တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ


နိုင်ငံတကာ

တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ

ဘေဂျင်းမှာရှိတဲ့ ကုသရေး စင်တာတွေဟာ မကြာခင် ရက်ပိုင်းအတွင်း Paxlovid သောက်ဆေးတွေကို လက်ခံ ရရှိလာနိုင်တယ်လို့ ရှီနဲ့ နီးစပ်သူ တစ်ဦးကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ
တရုတ်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ စတင် ဖြန့်ဝေဖွယ်ရှိနေ 

ပြည်တွင်းမှာ ကိုဗစ် ကပ်ရောဂါ ကူးစက်မှုတွေ အရမ်း အရှိန်မြင့်လာတဲ့နောက် တရုတ် အာဏာပိုင်တွေက ဘေဂျင်းမြို့တော်မှာ အမေရိကန်လုပ် ကိုဗစ်ကုသဆေးတွေ ဖြန့်ဝေပေးနိုင်ဖို့ စီစဉ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

တရုတ်ဟာ ပြည်တွင်းဖြစ် ကာကွယ်ဆေးတွေကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ကျက် ထိုးနှံပေးခဲ့ပေမယ့် တရုတ်လုပ် ကာကွယ်ဆေးတွေက မျိုးဆက်သစ် Omicron ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲတွေကို ဟန့်တားနိုင်စွမ်း မရှိသလောက် နည်းသွားပါတယ်။ ဒါကြောင့်လည်း လက်ရှိ အခြေအနေတွေအရ တရုတ်ဟာ Omicronက နှိပ်စက်တဲ့ ကိုဗစ် ကူးစက်မှုတွေဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်ရဲ့ mRNA နည်းပညာသုံး ကာကွယ်ဆေးတွေ တင်သွင်းပြီး ပြည်သူတွေကို ထိုးနှံပေးရေး တောင်းဆိုမှုတွေကို ကာလရှည်ကြာ ငြင်းဆိုခဲ့ဖူးသူပါ။ လတ်တလော အခြေအနေတွေကြောင့် ရှီအနေနဲ့ အမေရိကန် ဆေးဝါးတွေကို ရှောင်လွှဲလို့ မရဘဲ အားကိုးဖို့ စဉ်းစားနေရပြီလို့ နီးစပ်သူတွေက ပြောပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေး ထိုးနှံပေးတာမျိုး မဟုတ်ဘဲ Pfizerက ထုတ်လုပ်တဲ့ Paxlovid သောက်ဆေးတွေကို တင်သွင်းဖို့ စီစဉ်နေတာလို့ သတင်းတွေက ဖော်ပြပါတယ်။

ဘေဂျင်းမှာရှိတဲ့ ကုသရေး စင်တာတွေဟာ မကြာခင် ရက်ပိုင်းအတွင်း Paxlovid သောက်ဆေးတွေကို လက်ခံ ရရှိလာနိုင်တယ်လို့ ရှီနဲ့ နီးစပ်သူ တစ်ဦးကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တရုတ်ဟာ လက်ရှိ အခြေအနေအရ ကိုဗစ်ကူးစက်မှုတွေကို ထိန်းချုပ်လို့ မရနိုင်တဲ့ အနေအထားမျိုးထိ ရင်ဆိုင်နေရပြီး နေ့စဉ် ကူးစက်နှုန်းနဲ့ သေကြေမှု ကိန်းဂဏန်းတွေကိုတောင် အာဏာပိုင်တွေက မထုတ်ပြန်တော့ဘဲ ဆိုင်းငံ့ထားလိုက်ရပါတယ်။

တရုတ်ဟာ Paxlovid ဆေးဝါးကို ပြည်တွင်းမှာ တင်သွင်း သုံးစွဲခွင့် ပြုလိုက်မယ်ဆိုရင် တရုတ် အစိုးရက တရားဝင် ခွင့်ပြုတဲ့ တစ်ခုတည်းသော ကိုဗစ် ကုသဆေး အနေနဲ့ မှတ်တမ်း ဝင်လာမှာ ဖြစ်ပါတယ်။

သတင်းတွေရဲ့ အဆိုအရ တရုတ်ပိုင်နက်ထဲမှာ အမေရိကန်လုပ် ကာကွယ်ဆေးတွေ ထိုးနှံခွင့်ရှိတဲ့ တစ်ခုတည်းသော နေရာလို့ သတ်မှတ်ရမယ့် ဟောင်ကောင်ကို သွားရောက်ပြီး ဆေးထိုးနှံနိုင်ဖို့ ကြိုးစားသူ အရေအတွက်ဟာလည်း တရိပ်ရိပ် တိုးပွားလာနေကြောင်း သိရပါတယ်

Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