံးတွင် ပထမဆုံးဖေါ်ပြခံရသည့် လိင်ပြောင်းမော်ဒယ် Ines Rau နှင့် တွဲနေပြီး အသက် 24 နှစ်အရွယ်ဘောလုံးသမား၏ရည်းစားအသစ်သည် 32 နှစ်ဖြစ်ပြီး 16 နှစ်တွင်လိင်ပိုင်းဆိုင်ရာခွဲစိတ်မှုခံယူခဲ့သည်။

Dec 20✨သတင်းပေါင်းချုပ်

Image
📬 ယနေ့ကြေးနန်း 📭 ⏰ ၂၀-၁၂-၂၀၂၂ ...................................... သတင်းပိတ်-7:30 pm တင်-8:00 pm  ........................................       🛑 မြင်းခြံခရိုင်  ************ ♦ယနေ့ နေ့လည် ၂ နာရီဝန်းကျင်က တောင်သာမြို့ပေါ် ရှိ ဦးရွှေမန်း (ဦးဆင့် ရွှေပန်းထိမ်) ဆိုင်တွင် လုယက်ဓါးပြတိုက်မှုဖြစ်ပွားခဲ့  🛑 NUG ******** ♦နိုင်ငံရေး၊ စစ်ရေး အချိုးအကွေ့ဖြစ်နိုင်သော ၂၀၂၃ နှစ်တွင် တော်လှန်ရေး မဟာဗျူဟာ နှင့် နည်းဗျူဟာများ အလွဲအချော်မဖြစ်ရေး၊ စစ်ကောင်စီ၏ အတုအယောင် ရွေးကောက်ပွဲကို တုံ့ပြန်ရန်   သမ္မတဒူဝါလရှီးလ ညွှန်ကြား ♦အီးယူ-အာဆီယံ ထိပ်သီးအစည်းအဝေးကြေညာချက်ကို NUG ကြိုဆို၊ စစ်ကောင်စီကို ဖိအားပိုပေးရန် တောင်းဆို ♦မြန်မာ့အရေးဆောင်ရွက်မှုများနှင့်ပတ်သက်ပြီး အာဆီယံ၏ထောက်ခံမှုကို လူသိရှင်ကြားထုတ်ဖော်ပြသသင့်ကြောင်း NUG တိုက်တွန်း ♦စစ်ကောင်စီယန္တရားရှိ အမာခံသတင်းပေးပို့သူများ သတင်းအဆင့်အတန်းအလိုက် ဆုငွေပေးမည်ဟု NUG ကြေညာ၊သတင်းပေးပို့သူဖရဲသီးအဖြစ် တော်လှန်ရေး ပူးပေါင်းပါဝင်ရန် စစ်သား၊ရဲနှင့်ဝန်ထမ်းများအား ဖိတ်ခေါ် ♦စစ်ကောင်စီပါဝင်မည့် မြန်မာ့အရေး အလွတ်ဆွေးနွေးပွဲက ထိုင်းနိုင်ငံ၏ ဂုဏ်သိက္ခာကိုသာ ကျဆင

ရွှေလက်အိတ်နဲ့ ကော့ပြခဲ့တဲ့အကြောင်းအရင်းကို ရှင်းပြခဲ့တဲ့ မာတီနက်ဇ်

Image
by Kaung Htet အာဂျင်တီးနားဂိုးသမား   အီမီ   မာတီနက်ဇ်ဟာ   ပြင်သစ်ပရိသတ်တွေက   ၎င်းကို   လှောင်ပြောင်ခဲ့တာကို   တုံ့ပြန်တဲ့အနေနဲ့   ကမ္ဘာ့ဖလားဗိုလ်လုပွဲအပြီး   ဆုဖလားအောင်ပွဲခံချိန်မှာ   အံ့အားသင့်ဖွယ်   ပြုလုပ်ခဲ့တဲ့   အပြုအမူကို ရှင်းလင်းခဲ့ပါတယ်။ မာတီနက်ဖ်ဟာ   နောက်ထပ်တစ်ကြိမ်   အလွန်ကောင်းမွန်တဲ့   ပင်နယ်တီ   အဆုံးအဖြတ်စွမ်းဆောင်ရည်ကို   ပြသခဲ့တာဖြစ်ပြီး   အချိန်ပိုမှာ   မူအာနီရဲ့   အပိုင်ကန်သွင်းချက်ကို   အရေးကြီးတဲ့   ကာကွယ်မှု   ပြုလုပ်နိုင်ခဲ့ပြီးနောက်   ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့   ရွှေလက်အိတ်ဆုကို   ရရှိခဲ့တဖြစ်ပါတယ်။   စင်မြင့်ပေါ်မှာ   ဆုလက်ခံရယူပြီးနောက်   အသက်   ၃၀ အရွယ်   ဂိုးသမားက   ရွှေလက် အိတ်ဆုကို   ပေါင်ခြံနားကို   နှိမ့်ပြီး   ပရိသတ်အုပ်စုရှိရာဘက်ကို   ကော့ပြခဲ့တာဖြစ်ပါတယ် မာတီနက်ဇ်ဟာ   ပြင်သစ်အသင်းပရိသတ်တွေဆီကနေ   လှောင်ပြောင်သံတွေ   ရရှိခဲ့တာကြောင့်   တုံ့ပြန်ခဲ့တာဖြစ်တယ်လို့   ပွဲအပြီးမှာ   အာဂျင်တီးနားရေဒီယိုဌာန  La Red  ကို   ပြောကြားခဲ့ပါတယ်။  “ ကျွန်တော်   အဲဒါကို   လုပ်ခဲ့တယ်။ ဘာလို့လဲဆိုတော့   ပြင်သစ်တွေက   ကျွန်တော့်ကို   လှောင်ပြောင်ခဲ့ကြလို့ပါ။   ဂုဏ်သိက္ခာက

