Posts

ငိုချင်း ချကြရပြီ (လှစိုးဝေ)

Image
ပြည်သူ တို့၏ ခုခံ တွန်းလှန်စစ် သည် အရှိန်မြှင့်လာနေသည် နှင့် အမျှ အမေရိကန် ကလည်း ဗြောင်ကျကျ ကူညီလာနေပြီ ဖြစ်သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ ၏ ကိုယ်စားလှယ်ရုံး နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ကိုပင် မြို့တော် ဝါရှင်တန် တွင် ဖွင့်လှစ်ခွင့် ပေးခဲ့ပြီ ဖြစ်သည်၊ ယင်းသည် အသိအမှတ် ပြုသည်ဟု မပြောယုံတမယ် လုပ်ရပ်လည်း ဖြစ်သည်။ မနေ့က ဧရာဝတီ နှင့် အင်တာဗျုး တွင်လည်း ဒဲရက် ရှိုလက်မှ NUG ၏ လုပ်ရပ်များကို အားရ ကျေနပ်မှု ရှိကြောင်း နှင့် မြန်မာ တို့၏ တော်လှန်ရေးသည် မကြာမီ အဆုံးသတ်ဖွယ် ရှိသည်ကိုပင် အရိပ်အမြွက် ပြောဆိုသွားခဲ့ပြီ ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်၏ အာဏာသိမ်း အဖွဲ့သည် အမေရိကန်၏ ထိုသို့ ပြုမူလာမှုများကို မည်သို့ တုန့်ပြန်ရမှန်း မသိအောင် အကြံအိုက်နေသည်၊ ပုံမှန် အတိုင်း သတ္တိရှိရှိ တုန့်ပြန်မည် ဆိုက ကန့်ကွက်သည့် အနေဖြင့် အနည်းဆုံး အမေရိကန် သံတမန် အချို့ကို တိုင်းပြည်က နှင်ထုတ်ရမည် ဖြစ်သည်။ ထိုသို့ လုပ်မည် ဆိုကလည်း အမေရိကန်မှ ကြိမ်းသေ ပြန်လည် နှင်ထုတ်မည်သာ ဖြစ်သည်။ လက်ရှိ တွင် မင်းအောင်လှိုင်သည် ကန့်ကွက်စာ သာ ထုတ်တတ်သော ဝဏ္ဏမောင်လွင်အား ဆွေမျိုး ဖြစ်နေ၍ အပေါ်သို့ ကန်တင်ကာ သန်းဆွေ နှင့် အစားထိုးလ

လျှပ်စစ်ကား အားသွင်းစက်တွေအတွက် နေစွမ်းအင်ကနေ လျှပ်စစ်ရယူမယ်လို့ပြော

Image
 ရန်ကုန်၊    ရန်ကုန်၊   ဖေဖော်ဝါရီ   ၁၆ လျှပ်စစ်ကားတွေအားသွင်းမယ့်  Charging Station ခေါ်   အားသွင်းစက်တွေအတွက်   နေစွမ်းအင်ကနေ   လျှပ်စစ်ရယူသုံးစွဲသွားမယ်လို့   နစက   ရဲ့   လျှပ်စစ်ဝန်ကြီး   ဦးသောင်းဟန်က   ပြောပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလ   ၁၄   ရက်က ပြုလုပ်တဲ့  Charging Station  တွေတည်ဆောက်ဖို့   ပြုလုပ်တဲ့   အစည်းအဝေး   မှာ   သူက   အထက်ပါအတိုင်းပြောခဲ့တာပါ။လျှပ်စစ်ကား   အားသွင်းစက်တွေမှာ   လိုအပ်တဲ့ဓာတ်အားတွေကို   နိုင်ငံတော်   ဓာတ်အားပေးစနစ်နဲ့   ချိတ်ဆက်ကာ   ဖြန့်ဖြူးပေးသွားမှာဖြစ်ပြီး   နွေရာသီကာလတွေမှာတော့   နေရောင်ခြည်စွမ်းအင်အသုံးပြုပြီး   ဓာတ်အားပေးသွားမယ်လို့   လျှပ်စစ်ဝန်ကြီး   ဦးသောင်းဟန်က   ပြောပါတယ်။ ဧပြီလကနေ   ဇွန်လအထိ   နွေရာသီကာလတွေမှာနေရောင်ခြည်စွမ်းအင်ကနေ   ရယူသုံးစွဲနိုင်ရေး   ဆောင်ရွက်   သွားမှာဖြစ်ပြီး   စက်မှုဝန်ကြီးဌာနကဆောင်ရွက်လိုတဲ့   နေရောင်ခြည်စွမ်းအင်သုံး   ဓာတ်အားပေးစက်ရုံ   စီမံကိန်းနဲ့စပ်ဆက်တဲ့   နည်းပညာဆိုင်ရာ   အကူအညီကိုလည်း   ပံ့ပိုးကူညီ   ဆောင်ရွက်ပေးသွားဖို့ရှိတယ်လို့   ပြောပါတယ်။ လက်ရှိမှာ   တရုတ်နိုင်ငံက   တင်သွင်းထားတဲ့   လျှပ်စစ်ကားတွေနဲ့   အားသ

