PDF နဲ့ တော်လှန်ရေးကို ထောက်ပံ့မယ့် အမေရိကန် NDAA ဥပဒေကို စစ်ကောင်စီ ပြင်းပြင်းထန်ထန် ကန့်ကွက်

မဲခေါင်၊ ဒီဇင်ဘာ ၂၇

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် အတည်ပြု လက်မှတ်ရေးထိုးခဲ့တဲ့ အမေရိကန် အမျိုးသားကာကွယ်ရေး အက်ဥပဒေ NDAA ဟာ အကြမ်းဖက် အားပေးရာရောက်တယ်ဆိုပြီး စစ်ကောင်စီရဲ့ နိုင်ငံရေးဝန်ကြီးဌာနက ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

NDAA မှာ ပါတဲ့ အချက်တွေဟာ မြန်မာနိုင်ငံ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်နှောက်ယှက်တာ၊ အချုပ်အခြာအာဏာကို ထိပါးရာရောက်ပြီး NUG ၊ NUCC ၊ CRPH နဲ့ PDF တွေကို ကူညီထောက်ပံ့မှုတွေ ပါဝင်တာကြောင့် အကြမ်းဖက်မှုကို အားပေးရာရောက်တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီ အနေနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ ကိစ္စရပ်တွေကို အဖက်ဖက်မှ လုပ်ဆောင်ပေးလျက် ရှိတယ်လို့လည်း ဖော်ပြထားပါသေးတယ်။

အမေရိကန်နိုင်ငံမှ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်း စစ်ဆေးရေး ယန္တရား (Independent Investigative Mechanism for Myanmar – IIMM) သို့ ငွေကြေးထောက်ပံ့မှုအပေါ် ကန့်ကွက်ပြီး အဲဒီလုပ်ရပ်ဟာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနဲ့ သံတမန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းရဲ့ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်တာဖြစ်တာကြောင့် ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ဖော်ပြပါရှိတဲ့ သံတမန်စာကို ဒီဇင်ဘာ ၁၃ ရက်က မြန်မာသံရုံး၊ ဝါရှင်တန်မြို့မှတစ်ဆင့် ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံး ယာယီတာဝန်ခံက အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဌာန၊ မြန်မာနိုင်ငံ တာဝန်ခံ ညွှန်ကြားရေးမှူးထံ ဒီဇင်ဘာ ၁၆ ရက်မှာ ဆက်သွယ်ပြီး တရားဝင် ထပ်မံ ကန့်ကွက်ပြောကြားခဲ့သလို ရန်ကုန်မြို့၊ အမေရိကန်သံရုံးက သံရုံး ဒုတိယအကြီးအကဲကိုလည်း ဆင့်ခေါ် ပြောကြားခဲ့တယ်လို့ စစ်ကောင်စီရဲ့ နိုင်ငံရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

မြန်မာနိုင်ငံက တော်လှန်ရေး အင်အားစုတွေကို ထောက်ပံ့မယ့် BURMA ACT ပါဝင်တဲ့ အမေရိကန် အမျိုးသား ကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေ NDAA ကို ဒီဇင်ဘာ ၂၃ ရက်က အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။

ဒီဥပဒေအရ ၂၀၂၃ ခုနှစ် ကနေ  ၂၀၂၇ ခုနှစ်အထိ အထောက်အပံ့တွေ ဆက်တိုက်ပေးသွားမှာဖြစ်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ လူမှုအဖွဲ့အစည်းတွေပါ အထောက်အပံ့တွေ ရရှိမှာ ဖြစ်ပါတယ်။ 

ဒါ့အပြင် အကြမ်းဖက်စစ်တပ်နဲ့ ပတ်သက်သူတွေကို အရေးယူဖို့၊ စစ်တပ်ရဲ့ ရာဇဝတ်မှုတွေကို စုံစမ်း စစ်ဆေးဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထောက်ပံ့ကူညီဖို့တွေ ပါဝင်ပါတယ်။

MK-003
#MeKongNews



Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်