Posts

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ် ကန့်သတ်ချက် များလွန်းနေ

Image
၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်နေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေကို တွေ့ရစဉ်။   RFA အာဏာသိမ်းစစ်တပ်ရဲ့ အရေးပေါ်ကာလ သက်တမ်း နှစ်နှစ်ပြည့်ဖို့ ရက်ပိုင်းအလိုမှာပဲ စစ်ကောင်စီက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသစ်ကို ဇန်နဝါရီလ ၂၆ ရက် မနေ့က ထုတ်ပြန်လိုက်ပါတယ်။ ဒီဥပဒေသစ်ဟာ အရင် စစ်အစိုးရလက်ထက်က ပြဌာန်းထားတဲ့ ဥပဒေတွေထက် ကန့်သတ်ချက်တွေ ပိုများပြီး ရွေးကောက်ပွဲဝင်မယ့် နိုင်ငံရေးပါတီတွေအပေါ် တင်းကြပ် ထားတယ်လို့ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ နိုင်ငံရေးပါတီ ခေါင်းဆောင်တွေက ပြောပါတယ်။ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တဲ့ အရင် ဥပဒေဟောင်းမှာတော့ ပြည်ထောင်စု တစ်ဝန်းလုံးမှာ စည်းရုံးမယ့် ပါတီတွေဟာ မှတ်ပုံတင်ခွင့်ပြုတဲ့နေ့ကစလို့ ရက်ပေါင်း ၉၀ (သုံးလ) အတွင်း ပါတီဝင်ဦးရေ အနည်းဆုံး တစ်ထောင် စည်းရုံးရမယ်လို့ ဖော်ပြထားပါတယ်။ အခု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်ထိုး ထုတ်ပြန်လိုက်တဲ့ ဥပဒေအသစ်မှာတော့ တစ်နိုင်ငံလုံးမှာ ဝင်ပြိုင်မယ့် ပါတီတွေဟာ ပါတီဝင် တစ်သိန်းအထိ စည်းရုံးရမယ့်အပြင် ပါတီရန်ပုံငွေအဖြစ် ကျပ်သိန်းတစ်ထောင် ဘဏ်စာရင်း ဖွင့်ထားဖို့ လိုအပ်ပါတယ်။ တိ

မြန်မာလက်နက်ကိစ္စ တရုတ်၊ အိန္ဒိယလုပ်ငန်းများနှင့် နော်ဝေးရန်ပုံငွေအဖွဲ့ လမ်းခွဲ

အပေါ့စား တိုက်ခိုက်ရေးလေယာဉ်များနှင့် လက်နက်စနစ်တခုကို စစ်အာဏာသိမ်းထားသည့် မြန်မာသို့ ရောင်းချသောကြောင့် တရုတ်နှင့် အိန္ဒိယ ကုမ္ပဏီ နှစ်ခုကို ကမ္ဘာ့အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ လုပ်ငန်းဖြစ်သော နော်ဝေးအစိုးရ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေအဖွဲ့က လမ်းခွဲလိုက်သည်။ “နိုင်ငံတကာလူသားချင်းစာနာမှု ဥပဒေကို အပြင်းအထန်၊ စနစ်တကျ ချိုးဖောက်သော နည်းလမ်း” ဖြင့် အသုံးပြုနေသော နိုင်ငံတခုသို့ လက်နက် ရောင်းချခြင်းကြောင့် ထိုကုမ္ပဏီများက ဖြစ်ပေါ်စေနိုင်သည့် “လက်မခံနိုင်သော အန္တရာယ်” ကြောင့် AviChina Industry & Technology နှင့် Bharat Electronics တို့မှ ရင်းနှီးမြှုပ်နှံမှုများကို ပြန်လည်ရောင်းချခဲ့ကြောင်း Norges Bank Investment Management က ကြေညာသည်။ တန်ဖိုး ခရိုနာ ၁၃ ဒသမ ၂ ထရီလီယံ (ဒေါ်လာ ၁ ဒသမ ၃ ထရီလီယံ) ရှိသော ထိုရန်ပုံငွေအဖွဲ့သည် ၂၀၂၁ ခုနှစ် နှစ်ကုန်တွင် အထက်ပါ တရုတ်ကုမ္ပဏီ၏ ဝ ဒသမ ၃၇ ရာခိုင်နှုန်းနှင့် အိန္ဒိယကုမ္ပဏီ၏ ဝ ဒသမ ၃၂ ရာခိုင်နှုန်းကို ပိုင်ဆိုင်ခဲ့ကြောင်း နောက်ဆုံးရရှိထားသည့် စာရင်းများအရ သိရသည်။ ထိုကုမ္ပဏီများနှင့် လမ်းခွဲရန် ဆုံးဖြတ်ချက်ကို ကျင့်ဝတ်ဆိုင်ရာအဖွဲ့က ဆုံးဖြတ်ခဲ

ရှောင်တာနဲလ်အား လွတ်ငြိမ်းချမ်းသာခွင့် စစ်ကောင်စီ ပြန်ရုပ်သိမ်း၍ ဩစတြေးလျ လွန်စွာ စိုးရိမ်

Image
သတင်း   ကမ္ဘာ့သတင်း   By ABC News     26 January 2023 မြန်မာ စစ်ကောင်စီသည် ရှောင်တာနဲလ်၏ ထောင်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်ရုပ်သိမ်းပြီး တရားရင်ဆိုင်ရန် သမ္မန်ဆင့်ခေါ်လိုက်သည့်နောက် “လွန်စွာ စိုးရိမ်ပူပန်ကြောင်း” ဩစတြေးလျ အစိုးရက ပြောသည်။  Macquarie တက္ကသိုလ်မှ ပညာရှင်နှင့် မြန်မာ၏ ဖြုတ်ချခံရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးဖြစ်သူ ရှောင်တာနဲလ်သည် အရှေ့တောင်အာရှ မြန်မာနိုင်ငံ၌ ရက်စက်ရမ်းကားသော အာဏာသိမ်းမှုနောက်တွင် တရားလက်လွတ် ဖမ်းဆီးခံရပြီး ရက်ပေါင်း ၆၅၀ ကြာ ချုပ်နှောင်ခံခဲ့ရသည်။  ၎င်းအား အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်သည်ဆိုကာ တံခါးပိတ် စစ်ခုံရုံး၌ အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်ရာ လူ့အခွင့်အရေး စောင့်ကြည့်သူများက ရှက်ဖွယ်လုပ်ရပ်အဖြစ် ရှုတ်ချကြသည်။  ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း၌ သူသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၎င်းအတွက် မမောနိုင်မပန်းနိုင် ကြိုးစားဆောင်ရွက်ပေးသော ဩစတြေးလျရှိ မိသားစုနှင့် မိတ်ဆွေများနှင့် ပြန်လည်ဆုံဆည်းနိုင်ခဲ့သည်။  ပါမောက္ခ ရှောင်တာနဲလ်သည် ၎င်း၏ အကျဉ်းချခံ အတွေ့အကြုံမ

အေးနေဝင်းပိုင်တယ်ဆိုတဲ့ တောင်ဉက္ကလာ၁၁ရပ်ကွက် မီးတားအကွက်ကိုစည်ပင် ကကားပါကင်လုပ်စားနေတဲ့ အပေါ်မှာစနိုက်ပါတွေရှိတယ် ငွေတောင်ဆိုင်နဲ့မဝေးဖူး

Image

ထွန်းမင်းလတ်ကို ထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ် အထိ ချမှတ်နိုင်

Image
အသက် ၅၃နှစ်အရွယ် ထွန်းမင်းလတ်ကို ထောင်ဒဏ် ၁၅ နှစ်မှ သေဒဏ် အထိ ချမှတ်နိုင်သော မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါကျမှု နှင့် နိုင်ငံဖြတ် ကျော် ရာဇဝတ်မှုတို့ဖြင့် ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် စွဲချက်တင်ထား ခဲ့ခြင်း ဖြစ်သည်။ ထွန်းမင်းလတ်နှင့်အတူ အခြားအပေါင်းအပါ ၅ ဦးကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရာချဒါဖိဆက် ရာဇဝတ်မှုတရားရုံးရှေ့မှောက်တွင် သံခြေကျင်း ဝတ်များဖြင့် ရုံးထုတ်စစ်ဆေးခဲ့သည်။ သို့သော်လည်း စွဲချက်များကို အပြစ်မရှိကြောင်း ရှေ့နေများမှတဆင့် လျှောက် လဲခဲ့သည်ကို Parachathai သတင်းဌာနက ဖော်ပြခဲ့သည်။ ထွန်းမင်းလတ်အပါအဝင် မူးယစ်ဆေးဝါးအမှု၊ ငွေကြေးခဝါချမှုများဖြင့် စွဲချက်တင်ခံရသူများတွင် စုစုပေါင်း ၈ ဦးအထိရှိနေပြီး ၎င်းတို့တွင် ထိုင်းလွှတ် တော်အမတ်တစ်ဦး၏ သမက်လည်းပါဝင်နေခဲ့ကြောင်း Steven Sanyu ကရေးသားခဲ့သည်။ စွဲချက်တင်ခံထားရသူ ၈ ဦးအနက် ထိုင်းနိုင်ငံသား ၂ ဦးဖြစ်သူ အက်ဒီးနှင့် ကျွိုင်တို့မှာ လက်ရှိအချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သဖြင့် တရားစွဲဆိုနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ရေးသားခဲ့သည်။ ယခင်က ဖမ်းဆီးရမိခဲ့သည့် ဦးထွန်းမင်းလတ်နှင့် Allure Group သို့  ငွေ ကြေး စီးဆင်းမှုများရှိနေခဲ့သော

မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ဗိုလ်ချုပ်များကို လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှုများ အတွက် အရေးယူရန် ဂျာမနီနိုင်ငံတွင် အမှုတိုင်ချက်ဖွင့်၊ အမှု လက်ခံပါက အင်တာပိုလ်မှ တစ်ဆင့် ဖမ်းဆီး အရေးယူ နိုင်မည်ဟုဆို

Image
ရန်ကုန်၊ ဇန်နဝါရီ ၂၆  ခေတ်သစ်မီဒီယာ မင်းအောင်လှိုင်၊ စိုးဝင်း အပါအဝင် စစ်ဗိုလ်ချုပ်များနှင့် အပေါင်းအပါများကို လူမျိုး တုန်း သတ်ဖြတ်မှု၊ စစ်ရာဇ၀တ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်မှု များ အတွက် အရေးယူရန် ဂျာမနီနိုင်ငံတွင် တိုင်ကြားချက် ဖွင့်လှစ်လိုက်ပြီး အဆိုပါ တိုင်ကြားချက်ကို ဂျာမနီနိုင်ငံက လက်ခံပါက အင်တာပိုလ်မှ တစ်ဆင့် မြန်မာ စစ်ဗိုလ်ချုပ်များကို ဖမ်းဆီး အရေးယူနိုင်မည် ဖြစ်ကြောင်း Fortify Rights မှ ဒါရိုက်တာဘုတ်အဖွဲ့ဝင် နစ်ကီဒိုင်းမွန်း က ရန်ကုန်ခေတ်သစ် သတင်း ဌာနထံသို့ ပြောဆိုသည်။  ဂျာမနီနိုင်ငံတွင် မြန်မာစစ်ဗိုလ်ချုပ်များကို Fortify Rights က ဦးဆောင်၍ ရာဇဝတ် ဆိုင်ရာ တိုင်ကြားချက်တစ်ခု ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး စာမျက်နှာ ၂၁၅ မျက်နှာပါရှိသော ရာဇ၀တ်မှုဆိုင်ရာ တိုင်ကြားချက်နှင့် စာမျက်နှာ ၂၀၀၀ ကျော်ပါ ဝင်သော နောက်ဆက်တွဲစာတမ်းကို ဂျာမနီနိုင်ငံ၊ ရှေ့နေချုပ်ရုံးထံ တင်ပြ၍ တိုင်ကြားချက် ဖွင့်လှစ်ရန် စတင်ကြိုးပမ်းခြင်းဖြစ်ကြောင်း သိရှိရ သည်။   မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်မှစတင်၍ စစ်ကောင်စီက ရိုဟင်ဂျာများအပေါ် လူမျိုး တုန်းသတ်ဖြတ်မှု အပါအဝင် စစ်အာဏာသိမ်းပြီးနောက် ယနေ့ အချိန် အထိ တိုင်းရင်းသ

