Posts

မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ Page အတု

Image
စစ်ကိုင်းတွင်  မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ Page အတုထောင်ကာ မစ်ရှင်အတုများဖြင့် အလှူရှင်နှင့်ထောက်ပို့များကို ထောင်ဖမ်းရန် ကြိုးစားလာ၊ ဆားတောင်တွင် PDF ဆေးတပ်မှ ရဲမေ ၁ ဦးကျဆုံးဆိုသော သတင်း မဟုတ်မှန်  ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ခေတ်သစ် စစ်ကိုင်းတိုင်းတွင်  ဗိုလ်မုန်တိုင်းဆိုသော အမည်ဖြင့် မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ Page အတုထောင်ကာ မစ်ရှင်အတုများဖြင့် နွေဦးတော်လှန်ရေး အလှူရှင် နှင့်ထောက်ပို့များကို စစ်တပ် ထောင်ချောက်ဆင် ဖမ်းရန် ကြိုးစားနေကြောင်း စစ်ကိုင်းခရိုင် လူသားစာနာတာဝန်ခံ SAGAING 44 က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  ယနေ့ လူမှုကွန်ရက်နှင့် သတင်းဌာနများတွင် ဖော်ပြနေသော ဆားတောင်တွင် မြေအောက်လျှပ်စီး ပျောက်ကျားတပ်ဖွဲ့ ၏ PDF ဆေးတပ်မှ ရဲမေ ၁ ဦးကျဆုံး သည်ဆိုသော သတင်းမှာလည်း သတင်းအတုဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။  စစ်ကိုင်းမြို့နယ်၊ မြင်းမူမြို့နယ်၊ အရာတော်မြို့နယ်၊ ဝက်လက်မြို့နယ် အတွင်း တိုက်ပွဲအတု၊ သတင်းအတုများဖန်တီးပြီး သတင်းမီဒီယာများ၏ စိစစ်နိုင်မှုမရှိခြင်းကို အခွင့်ကောင်းယူ အသုံးချ၍ သတင်းမှားများ ဖြန့်ဝေလျက်ရှိသည့် ဗိုလ်မုန်တိုင်းဦးဆောင်သည်ဆိုသည့် ပြောက်ကျားတပ်ဖွဲ့ ‌

ဖျက်သိမ်းခံထားရသည့် နှင်းဆီပါတီကို ပြည်ထောင်စုဒီမိုကရေစီပါတီအဖြစ် အမည်ပြောင်းလဲ၍ မှတ်ပုံတင်ရန် ပြင်ဆင်နေ

Image
Author  ကိုပေါက် Categories ဒေသတွင်းသတင်း Published on  Feb 07, 2023   နှင်းဆီပါတီဟု လူသိများသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)ကို ပြည်ထောင်စုဒီမိုကရေစီပါတီ (Union Democracy Party)ဟု အမည်ပြောင်းကာ ပြည်ထောင်စုအဆင့်ပါတီ အနေဖြင့် ရွေးကောက်ပွဲကော်မရှင်တွင် မှတ်ပုံတင်ရန် ပြင်ဆင်နေသည်ဟု နိူင်ငံရေးပါတီအချို့ထံမှ သိရသည်။ စစ်ကောင်စီသည် ယခုနှစ် ဇန်နဝါရီ ၂၆ ရက်က နိူင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ် ပြဌာန်းလိုက်ပြီးနောက် ပါတီဝင်ဦးရေ သိန်းနှင့်ချီရှိသည့် ဖျက်သိမ်းခံထားရသည့် နှင်းဆီပါတီမှ ပါတီအသစ် ပြန်လည်ဖွဲ့စည်းရန် ပြင်ဆင်နေတာဖြစ်သည်ဟု ကြံ့ခိုင်ရေးပါတီဝင်တစ်ဦးက CJ Platform ကိုပြောသည်။ “နှင်းဆီပါတီမှာ ရင်းနှီးတဲ့မိတ်ဆွေတွေရှိတယ် သူတို့ပါတီကို ပြန်အသက်သွင်းမယ်ပေါ့ ပါတီကို အခြားနာမည်နဲ့ ပြန်လျှောက်မယ်ပေါ့”ဟု ပြောသည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီပြီးလျှင် ကိုယ်စားလှယ်အများဆုံးဖြင့် ဝင်ရောက် ယှဥ်ပြိုင်ရန် ပြင်ဆင်ခဲ့သည့် ပါတီမှာ နှင်းဆီပါတီဖြစ်ပြီး ကိုယ်စားလှယ်ဦးရေ ၁၁၃၁ ဦးရှိသည့်အတွက် အမှန်တကယ် မှတ်ပုံတင်ခွင့်ရရှိပါက ကြံ့ခိုင်ရေးပါတီနှင့်အပြိုင် ပါတီတစ်ခုဖြစ်လာနိူင်သည်ဟု နိူင်ငံရေးလေ့လာသူတစ်ဦးက