ရေးမြို့ကစစ်တပ်စခန်းကို RPGနဲ့ ရေးဘီလူးတပ်ဖွဲ့ပစ်ခတ်(ရုပ်သံ)

Image
🌐 Z Fighter December 20 🌐 မွန်ပြည်နယ် ရေးမြို့က စစ်ကောင်စီလက်အောက်ခံ(၅၈၆)တပ်ရင်းကို ဒီကနေ့ ဒီဇင်ဘာလ၂၀ရက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့က သတင်းထုတ်ပြန်ဖော်ပြပါတယ်။ ရေးမြို့က စစ်ကောင်စီလက်အောကခံ( ၅၈၆)တပ်ရင်းကို RPGနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီအထိအခိုက်ကိုတော့ ဖော်ပြထားခြင်း မရှိပါဖူး။ ရေးဘီလူးတပ်ဖွဲ့ဟာ မွန်ပြည်နယ်မှာ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ရက်နေ့ကလဲ ရေးမြို့မရဲစခန်းမှုးစီးလာတဲ့ကားကို တိုက်ခိုက်မှုအတွင်း စခန်းမှုးနဲ့ရဲ(၁)ဦးသေခဲ့ကာ M-16သေနတ်တစ်လက်နဲ့ ခြောက်လုံးပြူးတစ်လက်ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။[Lu Nge Khit][Z-F] Video-Yeဘီလူး #Adm_6  #z_fighter @zfighternews ဗွီဒီယိုကြည့်ရန်နှိပ်ပါ https://youtube.com/shorts/-5YVQIVdD9I?feature=share

မအလကောင်သွားရာမီးလိုက်လို့လောင်

Image
မအလ ဒီမနက်၇နာရီလောက် မော်လမြိုင်ကိုရောက်လာ။ ရောက်လာပြီးမကြာမီ မော်လမြိုင်လေဆိပ်မီးလောင်။ Photo credit:

ပါးကွက်ကတော်လှန်ရေးသက်ေတလား😳

Image
ပြည်ခရိုင်မှာ ဆိုင်ကယ်အနီမစီးရ၊ ဦးထုတ်အနီမဆောင်းရ၊ ပါးကွက်မကွက်ရဟု စစ်ကောင်စီလိုက်ကြေညာ ကိုကိုလေး/ဧရာဝတီတိုင်းမ် ဒီဇင်ဘာလ ၁၉ ရက် ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်း မြို့နယ်များတွင် ဒီဇင် ဘာလ ၁၇ရက်နေ့မှစ၍ဆိုင်ကယ်အနီမစီးရ၊ ဦးထုပ် အနီမဆောင်းရ၊ ပါးကွက်မကွက်ရဟု စစ်ကောင်စီမှလိုက်လံကြေညာနေကြောင်း ဒေသခံများထံကသိရသည်။ "ကြေညာတာကတော့ ၁၇ ရက်နေ့က ညနေပိုင်းမှာ ကားနဲ့လိုက်ပြီးအော်တာ။ သူတို့ကြည့်ရတာ အစစ အရာရာအရမ်းကြောက်နေကြသလိုပဲ။ လုံခြုံရေးကလဲအပြည့်နဲ့ နေရာရာအနှံလိုက်ပြီးကြေညာနေတာ ကြေညာချက်တွေကတော့ အစုံပါပဲ ခုက မြို့စျေးသွားဝယ်ဖို့တောင် သူတို့ကြောက်နေရပြီ ဒါက ပြည်သူကို သက်သက် ဒုက္ခပေးနေကြတာပါ" ဟု   ပေါက်ခေါင်း ဒေသခံတစ်ဦးက ဧရာဝတီတ်ိုင်းမ်ကိုပြောဘသည်။ အဆိုပါတားမြစ်ချက်များအပြင် ဆံထုံးမထုံးရ၊ ကတ္တီပါဖိနပ်မစီးရ စသည့် ကြေငြာချက်များလည်းပါဝင်ပြီး လိုက်နာခြင်းမရှိပါက ထောင်ဒဏ်ချမှတ်မည်ဟု စစ်ကောင်စီက ကြေညာခဲ့ကြောင်း ဒေသခံများကပြောသည်။ ပြည်ခရိုင်အတွင်း ၆ မြို့နယ်ရှိပြီး  ပြည်၊ ရွှေတောင်၊ သဲကုန်း၊ပေါင်းတည်၊ ပေါက်ခေါင်း၊ ပန်းတောင်း စသည့်မြို့တွေမှာ ဒီဇင်ဘာလအတွင်း ဆိုင်ကယ်ဖမ်းဆီးမှုတွေပိုများပြားလာပြီး ဒေသခံ