အရင်ကဘယ်လိုခေါ်ခဲ့ကြသလဲ

Image
Pyu city-states ပျူမြို့ပြများ Pagan Kingdom (1044–1297)ပုဂံနိုင်ငံတော် Kingdom ဆိုတာဘုရင်ပိုင်တဲ့နယ် (ဘာသာပြန်မှာနိုင်ငံတော်လို့ပဲပြတယ်၊) (Kingdom of Ava, အင်းဝ the Hanthawaddy Kingdom, ဟံသာဝတီ the Kingdom of Mrauk U မြောက်ဦး and the Shan States)ရှမ်းပြည် ဟုပြိုကွဲပြီးနောက်တောင်ငူမင်းဆက်က အကုန်ပြန်သိမ်းတာထိုင်းတခုလုံးနီးပါပါတယ် Toungoo dynasty (1510–1752)တောင်ငူမင်းဆက် Konbaung dynasty (1752–1885) Alaungpaya Dynastyမင်းဆက် အလောင်းဘုရားမင်းဆက်က ကုန်းဘောင်မင်းဆက်မှာပါတယ်တဲ့ Anglo-Burmese wars (1824–85)  Burma အင်္ဂလိပ်သိမ်းပြီးမှ country of Burma ဗမာနိုင်ငံ လို့ခေါ်ဆိုသတ်မှတ်ခဲ့တာတွေ့ရတယ် တောင်ငူမင်းဆက်ရဲ့နယ်မြေကအရှေ့တောင် အာရှမှာအကြီးဆုံးပဲတဲ့ ကိုးကား https://en.m.wikipedia.org/wiki/History_of_Myanmar ၁၉၈၉မှာမှ Burma ကို Myanmar လို့ပြောင်းခေါ်တာ မအလက တောင်ငူရူးရူးနေတာနေမှာ😅 လက်တွေ့မှာကကြိုးစင်kingdom 😂 ယဉ်ကျေးမှုနဲ့လူ့အဖွဲ့အစည်းအဆင့်ဆင့် ပြောင်းလဲလာတာကိုနောက်ပြန်ဆွဲချင်ရင် ကြိုးကြီးကြီးဆောင်ထားလိုက် ပျူစောထီးအထိကိုပြန်သွားတာနော်   လိပဲ🫢 (ရဲရင့်ငယ်) တော်လှန်ရေးကာလမှာသိစရာမလိုသေးပေမယ

ကုလသမဂ္ဂမှ R2Pအခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကို အရေးယူရန် အလိုအပ်ဆုံးအချိန်ဟု မြန်မာသံအမတ်ကြီးပြော

Image
ယန်းဒီ/People’s Spring ယခုအချိန်ကာလသည် ကုလသမဂ္ဂမှ R2P အခြေခံမူသဘောတရားကို စွဲကိုင်ကာ မြန်မာစစ်တပ်ကျူးလွန်ခဲ့သော ရာဇ၀တ်မှုများအတွက် တာ၀န်ခံမှုရှိစေရန် အရေးယူဆောင်ရွက်ရန် မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။ မြန်မာသံအမတ်ကြီးက ဇန်နဝါရီ ၂၄ ရက်တွင် ကုလသမဂ္ဂ စီးပွားရေးနှင့် လူမှုရေးကောင်စီ၏ “လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုနှင့် လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သည့်ရာဇဝတ်မှုတို့အား ကာကွယ်နိုင်မည့် လူမှုရေးနှင့် စီးပွားရေးလုပ်ဆောင်ချက်များ”ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် အထူးအစည်းအဝေး၌ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး စစ်တပ်တာ၀န်ခံမှုရှိစေရန်နှင့် ၎င်းတို့အကျိုးခံစားနေသည့် ပြစ်ဒဏ် ခတ်ခြင်းမခံရသည့်ယန္တရားကို အပြီးတိုင်ရပ်တန့်နိုင်ရန်အတွက် ကုလသမဂ္ဂမှ အသံတစ်သံတည်း ထွက်ဆိုကာ စုပေါင်းအင်အားဖြင့် အရေးယူဆောင်ရွက်ရမည့် အလိုအပ်ဆုံး အချိန်ပင်ဖြစ်ကြောင်းထည့်သွင်းပြောကြားသည်။ ကိုယ်ပိုင်အတွေ့အကြုံအရ စစ်တပ်မှ အကျိုးခံစားနေသော ပြစ်ဒဏ်ခတ်မှု မခံရခြင်းကို အပြီးတိုင်ရပ်တန့်ခြင်းနှင့် စစ်တပ်ကို ရွေးကောက်တင်မြှောက်ခံရသည့် အစိုးရအောက်တွင် ပြည့်ပြည့်ဝဝထားရှိခြင်းကသာလျှင် ပြည်သူမျ

ဇေယျာသော်ပြန်လာပြီ NITRIC ACID မိုးရွာတော့မယ်

Image

ပွေးကွက်

Image
လျှပ်စစ်ကားတွေကသာမန်ကားထက်စျေးကြီးပေ မယ့်ဆီကားထက်လျှပ်စစ်ခအများကြီးသက်သာ တယ် ဒါပေမယ့် စျေး၊အလုပ်သွားတာလောက်ပဲ အဆင်ပြေတယ် ခရီးဝေးသွားရင်ဆီဆိုင်လိုအား သွင်းဖို့နေရာရှားတယ် ဆီထည့်ရင် ၂မိနစ်လောက် ပဲကြာမယ် အားသွင်းတာက ဘယ်လောက် boost  လုပ်လုပ် ကြာတာကကြာတာပဲ အရေးရယ်အကြောင်း ရယ်ဆို အသက်တောင်မှီမှာမဟုတ်ဖူး တောင်တက်လမ်းတွေဆိုလဲအဆင်မပြေဖူး ခဏလေးနဲ့အားကုန်တယ်  အိမ်မှာအားသွင်းတဲ့အဆင့်အထိမရှိသေးပဲ လျှပ်စစ် ကားဝယ်စီးတဲ့သူမတွေ့ဖူးသေးဖူး  40amp breaker နဲ့ ပါဝါလိုင်းအသစ် stove အတွက် ကြိုးမျိူး ကားဂိုထောင်ထဲကိုထပ်သွယ်ရတယ် အားကုန်ရင်နေပြည်တော်အထိတွန်းသွားပြီးအား သွင်းရမှာလား🫣🫢🥴 တက်စီဆိုပိုတောင်ဆိုးသေးတယ် ဆန်မရှိပဲစောက်စားကြီးပြချင်တာ လျှပ်စစ်ကားရှိလို့နိုင်ငံကြီးတိုးတက်နေပြီ ငါ့ကိုသမ္မတလုပ်ခွင့်ပြုဆိုတဲ့အကွက် ပွေးကွက်လေ အဲ့မှာကုပ်နေတယောက်ထဲ🖕🏿