Posts

တရုတ် အထူးကိုယ်စားလှယ်သစ် နေပြည်တော် ယနေ့ ရောက်မည်

Image
ဧရာဝတီ ဒီဇင်ဘာ ၂၈၊ ၂၀၂၂ အာဆီယံဆိုင်ရာ တရုတ်သံအမတ်ဟောင်း တိန့်ရှီကျွန်း Deng Xijun သည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးသံတမန် ဆွန်ကော့ရှန် Sun Guoxiang ၏နေရာကို ဆက်ခံသူအဖြစ် နေပြည်တော်သို့ ရောက်ရှိမည်ဟု သတင်းရသည်။ နေပြည်တော်မလာခင် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား သီးခြားစီ တွေ့ဆုံလာခဲ့ကြောင်းလည်း သိရသည်။  တိန့်ရှီကျွန်းသည် ၂၀၂၀ခုနှစ်မှ ယခုနှစ် နိုဝင်ဘာလအထိ အာဆီယံဆိုင်ရာ အထူးသံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်း၏ မြန်မာပြည်ခရီးစဉ်သည်  မြန်မာနိုင်ငံမှ ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် တိုင်းရင်းသားလက်နက်ကိုင်များအား နည်းပညာနဲ့ လူကိုသေစေခြင်းမရှိသော အကူအညီမျိုး ထောက်ပံ့ရန် အမေရိကန် အမျိုးသား ကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ (NDAA) -၂၀၂၃ ကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလထဲ တွင် အမေရိကန်က အတည်ပြုခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

၅၀၀၀တန်ချီးထုတ်ကပြောတယ် (အမေရိကန်သံရုံးရှေ့)

Image

ဒီမိုကရေစီအရေး လှုပ်ရှားမှုနှင့် ပတ်သက်သည့် ကင်မ်ဂွန်းထယ်ဆု မပန်ဆယ်လိုရရှိ

Image
Author  လင်းခိုင် Categories   Published on  Dec 28, 2022   ဒီမိုကရေစီအရေး လှုပ်ရှားမှုနှင့် ပတ်သက်သည့် ကင်မ်ဂွန်းထယ်ဆုကို ယင်းဆု ပေးအပ်သည့် အဖွဲ့က ယခုနှစ်အတွက် မပန်ဆယ်လိုကို ပေးအပ်ကြောင်း ကြေညာထားသည်။ ကင်မ်ဂွန်းထယ်ဆုကော်မတီသည် ဒီဇင်ဘာ ၂၅ ရက်တွင် ၇ ကြိမ်မြောက် ဒီမိုကရေစီအရေးလှုပ်ရှားသူ ကင်မ်ဂွန်းထယ်အထိမ်းအမှတ်ဆုရရှိသူအဖြစ် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ မပန်ဆယ်လိုကို ရွေးချယ်လိုက်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ ဖမ်းဝရမ်းနှင့် စစ်ကောင်စီ နှောက်ယှက်မှုကြားမှ တိုင်းတစ်ပါးသို့ ထွက်ပြောင်းတိမ်းရှောင်ခဲ့သော်လည်း၊ တိုင်းတစ်ပါးသို့ရောက်ရှိချိန်တွင်လည်း မိမိတိုင်းပြည်အတွက် ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းနေသည့် စာရေးဆရာမ ပန်ဆယ်လိုကို မြင်ရသည်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်များက ဖမ်းဝရမ်းကို ၂၆ ကြိမ်တိုင် ကြံ့ကြံ့ခံပြီး တောင်ကိုရီးယားစစ်အစိုးရ၏ ဖိနှိပ်မှုကြားမှ တိုက်ပွဲဝင်ခဲ့သည့် တောင်ကိုရီးယားဒီမိုကရေစီ လှုပ်ရှားသူ ကင်မ်ဂွန်းထယ်ကို သတိရမိကြောင်း ယင်းဆုချီးမြှင့်ကော်မတီ ကြေညာချက်တွင် ဖော်ပြထားသည်။ အဆိုပါ ဆုရရှိခြင်းနှင့်ပတ်သက်ပြီး ပန်ဆယ်လိုက ကင်မ်ဂွန်းထယ်ဆုကော်မတီနှင့် ဆုရွေးချယ်ရေးကော်မတီသို့ ဗီဒီရိုဖြင့

ဖုန်းကိုင်သူမှာမမဆောင်းမောင်ဖြစ်နေသောအခါ

Image
link on youtube  

PDF နဲ့ တော်လှန်ရေးကို ထောက်ပံ့မယ့် အမေရိကန် NDAA ဥပဒေကို စစ်ကောင်စီ ပြင်းပြင်းထန်ထန် ကန့်ကွက်

Image
မဲခေါင်၊ ဒီဇင်ဘာ ၂၇ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အတည်ပြု လက်မှတ်ရေးထိုးခဲ့တဲ့ အမေရိကန် အမျိုးသားကာကွယ်ရေး အက်ဥပဒေ NDAA ဟာ အကြမ်းဖက် အားပေးရာရောက်တယ်ဆိုပြီး စစ်ကောင်စီရဲ့ နိုင်ငံရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။ NDAA မှာ ပါတဲ့ အချက်တွေဟာ မြန်မာနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောက်ယှက်တာ၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်ပြီး NUG ၊ NUCC ၊ CRPH နဲ့ PDF တွေကို ကူညီထောက်ပံ့မှုတွေ ပါဝင်တာကြောင့် အကြမ်းဖက်မှုကို အားပေးရာရောက်တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီ အနေနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကိစ္စရပ်တွေကို အဖက်ဖက်မှ လုပ်ဆောင်ပေးလျက် ရှိတယ်လို့လည်း ဖော်ပြထားပါသေးတယ်။ အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ယန္တရား (Independent Investigative Mechanism for Myanmar – IIMM) သို့ ငွေကြေးထောက်ပံ့မှုအပေါ် ကန့်ကွက်ပြီး အဲဒီလုပ်ရပ်ဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းရဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာဖြစ်တာကြောင့် ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ဖ

တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ

Image
LuduNwayOo နိုင်ငံတကာ တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ ဘေဂျင်းမှာရှိတဲ့ ကုသရေး စင်တာတွေဟာ မကြာခင် ရက်ပိုင်းအတွင်း Paxlovid သောက်ဆေးတွေကို လက်ခံ ရရှိလာနိုင်တယ်လို့ ရှီနဲ့ နီးစပ်သူ တစ်ဦးကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ By LuduNwayOo Published 3 နာရီ ago တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ  ပြည်တွင်းမှာ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ အရမ်း အရှိန်မြင့်လာတဲ့နောက်  တရုတ်  အာဏာပိုင်တွေက ဘေဂျင်းမြို့တော်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ ဖြန့်ဝေပေးနိုင်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။ တရုတ်ဟာ ပြည်တွင်းဖြစ် ကာကွယ်ဆေးတွေကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက် ထိုးနှံပေးခဲ့ပေမယ့် တရုတ်လုပ် ကာကွယ်ဆေးတွေက မျိုးဆက်သစ် Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေကို ဟန့်တားနိုင်စွမ်း မရှိသလောက် နည်းသွားပါတယ်။ ဒါကြောင့်လည်း လက်ရှိ အခြေအနေတွေအရ တရုတ်ဟာ Omicronက နှိပ်စက်တဲ့ ကိုဗစ် ကူးစက်မှုတွေဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။ တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်ရဲ့ mRNA နည်းပညာသုံး ကာကွယ်ဆေးတွေ တင်သွင်းပြီး ပြည်သူတွေကို ထိုးနှံပေးရေး တောင်

အင်းစိန်ထောင်သီးသန့်တရားရုံးတွင် တရားသူကြီးကို နိုင်ငံရေးအကျဉ်းသား တချို့က ရုပ်သေးရုပ် လက်ဆောင်ပေး၍ ဆန္ဒပြ

Image
ရန်ကုန် ၊ ဒီဇင်ဘာ ၂၇ ခေတ်သစ်မီဒီယာ ရန်ကုန်၊ အင်းစိန်ထောင်သီးသန့်တရားရုံးတွင် တရားသူကြီးကို နိုင်ငံရေး အ ကျဉ်း သား တချို့က ရုပ်သေးရုပ် လက်ဆောင်ပေး၍  ဆန္ဒပြကြကြောင်း နိုင်ငံ ရေး အကျဉ်းသားသတင်းရင်းမြစ်တစ်ခုက ပြောသည်။  ရန်ကုန်  အင်းစိန်ဗဟိုအကျဉ်းထောင် ထောင်တွင်းသီးသန့်တရားရုံးတွင် ထောင် တွင်း အင်အား စုတစ်စုက ၎င်းတို့ကို အမိန့်ချမှတ်လိုက်သောတရားသူကြီးကို  ရုပ်သေးရုပ်တရုပ်လက်ဆောင်ပေး၍ ရုပ်သေးရုပ်ကဲ့သို့ ကြိုးဆွဲရာကနေသည့် တရားရေးမဏ္ဏိုင်ကို ဆန္ဒပြကြောင်း သိရှိရသည်။  ဒီဇင်ဘာ ၂၆ရက်နေ့ ၊ ရန်ကုန်တိုင်းဒေသကြီး အင်းစိန် ထောင်တွင်းသီးသန့် တရားရုံး တွင် နိုင်ငံရေးအကျဉ်းသားတစ်စုက အမှုရင်ဆိုင်နေစဉ် တရားသူကြီး ၏လက်ထဲသို့ ရှေ့နေကုတ် အင်္ကျီပူးတွဲချုပ်ထားသော ရုပ်သေးရုပ်တစ်ရုပ်ကို လက်ဆောင်ပေးပြီး  “ ဥပဒေအထက်တွင် မည်သူမျှမရှိစေရ၊ သို့သော်စစ်ဖိနပ် တစ်ရံ တော့ရှိသည်” ဆိုသည့်စာကိုပါ ပူးတွဲ ထည့်ပေးလိုက်ကြောင်း၊ တရား သူကြီး က  အမိန့်ချမှတ်ပြီးသည့်အချိန်တွင် ထိုသို့ လက်ဆောင်ထည့်ပေး လိုက် ခြင်းဖြစ်ကြောင်း သိရှိရသည်။  နိုင်ငံရေးအကျဉ်းသား အမျိုးသား ၇ဦး နှင့် အမျိုးသမီး ၁ဦးတို့သည် အမိန့်ချမှတ် ခံရပြီး ချိန်တွင် ထိုသို

အမေရိကန် NDAA အက်ဥပဒေ နေပြည်တော်ဗိုလ်ချုပ်များ ကတုန်ကရင်ဖြစ်နေ

Image
အမေရိကန် NDAA အက်ဥပဒေ နေပြည်တော်ဗိုလ်ချုပ်များ ကတုန်ကရင်ဖြစ်နေဟုဆို 27 Dec 2022 By MPA လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို မှုစရာမလိုကြောင်း စစ်ကောင်စီတပ်တွင်း၌ အရာရှိကြီးအချို့က လက်သီးလက်မောင်းတန်း ပြောဆိုမှုရှိသော်လည်း  နွေဦးတော်လှန်ရေးအား ပံ့ပိုးပေးမည့် အမေရိကန် NDAAအက်ဥပဒေအကြောင်းကိုမူ  ထုတ်ဖော်ပြောကြားခြင်းလုံးဝ မရှိကြောင်း သိရသည်။ ဒီဇင်ဘာ၂၁ရက်နေ့တွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာအရေးဆုံးဖြတ်ချက်-၂၆၆၉ ထွက် ပေါ်လာပြီးနောက် အောက်ခြေတပ်ရင်းများ၌ တပ်အရာရှိကြီးတို့က လုံခြုံရေးကောင်စီဆုံးဖြတ်ချက် ကိုဂရုစိုက်စရာမလိုကြောင်း တပ်တွင်း အရာရှိ၊အရာခံဗိုလ်အဆင့်များအား ပြောကြားခဲ့ပြီး အမေရိကန်အကူအညီပေးမည့် NDAAဥပဒေကိုမူ အရာရှိကြီးများကယနေ့ထိတိုင်ပြောကြားခြင်းမရှိ ကြောင်း CDMဗိုလ်ကြီးတစ်ဦးကပြောသည်။ “နေပြည်တော်ကနေပြီး လုံခြုံရေးကောင်စီဆုံးဖြတ်ချက်ကို ပြောခိုင်းတယ်လို့ထင်တယ်။လုံခြုံရေး ကောင်စီက ဆုံးဖြတ်ချက်ချပြီး အာချောင်တာပဲရှိတယ်။ဘာမှ လာလုပ်လို့မရဘူးပေါ့။NDAA ဥပဒေ ကိုလည်း နေပြည်တော်ကနေပြီး မပြောခိုင်းလို့ မပြောတာလို့ နားလည်ရတယ်။NDAA ကို နေပြည် တော်က ဗိုလ်ချုပ်တွေ ကတုန်ကရင်ဖြစ်နေတယ်လို့ ကြားတယ်”ဟ

သူနဲ့ ကျမ နှစ်ယောက်တည်းသိတဲ့အကြောင်းအရာတွေကို ဒီလိုပြည်သူကိုချပြရတာ တကယ်ပဲ စိတ်မကောင်းပါ။