ပရိသတ်တွေ စိတ်တိုတာခံနေရတဲ့ မင်းသားမြင့်မြတ်

Image
Shwe S N | February 4, 2023 | Celebrity |  BGF ခေါင်းဆောင် စောချစ်သူ၏ လက်ရုံးဟု လူသိများသည့် ဗိုလ်မှူးနိုင်မောင်ဇော်က မြင့်မြတ်နှင့် တွဲရိုက်ထားသည့် ဓာတ်ပုံကို လူမှုကွန်ရက်၌ တင်ထားသည်။ နယ်ခြား​စောင့်တပ်ဖွဲ့ (BGF)မှာ အကြမ်းဖက်စစ်​ကောင်စီတပ် သြဇာခံ​သောအဖွဲ့များဖြစ်သည်။ Facebook လူမှုကွန်ရက်ကို မြစ်သံလွင်အမည်ဖြင့် အသုံးပြုနေသည့် နိုင်မောင်ဇော်က မြင့်မြတ်၊Kညီတို့နှင့်တွဲရိုက်ထားသည့် ဓာတ်ပုံကို တင်ကာ ” Dinner အတွက်ကျေးဇူးပါ ညီလေး” ဟု  ရေးထားသည်။ညစာစားပွဲတွင် ဟင်းအမယ်စုံနှင့်အကြမ်း ဖက်စစ်တပ်ထုတ်မြန်မာဘီယာပုလင်းများနှင့်အတူ ​ပြုံးရွှင့်ကြစား​သောက်​နေကြသည်ကို​တွေ့ရသည်။ ထိုအပြင်အဆိုပါညစာစားပွဲတွင်မော်​တော်ဆိုင်ကယ်နှင့်ကားများတင်သွင်း​ရောင်းချ​နေ​သော Easy Rider Moterbike ကုမ္ပဏီနှင့် Naga Lady Auto Mobile ပိုင်ရှင် တင်​ကျော်နန္ဒ လည်းပါဝင်သည်ကို​တွေ့ရသည်။ Easy Rider သည် မြန်မာ-ထိုင်းနယ်စပ်မှတစ်ဆင့် စစ်​ကောင်စီနှင့် BGF များကိုဆက်​ကြေး​ပေးကာ ဆိုင်ကယ်တင်သွင်း​နေ​သောလုပ်ငန်းဖြစ်​ကြောင်းနယ်စပ်မှလုပ်ငန်းရှင်တစ်ဦးက​ ပြောသည်။ မြင့်မြတ်သည် စစ်အာဏာသိမ်းမှုနှင့်ပတ်သက်၍ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်တို့ကဲ့

စစ်ဒေသအလိုက်လွတ်မြောက်နယ်မြေဖော်ထုတ်ပြီးတစ်နိုင်ငံလုံးလွတ်မြောက်ရေးဆောင်ရွက်ရန်စီမံထား NUG ကာကွယ်ရေးဝန်ကြီး အသိပေး

Image
 -သက်ဝေ/People’s Spring  စစ်အာဏာရှင် တိုက်ဖျက်ရေး တစ်နှစ်တာ အစီအစဉ်အတိုင်း ဆက်လက် အကောင်အထည်ဖော်သွားမည်ဖြစ်ပြီး စစ်ဒေသအလိုက်လွတ်မြောက်ရေး၊ ထိုမှတဆင့် တစ်နိုင်ငံလုံးအတိုင်းအတာ လွတ်မြောက်ရေးကို ဆောင်ရွက်ရန် စီမံချက်ချထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောသည်။   ကမ္ဘာတစ်ဝန်း​ရောက်​​နေ​သောမြန်မာပြည်သူ များနှင့် အမျိုးသားညီညွတမ​ရေးအစိုးရ(NUG)မှတာဝန်ရှိသူများ​ဖေ​ဖော်ဝါရီ ၅ ရက်တွင် အွန်လိုင်းမှ​တွေ့ဆုံ၍ ​မေးမြန်း​ဖြေကြားကြ​​သော Myanmar Global Town Hall 2023 "ပြည်သူ့ခုခံတော်လှန်စစ် မေးကြမယ် ဖြေကြမယ် အစီအစဉ်" အစီအစဥ်၌ ဝန်ကြီးက ထိုသို့ ပြောကြားခြင်းဖြစ်သည်။   ယခု ရက်ပိုင်း စစ်ကောင်စီက သက်တမ်း ၆လထပ်မံ တိုးမြှင့်ခြင်း၊ မြို့နယ် ၃၇ခုကို စစ်အုပ်ချုပ်ရေး ကြေညာခြင်းတို့ ပြုလုပ်ခဲ့ရာ ယင်းလုပ်ရပ်များသည် စစ်ကောင်စီ ထိန်းချုပ်နိုင်စွမ်းများစွာ အားနည်းနေသည်ကို ပြသနေခြင်းဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောသည်။​တော်လှန်​ရေးအင်အားစုများက ရှေ့တွင် တစ်နှစ်စီမံချက်ကို အစီအစဉ်တိုင်း ပိုမိုဆောင်ရွက်မည်ဖြစ်သည်ဟုအသိ​ပေးသည်။   “ဖြစ်လာရင် ပိုပြီးတော့မှ စစ်ကောင်စီကို အထိနာအော

တရုတ်နိုင်ငံမှာ ဆန္ဒပြသူများ တဦးပြီးတဦး ဖမ်းဆီးခံနေရ၊ ဆိုရှယ်မီဒီယာတွင် အကူအညီတောင်းသည့် ဗီဒီယို ပျံ့နှံ့နေ။

Image
 Era’s eye ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ (၁၉) ရက်၊ ဘေဂျင်း။ ပြီးခဲ့သည့်နိုဝင်ဘာလက ဘေဂျင်းတွင် တရုတ်နိုင်ငံ၏ "ဇီးရိုး-ကိုရိုနာ" ပေါ်လစီကို ဆန့်ကျင်သော လူငယ်များက ဆန္ဒပြခဲ့ရာ ဆန္ဒပြခဲ့သူများကို တဦးပြီးတဦး တရုတ်အာဏာပိုင်များက ဖမ်းဆီးနေသည်ဟု စွပ်စွဲထားသည်။ ယင်းကဲ့သို့ ပြောဆိုထားသည့်ဗီဒီယိုသည် အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။  ၎င်းဗီဒီယိုပိုင်ရှင်သည် ဘေကျင်းမြို့ရှိ ပုဂ္ဂလိကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသော အသက် ၂၆ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ယမန်နှစ် နိုဝင်ဘာ ၂၇ ရက်နေ့ ညက ဘေဂျင်းမြို့လယ်တွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည်။ အဆိုပါ ဗီဒီယိုသည် ယခု ဇန်နဝါရီလ (၁၈) ရက်နေ့တွင် Twitter နှင့် အခြားမီဒီယာများတွင် ပျံ့နှံ့သွားခဲ့သည်။ အဆိုပါ ဗီဒီယိုတွင် အမျိုးသမီးငယ်တဦးသည် ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သည့် သူမ၏ သူငယ်ချင်းလေးယောက် အဖမ်းခံလိုက်ရပြီး မကြာခင် သူမလည်း အဖမ်းဆီးခံရတော့မည် ဖြစ်ကြောင်းနှင့် သူမတို့ကို ပြည်တွင်းနှင့် ပြည်ပမှ အကူအညီပေးကြရန် တောင်းဆိုထားသည့် ဗီဒီယိုဖြစ်သည်။ ကျမရဲ့ ဒီဗီဒီယိုကို အားလုံးက ကြည့်ရတဲ့အခါမှာ ရဲတွေက ငါ့သူငယ်ချင်းတွေနဲ့အတူ ငါ့ကို ခေါ်သွားပြီ” လို့ မှတ်ယူနိုင

ပဲခူးတိုင်းအတွင်း စစ်အုပ်ချုပ်ရေး ကြေညာထားရာ ၅ မြို့နယ်က PDF တွေ လက်နက်အပ်ဖို့ လိုက်ကြေညာ

Image
ပဲခူး၊ ဖေဖော်ဝါရီလ ၇၊ ၂၀၂၃။  စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ပဲခူးတိုင်းဒေသကြီးထဲက ၅ မြို့နယ်မှာ စစ်ကောင်စီက အစစ်ဆေး တင်းကြပ်နေပြီး  PDF တွေ လက်နက်အပ်ဖို့ လိုက်ကြေညာနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီလ ၅ ရက်နေ့လော​က်က စတင်ပြီး  စစ်ကောင်စီဘက်က မြို့ဝင်မြို့ထွက်ဂိတ်တွေ၊ မြို့ထဲနေရာတွေမှာ အစစ်ဆေးတင်းကြပ်နေပြီး စစ်ကောင်စီ၊ ရဲ၊ ထွေအုပ်ပါဝင်တဲ့အဖွဲ့တွေက PDF တွေအနေနဲ့ လက်နက်အမြန်အပ်ဖို့ လိုက်လံကြေညာနေတယ်လို့ ပေါင်းတည်ဒေသခံတဦးက ပြောပါတယ်။ "သူတို့ အဲလိုလုပ်နေတာ ၅ ရက်နေ့လောက်ကစပြီး လုပ်နေတာ။ နေ့ခင်းပိုင်းဆို မိုက်တွေနဲ့ လိုက်ကြေညာတယ်။ ညဘက်တွေဆို မြို့ဝင်မြို့ထွက်ဂိတ်တွေမှာ စစ်ဆေးတင်းကြပ်တယ်။ အရင်ကထက်စာရင် ပိုလုပ်လာတော့ ပြည်သူတွေကတော့ သတိထားဖို့ လိုတယ်" လို့ ပြောပါတယ်။ ဖေဖော်ဝါရီလ ၂ ရက်နေ့က စတင်ပြီး စစ်ကောင်စီက မြန်မာတစ်နိုင်ငံလုံးက မြို့နယ်ပေါင်း ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ရာ ပဲခူးတိုင်းထဲက ထန်းတပင်၊ အုတ်ဖို၊ နတ်တလင်း၊ ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့နယ်တွေ ပါဝင်ခဲ့ပါတယ်။ စစ်ကောင်စီဘက်က စစ်အုပ်ချုပ်ရေး ကြေညာထားပြီးပါက စစ်ကြောင်းအကြီးအကျယ် ထိုးတာတွေ၊ ပြည်သူတွေအပေါ်ဖိနှိပ်မှုတွေ၊

မြန်မာ့အရေး အဖွဲ့ကွဲခြင်းကို ရှောင်ရှားရန် အာဆီယံက တိုက်တွန်း

Image
ဧရာဝတီ အရှေ့တောင်အာရှနိုင်ငံများအသင်းမှ   နိုင်ငံခြားရေးဝန်ကြီးများသည်   နှစ်ရက်ကြာ   ဆွေးနွေးပြီးနောက်   တနှစ်တာ၏   ပထမဆုံးသော   ဝန်ကြီးအဆင့်အစည်းအဝေးကို   စနေနေ့တွင်   ပြီးဆုံးသွားသည်။   အဖွဲ့ဝင်နိုင်ငံများသည် အကျပ်အတည်းဖြစ်ပွားနေသော   မြန်မာနိုင်ငံအတွက်   ငြိမ်းချမ်းရေးအစီအစဉ်ကို   အကောင်အထည်ဖော်ရာတွင် စည်းလုံးမှုရှိကြောင်း   အင်ဒိုနီးရှား   နိုင်ငံခြားရေးဝန်ကြီးက   ပြောကြားခဲ့သည်။ အဖွဲ့၏   အလှည့်ကျ   ဥက္ကဋ္ဌတာဝန်ကို   ထမ်းဆောင်နေသည့်   အင်ဒိုနီးရှား   နိုင်ငံခြားရေးဝန်ကြီး   ရတ်နိုမာဆူဒီ   က   အာဆီယံသည်   အဖွဲ့၏   ကျယ်ပြန့်သော   ပံ့ပိုးကူညီမှုဖြင့်   ငြိမ်းချမ်းရေး   အစီအစဉ်ကို   အကောင်အထည်ဖော်ရန်   ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း   ပြောကြားခဲ့သည်။   မြန်မာစစ်တပ်က   ခန့်အပ်ထားသော   နိုင်ငံခြားရေး   ဝန်ကြီးကို   အစည်းအဝေး တက်ရောက်ခွင့်   ပိတ်ပင်ထားသည်။ “ ဒီအစီအစဉ်က   အာဆီယံဥက္ကဋ္ဌအတွက်   အထူးအရေးကြီးပါတယ်၊   မြန်မာနိုင်ငံက   အခြေအနေတွေကို   စည်းစည်းလုံးလုံးနဲ့   ဖြေရှင်းဖို့   လမ်းညွှန်ချက်တခုအနေနဲ့   အာဆီယံအတွက်   အလွန်အရေးကြီးပါတယ် ”  ဟု   ရတ်နိုမာဆူဒီက   အစည်းအဝေးအပြီး   သတ

နျူနည်းပညာရရှိရေး အပူတပြင်းကြိုးပမ်းနေသည့် မင်းအောင်လှိုင်

Image
၂၀ ရာခိုင်နှုန်း သန့်စင်ထားသည့် ယူရေနီယမ်လောင်စာတောင့်သည် လက်နက်ထုတ်လုပ်ရေးအတွက်ပင် ရည်ရွယ်နိုင်ကြောင်း နိုင်ငံတကာစွမ်းအင်ကုမ္ပဏီမှ အင်ဂျင်နီယာတစ်ဦးက ဆိုသည်။ Published on  Feb 7, 202 နျူစင်တာဖွင့်ပွဲတွင် ရုရှားအချို့နှင့်အတူ တွေ့ရသည့် အာဏာသိမ်ခေါင်းဆောင်။ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်တွင် မြောက်ကိုရီးယားသို့ ထိပ်တန်းစစ်ဗိုလ်ချုပ်များ စေလွှတ်ကာ ဖျက်အားပြင်းမဟာဗျူဟာမြောက်လက်နက်များပိုင်ဆိုင်ခွင့်ရရေး ကြိုးပမ်းခဲ့ဖူးရာ လက်ရှိ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည်လည်း နျူလက်နက်ပိုင်ဆိုင်ရေး စိုင်းပြင်းနေဖွယ်ရှိသည်။ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခံထားရသည့် မင်းအောင်လှိုင်အနေဖြင့်  ရုရှားနိုင်ငံသို့ အကြိမ်ကြိမ်သွားရောက်ခဲ့သည့်နည်းတူ  နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စများ မနေမနားကြိုးပမ်းနေသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၆) က ရန်ကုန်မြို့တွင် ပြုလုပ်သည့် နျူကလီးယားစင်တာဖွင့်ပွဲကို ရုရှားနိုင်ငံပိုင် အနုမြူကော်ပိုရေးရှင်း Rosatom မှ ညွှန်ကြားရေးမှူးချုပ်နှင့်အတူ အာဏာသိမ်းခေါင်းဆောင် တက်ရောက်ခဲ့သည်။ ရုရှားနှင့် နျူကလီးယားနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကနဦး

ပခုက္ကူ-ရေစကြိုကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါသော ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ ခေတ်သစ် မကွေးတိုင်း၊ ပခုက္ကူ-ရေစကြိုကားလမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက် ပါသော ကား ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် တပ်ရင်း ၃ ထံမှ သိရှိရသည်။  ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန် ပခုက္ကူ - ရေစကြို ကားလမ်း တစ်နေရာရှိ ကိုရှိန်းဆီဆိုင်ရှေ့တွင် စစ်သားများ လိုက်ပါသော ကား၂ စီးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် ပခုက္ကူခရိုင် တပ်ရင်း ၃ က ပစ်ခတ်တိုက်ခိုက်ရာ  အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦးကို နေရာတွင်ပင် သေဆုံးကြောင်း၊  ကားတစ်စီး လွတ်မြောက်သွားပြီး လွတ်မြောက်သွားသော CR-V ကားပေါ်တွင်ပါသွားသော စစ်သား ၃ ဦးမှာ   ဆေးရုံတွင် ထပ်မံ သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့်  စုစုပေါင်း စစ်သား ၁၀ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိကြောင်း ၊ လက်နက်ခဲယမ်းများအား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။  ပစ်ခတ်တိုက်ခိုက်မှုသည်  ၅ မိနစ်ဝန်းကျင် ကြာမြင့်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားများ အထိအခိုက် မရှိကြောင်း  သိရှိရသည်။ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းနှင့် ပစ္စည်းများမှာ -  -carbine ၆ လက

ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ထွက်လာသောရဲများကို တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး(ရုပ်သံ)

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၇ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ထွက်လာသော ရဲများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရဲ ၅ ဦးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Moe Nyo Revolution Force – MNRF ထံမှ သိရသည်။ ယနေ့ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ခြေလျင်ထွက်လာသော ရဲ ၇ ဦးကို မိုင်းဆွဲတိုက်ခိုက်ပြီးနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၅ ဦး နေရာမှာပင်ပွဲချင်းပြီးသေဆုံးပြီး ၂ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲစခန်းအတွင်းမှ ၄၀ မမ ၄ လုံး၊ ၆၀ မမ ၂ လုံး၊ ၈၀ မမ ၂ လုံးဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုကို Moe Nyo Revolution Force- MNRF ၊ Local Defence Force of Dragon နှင့် ဒေါင်းစစ်သည် Sagaing Region People Defence Forceတို့ပူးပေါင်းကာတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။ ညောင်ပင်ဝန်းရဲစခန်းအတွင်းမှ ထွက်လာသောရဲများကို တိုက်ခိုက်မှု ရဲ ၅ ဦးသေဆုံး(ရုပ်သံ) https://youtu.be/kyPbKHSMb0gOk