Posts

ဂျပုက အတော် ဆိုက်ကိုဖောက်နေသတဲ့

Image
   ဂျပုအကြောင်း အတွင်းသတင်း ရထားတယ်။ ဂျပုက အတော် ဆိုက်ကိုဖောက်နေသတဲ့။ ဟိုတခေါက်က သူ့ကားတန်းကို ရထားတိုက်မိမလို ဖြစ်တဲ့ကိစ္စလေ… သူ့ကို လုပ်ကြံတာလားချည်း ကြောက်လန့်တကြား မေးတာတဲ့။ ဘာသံကြားကြား သူ့လုပ်ကြံတော့မယ်ပဲ ထင်နေသတဲ့။  တိုက်ပွဲသတင်းတွေဆို ရှုံးတဲ့သတင်း သူ့ဆီ ပို့လို့မရဘူး။ ပို့ရင် ဖိုင်တွဲနဲ့ ကောက်ပေါက်တာတဲ့။ သူ့အောက်က ခပ်ကြီးကြီးအကောင်တွေလည်း ရာထူးပြုတ်မှာကြောက်ပြီး နိုင်ပါတယ်ဆိုပြီး သတင်းအင်ထုပြီး တင်နေရသတဲ့။  TNLA ကိစ္စတုန်းက ဂျပုက အင်အနိုင် Reportတွေ ထိုင်ဖတ်၊ ကွန်ဖီးဒန့်လယ်ဗယ်တွေ ဆိုးဟိုက်ပြီး ဝင်တိုက်ခိုင်းတာတဲ့။ တင်နီလာအေးထိရင် သာကောနဲ့ မျက်နှာပျက်မယ်ဆိုတာ သိတယ်။ ဒါပေမယ့် ဂျပုအောက်က ကောင်တွေ မျက်နှာလိုမျက်နှာရနဲ့ ဖောထားတာက PDFတွေဆီပို့မယ် လက်နက်တိုက်ကို သတင်းရထားတယ်ဆိုပြီး ဖောထားတာ။ ဂျပုလည်း သာကောကို ဒီလက်နက်တိုက်ပြပြီး ဒါ့ကြောင့်ဝင်တိုက်တာပါဆိုပြီး ချော့မယ်ပေါ့။  အဘ… မြေပြင်က သွားလို့တော့ မရဘူးဆိုတော့ လေယာဉ်နဲ့ လူချကွာဆိုပြီး ရက်ရောတာ။ အကောင်၂၀၀ သတ်ကွင်းထဲမှာ ပိတ်မိရော။ ဒွမ်ကုန်တာ သောက်သောက်လဲ။ တင်နီလာအေးက ငါနယ်မြေဟဲ့ဆိုပြီး ဘယ်ပြန်ညာပြန်ဘေတာ။  အောက်မှာသာ ၂၀၀ လောက်