Image
ဟိုဘက်ကမ်းကအမ အကြောင်း—  အခုအချိန်အထိမပြောပဲနေခဲ့ပါတယ်—မ IR က စင်္ကာပူနိုင်ငံသားဖြစ်လို့ တော်လှန်ရေးကထွက်တော့မယ်လို့ ပြောလိုက်တာမို့ ဒါတွေ ပြီးသွားပြီလို့လည်းထင်လို့ပါ။ ၂၀၂၂ နှစ်ထဲ နွေဦးဘုန်းဘုန်းကို zoom ငှါးမိတဲ့ကိစ္စ၊ ဗိုလ်နဂါးအတွက် fund ဝိုင်းရှာတဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မ IRက ဆဲဆိုခဲ့တာကြောင့် ကျမ သူ့ကို လနဲ့ချီစကားမပြောခဲ့ပါ။ နောက်ထပ် ကိုဟိန်းဇော်ညိုကို ကျမက ထောက်ပို့လုပ်နေတယ်လို့စွပ်စွဲလာတာကို ရှင်းဖို့ live လွှင့်ပြောပြန်တယ်။ ကျမကို ဆဲဆိုတဲ့အတွက် ၂၀၂၂ နိုဝင်ဘာလဆန်းပိုင်းမှာ ကျမ သူ့ဆီဖုန်းဆက်ရှင်းခဲ့ပါတယ်။ လိုရင်းတိုရှင်းပြောရရင် အဲ့ဒီ့နောက်ပိုင်း သူ့ signal ကို ပြန်ပြီး မ block ခဲ့ပါဘူး။ မကြာခင်မှာ သူက အကူအညီ အချို့တောင်းခဲ့ပါတယ်။ ▪️ကိုဟိန်းဇော်ညိုကို သားနှစ်ယောက်အကြောင်း မရေး မပြောဖို့ — ▪️သား၂ ယောက်passport သက်တန်းတိုးဖို့ — မ IR ကိုယ်တိုင်က ၂၀၂၂ ခရစ္စမတ်နေ့ က live ထဲမှာ ဒီနှစ်ခုက ပြည်သူတွေကို ပြောပြလိုက်တာမို့ အဲ့ဒါကို အရင်ဆုံးပြန်ရှင်းပြပါတယ်။  ✍︎ ✍︎ ✍︎ ကိုဟိန်းဇော်ညိုနဲ့ ကျမ အဲ့လိုပြောဖို့အထိ မရင်းနှီးပေမဲ့ ကျမ ကိုဟိန်းဇော်ညိုကို သားနှစ်ယောက်အကြောင်းမပြောဖို့သွားပြောပေးခဲ့

ဟန်ငြိမ်းဉီးကရိုးသားပြီးပန်ဆယ်လိုကလူသတ်ခိုင်းတယ်ဆိုတဲ့မအိုင်းရင်း(အောက်မှာဖတ်ပါ)

Image
  https://youtu.be/Xup2K3Cw97w   ဖိုင်   ပွင့်ပွင့်လင်းလင်းပြောရရင် အိုင်းရင်းကိစ္စကို ကျွန်မ လွန်ခဲ့တဲ့နှစ်ရက်တည်းက ရပ်ဖို့ စဉ်းစားပါတယ်။ ကျွန်မမှာ ဒီလကုန် တော်လှန်ရေးအစီအစဉ်တွေ ကြိုတင်စီစဉ်ဖို့တွေနဲ့ ထပ်အချိန်မပေးချင်တော့ဘူး။ လူတွေလည်း အာရုံနောက်နေမယ်ဆိုတာရယ်၊ လုံလောက်နေပြီဆိုတာရယ် ကျွန်မသိလို့ ရပ်ဖို့စဉ်းစားပေမယ့် ဒီမိန်းမရဲ့ အလိမ်အညာတွေက ရပ်တန့်မသွားခဲ့ဘူး။ ကျွန်မတို့က ပွဲတစ်ခုကို မစရင်လည်း မစဘူး၊ စမယ်ဆိုရင်လည်း ဆုံးအောင်ကရပါမယ်။ မဟုတ်ရင် ပြည်သူတွေ ဝေဝါးနိုင်ပါတယ်။  အခု ကျွန်မဆီကို အိုင်းရင်းရဲ့ ဒီအသံဖိုင် ရောက်လာပါတယ်။ အိုင်းရင်းရဲ့ အလှူရှင်ဟောင်းတစ်ဦးဆီက ပို့လာတာပါ။ အိုင်းရင်းနဲ့ ယောက်ျားနှစ်ယောက်ပြောနေတဲ့ အသံပါ။ ကျွန်မက လူသုံးယောက်ကို သတ်ခိုင်းတယ်။ ဖော်မယ်ဆိုတဲ့ကိစ္စပါ။  အောင်အောင်ကျော်(စစ်ဦးဇီးချုပ်ဆိုတဲ့ကောင်) ဇီးရိုး (မြတ်အောင်ဆိုတဲ့ကောင်)၊ CDM ဆရာဝန် (တွေးကြည့်တာ ကျော်သူရလို့ထင်တယ်) ဒီသုံးယောက်ကို သတ်ခိုင်းပါတယ်တဲ့။ အကုန်ဖော်မယ်တဲ့။  ကဲ…. စိတ်ဝင်စားစရာကောင်းတာက ကျွန်မက ဒီသုံးယောက်ကို သတ်မယ်ဆိုရင် သူ့ကို သတ်ခိုင်းစရာ အကြောင်းရှိလား။ အိုင်းရင်းနဲ့ ကျွန်မက လွန်ခဲ့တဲ့ ၁၂လပိုင်းက