ရှောင်တာနဲလ်အား လွတ်ငြိမ်းချမ်းသာခွင့် စစ်ကောင်စီ ပြန်ရုပ်သိမ်း၍ ဩစတြေးလျ လွန်စွာ စိုးရိမ်

 
By ABC News  
 
26 January 2023


မြန်မာ စစ်ကောင်စီသည် ရှောင်တာနဲလ်၏ ထောင်ဒဏ် လွတ်ငြိမ်းချမ်းသာခွင့်ကို ပြန်ရုပ်သိမ်းပြီး တရားရင်ဆိုင်ရန် သမ္မန်ဆင့်ခေါ်လိုက်သည့်နောက် “လွန်စွာ စိုးရိမ်ပူပန်ကြောင်း” ဩစတြေးလျ အစိုးရက ပြောသည်။ 

Macquarie တက္ကသိုလ်မှ ပညာရှင်နှင့် မြန်မာ၏ ဖြုတ်ချခံရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးဖြစ်သူ ရှောင်တာနဲလ်သည် အရှေ့တောင်အာရှ မြန်မာနိုင်ငံ၌ ရက်စက်ရမ်းကားသော အာဏာသိမ်းမှုနောက်တွင် တရားလက်လွတ် ဖမ်းဆီးခံရပြီး ရက်ပေါင်း ၆၅၀ ကြာ ချုပ်နှောင်ခံခဲ့ရသည်။ 

၎င်းအား အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ချိုးဖောက်သည်ဆိုကာ တံခါးပိတ် စစ်ခုံရုံး၌ အပြစ်ရှိကြောင်း စီရင်ပြီး ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ခြင်းဖြစ်ရာ လူ့အခွင့်အရေး စောင့်ကြည့်သူများက ရှက်ဖွယ်လုပ်ရပ်အဖြစ် ရှုတ်ချကြသည်။ 

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း၌ သူသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ပြီး ၎င်းအတွက် မမောနိုင်မပန်းနိုင် ကြိုးစားဆောင်ရွက်ပေးသော ဩစတြေးလျရှိ မိသားစုနှင့် မိတ်ဆွေများနှင့် ပြန်လည်ဆုံဆည်းနိုင်ခဲ့သည်။ 

ပါမောက္ခ ရှောင်တာနဲလ်သည် ၎င်း၏ အကျဉ်းချခံ အတွေ့အကြုံများနှင့် စစ်ကောင်စီ၏ ကိုယ့်ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်စွာ ပြုကျင့်ခြင်းများကို ထုတ်ဖော်ပြောဆိုလာခဲ့သည်။ 

ယခုလအတွင်း လူမှုမီဒီယာများ၌ ပြန့်နှံ့သော ဒီဇင်ဘာလအတွင်း ထုတ်ပြန်သည့် အမိန့်တစ်ရပ်တွင် စစ်ကောင်စီသည် ရှောင်တာနဲလ်က အင်တာဗျူးများနှင့် လူမှုမီဒီယာတို့တွင် မြန်မာနိုင်ငံအကြောင်း “သတင်းမှား” ဝေမျှနေကြောင်း စွပ်စွဲကာ ၎င်း၏ လွတ်ငြိမ်းချမ်းသာခွင့် အခြေအနေကို ချိုးဖောက်သည်ဟု ပြောဆိုထားသည်။ 

စစ်ကောင်စီသည် ၎င်း၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အား ဖျက်သိမ်းပြီး မြန်မာတရားရုံး ရှေ့မှောက် တရားရင်ဆိုင်ရန် အမိန့်ထုတ်ပြန်ခဲ့သည်။ 

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်ကာ ဩစတြေးလျ၏ လွန်စွာ စိုးရိမ်ပူပန်မှုကို နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနက မြန်မာသံရုံးယာယီတာဝန်ခံကို အသိပေးခဲ့သည်ဟု ABC သတင်းဌာနက သိရသည်။ 

“မြန်မာအာဏာပိုင်တွေက ပါမောက္ခ ရှောင်တာနဲလ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ဖျက်သိမ်းပြီး မြန်မာတရားရုံးဆီ လာရောက်ရမယ်လို့ ဆင့်ခေါ်တာအတွက် အစိုးရအနေနဲ့ အတော်လေး ပူပန်ရတယ်”ဟု အဆိုပါ ဝန်ကြီးဌာနက ထုတ်ပြန်သည်။ 

“ပါမောက္ခ ရှောင်တာနဲလ်ကို ဖမ်းဆီးထောင်ချတဲ့ အကြောင်းချင်းရာကို ဩစတြေးလျအစိုးရဟာ ဘယ်တော့မှ လက်မခံပါ၊ သူ့ကို တရားစွဲဆိုတာကိုလည်း လက်သင့်ခံစရာ ရှိခဲ့တာ မဟုတ်ပါ၊ သူ့ကို ပြန်လွှတ်ပြီးမှ ရေရေလယ်လယ် မရှိတဲ့ ပြစ်မှုအတွက် အခု ဆင့်ခေါ်တယ်ဆိုတာအတွက် စိတ်ပျက်မိပါတယ်”ဟု ယင်းထုတ်ပြန်ချက်၌ ဖော်ပြသည်။  Mizzima

Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်