အာဏာရှင် နိုင်ငံများတွင် ထွက်ပေါက်ကို ဖန်တီးကြသည့် လုပ်ရပ်မျိုးများသာ

Image
ပြောချင်ရာ ပြော ************ စစ်ကောင်စီ ၏ မကြာမီက ထုတ်ပြန်ခဲ့သော ကျေညာချက်များကို ကြည့်ပါက နိုင်ငံ အစိုးရမှ ထုတ်ပြန်သော သတင်းမျိုး မဟုတ်၊ ယုတ္တိတန်၏ မတန်၏ စဉ်းစားနေစရာမလိုဘဲ ၎င်းတို့အား ထောက်ခံနေသော လက်တဆုပ်စာ လူတစု အားတက်စေရန် လိမ်ညာ နေမှုများကို လယ်ပြင်တွင် ဆင်သွားသလို ရှင်းလင်းစွာ တနေ့ထက် တနေ့ တိုး၍ပင် တွေ့မြင်လာနေရပေသည်။   ထိုမျှမကသေး ပြည်သူ့တော်လှန်ရေး သမားများကို လူထုမှ ထင်ယောင်ထင်မှား ဖြစ်စေရန် အကွက်ဆင် လုပ်ကြံ ဖန်တီးလာကြပြန်သည်။   ဤသည်ကို ရန်ကုန် မှ ဒလ သို့ သွားသည့် ခရီးသည်တင် ကူးတို့သင်္ဘော ပေါ် ဗုံးပေါက်ကွဲခဲ့မှုက သက်သေခံနေပေသည်။ ထိုသတင်းကို ဖြစ်ပွားပြီး နာရီပိုင်းမျှ အကြာမှာပင် လက်ဝေခံ မီဒီယာများ မှတဆင့် ပြည့်သူ့ ဘက်တော်သား တော်လှန်ရေး သမားများ ၏ လက်ချက်ဟု သက်သေ အထောက်အထား တစုံတရာ မပြနိုင်ဘဲ ချက်ချင်းလို စွပ်စွဲလာခဲ့ကြသည်။   သင်္ဘောပေါ်တွင် အကြမ်းဖက် စစ်တပ်မှ တဦးတလေမျှ မပါရှိပါဘဲလျှက် အသက်စွန့်၍ မစ်ရှင်လုပ်နေကြရသူများအနေနှင့် အဘယ်သို့များ စွန့်စား၍ လုပ်ဆောင်ကြပေမည်နည်း၊ ထိုသို့ လုပ်ပါက ပြည်သူများ ၏ ထောက်ခံမှု ကျဆင်းသွားမည်ကို မသိဘဲ နေလောက်အောင် အသိဉာဏ်ပညာ ကြုံလှီနေကြသူများ မ

