ကြူကြူလှအနေဖြင့် ဇာတ်မြုပ်ခါ သားသမီးများ မွေးခဲ့သည်
ဖြစ်ရပ်မှန် ဇတ်လန်းတွေက ထူးခြားနေတာ။
~~~~~~~~~~~~~
၁၉၇၃ခုနှစ် ၊ အောက်တိုဘာလ ၊ ၁၃ ရက်။
အချိန်ကား ည ၇ နာရီ။
"ဆွီတီ မင်းထွက်လာစမ်း။ ထွက်လာခဲ့စမ်းလို့...တောက်"
လသာမြို့၏ စားသောက်ဆိုင်အမည်ခံ ဆောင်ကြာမြိုင် ခေါ် ဘိတစ်ခုရှေ့တွင် လူငယ်တစ်ယောက် ခေါက်တုံ့ခေါက်ပြန်လျောက်၍ ဆွီတီဟူသော အမျိုးသမီးတစ်ဦးအား ခေါ်ထုတ်နေခြင်းဖြစ်သည်။
ခေါ်သာခေါ်နေသော်လည်း အထဲမှ မည်သူတစ်ဦးမှ ပြန်မထူး။
"မင်းမထွက်လာရင် တစ်ဆိုင်လုံး မီးရှို့ပစ်မှာနော်"
ကချင်ကွက်ပုဆိုးနှင့် တီရှပ်အဖြူခပ်နွမ်းနွမ်းကို ဝတ်ထားသော ချာတိတ်သည် ဒေါသစိတ်ကြောင့် တကယ်ပင်လုပ်မည့်အလား ဟန်ပြင်နေသည်။
ထိုအချိန် စားသောက်ဆိုင်၏ ပထမထပ် ဝရံတာ တံခါးလေးပွင့်လာပြီး
"ကိုမင်း ရှင်တော်တော် တရားလွန်နေပြီနော်။ အချိန်လည်း မတော်တော့ဘူး ပြန်လိုက်ပါတော့ရှင်"
ကိုမင်းဆိုသည့် ချာတိတ်က အပေါ်ထပ်ကိုမော့ကြည့်ပြီး
"မင်းဆင်းလာမလား ငါမီးရှို့ရမလား။ မလုပ်ရဲဘူးမထင်နဲ့နော်"
ဆွီတီက ကိုမင်းကို ငုံ့ကြည့်လျက် သက်ပြင်းတစ်ချက် ချလိုက်ပြီး
"လာပါပြီတော် လာပါပြီ"
ကိုမင်း ၅၅၅ (ငါးသုံးလုံး) စီးကရက်တစ်လိပ်ကို ခဲလိုက်ပြီး ဒေါသများနှင့်အတူ ဆေးလိပ်ငွေ့များကို လေထဲသို့ မှုတ်ထုတ်ရင်း စောင့်နေသည်။
ခဏနေ ဆွီတီဆင်းလာသည်။
ဆွီတီ့ကိုမြင်သော် ကိုမင်းက အနားကိုတိုးပြီး တင်းတင်းကြပ်ကြပ် ဖက်လိုက်ကာ ဆွီတီ့၏ ကိုယ်သင်းရနံ့ကို တစ်ဝကြီး ရှုရှိုက်လိုက်သည်။
"လွှတ်ပါရှင် တော်ကြာ မဂျစ်ခမ်းတို့လူတွေ ရောက်လာမှ ရှင်သေနေပါဦး"
''အောင်မယ် သေစမ်းပါစေ။ ဆွီတီ့အတွက်ဆို အသက်ချင်းလဲပြီး ပြန်တိုက်လိုက်မယ်။ လာ...ကိုယ်နဲ့ ခဏလိုက်ခဲ့"
ပြောဆိုပြီး ဆွီတီ့လက်ကို ဆွဲကာ ဂျစ်ကားပေါ်သို့ တင်သွား၏။
ထို့နောက် ကိုမင်းကိုယ်တိုင် ကားကိုမောင်း၍ ကမ်းနားလမ်းဖက်သို့ ထွက်လာ၏။
ကားပေါ်တွင် နှစ်ယောက်သား စကားမပြောဖြစ်ကြ။
ဆွီတီက ကားလမ်းဘက်ကို ကြည့်ကာ နှုတ်ဆိတ်၍ လိုက်ပါလာ၏။
ကမ်းနားလမ်းသို့ရောက်သော် ကားကို အမှောင်ရိပ်ထဲသို့ မီးပိတ်ကာ ထိုးရပ်လိုက်ပြီး။
"ဆွီတီ ကိုယ်ပြောစရာရှိတယ်။"
''အို ဒီအချိန်ကြီး လူကို ခေါ်ထုတ်လာပြီး ပြောစရာမရှိဘူး ဆိုရင်လဲ ဟင်း...."
"မရွဲ့ပါနဲ့ ဆွီတီ ကိုယ်ဒေါသတွေထွက်နေတယ်"
ဆွီတီအသံဆိတ်သွားသည်။
''မင်း ကိုယ်နဲ့ ထပ်မတွေ့နိုင်တော့ဘူးဆိုတာ ဘာသဘောလည်း"
"အို...ဘာသဘောရမှာလဲ မတွေ့ချင်လို့ မတွေ့ချင်ဘူးပြောတာလေ"
"အကြောင်းပြချက်တော့ ပေးကွာ။ ကိုယ်ကျေနပ်ရင် လက်ခံပေးမယ်"
''ထပ်မတွေ့ချင်တာပဲ အကြောင်းပြချက်လိုလို့လားတော်။ ဘာကို ဖြေရှင်းချက်တွေ ထပ်ပေးနေရမှာလည်း"
ကိုမင်း မျက်မှောင်ကျုံ့သွားသည်။
''ကောင်းပြီလေ ကိုယ်မင်းနဲ့ မခွဲနိုင်ဘူး။ ဒါဟာ အမှန်တရားပဲ။ အဲ့တော့ ကိုယ်ဆွီတီ့ကို ပြန်မပို့တော့ဘူး။ ကိုယ်နဲ့တစ်ခါတည်း လိုက်ခဲ့တော့"
''အို...ရှင်မသိဘူးနော်။ ကျွန်မက ကားတင်ပြေးလို့ရတဲ့အထဲမှာ မပါဘူးရှင့်။ ရှင်သေလိမ့်မယ်နော်။"
''သေစမ်းပါစေကွာ ဘယ်ကောင့်ကို ဂရုစိုက်ရမှာလဲ။ ဘာလဲ မင်းက ကိုယ့်ကိုယ် စိတ်ပူလို့လား"
ဆွီတီ ခေါင်းကို အသာလေးခါလိုက်ပြီး
"ဒီမှာ ဆွီတီ အကို့ကို ပွင့်ပွင့်လင်းလင်းပြောမယ်။ ဆွီတီ့က ပြည့်တန်ဆာ။ ကိုမင်းက ကျောင်းသား။ နှစ်ယောက်အခြေအနေက မိုးနဲ့မြေလိုပဲ။ ဆွီတီ့ကြောင့် ကိုမင်းအသိုင်းအဝိုင်းထဲမှာ သိက္ခာကျလိမ့်မယ်။"
''ဟာကွာ သိက္ခာတွေဘာတွေဆိုတာ အလကားပါကွာ။ တကယ်အရေးကြီးတာ ချစ်ဖို့ပဲ။"
ဆွီတီသက်ပြင်း တစ်ချက်ချလိုက်သည်။
"ကိုမင်း ဆွီတီတို့ဘဝမှာလေ ချစ်တာတွေ သစ္စာတွေက အရေးမပါတော့ဘူးရှင့်။ အရေးကြီးတာ ငွေပဲ။ ငွေပေးသူတိုင်းနဲ့ ဆွီတီအိပ်တယ်။ အတူအိပ်နေတုန်း ချစ်လား မေးရင် ချစ်တယ်လို့ ဖြေရတာပဲ။ ချစ်တယ်ဆိုတာ ဆွီတီ့ရင်ဘတ်ထဲမှာ မရှိတော့ဘူး။ ချစ်တယ်ဆိုတာ တကယ်တော့ အလုပ်သဘောအရ ပါပဲ။"
"ဒါဆို ကိုယ့်အပေါ်မှာရှိတဲ့ ဆွီတီ့ခံစားချက်ကကော"
ဆွီတီ ဘာမှ ဆက်မဖြေ။ မြစ်ပြင်ကျယ်ကိုသာ ငေးကြည့်နေသည်။
"ဒါဆိုမင်းက ငွေသိပ်မက်တာပေါ့....ဟုတ်လားဆွီတီ.....တောက်!"
ဆွီတီ မြစ်ပြင်ကျယ်ကိုကြည့်ရင်း မျက်ရည်များ စီးကျလာရင်း
"ရှင်ဟာလေ ဘာမှနားမလည်ပါလား ကိုမင်းရယ်။ ဆွီတီတို့က ကိုယ့်ဘဝကိုယ်မပိုင်ဘူးရှင့်။ အခုလို ငွေမက်တယ်ဆိုတာကလည်း ကိုယ့်ဘဝကိုယ် ပြန်ရွေးချင်လို့ရှင့်။ ဒီဘဝက လွတ်မြောက်ဖို့ဆို ခေါင်းစိုးဝင်းဆီက ငါးထောင်နဲ့ ပြန်ရွေးရမှာ။ ထွက်ပဲပြေးပြေး ကိုမင်းပဲခေါ်ခေါ် သူတို့လက်က မလွတ်ဘူးရှင့်။ ဘယ်နေရာရောက်ရောက်လိုက်သတ်လိမ့်မယ်။ မဂျစ်ခမ်းတို့နဲ့လည်း အဆက်အသွယ်ရှိတယ်ရှင့်။"
"ဟုတ်ပြီ ဒါဆိုရင် ကိုယ် ဆွီတီ့ကို ငွေသားငါးထောင်နဲ့ ပြန်ရွေးမယ်ဆိုရင် ဆွီတီကိုယ့်နောက်လိုက်နိုင်မလား။ ကိုယ် ဆွီတီ့ကို တစ်သက်လုံး တင့်တောင့် တင့်တယ် ထားမှာပါ။"
''အို... အဲ့ဒီ့လောက် ပိုက်ဆံအများကြီး ဘယ်ကရှာမတုန်း ကိုမင်းရဲ့။"
''ကိုယ်ကြံပါ့မယ်။ စိတ်မပူနဲ့ ဆွီတီ ကိုယ်မင်းကို လက်လွှတ်မခံနိုင်ဘူး"
ဆွီတီ မျက်ရည်များကြားမှ တစ်ချက်ပြုံးလိုက်သည်။
ကိုမင်းက ဆွီတီကို ဖက်လိုက်ပြီး မျက်ရည်များ စီးဆင်းနေသည့် ပါးမို့မို့ကို တစ်ချက်နမ်းရှုံ့လိုက်သည်။
အိုဘဲ့....မွှေးပါဘိ။
ထို့နောက် ဆွီတီ့ကို ဆောင်ကြာမြိုင်သို့ ပြန်လိုက်ပို့သည်။
ဆောင်ကြာမြိုင်ရှေ့အရောက်တွင် ဆွီတီက ကားပေါ်ကဆင်းလိုက်ပြီး
"ဆွီတီသွားတော့မယ်နော် ကိုမင်း"
ပြောပြီးနောက် လှည့်အထွက် ကိုမင်းက ကားပေါ်မှနေ၍
"ဆွီတီ... "
''ရှင့်...ကိုမင်း"
ဆွီတီ သမင်လည်ပြန်လှည့်၍ ဖြေရှာသည်။
ကိုမင်းက မျက်လုံးတွင် ယုံကြည်ချက်အပြည့်ဖြင့် ဆွီ့တီကို ကြည့်လျက်
"ကိုယ့်ကို အလုပ်ရှာပေးပါလား"
"ဒီ.... "
÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷÷
ဤသို့ဖြင့် ကိုမင်းသည် ဆွီတီ့အကူအညီဖြင့် ဆောင်ကြာမြိုင်တွင် အလုပ်ရလေ၏။
ချစ်သည့်သူနှင့် နီးနီးနားနား မကွဲမကွာ အတူတူနေရလေ၏။
ဆွီတီ့အတွက် ဝင်ငွေပိုရဖို့ရာ ဆွီတီသည် အပြုအစုကောင်းကြောင်းကိုလည်း စကားဖြန့်ပေး၏။
ဆွီတီလည်းဖောက်သည်ပိုရသလို ကိုမင်းလည်း မုန့်ဖိုးများရ၏။
ဆွီတီဧည့်သည်ဝင်ပါက ရေဆိုလျှင်ရေ အအေးဆိုလျှင်အအေး ဧည့်ဝတ်ကလည်း ကြေသဖြင့် နှစ်နှစ်အတွင်း ခေါင်းလေး ရာထူးရလေ၏။
နှစ်နှစ်အကြာ ပိုက်ဆံစုပြီးသော် ငွေသားသုံးထောင်ခန့်ကို ဆွီတီ့လက်ထဲ ထည့်ပေးခဲ့ကာ မည်သူနှင့်အိပ်အိပ် အိပ်ရေးဝအောင်အိပ်ဟု မှာခဲ့ပြီး DSA ထဲသို့ ဝင်လေ၏။
များမကြာမီ ယူနီဖောင်းအပြည့်အစုံနှင့် ဆွီတီ့ကို လာခေါ်ပြီး အိုအောင်မင်းအောင် ပေါင်းသင်းကြ၏။
နောင်အခါ ကိုမင်းသည် မင်းအောင်လှိုင်ဟုဖြစ်လာပြီး အာဏာသိမ်းခေါင်းဆောင် ဖြစ်လာခဲ့သည်။
ဆွီတီသည်လည်း အမည်ရင်း ကြူကြူလှအနေဖြင့် ဇာတ်မြုပ်ခါ သားသမီးများ မွေးခဲ့သည်။
ခေါင်းလေးနှင့် ပြည့်တန်ဆာမှ မွေးထုတ်ပေးခဲ့သော သားသမီးများသည်လည်း မူးယစ်လောကနှင့်ဆက်နွယ်ကာ ထိုင်းတွင် ပိုင်ဆိုင်မှုများ တိုးချဲ့လျက်ရှိလေတော့သည်။ 😁😁
#Crd.z@.
Comments