စစ်ကောင်စီတပ်သား၂ဦး လက်နက်ခဲယမ်းတွေနဲ့တကွ CDF-Senthang ထံလာရောက်ပူးပေါင်း

Image
BVJ၊ ဖေဖော်ဝါရီ ၁၆၊ ၂၀၂၃ ချင်းပြည်နယ်၊ဟားခါးမြို့အခြေစိုက်ခလရ၂၂၆ကတပ်သား၂ဦးဟာ လက်နက်ခဲယမ်းတွေနဲ့တကွ CDF-Senthangထံအလင်းဝင်ရောက်လာတယ်လို့ထုတ်ပြန်ပါတယ်။ဖေဖော်ဝါရီ ၁၆ရက်ဒီနေ့မှာ CDF-Senthangထံဆင်သွယ်ပြီး လာရောက်ပူးပေါင်းလာတာဖြစ်ပါတယ်။ အဲဒီတပ် သား၂ဦးဟာ  MAသေနတ်၁လက်ကျည်ဗုံးသီးနင်းမိုင်းထောင်မိုင်းတွေယူဆောင်ပြီးလာရောက်ပူးပေါင်းတာဖြစ် ပါတယ်အဲဒီတပ်သား၂ဦးကိုCDFSenthangကနွေးထွေးစွာကြိုဆိုပြီးထိုက်တန်တဲ့ဆုကြေးငွေတွေ ချီးမြှင့်ကာလုံခြုံတဲ့နေရာဆီပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ #BurmaVJ  

တလက်၅၀ ဆိုလို့ ၂လက်ယူပြေးတဲ့တပ်သား

Image
ကနီတွင် စစ်သားအချင်းချင်း ပစ်ခတ်မှုဖြစ်ပြီး တစ်ဦး‌သေဆုံး၊   ထွက်ပြေးသွားသည့် တပ်သားအား     စစ်ကောင်စီမှ အင်အားအများအပြားဖြင့်လိုက်ရှာနေ   ဧရာဝတီတိုင်းမ် ( ကနီ ) ၊   ဖေဖော်ဝါရီလ   ၁၆   ရက်   စစ်ကိုင်းတိုင်း၊   ကနီမြို့ပေါ်တွင်   ဖေဖော်ဝါရီလ   ၁၅   ရက်နေ့   ည   ၇   နာရီဝန်းကျင်၌   မြန်မာ့စီးပွားရေးဘဏ်အနီးရှိ     သစ်စက်ဝင်းအတွင်း   စစ်ကောင်စီတပ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး   တပ်သားတစ်ဦး သေဆုံးခဲ့ကာ   ကျန်တစ်ဦးမှာ   ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း   သိရသည်။   ကနီမြို့ အမှတ် ( ၃ ) ရက်ကွက်၊   မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင်   ကင်းစောင့်နေကြသည့်   စစ်ကောင်စီ တပ်သား   ၂   ဦးမှာ   အချင်းချင်းရန်ဖြစ်၍   ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး   တပ်သား   အောင်တိုးထွန်း ( ခ ) ဖိုး ကြယ်ဆိုသူ   သေဆုံးခဲ့ပြီး   ကျန်တပ်သားတစ်ဦးမှာ   ဖိုးကြယ်၏   သေနတ်ပါယူဆောင်ထွက်ပြေးသွား ကြောင်း   ဒေသခံများထံမှ   သိရသည်။   " ကနီမြို့ထဲမှာ ကင်းစောင့်နေတဲ့တပ်သားတွေပါ။ ဘဏ်ရှေ့ကင်းစောင့်ရင်းဖြစ်ကြတာ။ ညထဲက ထွက်ပြေးနေတဲ့ စကစတပ်သားကို အခုထိနေရာအနှံ့လိုက်ရှာနေကြတယ်ဗျ။     ထွက်ပြေးတဲ့နေတဲ့စစ်သားက   အတူတူကင်းစောင့်နေတဲ့   စစ်သားကို  

လုံခြုံရေးကောင်စီဆုံးဖြတ်ချက် စစ်ကောင်စီလိုက်နာမှုရှိ၊ မရှိ သုံးသပ်မည်

Image
RFA ■  မြန်မာ့အရေး   ကုလသမဂ္ဂလုံခြုံရေးကောင်စီ   ဆုံးဖြတ်ချက်တွေကို   စစ်ကောင်စီဘက်က     လိုက်နာဆောင်ရွက်မှု ဘယ်လောက်ရှိသလဲဆိုတဲ့အပေါ်   သုံးသပ်မယ့်   ဆွေးနွေးပွဲတစ်ရပ်ကို     လာမယ့်   မတ်လလယ်ပိုင်းမှာ   ကျင်းပဖို့ရှိတယ်လို့   ကုလသမဂ္ဂဆိုင်ရာ   မြန်မာသံအမတ်ကြီး     ဦးကျော်မိုးထွန်းက   ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု   ဝါရှင်တန်ဒီစီမြို့‌တော်မှာ   မနေ့ကပြုလုပ်တဲ့   အမျိုးသားညီညွတ်‌ရေး အစိုးရ  (NUG)  နိုင်ငံခြားရေးဌာန   ရုံးခန်းဖွင့်ပွဲအပြီး   သတင်းစာရှင်းလင်းပွဲမှာ   အခုလို   ပြောခဲ့တာ ပါ။ ကုလသမဂ္ဂ   အတွင်းရေးမှူးချုပ်ရဲ့   မြန်မာနိုင်ငံဆိုင်ရာ   အထူးကိုယ်စားလှယ်   မစ္စနိုလင်းဟေဇာ က   လာမယ့်   မတ်လ ၁၅   ရက်နေ့   နောက်ဆုံးထားပြီး   လုံခြုံရေးကောင်စီကို   အစီရင်ခံစာ   ပေးပို့ရ မှာဖြစ်ပြီး၊   အဲဒီအစီရင်ခံစာအပေါ် ဆွေးနွေးကြမှာ   ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲဟာ တံခါးပိတ်ဆွေးနွေးပွဲ ဖြစ်မလား၊   အများကြားနာနိုင်မယ့်   တံခါးဖွင့်ဆွေးနွေးပွဲ     ဖြစ်မလားဆိုတာကိုတော့   မသိသေးဘူးလို့   ဦးကျော်မိုးထွန်းက   ပြောပါတယ်။ " ကျွန်တော်တို့ မြန်မာပြည်သူတွေ ဘယ်လောက်ခံစားနေရတယ်ဘယ်လောက် ဒုက္ခရောက်နေ တယ်ဆိုတာ လ