ရာဇဝင်ရှိခဲ့တဲ့ ဂဠုန်တပ်ဖွဲ့ လာပြီ

Image
သာယာဝတီမှာ ဆိုင်ကယ်နဲ့ ကင်းပတ်နေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရ သာယာဝတီ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၂။ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတိီမြို့မှာ ဒီဇင်ဘာလ ၁၉ ရက်မနေ့ညက ကင်းလှည့်နေတဲ့ စစ်သားနဲ့ရဲတွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သာယာဝတီဂဠုန်တပ်ဖွဲ့သတင်းတာဝန်ခံဆီက သိရပါတယ်။ ​ သာယာဝတီမြို့ရန်ကုန်-ပြည်လမ်းမှာရှိတဲ့ တိုးဂိတ်အနီးမှာ အင်အား ၁၂ ဦးလောက်နဲ့ ညကင်းလှည့်နေတဲ့အဖွဲ့ကို မနေ့ည ၉ နာရီခွဲလောက်က လက်လုပ်မိုင်း ၂ လုံးနဲ့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ "မိုင်းဆွဲပြီးတဲ့အချိန်မှာ  စစ်ကောင်စီတွေဘက်က သေနတ်ဖောက်သံတွေအဆက်မပြတ်ထွက်လာတယ်။  သိပ်မကြာဘူး လူနာတင်ကားတွေ သွားတာမြင်လိုက်ရတယ် မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့်  စစ်ကောင်စီတပ်ဖွဲ့ဝင်တွေသေဆုံးနိုင်ခြေရှိသလို  ပြင်းထန်ဒဏ်ရာရသူတွေလည်း ရှိနိုင်တယ်"လို့ ဂဠုန်တပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။ သာယာဝတီမြို့နယ်အတွင်းမှာ စစ်ကောင်စီက တမြို့နယ်လုံးကို လုံခြုံရေးတင်းကြပ်ထားတဲ့အပြင် ပြည်သူလူထုကိုလည်းနည်းမျိုးစုံနဲ့စစ်ဆေးဖမ်းဆီးတာတွေ နေ့စဉ်ဆိုသလို ပြုလုပ်နေတာကြောင့် ပဲခူးတိုင်းနန်းထိုက်အောင်စစ်ဆင်ရေးအဖြစ်  တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။ သာယာဝတီဂဠုန်တပ်ဖွဲ့ဟာ မကြာ

ဂါဗာဒီရို နဲ့ မက်ဆီ

ဂါဗာဒီရိုဟာ မက်ဆီကို ဂိုးသွင်းမရအောင်တား ဆီးခဲ့တယ်၊မက်ဆီနဲ့သူတွေ့ ဆုံချိန်ဟာ ၁၀စက္ကန့်လောက်ကြာတယ် ဗလအားကိုးမလုပ်ပဲဝင်မလုံးပဲ တားရုံ လောက်ပဲလုပ်ခဲ့တာ ပယ်နယ်တီပေးရမှာ စိုးတာထက် ကမ္ဘာ့ဖလားကိုနောက်ဆုံး နုတ်ဆက်ကစားနေတဲ့ Legendတယောက် ကိုလေးစားသမှုပြုတယ်လို့ပဲယူဆပါတယ်

NLD နာယက ဦးတင်ဦးကို စစ်ကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် သွားရောက်တွေ့ဆုံ

Image
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နာယက သူရဦးတင်ဦးကို  စစ်ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က ဒီကနေ့ဒီဇင်ဘာ၁၉ရက် မနက်ပိုင်းက လာရောက်တွေ့ဆုံတယ်လို့ ဦးတင်ဦးနဲ့ နီးစပ်သူအချို့ဆီကသိရပါတယ်။ ဗဟန်းမြို့နယ်က ဦးတင်ဦးနေအိမ်ကို ဒီကနေ့ မနက် ၉နာရီကျော်က လာရောက် တွေ့ဆုံတာဖြစ်ပြီး ကျန်းမာရေး အခြေအနေနဲ့ မဟာစည်ဘုန်းကြီးကျောင်းမှာအတူတူတရားထိုင်ခဲ့တဲ့ အတွေ့အကြုံတွေကိုဆွေးနွေးပြောကြားကြတယ်လို့ ဆိုပါတယ်။  လူမှုကွန်ရက်မှာ ထွက်ပေါ်နေတဲ့ ဓာတ်ပုံမှာတော့ ဦးတင်ဦးကစာတစ်စောင်ကိုဖတ်နေတာတွေ့ရသလိုပင်နီအင်္ကျီကိုဝတ်ဆင်ကာ တွေ့ဆုံခဲ့တာတွေ့ရပါတယ်။ '' ဂါရဝပြုတာပေါ့။ကျန်းမာရေး‌အခြေအနေမေးတယ်။ ပြီးတော့ မဟာစည်မှာတရားထိုင်ခဲ့တဲ့ အကြောင်းတွေပြောကြတယ်။ နိုင်ငံရေးအကြောင်းမပါပါဘူး။ ၁၀မိနစ် ၁၅မိနစ်လောက်ပဲကြာပါတယ်''လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။  အခုတွေ့ဆုံမှုမတိုင်ခင်ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ ဦးတင်ဦးဆီကို မန်းငြိမ်းမောင်က လွတ်လပ်ရေးနေ့အခမ်းအနားဖိတ်ဖို့ သွားရောက်မယ်လို့ သတင်းတွေထွက်ခဲ့တာပါ။ ဒါပေမဲ့ နီးစပ်သူတွေကတော့လွတ်လပ်ရေးနေ့ဖိတ်တာမဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီခေါင်းဆောင်တွေကို စစ်ကောင်စီက ဖ