ဂျပန်မှာ မင်းအောင်လှိုင်အတင်းပြောခံရ

Image
❝၂၀၂၀ ခုနှစ် ကျနော် အငြိမ်းစားယူပြီးရင် သမ္မတလုပ်ချင်လို့ တစ်ကြိမ်လောက်ကူညီပေးပါ❞ တဲ့— မင်းအောင်လှိုင်ကအဲ့ဒီ့လိုပြောတာ။ အဲ့တုန်းက မင်းအောင်လှိုင်နဲ့ အဖွဲ့က  ဂျပန်နိုင်ငံကို သွားပြီးနိပွန်ဖောင်ဒေးရှင်းကကျင်းပတဲ့ ပွဲကိုသွားတက်တာ။ အဲ့ပွဲကို မင်းအောင်လှိုင်နဲ့ အဖွဲ့ကလာတော့ ကြိုဆိုပွဲလုပ်ကြတာပေါ့။ ဂျပန်မြန်မာအသင်း ဥက္ကဋ္ဌ Mr. Hideo Watanabe (မစ္စတာ ဟီဒီယို ဝါတာနာဘေး) လည်း တက်တယ်။ အခမ်းအနားပြီးတော့ မင်းအောင်လှိုင်က မစ္စတာ ဟီဒီယို ဝါတာနာဘေး နဲ့ Mr. Yohei Sasakawa (ရောဟဲ ဆာဆာကာဝါ) အဲ့ဒီလိုပြောချလိုက်တာ။ ❝ သမ္မတလုပ်ချင်လို့ တစ်ကြိမ်လောက်ကူညီပေးပါ❞ ဆိုပြီး—  မင်းအောင်လှိုင်က အဲ့လိုကြီး ဆိုင်းမဆင့်ဗုံမဆင့် ရုတ်တရက်ပြောလိုက်တော့ ဟို ဂျပန်နှစ်ယောက်လဲ အံတွေဩကုန်တာ။ Mr. Watanabe က—  "ဒုသမ္မတကို စစ်တပ်အထဲကနေ ရွေးချယ်မှာမဟုတ်လား၊  ဒု-သမ္မတရာထူးနဲ့ မလုံလောက်သေးဘူးလား" လို့ တောင်ပြန်မေးခဲ့သေးတယ်တဲ့။ မင်းအောင်လှိုင်ယုံကြည်တဲ့ Mr. Watanabe ကပဲ အတွင်းလူတွေကို အတင်းတွေပြန်ပြောလို့ နိုင်ငံရေးဘက်က ဂျပန် အတော်များများသိကြတာ။  နံရံတွေမှာ နားရှိတယ်။ မရွှေမိုး-ကိုရီးယား January 5th,2023.

၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များစာရင်းတွင် ဦးဖြိုးဇေယျာသော် ပါဝင်

Image
ဧရာဝတီ ၊ ဇန်နဝါရီ  ၅ ၊ ၂၀၂၃ ။   အမေရိကန်အခြေစိုက် နိုင်ငံတကာနှင့် နိုင်ငံခြားရေးမူဝါဒများကို လေ့လာနေသည့် Council on Foreign Relations အဖွဲ့မှ ထုတ်ပြန်သည့် ၂၀၂၂ ခုနှစ်အတွင်း သေဆုံးကွယ်လွန်ခဲ့သည့် ကမ္ဘာ့ထိပ်တန်းပုဂ္ဂိုလ်များ၏စာရင်းတွင် ဦးဖြိုးဇေယျာသော်ကို ထည့်သွင်း ဖော်ပြထားသည်။   ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် ထိပ်တန်းပုဂ္ဂိုလ် ၁၀ ယောက်၏ စာရင်းထဲတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး ၊ ဗြိတိန်ဘုရင်မကြီး အဲလိဇဘက် ၊ တရုတ်သမ္မတဟောင်း ကျန်ဇီမင်းစသည့် နိုင်ငံ့ခေါင်းဆောင်များနှင့်အတူ ဦးဖြိုးဇေယျာသော်ကို ထည့်သွင်း ဖော်ပြခြင်း ဖြစ်သည်။   ဦးဖြိုးဇေယျာသော်အား  နိုင်ငံရေးသမား ၊ ဟစ်ဟော့အဆိုတော် ၊ လွှတ်တော်ကိုယ်စားလှယ် ၊ ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူအဖြစ် ထိပ်တန်းပုဂ္ဂိုလ် ၁၀ ယောက်၏ နံပါတ် ၆ ယောက်နေရာတွင် ဖော်ပြထားသည်။ ယခင်ကာလတည်းကပင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သော ဦးဖြိုးဇေယျာသော်သည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ပြီးနောက်  Generation Wave  ဟုခေါ်သော မျိုးဆက်သစ်လူငယ်များ အစည်းအရုံးကို တည်ထောင်သူထဲတွင် တဦးအပါအဝင် ဖြစ်ပြီး ၂၀၀၈ ခုနှစ်တွင် စစ်အစိုးရ၏ ဖမ်းဆီးထောင်ချခြင်း ခံခဲ့ရသူလည်း ဖြစ်သည

ALP စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်သုံးဦး သတ်ဖြတ်ခံရမှု ULA/AA လက်ချက်မဟုတ်ဟု ငြင်းဆို

