Posts

💣💣💣💣💣ညထွက်ခ္ငင့်💣💣💣💣💣

Image

တော်လှန်ရေးထဲပါနေတဲ့ မြန်မာပြည်သူတွေအားလုံးကိုပေးတဲ့ဆု

Image
ညီမလေး ပန်ဆယ်လိုပြောသလို ဒီဆုက တော်လှန်ရေးထဲပါနေတဲ့ မြန်မာပြည်သူတွေအားလုံးကိုပေးတဲ့ဆုပါ။ မရွှေမိုး-ကိုရီးယား 𝑫𝒆𝒄𝒆𝒎𝒃𝒆𝒓 29th,2022.

မသေခင်ကတော့ တပ်မတော်အတွက် သူရဲကောင်း

"သေရင်တောင်မြတ်တယ်တဲ့လား" 😔😔 https://youtu.be/knch-1Taz9E  ဖိုင်ကြည့်ရန် တပ်မ ၆၆ ကသေသွားတဲ့ တပ်မတော်သားတွေရဲ့ အလောင်းတွေကို မသယ်နိုင်လို့ရော ပြန်မသယ်ရဲတာကြောင့်ရော လယ်ကန်သင်းရိုးမှာ အလောင်းတွေကို အမှိုက်လိုပဲ မီးရှို့ခဲ့ကြတယ်။ တစ်ချို့ တပ်သားအလောင်းတွေဆိုရင် မီးတောင် မသင်္ဂြိုလ်နိုင်ဘူး ဒီအတိုင်းပစ်ထားခံခဲ့ရရှာတယ်။  သေတဲ့အခါကြတော့ သူရဲကောင်းဆိုတာလည်းမရှိ၊ မြတ်တယ်ဆိုတာလည်းမရှိပဲ တိရိစ္ဆာန်လောက်တောင် တန်ဖိုးမရှိစွာနဲ့ပဲ သေဆုံးခဲ့ကြရရှာတယ်။ မသေခင်ကတော့ တပ်မတော်အတွက် သူရဲကောင်းဆိုတဲ့ စကားလေးနဲ့ အထက်အရာရှိ အဘတွေက အငယ်သားတွေကို မြှောက်ပင့်ခိုင်းစားခဲ့ကြတယ်။ ဘာသာရေး ဝါဒမှိုင်းတွေဖြန့်ပြီး သေရင်မြတ်တယ်ကွ ဆိုပြီးလည်း တပ်သားငယ်တွေရဲ့ အသက်တွေက စတေးခဲ့ရပြန်ပြီ။ တကယ်တော့ ခင်ဗျားတို့ အထက်အရာရှိအဘတွေရဲ့ စီးပွားရေးအတွက်သာ သေဆုံးသွားခဲ့တဲ့တပ်မတော်သားတွေက သူရဲကောင်းလုပ်ခဲ့ကြရတာ။ သူတို့မှာ ဘာမှတောင်ပြန်မရခဲ့တဲ့အပြင် အလောင်းတွေတောင်မိသားစု ကြည့်ခွင့်မရ၊ သိခွင့်မရခဲ့ရှာကြဘူး။ သေရင်မြတ်တယ်ဆိုလို့ ခင်ဗျားတို့အထက်အရာရှိ အဘတွေရဲ့ စီးပွားရေးမြတ်တာပဲရှိတယ်။ SAVE YOUR LIFE YOUR SELF #ဗိုလ်ရဲရင့်

မအိုင်ရင်း live ပျက်ကျသွားလို့ ပြန်တင်ပေးတာပါ ၂၉.၁၂.၂၀၂၂

Image
https://youtu.be/JTiDVqUjqqg  

ရန်ကုန်မြို့လယ်ခေါင် ဆူးလေမီးပွိုင့်တွင် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်သား အောင်စိုးထွန်းကို YBS ခရီးသည်တင်ယာဉ်က တက်ကြိတ်၍ သေဆုံး

Image
ရန်ကုန်၊ ဒီဇင်ဘာ ၂၈  ခေတ်သစ် ရန်ကုန်မြို့လယ်ခေါင် ဆူးလေမီးပွိုင့်တွင် ရဲတပ်သား အောင်စိုးထွန်းကို YBS ခရီးသည်တင်ယာဉ်က တက်ကြိတ်၍ သေဆုံးသွားကြောင်း ရဲသတင်းရင်းမြစ်တချို့နှင့် ဖြစ်စဉ်ကို သိရှိသော သတင်းရင်းမြစ်တချို့၏ ပြောဆိုချက်အရ သိရှိရသည်။  ဒီဇင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် စက်ဘီးစီးလာသော ရဲတပ်သား အောင်စိုးထွန်းက ရန်ကုန် မြို့လယ်ခေါင် ဆူးလေ မီးပွိုင့် မီးနီကို ဖြတ်မောင်းစဉ် မီးစိမ်းကို ဖြတ်မောင်းလာသော YBS 87 က ဖြတ်တိုက်မိပြီး တက်ကြိတ်မိကြောင်း၊ ရဲတပ်သား အောင်စိုးထွန်းသည် YBS ခရီးသည်တင်ယာဉ် အောက်ထဲသို့ ဝင်သွားပြီး ဆေးရုံတင်ပို့ခဲ့သော်လည်း သေဆုံးသွားကြောင်း၊ ဒီဇင်ဘာလ ၂၇ ရက်နေ့ တွင် သဂြိုလ်ခဲ့ပြီး အောင်စိုးထွန်းသည် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်သားတစ်ဦးဖြစ်ကြောင်း သိရှိရသည်။  အဆိုပါယာဉ်တိုက်မှုနှင့်ပတ်သက်ပြီး ရဲတပ်သား အောင်စိုးထွန်းသည် မီးနီကို ဖြတ်မောင်း၍ ကား ကြိတ် ခံရခြင်းဖြစ်သော်လည်း အမှား ကျူးလွန်မှုမရှိသော YBS 87 ယာဉ်မောင်းကို ရဲစခန်းတွင် ဖမ်းဆီး ထိန်းသိမ်း အမှုဖွင့်ထားကြောင်း သိရှိရသည်။

နေပြည်တော် အပါအဝင် နိုင်ငံတစ်ဝန်း စစ်တပ်၊ ရဲနှင့် ဝန်ထမ်းများ၏ လုံခြုံရေး အထူးသတိပြုရန်နှင့် ပါဆယ်ဗုံး သတိထားရန် စစ်ကောင်စီက လျှို့ဝှက် သတိပေးချက် ထုတ်ပြန်

Image
ရန်ကုန်၊ ဒီဇင်ဘာ ၂၉ ခေတ်သစ်မီဒီယာ နေပြည်တော် အပါအဝင် ဝန်ကြီးဌာနရုံးများတွင် နှစ်သစ်ကူးကာလနှင့်နှစ်သစ်ကူးအ ကြို ကာလများ တွင်  ပါဆယ်ဗုံးဖြင့်  ဖောက်ခွဲတိုက်ခိုက်မှုများဖြစ်လာနိုင်သဖြင့် သတိထားကြရန်  စစ်ကောင်စီက အထူး လျှို့ဝှက် သတိပေးချက်တစ်ရပ်  ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။  နေပြည်တော်ကောင်စီ၊ ပြည်နယ်/တိုင်း စစ်ကောင်စီရုံးများ အပါအဝင် နိုင်ငံတစ်ဝန်းရှိ စစ်တပ်၊ ရဲ တပ်ရင်းများ၊ ဝန်ကြီးဌာနရုံးများထံသို့ ယင်းလျှို့ဝှက် ညွှန်ကြားချက်ကို အရေးပေါ် ပေးပို့ ထုတ်ပြန် ခြင်းဖြစ်ကြောင်း သိရှိရသည်။  နိုင်ငံတစ်ဝန်းရှိ ဝန်ကြီးဌာနများ၊ အုပ်ချုပ်မှုနယ်မြေများရှိ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်များရှိ ဝန်ထမ်း များနှင့် မိသားစုများ၏ လုံခြုံရေးအထူးဂရုပြုကြရန်၊ ပါဆယ်များ ပေးပို့လာလျှင် အလွယ်တကူ လက်ခံ ခြင်းမပြုဘဲ လာပို့သူကို ဖွင့်ဖောက်ပြသခိုင်းပြီးမှသာ လက်ခံရန် ၊ လုံခြုံရေးအသိ၊ လုံခြုံရေး သတိဖြင့် နေထိုင်ကြရန် ညွှန်ကြားချက် ထုတ်ပြန်ခြင်းဖြစ်သည်။

မဘသချီးထုတ်မင်္ဂလာတောင်ညွန်ကိုလတ်

Image
ဆန္ဒပြလိုက်လို့ ဘားမားအက်ဆိုတာကြီး ကျကွဲမကွဲဆိုတာ၅၀၀၀စားတွေမသိပေမယ့် သူ့အိတ်ဖေါင်းသွားတာတော့အမှန်ပဲ စာလုံးပေါင်းမမှန်လို့ပြန်လျှော်ရကိန်းလဲရှိပါတယ်