မြန်မာစစ်တပ်ကို လက်နက်ရောင်းချမှု မရှိကြောင်း စင်ကာပူ ထပ်မံငြင်းဆို

Image
RFA ■  မြန်မာနိုင်ငံကို   လက်နက်မရောင်းဖို့   စင်ကာပူက   ပိတ်ပင်ထားတာ   အတော်ကြာနေပြီဖြစ်ပြီး၊   မြန်မာစစ်တပ်ကို လက်နက်ရောင်းချတာမရှိဘူးလို့   စင်ကာပူနိုင်ငံခြားရေးဝန်ကြီး   ဗီဗီယန်   ဘာလာကရစ်ရှ်နန်က   ထပ်ပြီးငြင်းဆိုလိုက်ပါတယ်။ ဖေဖော်ဝါရီလ   ၁၄   ရက်နေ့က   စင်ကာပူလွှတ်‌တော်အစည်းအ‌ဝေးမှာ   အတိုက်အခံအလုပ်သမားပါတီ   လွှတ်တော်အမတ်တစ်ဦးရဲ့   မေးခွန်းကို   အခုလိုဖြေဆိုခဲ့တာလို့  CNA  သတင်းဌာနက   ဖော်ပြပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ   ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့   ဖွဲ့စည်းထားတဲ့  “ မြန်မာ့အရေးအထူးအကြံပေးကောင်စီ  (SAC-M)”  အဖွဲ့ရဲ့   နောက်ဆုံးထုတ်   အစီရင်ခံစာမှာ … ‘ စင်ကာပူဟာ   မြန်မာစစ်တပ်ရဲ့   လက်နက်ထုတ်လုပ်မှုမှာသုံးတဲ့ ကုန်ကြမ်းပစ္စည်းတွေရဖို့   မဟာဗျူဟာမြောက်   အရေးကြီးတဲ့   ကြားခံနိုင်ငံအဖြစ်   ဆောင်ရွက်ပေးနေတယ် ’  ဆိုပြီး ဖော်ပြထားတာပါ။ ဒီအစီရင်ခံစာမှာ   နာမည်တပ်ဖော်ပြထားတဲ့   စင်ကာပူကုမ္ပဏီတွေအ‌နေနဲ့   မြန်မာစစ်တပ်ကို   လက်နက်ရောင်းချမှုပိတ်ပင်ရေး   ကန့်သတ်ချက်တွေကို   လိုက်နာခြင်းရှိ၊   မရှိ   စစ်ဆေးထားတာ   ရှိပါသလားဆိုပြီး   အလုပ်သမားပါတီအမတ်   မစ္စတာတန်က   လွှတ်‌တော်မှာ   မေးမြန်းခဲ့ပ

ပို့ကုန်သွင်းကုန်သမားများနှင့် ဘဏ်များကို တင်းကျပ်ရန် ဗဟိုဘဏ်စိုင်းပြင်း

Image
ကောလာဟလသတင်းတွေကြောင့်   ပို့ကုန်၊   သွင်းကုန်သမားတွေနဲ့   ပုဂ္ဂလိကဘဏ်တွေက   နိုင်ငံခြား   ငွေလဲလှယ်နှုန်း မြင့်တက်လာအောင်   ဆောင်ရွက်နေတာကို   သံသယဖြစ်ဖွယ်   တွေ့ရှိရတယ်လို့   စစ်ကောင်စီ   ဗဟိုဘဏ်က   ထုတ်ပြန်ပါတယ်။ DVB ဒီလိုလုပ်ဆောင်နေတာကို   ဘဏ်တွေက   ဝင်ရောက်   ထိန်းကျောင်းပေးဖို့နဲ့   ဒေါ်လာစျေး   ဆွဲတင်နေတဲ့   ပို့ကုန်၊ သွင်းကုန်သမားတွေကို   ဖော်ထုတ်ပေးဖို့ကိုလည်း   စစ်ကောင်စီ   ဗဟိုဘဏ်က   ဘဏ်တွေကို   ညွှန်ကြားထားတာပါ။ ဝင်ရောက်   ထိန်းကျောင်းပေးတာမရှိတဲ့   ဘဏ်တွေကို   အရေးယူသွားမယ်လို့   ဗဟိုဘဏ်က   သတိပေးထားပြီး   ဒေါ်လာစျေး   ဆွဲတင်နေတယ်လို့   ဖော်ထုတ်ရရှိတဲ့   ပို့ကုန်၊   သွင်းကုန်သမားတွေကို   လည်း   အရေးယူသွားမယ်လို့   ဆိုပါတယ်။ မြန်မာပြည်တွင်း   မြန်မာကျပ်ငွေနဲ့   ဒေါ်လာငွေလဲနှန်းဟာ   ၂၀၂၃   နှစ်စပိုင်းက   စပြီး   တရိပ်ရိပ်   ပြန်လည်မြင့်တက်လာခဲ့တာမှာ   ပြီးခဲ့တဲ့   ဒီဇင်ဘာလ   နှောင်းပိုင်းမှာ   တစ်ဒေါ်လာကို   ၂၈၄၀   ကျပ်   ဝန်းကျင်မှာရှိခဲ့ပြီး   ဇန်နဝါရီလ   ဒုတိယပတ်မှာတော့   ဒေါ်လာစျေးဟာ   ၂ , ၈၈၀   ကျပ်   ထိ   မြင့်တက်ခဲ့ပါတယ်။ ဇန်နဝါရီလကုန်ပိုင်းမှာတော့   ပြည်တွင်းပုဂ္ဂလိက