Posts

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ KNU ဆုံးဖြတ်

Image
■ စစ်ကောင်စီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို ပြတ်ပြတ်သားသားဆန့်ကျင်ဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီက ဆုံးဖြတ်ထားတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ဇန်နဝါရီလ ၁၅ ရက်မှာ RFA ကို ပြောပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူတို့အနေနဲ့ အထွေထွေရွေးကောက်ပွဲကို အကြားအလပ်မရှိကျင်းပဖို့ ကြိုးပမ်းနေတယ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှာ ပြောဆိုထားပါတယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်းတွေက နယ်မြေတချို့ကို ထိန်းချုပ်ထားတဲ့ KNU အနေနဲ့ ထိန်းချုပ်နယ်မြေအတွင်းမှာ ရွေးကောက်ပွဲပြုလုပ်ခွင့်ပေးမှာ မဟုတ်သလို ရွေးကောက်ပွဲလုပ်ငန်းစဉ်မှန်သမျှကို ဆန့်ကျင်သွားမယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။ ဒီရွေးကောက်ပွဲကနေ စစ်ကောင်စီက သူ့ရဲ့ တရားဝင်မှုကို ရှာဖွေဖို့ကြိုးစားမှာဖြစ်သလို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်ပြီးအသက်သွင်းဖို့ကြိုးစားတာကို KNU က လက်ခံမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ဘယ်လိုနည်းနဲ့ ဆန့်ကျင်သွားမလဲဆိုတာကိုတော့ အသေးစိတ်ထုတ်မပြောနိုင်ဘူးလို့လည်း ဆိုပါတယ်။ KNU ဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိ

စစ်ကောင်စီရဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပပြီး တရားဝင်မှုရရှိရေး ကြိုးပမ်းမှုကို တရုတ်က လက်မခံခဲ့

Image
စစ်ကောင်စီရဲ့ ထိပ်သီးဆွေးနွေးပွဲကျင်းပပြီး တရားဝင်မှုရရှိရေး ကြိုးပမ်းမှုကို တရုတ်က လက်မခံခဲ့ ဧရာဝတီတိုင်းမ် ဇန်နဝါရီလ ၁၅ ရက် မြန်မာနိုင်ငံမှာပြုလုပ်တဲ့ ဒေသတွင်းအစည်းအဝေးတစ်ခုတက်ရောက်ဖို့ တရုတ်ဝန်ကြီးချုပ် လီခချန်ကို ဖိတ်ကြားပေမယ့် ပေကျင်းက ငြင်းဆန်လိုက်တာဟာ နေပြည်တော်က စစ်အာဏာရှင်တွေအတွက် အရှိုက်ထိခဲ့ တယ်လို့ Aljazeera သတင်းဌာနက ဖော်ပြပါတယ်။ စစ်ကောင်စီက အတိုက်အခံတွေကို နှိပ်ကွက်ကာ နိုင်ငံတကာမှာ တရားဝင်မှုရရှိဖို့ ကြိုးပမ်းနေမှုကြောင့် နိုင်ငံတကာရဲ့ အထီးကျန်မှု ခံနေရချိန် လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေး ထိပ်သီးဆွေးနွေးပွဲ (LMC) ကို တက်ရောက်ဖို့ စစ်ကောင်စီရဲ့ဖိတ်ကြားချက်ကို တရုတ်နိုင်ငံက အကြောင်းမပြန်ခဲ့တာပါ။ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ သာယာဝပြောရေးမြှင့်တင်ဖို့ တရုတ်နိုင်ငံက ဉီးဆောင်ပြီး ထူ ထောင်ခဲ့တဲ့ LMC ဟာ မဲခေါင်မြစ်တစ်လျောက်ရှိ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေနဲ့ ဖွဲ့ စည်းထားတာပါ။ တိဘက်ကုန်းပြင်မြင့်မှမြစ်ဖျားခံကာ တရုတ်နိုင်ငံတွင်းမှ ဖြတ်သန်းစီးဆင်းတဲ့ မဲခေါင်မြစ်ကို လန်ချန်မြစ် လို့ လူသိများပါတယ်။ ၂၀၂၂ ခုနှစ်မှာ LMC အလှည့်ကျဥက္ကဌ မြန်မာန

စစ်ကောင်စီ၏ ၈ နာရီနီးပါးကြာမြင့်သော သွေးရူးသွေး တန်း လျှို့ဝှက် အစည်း အဝေး၄၅မျက်နှာမှတ်တမ်း

Image
စစ်ကောင်စီ၏ ၈ နာရီနီးပါးကြာမြင့်သော သွေးရူးသွေး တန်း  လျှို့ဝှက် အစည်း အဝေးက NUG ၊ CRPH နှင့် PDF ကို ချေမှုန်းမယ်တဲ့လား  ----------------------------------------------------- ▪️အစည်းအဝေး ဆွေးနွေးချက် အပြည့်အစုံ ထုတ်ပြန်ခြင်း By ရန်ကုန်ခေတ်သစ် အကြမ်းဖက် စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် ဦးဆောင်၍ ဒီဇင်ဘာ လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီမှ ည ၈ နာရီ ၁၅ မိနစ်အထိ   ၈ နာရီနီးပါး ကြာ မြင့်သော သွေးရူးသွေး တန်း  လျှို့ဝှက် အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယင်းအစည်း အဝေးတွင်  NUG ၊ CRPH နှင့် PDF ကို ချေမှုန်းရေး ဆွေးနွေးခဲ့ကြသည်။  ယင်းအစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်၊ ဒုဝန်ကြီးများ၊ ကာကွယ် ရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဗဟိုဘဏ်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့  အပါအဝင် ဌာနဆိုင်ရာမှ ထိပ်တန်း အရာရှိ ၅၅ ဦးတက် ရောက်ခဲ့ကြသည်။  ယင်းအစည်းအဝေးတွင် လက်ရှိအခြေအနေများအရ NUG ၊ CRPH ၊ PDF တို့ကို အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ရန် စစ်ကောင်စီ ၏ ကြိုးပမ်းမှု မအောင်မမြင် သည့်အနေအထားကို စိုးထွဋ်က ဆွေးနွေးသွားသည်။  ရူးကြောင်ကြောင် အကြံပြုချက်များနှင့် ဆွေးနွေးချက်များ ================================ နိုင်ငံတကာနှင့

NUG၊ NUCC ၊ CRPH နှင့် PDF များကို ချေမှုန်းရေး စစ်ကောင်စီ၏ ၈ နာရီ နီးပါး ကြာသော သွေးပျက်ခြောက်ခြားနေသည့် လျှို့ဝှက်အစည်းအဝေး မှတ် တမ်းများ ရန်ကုန်ခေတ်သစ်က မကြာမီ ထုတ်ပြန်မည်

Image
ရန်ကုန်၊ ဇန်နဝါရီ ၁၅  အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သော စစ်ကောင်စီက NUG၊ NUCC ၊ CRPH နှင့် PDF များကို ချေမှုန်းရေး စစ်ကောင်စီ၏ ၈ နာရီနီးပါး ကြာမြင့်သော သွေးပျက်ခြောက်ခြားနေသည့် လျှို့ဝှက်အစည်းအဝေးတစ်ခုကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နေပြည်တော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်တွင် ကျင်းပပြုလုပ်ခဲ့သည်။  အဆိုပါ သွေးပျက်ခြောက်ခြားနေသည့် အစည်းအဝေးတွင် ပြည်ထဲရေးဝန်ကြီး စိုးထွဋ်က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဆွေးနွေးမှု ရလဒ်များကို မင်းအောင်လှိုင်ထံ တိုက်ရိုက် အစီရင်ခံရသော အစည်းအဝေးလည်းဖြစ်သည်။   ယင်း သွေးပျက်ခြောက်ခြားနေသည့် လျှို့ဝှက် အစည်းအဝေး တက်ရောက်သူများစာရင်း၊  အစည်း အဝေး မှတ်တမ်းများအားလုံးကို ရန်ကုန်ခေတ်သစ်က ရရှိထားပြီး စာမျက်နှာ ၄၀ ပါရှိရာ ပြည်ထဲရေးဝန်ကြီး ဌာန၊ ကာကွယ်ရေးဝန်ကြီး ဌာန အပါအဝင် စစ်ကောင်စီ၏ ထိပ်တန်း အရာရှိ ၅၅ ဦး တက်ရောက် ခဲ့ကြသည့် အစည်းအဝေးလည်းဖြစ်သည်။

စောက်ရှက်ကွဲပြီ

Image

ကြူကြူလှအနေဖြင့် ဇာတ်မြုပ်ခါ သားသမီးများ မွေးခဲ့သည်

Image
ဖြစ်ရပ်မှန် ဇတ်လန်းတွေက ထူးခြားနေတာ။ ~~~~~~~~~~~~~ ၁၉၇၃ခုနှစ် ၊ အောက်တိုဘာလ ၊ ၁၃ ရက်။ အချိန်ကား ည ၇ နာရီ။ "ဆွီတီ မင်းထွက်လာစမ်း။ ထွက်လာခဲ့စမ်းလို့...တောက်" လသာမြို့၏ စားသောက်ဆိုင်အမည်ခံ ဆောင်ကြာမြိုင် ခေါ် ဘိတစ်ခုရှေ့တွင် လူငယ်တစ်ယောက် ခေါက်တုံ့ခေါက်ပြန်လျောက်၍ ဆွီတီဟူသော အမျိုးသမီးတစ်ဦးအား ခေါ်ထုတ်နေခြင်းဖြစ်သည်။ ခေါ်သာခေါ်နေသော်လည်း အထဲမှ မည်သူတစ်ဦးမှ ပြန်မထူး။ "မင်းမထွက်လာရင် တစ်ဆိုင်လုံး မီးရှို့ပစ်မှာနော်" ကချင်ကွက်ပုဆိုးနှင့် တီရှပ်အဖြူခပ်နွမ်းနွမ်းကို ဝတ်ထားသော ချာတိတ်သည် ဒေါသစိတ်ကြောင့် တကယ်ပင်လုပ်မည့်အလား ဟန်ပြင်နေသည်။ ထိုအချိန် စားသောက်ဆိုင်၏ ပထမထပ် ဝရံတာ တံခါးလေးပွင့်လာပြီး "ကိုမင်း ရှင်တော်တော် တရားလွန်နေပြီနော်။ အချိန်လည်း မတော်တော့ဘူး ပြန်လိုက်ပါတော့ရှင်" ကိုမင်းဆိုသည့် ချာတိတ်က အပေါ်ထပ်ကိုမော့ကြည့်ပြီး "မင်းဆင်းလာမလား ငါမီးရှို့ရမလား။ မလုပ်ရဲဘူးမထင်နဲ့နော်" ဆွီတီက ကိုမင်းကို ငုံ့ကြည့်လျက် သက်ပြင်းတစ်ချက် ချလိုက်ပြီး "လာပါပြီတော် လာပါပြီ" ကိုမင်း ၅၅၅ (ငါးသုံးလုံး) စီးကရက်တစ်လိပ်ကို ခဲလိုက်ပြီး ဒေါသများနှင့်အတူ ဆေးလိပ်ငွေ့မ