အိုင်းရင်းအဖမ်းခံရဟုသတင်းထွက်

Image
ဒီနေ့ဆိုင်ကပိတ်ထားတယ် ဆိုင်အခင်းအစိမ်းရောင်ဆိုတာမှန်ပေမယ့် အရင်ထဲကအစိမ်းရောင်လို့လဲပြောသူရှိတယ် ဆိုင်ပိတ်ထားပေမယ့်သူအကောင့်တွေကို followဖို့ ဆော်ဩထားပါတယ် ဆိုင်ဖွင့်ထားပေမယ့်လိုင်စင်မရှိလို့ရန်ကုန်လိပ်စာပဲသုံးတယ် အဖမ်းခံရခြင်းရှိမရှိစုံစမ်းနေပါတယ်

ရှေ့နေ ဒေါ်ရွက်နုအောင် အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခံရ

Image
တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်အား တွေ့ရစဉ်။ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ရဲ့ အမှုလိုက် ရှေ့နေ ဒေါ်ရွက်နုအောင် ကို မန္တလေး အိုးဘိုထောင်တွင်း အထူးတရားရုံးကနေ ဒီဇင်ဘာ ၂၈ ရက် ဒီနေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။ “သူ့ (ဒေါ်ရွက်နုအောင်) ကို ၅၀ (ည) နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅ နှစ် ချလိုက်တယ်။ ဒီနေ့ မန္တလေးအိုးဘိုထောင် အထူးတရားရုံးကနေ အမိန့်ချတာပါ။ ကျန်းမာရေးလည်း ကောင်းပုံရပါတယ်” ဒေါ်ရွက်နုအောင်ဟာ မန္တလေးအခြေစိုက် ဒေသခံခုခံကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ကို ငွေသုံးသိန်း ထောက်ပံ့ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၇ ရက်နေ့မှာ ဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) နဲ့ မန္တလေးခရိုင်ရဲမှူးက တရားလိုလုပ်ပြီး အမှုဖွင့်ခဲ့တာပါ။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀ (ည) မှာတော့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်း တစ်ခုခုကို ငွေကြေးထောက်ပံ့ရင် အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်ကနေ ထောင်ဒဏ် တစ်သက်ထိ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။ လူ့အခွင့်အရေးရှေ့နေ တစ

စင်ကာပူဘွားတော်က ဒလန်လား?

Image
စင်ကာပူဘွားတော်က ဒလန်လား? စာရေးသူဟာ ဒီမိုအဖွဲ့တွေကို မဝေဖန်ဘဲ ရှောင်လေ့ရှိပါတယ်။ မြတ်အောင်ကိစ္စလဲ သူ့ဖာသာ သိသွားမှသာရေးပြီး ယခင်က စောင်းသာရေးလေ့ရှိပါတယ်။ ဒဲ့ဝေဖန်ခဲ့တာ BPLA ကိုသာ ပါ။ အခြားတပ်တော်တွေကို စောင်းရေးတာသာ ရှိပါတယ်။ ဒီကိစ္စမှာ NUG ကို ဝေဖန်သူတိုင်းကို ဒလန်ပြောရန် မသင့်တော်ပါ။ ဒါပေမယ့် အဆိုပါဝေဖန်သူများဟာ ဒလန်ဖြစ်သွားတာများပါတယ်။ ယခင် NLD ကို ဝေဖန်ခဲ့တဲ့ သိန်းညွန့်၊ ခင်မောင်ဆွေ၊ သက်သက်ခိုင်တို့ကိုကြည့်ရင် နောက်ပိုင်း မအလဘောမဖြစ်သွားတာ အားလုံးသတိထားမိမှာပါ။ စစ်ထောက်လှမ်းရေးမှာ နဂိုထဲက တန်ပြန်ထောက်လှမ်းရေးတွေအနေနဲ့ တော်လှန်ရေးထဲကို ထည့်လိုက်သူတွေရှိပါတယ်။ ဒီလူတွေက စရဖညွှန်ချုပ်၊ ဒုညွှန်ချုပ်ထံသာ သတင်းပို့ရလို့ အခြားအဆင့်သိဖို့ ခက်ပါတယ်။ သူတို့ဟာ လိုင်းပေါ်မှာ NUG ကို မဝေဖန်လောက်ပါ။ သူတို့ဟာ နောက်ပိုင်းမှ ဘက်ပြောင်းအနေနဲ့သာ သုံးမှာပါ။ ဒုတိယအုပ်စုက လေလှိုင်းပေါ်မှာ NLD ကိုဝေဖန်သလို NUG ကို ဝေဖန်ရင်း စရဖက သူတို့ကိုသိမ်းသွင်းတာပါ။ အချို့စာမျက်နှာတွေ၊ လူသိများသူတွေဆိုရင် စရဖက ပိုက်ဆံပေးမယ် သင့်စာမျက်နှာမှာ ကြေညာမယ် ဒေါ်လာ တစ်သိန်း ဘာညာပေးမယ်ဆိုပြီး သူ့ဘက်ပြောင်းအောင် ကြိုးစားတာပါ။ အခ