Posts

UNမှာ ဗီဒိုအာဏာ မပါပဲ...မဲခွဲဆုံးဖြတ်နေကြပါပြီ....

Image
UNရဲ့ ဗလာမပါ ကံစမ်းပွဲ **************************** ၂၁-၁၂-၂၂ရက်နေ့ ယနေ့.... UN မှာ ဗြိတိန်က မြန်မာနိုင်ငံအတွက်.... အဆိုတင်သွင်းထားသည့်.…..မူကြမ်းကို..... ဗီဒိုအာဏာ မပါပဲ...မဲခွဲဆုံးဖြတ်နေကြပါပြီ...... (အကြမ်းဖက်မှုတွေ ချက်ချင်း ရပ်တန့်ဖို့.... ထိန်းသိမ်းခံထားရတဲ့ခေါင်းဆောင် .... အမေစု အပါအဝင် နိုင်ငံရေး.... အကျဉ်းသားအားလုံး လွှတ်ပေးဖို့....) UN ရဲ့ ဗီဒိုအာဏာ ရရှိနေကြသည့်.... (၄)နိုင်ငံက...တဖက်ကို (၂) နိုင်ငံစီ.... ဖြစ်နေကြတော့.... မဲခွဲ ဆုံးဖြတ်ကြဖို့ ဖြစ်လာခဲ့ရပါတယ်...… မဲခွဲဆုံးဖြတ်ကြရင်တော့.…. မြန်မာ့အရေး မူကြမ်းက အနိုင်ရဖို့သာ.... ရှိနေပါသည်..... UN မှာ အဆိုပါ မူကြမ်းအနိုင်ရရှိပြီး.…. အချိန်ကာလ တခုသ-တ်မှတ်ပေးပြီးလို့မှ.... မအလ အုပ်စုက လိုက်နာမှု မရှိပါက....... ကမ္ဘာက.... အစွန်းရောက် အကြမ်းဖက်အဖွဲ့အဖြစ်သာ.... သ-တ်မှတ်ကာ စီရင်ချက်တွေ ချမှတ်ကြဖို့သာ..... ရှိနေပါတော့သည်.... Crd., ( ပုံအဟောင်းဖြစ်ပါသည်)

အိုင်ရင်းရှင်းပြတာကြားချင်ပါတယ်

Image
ယူကျူ့တွင်ကြည့်ရန် ://youtu.be/gZCFUzp_jio

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ထောင်ငါးနှစ် ထပ်မံချမှတ်ခံရ

Image
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦးကို နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ၂၁ ရက် ဒီကနေ့မှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ RFA Burmese 2022-12-21 ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦးအား တွေ့ရစဉ်။   Citizen Journalist ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးအောင်နိုင်ဦးကို နေပြည်တော် အချုပ်ထောင်တွင်းတရားရုံးကနေ ဒီဇင်ဘာလ၂၁ ရက် ဒီကနေ့မှာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒ ပုဒ်မ ၅၂ (က) နဲ့ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။ နိုင်ငံတော်သမ္မတရုံး သတင်းနဲ့လုံခြုံရေးဆိုင်ရာဌာနကြီး၊ လုံခြုံရေးအရာရှိချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူး ဦးအောင်နိုင်ဦးကို အောက်တိုဘာ ၁၃ ရက်ကလည်း မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ-၃၊ ပုဒ်မခွဲ (၁)၊ ပုဒ်မခွဲငယ် (ဂ) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပါတယ်။ ဒါ့ကြောင့် ဦးအောင်နိုင်ဦးဟာ စုစုပေါင်း ထောင်ဒဏ် ၁၅ နှစ်ကျခံရဖို့ ရှိနေပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီကို ဖမ်းဆီးမိချိန်က ကိုဂျင်မီဖ

မုံရွာမြို့ပေါ်မှာ ပစ်သတ်ခံရတဲ့ ရဲအလောင်းနဲ့ ဒဏ်ရာရ ရဲ ၂ ဦးကို လာသယ်တဲ့ကား မိုင်းဆွဲတိုက်ခိုက်ခံရ

Image
ရုပ်သံကြည့်ရန်နှိပ်ပါ မဲခေါင်၊ ဒီဇင်ဘာ ၂၁ စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ ပစ်သတ်ခံရတဲ့ ရဲအလောင်းနဲ့ ဒဏ်ရာရ ရဲ ၂ ဦးကို လာသယ်တဲ့ကားကို မိုင်းဆွဲ တိုက်ခိုက်ခဲ့တယ်လို့ Special Forces-11 က မနေ့က ထုတ်ပြန်ပါတယ်။ ဒီဇင်ဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၄၀ မိနစ်က မုံရွာမြို့နယ် တစ်နေရာမှာ ဈေးဝယ်ထွက်လာတဲ့ ရဲ ၃ ဦး လမ်းခုလပ် တစ်နေရာမှာ သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက် ခံခဲ့ရပါတယ်။ Special Forces-11  ရဲဘော်‌တွေ ဦးဆောင်ပြီး မုံရွာမြို့ နယ် -ပ.က.ဖ၊  မုံရွာမြို့နယ်-ပ.လ.ဖ ရဲဘော်တွေ စောင့်ကြို တိုက်ခိုက်ခဲ့ရာမှာ ရဲတစ်ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာ‌တွေနဲ့ ထွက်ပြေးသွားတယ်လို့ သိရပါတယ်။ အဲဒီ တိုက်ပွဲမှာ သေနတ် တစ်လက်၊ ၉ မမ ကျည် ၁၅ တောင့်၊ ကျည်ဘောက် တစ်ခုတို့ကို သိမ်းဆည်း ရမိခဲ့ပြီး ရဲဘော်တွေ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနောက် ညနေ ၄ နာရီ ၅၆ မိနစ်မှာ မုံရွာမြို့ပေါ် တိုက်ခိုက်မှုကြောင့်  သေဆုံးသွားတဲ့ ရဲအလောင်းနဲ့ ဒဏ်ရာရ ရဲ ၂ ဦးကို လာသယ်တဲ့ ကားကို  မုံရွာ-မန္တလေး လမ်းမကြီးရဲ့ မုံရွာ-ချောင်းဦး လမ်းပိုင်းမှာ Special Forces-11 အဖွဲ့က ပဒေသာမိုင်း ၅ လုံးဆွဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ မိုင်းထိမှန်မှုကြ

စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်နဲ့ မင်းအောင်လှိုင် သမီးကို ရိုးမဘဏ်က ထောက်ပံ့နေ

Image
မဲခေါင်၊ ဒီဇင်ဘာ ၂၁ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သမီးပိုင် စီးပွားရေး လုပ်ငန်းတွေကို ထေက်ပံ့နေတဲ့ အထောက်အထားတွေ တွေ့လို့ ကမ္ဘာ့ဘဏ်အုပ်စုရဲ့ လုပ်ငန်းခွဲ ဖြစ်တဲ့ အပြည်ပြည်ဆိုင်ရာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း-IFC က ရိုးမဘဏ်မှာ ရင်းနှီးမြှုပ်နှံထားတာတွေ ရုပ်သိမ်းတော့မယ်လို့ Justice For Myanmar က ဒီကနေ့ အတည်ပြု ထုတ်ပြန်ပါတယ်။ ရိုးမဘဏ်ဟာ လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေး လုပ်ကိုင်နေတဲ့ အထောက်အထား မှတ်တမ်းတွေကြောင့် IFC က ရင်းနှီးမြှုပ်နှံမှုတွေ ရုပ်သိမ်းတာ ဖြစ်ပါတယ်။ IFC ဟာ ရိုးမဘဏ်ရဲ့ ရှယ်ယာ ၄ ဒသမ ၅ ရာခိုင်နှုန်းကို ပိုင်ဆိုင်ပြီး သူ့ရဲ့ အစုရှယ်ယာ အားလုံးကို First Myanmar Investment -FMI ကို အမေရိကန်ဒေါ်လာ ၅ သန်းနဲ့ ပြန်ရောင်းချနေတာ ဖြစ်ပါတယ်။  ၂၀၂၀ ခုနှစ်က ရိုးမဘဏ်ဟာ စစ်ခေါင်းဆောင်ရဲ့ သမီး ခင်သီရိသက်မွန် ပိုင်ဆိုင်တဲ့ Pinnacle Asia ကို ကုမ္ပဏီ ချေးငွေ ထုတ်ပေးခဲ့ပြီး အဲဒီချေးငွေဟာ စစ်ကောင်စီပိုင် မိုင်တဲလ်အတွက် တာဝါတိုင်တွေ တည်ဆောက်ဖို့ ပံ့ပိုးပေးခဲ့တာ ဖြစ်

ခဲတလုံးနဲ့ငှက်နှစ်ကောင်ဇာတ်စပြီ

Image
ခင်ရီ၏ အကြံပြုချက်အတိုင်း ရန်ကုန်တွင် ကြံ့ဖွတ်ပါတီဝင်နှင့် အမာခံ  ၃၆၄ ဦးကို အုပ်ချုပ်ရေးမှူး ၇၂ နေရာနှင့် ရာအိမ်မှူး ၂၉၂ နေရာတွင် အစားထိုးခန့်အပ် ရန်ကုန်၊ ဒီဇင်ဘာ ၂၁ ခေတ်သစ် ရန်ကုန်တိုင်းအတွင်းမြို့နယ်များတွင် ကြံ့ဖွတ်ပါတီဝင်နှင့် အမာခံ ၃၆၄ ဦးကို အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများအဖြစ် ခန့်အပ်လိုက်ပြီး အဆိုပါ ခန့်အပ်မှုများသည် ကြံ့ဖွတ်ဥက္ကဋ္ဌ ခင်ရီ၏ အကြံပြု ချက်အတိုင်း စစ်ကောင်စီက လိုက်ပါဆောင်ရွက်ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရ သတင်းရပ်ကွက်ထံမှ သိရှိရသည်။  ယခုဒီဇင်ဘာလဆန်းပိုင်းမှ လလယ်ပိုင်းအထိ ရပ်ကွက်အုပ်ချုပ်ရေးမှူး ၇၂ ဦး၊ ရာအိမ်မှူး ၂၉၂ ဦးကို အနားပေးလိုက်ပြီး ယင်းတို့၏ နေရာတွင် ကြံ့ဖွတ်ပါတီဝင်နှင့် အမာခံများကို အစားထိုးလိုက် ခြင်းဖြစ် ကြောင်း သိရှိရသည်။  "မင်္ဂလာဒုံမှာ အုပ်ချုပ်ရေးမှူး ၁၄ နေရာကို စစ်မှုထမ်းဟောင်း၊ ကြံ့ဖွတ်တွေချည်းပဲ အစားထိုး လိုက်တယ်။ ရာအိမ်မှူးတွေလည်း အတူတူပဲ" ဟု မင်္ဂလာဒုံဒေသခံတစ်ဦးက ပြောဆိုသည်။  ကြံ့ဖွတ်ပါတီဝင်များကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများအဖြစ် ခန့်အပ်ခြင်းမှာ ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ ခင်ရီ ရေးဆွဲထားသော လုံခြုံရေးစီမံချက်အရ ဆောင်ရွက်

မိုးထဲရေထဲမတရားရုံးထပ်ဆောက်မယ့်သောင်းလှိုင်သား

Image

အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ထောက်ပံ့ကူညီမှု (၂၀၂၃)

Image
အောင်ဒင် (၁) ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်က အတည်ပြုလိုက်တဲ့ အမျိုးသားကာကွယ်ရေး အာဏာအပ်နှင်းမှုဥပဒေ ၂၀၂၃ (NDAA 2023) မှာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်ရဲ့ မူဝါဒနဲ့ ရန်ပုံငွေခွဲဝေသုံးစွဲရန်လမ်းညွှန်မှုတွေကို ပြဋ္ဌာန်းထားတဲ့ The Burma Act of 2022 ကိုပါ ထည့်သွင်းအတည်ပြုခဲ့တဲ့အကြောင်း တင်ပြခဲ့ပါတယ်။ NDAA 2023 က မူဝါဒဆိုင်ရာ ဥပဒေ (Policy Bill) ဖြစ်ပါတယ်။ ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေ (Appropriations Bill) မဟုတ်တဲ့အတွက် အဲဒီ NDAA/The Burma Act ထဲမှာ မြန်မာနိုင်ငံကို အကူအညီပေးမယ့် ထောက်ပံ့ငွေပမာဏ မပါဝင်ပါ။ မြန်မာနိုင်ငံဆိုင်ရာ ငွေကြေးထောက်ပံ့မှု ပမာဏဟာ ကွန်ဂရက်လွှတ်တော်မှာ ပါတီကြီး ၂ ခုစလုံးက ခေါင်းဆောင်တွေ ညှိနှိုင်းရေးဆွဲနေကြတဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ပြည်ထောင်စုအစိုးရ ငွေကြေးခွဲဝေသုံးစွဲရေးဆိုင်ရာ ဥပဒေ (The Consolidated Appropriations Act 2023/ CAA 2023) မှာ ပါဝင်လိမ့်မယ်လို့လည်း ဖော်ပြခဲ့ပါတယ်။ (၂) ကျနော်တို့  စောင့်စားခဲ့တဲ့ CAA 2023 မူကြမ်းကို ဒီကနေ့ (ဒီဇင်ဘာလ ၂၀ ရက်နေ့) မှာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်က ပြည်ထောင်စုအစိုးရ အသုံးစားရိတ်ခွဲဝေ သ

တော်လှန်ရေး အင်အားစုများ နောက်ကွယ်မှ ရံပုံငွေ

Image
ဘရပ်ဆဲလ် အခြေစိုက် နိုင်ငံတကာ အကျပ်အတည်းများ လေ့လာရေး အဖွဲ့ ကြီးမှ “Crowdfunding a war: The Money Behind the Myanmar Resistance” ခေါင်းစဉ် ဖြင့် အစီရင်ခံစာ ထုတ်ပြန်ချက်အား ပြန်လည် ကောက် နှုတ် တင်ပြသွားပါမည်။ Crowdfunding ဆိုသည်မှာ လုပ်ငန်းတရပ်ရပ် အပေါ် စိတ်ဝင်စားသူများ ထံမှ အွန်လိုင်းမှတဆင့် ရံပုံငွေ ကောက် ခံခြင်းကို ဆိုလိုသည်။ မြန်မာနိုင်ငံအတွင်းရှိ တော်လှန်ရေး အဖွဲ့များသည် စစ်အာဏာသိမ်း အဖွဲ့၏ နည်းလမ်းမျိုးစုံဖြင့် ဟန့်တားနေ သည့်ကြားမှ ပြီးခဲ့သည့် ဆယ့်ရှစ်လ အတွင်း ထိုနည်းလမ်းဖြင့် ရံပုံငွေများကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့ကြသည်။ တော်လှန်ရေး အဖွဲ့များသာမက စစ်အာဏာသိမ်း အဖွဲ့သည်လည်း သူ့နည်းသူ့ဟန်ဖြင့် ရံပုံငွေများ ရှာဖွေနေရဆဲ ဖြစ်ပြီး တဖက်တွင်လည်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ အား ငွေကြေး စီးမျောခြင်း မရှိအောင် ပိတ်ဆို့ ဟန့်တားနိုင်ရန် လုံးပမ်းနေကြရသည်။ သို့သော် တော်လှန်ရေး အင်အားစုများသည် သမားရိုးကျ ယန္တရားများ အတွင်းကသာ မက နည်းပညာ အသစ်များ သုံး၍လည်း စုဆောင်း နိုင်ခဲ့ကြသည်။ စစ်အာဏာသိမ်း အဖွဲ့ ၏ လက်ဝယ်ရှိ ရံပုံငွေသည် လက်ရှိ ပဋိပက္ခကြီး ဆက်လက် ဖြစ်ပွားနေခြင်း၏ ကြီးမား သော အကြောင်းရင်း တရ

အမေရိကန်နိုင်ငံကပေးအပ်မယ့် အကူအညီတွေကြောင့် စစ်အာဏာရှင်တော်လှန်ရေးမှာ အလှည့်အပြောင်းဖြစ်လာမယ်

Image
ဧရာဝတီတိုင်းမ် ဒီဇင်ဘာလ ၂၀ ရက် အင်ဒိုနီးရှားနိုင်ငံက လာမယ့်နှစ် အာဆီယံအလှည့် ကျဥက္ကဌ ဖြစ်လာမှုနဲ့အတူ နေပြည်တော်က အာဏာ သိမ်းစစ်ကောင်စီကို တွန်းလှန်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို အမေရိကန်နိုင်ငံက နည်းပညာနဲ့ စစ်ရေးမ ဟုတ်တဲ့အကူအညီ ပေးအပ်နိုင်မယ့် ၂၀၂၂ ခုနှစ် မြန်မာအက်ဥပဒေလို့ လူသိများတဲ့ ဉပဒေကြမ်းတစ်ရပ်ကို မကြာ သေးမီက အမေရိကန် ကွန်ဂရက်က အတည်ပြုလိုက်ခြင်းဟာ မကြာမီ သုံးနှစ်အထိရှိလာတော့မယ့် မြန်မာ့အရေး အတွက် အပြောင်း အလဲတစ်ရပ် ဖြစ်လာနိုင်ပါတယ်။ ၂၀၂၂ ခုနှစ်မြန်မာအက်ဥပဒေအရ အမေရိကန် အစိုးရက အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အပြင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) တို့ကို အကူအညီတိုးမြှင့်ပေးနိုင်မှာဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မည်သည့်အနောက်နိုင်ငံကမှ အခုလိုမျိုး မြန်မာစစ်အာဏာရှင် တော်လှန်ရေးအဖွဲ့တွေ ကို ကူညီပေးဖို့ ဉပဒေပြဌာန်းတာ မရှိသေးပါဘူး။ အမေရိကန်ကွန်ဂရက်မှာ ဒီမိုကရေစီနဲ့ ပြည်သူလူထုကို နှိပ် ကွက်တာမဟုတ်ရင် အခြားတိုင်းပြည်ရဲ့ပြည်တွင်းရေးအတွက် ဉပဒေပြဌာန်းပြီး ကူညီတာမရှိသေးပါဘူး။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန