Posts

မြန်မာနိုင်ငံကို စစ်လက်နက်ရောင်းချခြင်းမရှိကြောင်း စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

Image
VOA စင်္ကာပူနိုင်ငံအနေနဲ့ မြန်မာနိုင်ငံကို စစ်လက်နက်တွေ ရောင်းချခြင်းမပြုတာ နှစ်ပေါင်းအတန်ကြာခဲ့ပြီဖြစ်ပြီး အဲဒီ်ရဲ့ အကျိုးသက်ရောက်မှုတွေလည်း ရှိနေတယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဒီကနေ့မှာ ပြောပါတယ်။ ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် SAC-M မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီရဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာအသုံးပြုတဲ့ စစ်ကောင်စီရဲ့ စစ်လက်နက်ပစ္စည်းတွေ ထုတ်လုပ်ရာမှာ စင်္ကာပူအပါအဝင် နိုင်ငံပေါင်း ၁၃ နိုင်ငံထက်မနည်းက စီးပွားရေးကုမ္ပဏီတွေ ပါဝင်ပတ်သက်နေကြတယ်လို့ ထည့်သွင်း ဖော်ပြခဲ့တာနဲ့ ပတ်သက်လို့ စင်္ကာပူ လွှတ်တော်အမတ် Dennis Tap က လွှတ်တော်အမေးအဖြေကဏ္ဍမှာ မေးခဲ့တာကို ဝန်ကြီး Balakrishnan ပြန်လည် ဖြေကြားခဲ့တာပါ။ မြန်မာနိုင်ငံကို လက်နက်တွေ တင်ပို့မှုမှာ SAC-M ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတဲ့ စင်္ကာပူကုမ္ပဏီတွေ ပါဝင်ပတ်သက်နေခြင်းရှိမရှိ အာဏာပိုင်တွေက အသေအချာ စစ်ဆေးခဲ့ခြင်းရှိမရှိ လွှတ်တော်အမတ် Dennis Tap က မေးခွန်းထုတ်ခဲ့ပါတယ်။ မြန်မာစစ်တပ်အတွက် စစ်လက်နက်၊ ဒါမှမဟုတ် စစ်ဘက်ဆိုင်ရာအတွက် အသုံးပြုနိုင်မယ့်အရာတွေကို လွှဲပြောင်းပေးအပ်တာမျိုး

လုံခြုံရေးကောင်စီဆုံးဖြတ်ချက် စစ်ကောင်စီလိုက်နာမှုရှိ၊ မရှိ သုံးသပ်မည်

Image
စောဖိုးခွါး  ( ဝါရှင်တန်ဒီစီ ) RFA ကုလသမဂ္ဂ   အတွင်းရေးမှူးချုပ်ရဲ့   မြန်မာနိုင်ငံဆိုင်ရာ   အထူးကိုယ်စားလှယ်   မစ္စနိုလင်းဟေဇာက   လာမယ့်   မတ်လ ၁၅   ရက်နေ့   နောက်ဆုံးထားပြီး   လုံခြုံရေးကောင်စီကို   အစီရင်ခံစာ   ပေးပို့ရမှာဖြစ်ပြီး၊   အဲဒီအစီရင်ခံစာအပေါ် ဆွေးနွေးကြမှာ   ဖြစ်ပါတယ်။ မြန်မာ့အရေး   ကုလသမဂ္ဂလုံခြုံရေးကောင်စီ   ဆုံးဖြတ်ချက်တွေကို   စစ်ကောင်စီဘက်က   လိုက်နာဆောင်ရွက်မှု ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်   သုံးသပ်မယ့်   ဆွေးနွေးပွဲတစ်ရပ်ကို   လာမယ့်   မတ်လလယ်ပိုင်းမှာ   ကျင်းပဖို့ရှိတယ်လို့   ကုလသမဂ္ဂဆိုင်ရာ   မြန်မာသံအမတ်ကြီး   ဦးကျော်မိုးထွန်းက   ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု   ဝါရှင်တန်ဒီစီမြို့‌တော်မှာ   မနေ့ကပြုလုပ်တဲ့   အမျိုးသားညီညွတ်‌ရေးအစိုးရ  (NUG)  နိုင်ငံခြားရေးဌာန   ရုံးခန်းဖွင့်ပွဲအပြီး   သတင်းစာရှင်းလင်းပွဲမှာ   အခုလို   ပြောခဲ့တာပါ။ ကုလသမဂ္ဂ   အတွင်းရေးမှူးချုပ်ရဲ့   မြန်မာနိုင်ငံဆိုင်ရာ   အထူးကိုယ်စားလှယ်   မစ္စနိုလင်းဟေဇာက   လာမယ့်   မတ်လ ၁၅   ရက်နေ့   နောက်ဆုံးထားပြီး   လုံခြုံရေးကောင်စီကို   အစီရင်ခံစာ   ပေးပို့ရမှာဖြစ်ပြီး၊   အဲဒီအစီရင်ခံစာအပေါ် ဆွေးနွေးကြမှာ  

ချစ်သူများနေ့တွင် လေထီးခုန်လေ့ကျင့်ခဲ့သည့် မှော်ဘီလေထီးတပ်စခန်းမှ အမျိုးသမီးစစ်သည်များ လေ့ကျင့်စဉ် လူနေအိမ်ပေါ်ပြုတ်ကျ

Image
ဧရာ၀တီတိုင်းမ် ဖေဖော်ဝါရီလ ၁၄ ရက် ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ လေတပ်စခန်းတွင် စစ်ကောင်စီ၏ အမျိုးသမီး စစ်သည်များ လေထီးခုန်လေ့ကျင့်ရာတွင်  လူနေအိမ်များပေါ်သို့ ပြုတ်ကျမှု ဖြစ်ပွား ခဲ့ကြောင်း အဆိုပါမြို့နယ်တွင် နေထိုင်သူများ၏ ပြောပြချက်အရ သိရှိရသည်။ ယနေ့ ဖေဖော်၀ါရီ ၁၄ ရက်  နံနက်ပိုင်းက မှော်ဘီရှိ ပူးပေါင်းစစ်ဆင်ရေးနှင့် လေထီး သင်တန်းကျောင်းမှ အမျိုးသမီးစစ်သည်များ လေထီးခုန်လေ့ကျင့်မှု  ပြုလုပ်နေစဉ်  စစ်သည်အချို့သည် ၎င်းတို့၏လေထီးနှင့်အတူ ရပ်ကွက်နေ ပြည်သူများ၏ အိမ်ပေါ်သို့ ပြုတ်ကျမှု ဖြစ်ပွားခဲ့သည်။ "မနက်က စစ်ကောင်စီတပ်က စစ်မေ တွေလေ့ကျင့်နေတာ။ လေထီးခုန်လေ့ကျင့်နေရင်း အိမ်ပေါ်ကို ပြုတ်ကျတာ။ သေသလား၊ ရှင်သလားတော့မသိဘူး။ လူနာတင်ယာဉ်နဲ့ ခေါ်သွားတာပဲ"ဟု ပြုတ်ကျမှုဖြစ်ပွားခဲ့သည့် ရပ်ကွက်အနီးနေထိုင်သူ အမျိုးသား တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။ မှော်ဘီ လေထီးတပ်မှ လေ့ကျင့်စဉ်ပြုတ်ကျခဲ့သည့် အမျိုးသမီးစစ်သည်၏ အခြေအနေ အသေးစိတ်ကို အတည်ပြု၍မရသေးဘဲ ပြုတ်ကျမှုဖြစ်စဉ်မှာ အမှန်တကယ်ဖြစ်ပွား ခဲ့ကြောင်း တပ်တွင်းနှင့်နီးစပ်သူတစ်ဦးက အတည်ပြု ပြောကြားသည်။ ဓာတ်ပုံ-ပုံဟောင်းပြန်လည်အသုံးပြုထားသည်။ #ရန်ကု

သမ္မတရူး မင်းအာင်လှိုင်က ဝန်ကြီးဌာနဝါစဉ်တွေ လျှို့ဝှက် ထုတ်ပြန်

Image
သမ္မတရူး မင်းအာင်လှိုင်က  ဝန်ကြီးဌာနဝါစဉ်တွေ လျှို့ဝှက် ထုတ်ပြန်ပြီး စစ် တပ်ကို နံပါတ် ၁ အရေးကြီးဆုံး ဝန်ကြီးဌာနအဖြစ် သတ်မှတ်ကာ  တိုင်းရင်းသားအရေး ဝန်ကြီးဌာနကို နောက်ဆုံးမှာထား By ရန်ကုန်ခေတ်သစ် အကြမ်းဖက်မင်းအောင်လှိုင်က သူစိတ်တိုင်းကျ ဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနတွေရဲ့ ဝါစဉ်ကို ၂၀၂၃ ခုနှစ် အတွက် သတ်မှတ် လျှို့ဝှက် ထုတ်ပြန်လိုက်ပါတယ်။  ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး လက် နက်အားကိုးနဲ့ မတရား အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ သမ္မတတစ်ဦးလို သမ္မတရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကိုသုံးလို့ ပြည်ထောင်စုဝန်ကြီးဌာန ဝါစဉ်တွေ သတ်မှတ်ထုတ်ပြန်လာတာဖြစ်ပါတယ်။  မင်းအောင်လှိုင်က သူ့ကိုယ်သူ စစ်ကောင်စီ ဝန်ကြီးချုပ်လို့ အမည်တပ်ထားပေမယ့် ဘွဲ့ထူး၊ ဂုဏ်ထူးတွေ ပေးအပ်နေတာ၊  သမ္မတ ရွှေစလွယ် လွယ်တာ၊ ဝန်ကြီးဌာန ဝါစဉ်တွေ သတ်မှတ်တာ၊ ဘတ်ဂျက်တွေ စိတ်တိုင်းကျ သုံးချင်သလိုသုံးနေတာ၊ ဗိုလ်ရှုခံပွဲတွေ မကြာခဏ ကျင်းပနေတာ စတဲ့ သမ္မတ တစ်ဦးရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို  အခြေခံဥပဒေနဲ့ မညီဘဲ ချိုးဖောက် အသုံးပြုနေပါတယ်။  သမ္မတရူး ရူးနေတဲ့ မင်းအောင်လှိုင် သတ်မှတ်တဲ့ ဝန်ကြီးဌာန ဝါစဉ်တွေမှာ စစ် တပ်နဲ

ခမရ ၃၀၄ တပ်မှ တပ်သားလင်းထက်အောင်၊ ခလရ ၂၆၈ တပ်မှ တပ်သားအောင်မိုးတို့ ငွေကျပ် သိန်း ၁၀၀ စီရရှိ

Image
စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်မှ တပ်သားလင်းထက်အောင်၊ ခလရ ၂၆၈ တပ်မှ တပ်သားအောင်မိုးတို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်၊ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်လျှင် ငွေကျပ် သိန်း ၁၀၀ ချီးမြှင့်မည် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၄ ခေတ်သစ်  အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကောင်စီ၏ ခမရ ၃၀၄ တပ်မှ တပ်သားလင်းထက်အောင်၊ ခလရ ၂၆၈ တပ်မှ တပ် သား အောင်မိုးတို့ လက်နက်ခဲယမ်း အပြည့်အစုံဖြင့် အလင်းဝင်ကြောင်း  ချင်းပြည်သူ့ကာကွယ်ရေးတပ်များ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။  ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့တွင်  ခမရ-၃၀၄ မှ တပ်သား ရဲဘော်လင်းထက်အောင်သည် CDF-Kanpetlet ထံသို့  MA 1 - သေနတ် ၁လက်၊ MAကျည် -၃၃၆တောင့်၊ နင်းမိုင်း -၁လုံး၊ လက်ပစ်မိုင်း  -၁လုံး၊ အီနာဂါ  -၂လုံး၊ စကားပြောစက် -၁လုံး၊ ကျည်ကာအင်္ကျီ  -၁ထည် တို့ဖြင့် အလင်းဝင်လာခဲ့ကြောင်း သိရှိရသည်။  ထို့အတူ  ချင်းပြည်နယ်၊ဖလမ်းမြို့နယ် ခလရ ၂၆၈ တပ်မှ အောင်မိုးသည် စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့်  CNO/CNDF ထံသို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း၊  CNO/CNDF က ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွ