တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ


နိုင်ငံတကာ

တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ

ဘေဂျင်းမှာရှိတဲ့ ကုသရေး စင်တာတွေဟာ မကြာခင် ရက်ပိုင်းအတွင်း Paxlovid သောက်ဆေးတွေကို လက်ခံ ရရှိလာနိုင်တယ်လို့ ရှီနဲ့ နီးစပ်သူ တစ်ဦးကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ
တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ 

ပြည်တွင်းမှာ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ အရမ်း အရှိန်မြင့်လာတဲ့နောက် တရုတ် အာဏာပိုင်တွေက ဘေဂျင်းမြို့တော်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ ဖြန့်ဝေပေးနိုင်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

တရုတ်ဟာ ပြည်တွင်းဖြစ် ကာကွယ်ဆေးတွေကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက် ထိုးနှံပေးခဲ့ပေမယ့် တရုတ်လုပ် ကာကွယ်ဆေးတွေက မျိုးဆက်သစ် Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေကို ဟန့်တားနိုင်စွမ်း မရှိသလောက် နည်းသွားပါတယ်။ ဒါကြောင့်လည်း လက်ရှိ အခြေအနေတွေအရ တရုတ်ဟာ Omicronက နှိပ်စက်တဲ့ ကိုဗစ် ကူးစက်မှုတွေဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်ရဲ့ mRNA နည်းပညာသုံး ကာကွယ်ဆေးတွေ တင်သွင်းပြီး ပြည်သူတွေကို ထိုးနှံပေးရေး တောင်းဆိုမှုတွေကို ကာလရှည်ကြာ ငြင်းဆိုခဲ့ဖူးသူပါ။ လတ်တလော အခြေအနေတွေကြောင့် ရှီအနေနဲ့ အမေရိကန် ဆေးဝါးတွေကို ရှောင်လွှဲလို့ မရဘဲ အားကိုးဖို့ စဉ်းစားနေရပြီလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး ထိုးနှံပေးတာမျိုး မဟုတ်ဘဲ Pfizerက ထုတ်လုပ်တဲ့ Paxlovid သောက်ဆေးတွေကို တင်သွင်းဖို့ စီစဉ်နေတာလို့ သတင်းတွေက ဖော်ပြပါတယ်။

ဘေဂျင်းမှာရှိတဲ့ ကုသရေး စင်တာတွေဟာ မကြာခင် ရက်ပိုင်းအတွင်း Paxlovid သောက်ဆေးတွေကို လက်ခံ ရရှိလာနိုင်တယ်လို့ ရှီနဲ့ နီးစပ်သူ တစ်ဦးကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တရုတ်ဟာ လက်ရှိ အခြေအနေအရ ကိုဗစ်ကူးစက်မှုတွေကို ထိန်းချုပ်လို့ မရနိုင်တဲ့ အနေအထားမျိုးထိ ရင်ဆိုင်နေရပြီး နေ့စဉ် ကူးစက်နှုန်းနဲ့ သေကြေမှု ကိန်းဂဏန်းတွေကိုတောင် အာဏာပိုင်တွေက မထုတ်ပြန်တော့ဘဲ ဆိုင်းငံ့ထားလိုက်ရပါတယ်။

တရုတ်ဟာ Paxlovid ဆေးဝါးကို ပြည်တွင်းမှာ တင်သွင်း သုံးစွဲခွင့် ပြုလိုက်မယ်ဆိုရင် တရုတ် အစိုးရက တရားဝင် ခွင့်ပြုတဲ့ တစ်ခုတည်းသော ကိုဗစ် ကုသဆေး အနေနဲ့ မှတ်တမ်း ဝင်လာမှာ ဖြစ်ပါတယ်။

သတင်းတွေရဲ့ အဆိုအရ တရုတ်ပိုင်နက်ထဲမှာ အမေရိကန်လုပ် ကာကွယ်ဆေးတွေ ထိုးနှံခွင့်ရှိတဲ့ တစ်ခုတည်းသော နေရာလို့ သတ်မှတ်ရမယ့် ဟောင်ကောင်ကို သွားရောက်ပြီး ဆေးထိုးနှံနိုင်ဖို့ ကြိုးစားသူ အရေအတွက်ဟာလည်း တရိပ်ရိပ် တိုးပွားလာနေကြောင်း သိရပါတယ်

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်