Image
  by   MPA     Jan 5, 2023 ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) မှ စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်သုံးဦး သတ်ဖြတ်ခံရခြင်းသည် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA) ၏ လက်ချက်ဖြစ်ကြောင်း ALP က ဇန်နဝါရီလ ၅ ရက်၊ ယနေ့တွင် ကြေညာစွပ်စွဲထားသည်။ အဆိုပါ ကြေညာချက်ထုတ် စွပ်စွဲထားပြောဆိုချက်မှာ အခြေအမြစ်မရှိသည့် စွပ်စွဲချက်သာဖြစ်ကြောင်း ULA/AA က တုံ့ပြန် ငြင်းဆိုထားသည်။ ” ဒီလိုကျနော်တို့ကို နာမည်ထုတ်ပြီးတော့ အခြေအမြစ်မရှိ စွပ်စွဲတာကတော့ နာမည်သေနေတဲ့ သူတို့ ALP ကို နာမည်ကြီးအောင်လုပ်ချင်လို့ လုပ်တာလည်းဖြစ်နိုင်ပါတယ်” ဟု ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူခိုင်သုခက MPA သို့ ပြောသည်။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ဇန်နဝါရီလ ၄ ရက်၊ မနေ့က ပြည်နယ်စစ်ကောင်စီကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ALP မှ တက်ရောက်ခဲ့ကြသည်။ ထိုပွဲမှပြန်လာစဥ် ALP မှ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စိုးမြ၊ အမှတ် (၁၀၁) တပ်ရင်းမှူး၊ ဒုတိယဗိုလ်မှူးကြီးခိုင်ကျော်စိုးနှင့် ဗိုလ်ကြီးခိုင်သူရိန္ဒတို့မှာ ကားလမ်းပေါ်တွင် သေနတ်ဖြင့်ပစ်ခတ်ခံရပြီး ကားပေါ်တွင် သေဆုံးသွားခဲ့သည်။ ထိုကဲ့သို့ အကြမ်းလုပ်ကြံသတ်ဖြတ်ခံရခြင်းမှာ ULA/AA ၏ လက်ချက်ဖ

မင်းအောင်လှိုင်၊ မဘသ၊ အမျိုးသားရေး အစွန်းရောက်၊ အယောင်ဆောင် သင်္ကန်း ဝတ်များ နှင့် အဖွဲ့များ၏ စစ်အာဏာသိမ်းရေး ဆက်နွယ် လှုပ်ရှား မှုများ ကို ဖော်ထုတ်ခြင်း

Image
By ဘမောင်. ခေတ်သစ်မီဒီယာ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းရန် စစ်တပ်၊ မဘ သ၊ အစွန်းရောက် အမျိုးသားရေးသမားများ၊ အယောင်ဆောင်သင်္ကန်းဝတ်များ၊ အစွန်းရောက် နိုင်ငံရေးပါတီများနှင့် အဖွဲ့အစည်းများအကြား ဟန် ချက် ညီညီ လုပ်ဆောင် အာဏာသိမ်းခဲ့ကြောင်း ၎င်းတို့လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် လေ့လာမှု စစ်တမ်းများအရ သိရှိရသည်။  စစ်တပ်နှင့် မဘသ အဖွဲ့အစည်း၊ အမျိုးသားရေးအစွန်းရောက်များ၏ ဆက်စပ် ပတ်သက်မှုများကို ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီး နောက် ပိုင်းကာလများအတွင်း ပိုမိုတွေ့ရှိခဲ့ရပြီး ၂၀၂၀ ဒီဇင်ဘာ ၂၃ရက်နေ့တွင် မင်းအောင် လှိုင်က မဘသ ဥက္ကဋ္ဌ တိလောကဘိဝံသ ၏ ကျောင်းတိုက်သို့ သွား ရောက်တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး အလှူငွေ သိန်း(၅၀၀) လှူဒါန်းခဲ့ကြောင်း သတင်းဖော်ပြချက်များအရ သိရှိရသည်။  အမျိုးသားရေး အဖွဲ့အစည်းများနှင့် နီးစပ်သည့် အသိုင်းအဝိုင်းမှ အတည် ပြုခဲ့သည့် သတင်းအချက်အလက်များအရ “မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာစစ်တပ်မှ တိုင်းပြည်အာဏာအား သိမ်းယူရန် စီစဉ်နေကြောင်းနှင့် အာဏာသိမ်းယူရေးအစီအစဉ်များအား မဘသ ဥက္ကဌဟောင်း တိလောက ဘိဝံသ နှင့် မဘသ ဒုဥက္ကဌဟောင်း သီတဂူဆရာတော် အရှင်ဉာဏိဿရ

အမေရိကတွင် ပညာသင်ယူရန် မြန်မာပြည်မှ ရောက်ရှိလာသော ပထမဆုံးကျောင်းသား

Image
၁၈၅၈ - ၁၉၂၉ အမေရိကန်ပြည်ထောင်စုကို ပထမဆုံးရောက်ရှိခဲ့သော မြန်မာကျောင်းသား (အမေရိကကို ပထမဦးဆုံး ရောက်သော မြန်မာလူမျိုးလည်း ဖြစ်နိုင်ပါသည်။) မှာ မောင်ရှောလူး ဖြစ်သည်။ အမေရိကန် ပြည်တွင်းစစ် မဖြစ်ခင် ကာလ ၁၈၅၈ ခုနှစ်တွင် မောင်ရှောလူးသည် သူ၏ ဇာတိဖြစ်သော မော်လမြိုင်မြို့မှ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် (Pennsylvania) လူးဝစ္စဘာ့ဂ်မြို့(Lewisburg) သို့ခရီးနှင်ခဲ့သည်။ ဖော်ပြပါပုံကို အင်ဒီယားနားပြည်နယ် ဂိုရှန်မြို့ကလေးတွင် ၁၈၆၅ ခုနှစ်ဝန်းကျင်က ရိုက်ကူးခဲ့သည်။ ကာလကတ္တားမြို့တွင် ပညာသင်ရန် အသက် ၁၇ နှစ်အရွယ် မောင်ရှောလူးသည် ၁၈၅၇ ခုနှစ်က မြန်မာပြည်မှ ထွက်လာခဲ့သည်။ ၁၈၅၈ ခုနှစ်တွင် အိန္ဒိယပြည်တွင် ပုန်ကုန်ထကြွမှုများ ဖြစ်ပွားသည့်အခိုက် အမေရိကန်ပြည်ထောင်စုသို့ သင်္ဘောခိုးစီးကာ လိုက်ပါသွားခဲ့သည်။ ဖမ်းမိခံရသည့်အခါ သင်္ဘောခန်းအစောင့်အဖြစ် အလုပ်လုပ်ပေးရင်း ဆက်လက်စီးနင်းနိုင်ခဲ့သည်။ တစ်ပြားတစ်ချပ်မှ မရှိဘဲ အမေရိကန်ပြည်သို့ ရောက်ရှိသွားပြီး တက္ကသိုလ်မတက်ခင်အထိ ကြုံရာကျပန်း အလုပ်လုပ်ကာ အသက်ဆက်ခဲ့ရသည်။ မောင်ရှောလူးသည် ပန်ဆယ်ဗေးနီးယားပြည်နယ် (Pennsylvania)ရှိ လူးဝစ်ဘာ့ခ်တက္ကသိုလ် - University of Lewisburg (ယခု ဘက်ခ်န

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

Image
KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေးလိုက်ပါပြီ။ သူဟာယခင်က ကာကွယ်ရေးဦးစီးချုပ်နဲ့ ဒုဥက္ကဌရာထူးကိုရရှိထားသူပါ။ အဆိုပါရာထူးအပြောင်းအလဲကို ဇန်နဝါရီလ ၂ရက်၂၀၂၃မှာ လက်ရှိဥက္ကဌဗိုလ်ချုပ်ကြီးအင်ဘန်လက လက်မှတ်ထိုးပြီးထုတ်ပြန်ကြေငြာလိုက်တာပါ။ General Gunhtang Gam Shawng ဟာ စစ်ဗျူဟာမှာအရမ်းတော်ပြီးထက်မြက်တဲ့ခေါင်းဆောင်ကောင်းနဲ့ ဘုရားတရားကိုအထူးရိုသေကိုင်းရှိုင်းသူဖြစ်ပါတယ်။ခေတ်ပညာတတ်တစ်ဦးလည်းဖြစ်သလို English စကားလည်းကျွမ်းကျင်စွာပြောဆိုနိုင်သူပါ။ ၂၀၁၁ကချင်တကျော့ပြန်စစ်ပွဲကစလို့ယနေ့ထိတိုက်ပွဲတွေမှာ ဦးဆောင်ဦးရွက်ပြုလျက်မအလစစ်တပ်ကိုကောင်းစွာတိုက်ခိုက်နိုင်ခဲ့သူပါ။ သူရဲ့ဦးဆောင်မှုအောက်မှာ ကေအိုင်အေတပ်မတော်ဟာ စစ်စွမ်းရည်တွေတိုးတက်လာသလိုကိုယ်ပိုင်လက်နက်စက်ရုံနဲ့ကိုယ်ပိုင်လက်နက်တွေကိုတီထွင်ထုတ်လုပ်နိုင်ခဲ့တယ်။ Congratulations General Gunhtang Gam Shawng ၂၀၂၃စစ်ခွေးနိဂုံး မကြာခင်မအလ ဇတ်သိမ်းရတော့မယ်။ 

၈၈ က အမှားဟောင်း စစ်တပ် ဆက်မှားနေ

8 August 2022 ဧရာဝတီ အယ်ဒီတာ့အာဘော် ၂၀၂၂   ခုနှစ်   ဩဂုတ်လ   ၈   ရက်နေ့သည်   ရှစ်လေးလုံး   ဒီမိုကရေစီရေး   လူထုအုံကြွမှုကြီး   ၃၄   နှစ်ပြည့် အထိမ်းအမှတ်နေ့ဖြစ်သည်။   ကွယ်လွန်သူ   အာဏာရှင်ဟောင်း   ဦး​နေဝင်း၏  တပါတီအာဏာရှင်စနစ်ကို မြန်မာနိုင်ငံတဝန်း   လှည်းနေလှေအောင်း   မြင်းဇောင်းမကျန်   မြို့ပြရော   ကျေးလက်ပါ   လူထုက   လမ်းမများပေါ် ထွက်ပြီး   ကန့်ကွက်ဆန္ဒပြကြခြင်းသည်   ထိုအချိန်က   သပိတ်မှောက်   တက္ကသိုလ်ကျောင်းသားများအား   လုံထိန်းရဲများက   အင်အားသုံး   အကြမ်းဖက်နှိမ်နင်းခဲ့မှုကို   မခံမရပ်ဖြစ်ကြသောကြောင့်အပြင်   နောက်ခံအထွေထွေ   မကျေနပ်မှုကြောင့်လည်း   ပါသည်။ ရှစ်လေးလုံးအရေးတော်ပုံသည်   နှစ်ပေါင်းများစွာ   အထီးကျန်ဆန်မှုနှင့်   မှားယွင်းသော   စီမံခန့်ခွဲမှုကြောင့်   နိုင်ငံ့စီးပွားချွတ်ခြုံကျပြီး   ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင်ခဲ့ရမှုအပေါ်   များစွာမှီတည်ခဲ့သည်။   ၁၉၆၂   ခုနှစ် စစ်တပ်အာဏာသိမ်းမှုမှ   စတင်ခဲ့သော   ၂၆   နှစ်ကြာ   မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ကြောင့်   နိုင်ငံ့စီးပွားရေးလုပ်ငန်းများ ပြိုပျက်သွားပြီး   ဆင်းရဲမွဲတေမှု   နက်ရှိုင်းကျယ်ပြန့်လာခဲ့ခြင်းက   ၁၉၈၈   ခုနှစ်  

မလုပ်ရဲတာ ဘာမှ မရှိသော စစ်အာဏာသိမ်း အဖွဲ့

Image
- U.S. Foreign Policy Magazine *********************************** ကုလသမဂ္ဂ အတွင်းရေးမှုး ချုပ် အန်တိုနီ ဂူတာရက်ဇ် မှ နိုင်ငံတော် အတိုင်ပင်ခံ အပေါ် အပြီးသတ် ပြစ်ဒဏ် စီရင်ခဲ့မှု အပေါ် လွန်စွာ စိုးရိမ်မကင်း ဖြစ်ရကြောင်းနှင့် သူမနှင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့အား ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်သည်။  မြန်မာ ဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူး ညှိနှိုင်းရေးမှုး တွန် အင်ဒရူးက မူ ကမ္ဘာခေါင်းဆောင်များ အနေဖြင့် ပါးစပ်ဖြင့် ရှုတ်ချနေခြင်းထက် လက်က လှုပ်ဖို့ ပိုအရေးကြီးသည်ဟု သူ၏ တွစ်တာ တွင် ရေးသားလာခဲ့သည်။ အမေရိကန် Foreign Policy မဂ္ဂဇင်းကြီးကလည်း စစ်အာဏာသိမ်း အဖွဲ့သည် ဖျောင်းဖျနားချ၍ မရသူများဟု ရေးသားလာသည်။ မလုပ်ရဲတာ ဘာမျှ မရှိ Myanmar Junta’s has no limit ဟူသော ခေါင်းစဉ်ဖြင့် ၎င်းတို့၏ လက်ရှိ အချိန်အထိ ရက်စက်ကြမ်းကြုပ်စွာ ကျုးလွန်ခဲ့မှုများကို တန်းစီ ရေးသား ချပြခဲ့သည်။ ထိုဆောင်းပါးတွင်ပင် အမေရိကန်၏ Burma Act ဖြင့် မြန်မာ ဒီမိုကရေစီ လှုပ်ရှားမှု အတွက် လောလောဆယ် တနှစ် ဒေါ်လာ သန်း ငါးဆယ်ဖြင့် ငါးနှစ်ဆက်တိုက် ထောက်ပံ့သွားမည် ဖြစ်သည့် အပြင် လူသားချင်း စာနာ ထောက်ထားသည့် အကူအညီ အဖြစ် ဒေါ်လာ သန်း ၂၂၀

အရောင်ပြောင်းကြတော့မည့် ပုတ်သင်ညိုများ

Image
အကြမ်းဖက် စစ်ကောင်စီသည် လူထု ကို ၎င်းတို့ လက်ခုတ်ထဲက ရေ ကဲ့သို့ သဘောထားက သွန်ချင်သလို သွန် မှောက်လို မှောက် သဘောထားနေပြီး ထောက်ခံ အားပေးသူများအား နိုင်ငံတော်၏ ဘဏ္ဍာတိုက်ထဲမှ ထုတ်နှုတ် အသုံးပြုကာ ဘွဲ့ထူး ဂုဏ်ထူးများ ဖေါဖေါသီသီ ပေးအပ်ပြီး ထောက်ခံမှု ရရှိအောင်၊ မိမိတို့ နှင့် တဖွဲ့တည်း ဟု ယူဆလာအောင် ကြိုးပမ်းနေသည်။ ထိုအထဲတွင် ကမ္ဘာ အထင်ကရ တိုင်းမ် မဂ္ဂဇင်းကြီး မှ ၂၀၁၃ နှစ်အတွင်း “The Face of Buddhist Terror” ဟု မျက်နှာဖုံး မှ ဖေါ်ပြခြင်း ခံရသော အမျိုးဘာသာ ဆိုကာ သွေးမြောက် ဂျိုကြွနေသူ firebrand ဟု ဝီရသူ အား သီရိပျံချီ  ဆုတံဆိပ် ကို အကြမ်းဖက် စစ်ခေါင်းဆောင်မှ ချီးမြှင့်လိုက်သည့် သတင်းသည် ကမ္ဘာ သတင်းစာမျက်နှာ တွင် ပျံ့နှံ့သွားခဲ့ပြီ ဖြစ်သည်။ ဝရမ်းပြေး က သီရိပျံချီ ဆုတံဆိပ် ရနေသော ခေတ်ကြီး ဖြစ်နေသည်။  ထိုသို့ အပေးခံရသူများသည်လည်း မိမိတို့ အနေချောင်၊ စားပေါက် ချောင်အောင် ကြိုးစားပေးနေသူများဟု ယူဆကာ မျက်စိမှိတ် ထောက်ခံနေကြသော်လည်း တဖက်တွင် လိုအပ်လျှင် ဆိုကာ ပြေးပေါက် ကို ရှာကြံစဉ်းစားနေကြရသူ များ ဖြစ်လာနေသည်။ ထိုသို့ ဆုပေးခြင်း များသည် တခါတရံ ခြံစည်းရိုး ခွထိုင်သူများကိုပင် အရောင်ပြောင်းသွားပြီ