Posts

‘၀’ဒေသ ဟိုပန်မြို့ရှိ ဘိန်းအစားထိုးသီးနှံ ရော်ဘာခြံများကို စစ်ကောင်စီက မြေကွက်ရိုက်ပြီး တရုတ်ထံ ရောင်းစားနေ

Image
Published By DVB | 23 February, 2023 မြန်မာ- တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊  ‘၀’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်မှာ ဘိန်းအစားထိုးသီးနှံ အဖြစ်စိုက်ပျိုးထားတဲ့ ရော်ဘာခြံတွေထဲက ဧက ၁၀၀ ဝန်းကျင်ကို ရွှေမြို့ပြစီမံကိန်းလို့ အမည်တပ်ကာ မြေကွက်သစ်ဖော်ပြီး စစ်ကောင်စီခန့် ၀ တိုင်းဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေကတရုတ်နိုင်ငံသားတွေထံ ရောင်းချနေတယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။အရင်ကပြည်သူတွေရဲ့ မြေတွေကို သိမ်းထားပြီး ဘိန်းအစားထိုးသီးနှံအဖြစ် ရော်ဘာပင်တွေကို စီမံကိန်းနဲ့ စိုက်ခဲ့ကြရာက အခုတော့ စစ်ကောင်စီခန့် ‘၀’ တိုင်းဥက္ကဋ္ဌ ဦးညီနပ်၊ ဦးကျင်ဝမ်း၊ ဒေါက်တာကျော်ထွန်း၊ ကိုထွန်းအောင်တို့ ပူးပေါင်းပြီး ရော်ဘာခြံတွေကို အကွက်ရိုက်ပြီး ရောင်းစားနေကြလို့ ဒေသခံတဦးက ပြောပါတယ်။“ ပေ၇၀ x ၈၀ တကွက်ကို တရုတ်ယွမ်ငွေ နှစ်သိန်းငါးသောင်းနဲ့ တရုတ်နိုင်ငံသားတွေကို ရောင်းစားနေတယ်။ ပြီးတော့ သူတို့ရောင်းစားတဲ့မြေတွေမှာ လောင်းကစားရုံတွေလည်း ဖွင့်ထားကြတယ်။”ရော်ဘာခြံတွေကို ကွက်သစ်ရိုက်ပြီး တရုတ်နိုင်ငံသားတွေကိုရောင်းချနေတာနဲ့ လောင်း ကစားရုံတွေ ဖွင့်လှစ်နေတာနဲ့ပတ်သက်ပြီး ဒေသခံတွေက ကန့်ကွက်ချင်ကြပေမယ့် စစ်တပ်က အ

နယ်စပ်ကူးခွင့် ရက်ကျော်နေထိုင်သူ မြန်မာတွေကို ထိုင်းသတိပေး

Image
VOA ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ၃ နှစ်ကြာပိတ်ထားခဲ့ရတဲ့ ထိုင်းမြန်မာနယ်စပ်က မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံ တား(၁) နဲ့ မဲဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတား (၁) တို့ကိုပြန်လည်ဖွင့်လှစ်လိုက်ပြီးနောက် ယာယီ နယ်စပ်ဖြတ် ကျော် လက်မှတ်ကိုင်ဆောင်ပြီး ထိုင်းဘက်ကိုဝင်လာတဲ့မြန်မာတွေဟာ သတ်မှတ်ထားတဲ့ရက်မှာ ပြန်လည်ထွက်ခွါ မသွားကြဘဲ ထိုင်းနိုင်ငံထဲမှာပဲ တရားမဝင်နေထိုင်နေတာကြောင့် ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနက အသိပေးချက် တွေ ထုတ်ပြန်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။ ထိုင်းမြန်မာနယ်စပ်က မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား (၁) ကနေ နှစ်နိုင်ငံပြည်သူတွေ သွားလာလည်ပတ် နိုင်အောင် ၆ ညအိပ် ၇ ရက် နယ်စပ်ဖြတ်ကျော်လက်မှတ်တွေထုတ်ပေးထားထားတာ တလကျော်ကြာပြီဖြစ်သလို မဲဆိုင်-တာချီလိတ် တံတား (၁) ကနေ နယ်စပ်ဖြတ်ကျော်ခွင့်ပေးတာလည်း ရက်ပိုင်းသာရှိပါသေးတယ်။ အခုအခါ မှာတော့ ထိုင်းဘက်ကိုဝင်လာတဲ့မြန်မာတွေဟာ မြန်မာပြည်မပြန်တော့ဘဲ ထိုင်းအတွင်းပိုင်းကို သွားရောက်အလုပ် လုပ်ဖို့ လုပ်ဆောင်နေတဲ့အတွက် ထိုင်းလဝကတွေက အသိပေးကြေညာချက်တွေထုတ်ပြန်နေရတယ်လို့ အလုပ်သ မားရေး လှုပ်ရှားသူဦးမိုးကြိုးက အခုလိုပြောပါတယ်။ “ဇန်နဝါရီ

▪️KTLAတပ်နေရာအချို့အား KNLA တပ်မဟာ (၄) သိမ်းပိုက်

Image
KNU ထားဝယ်ခရိုင်၌ KNLAနှင့် KTLA တိုက်ပွဲဆက်ဖြစ် မောင်မောင်/People’s Spring ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၄)နယ်မြေ ထားဝယ်ခရိုင်၌ KNU လက်အောက်ခံ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် KNU မှ ထုတ်ပယ်ထားသည့် ဗိုလ်မှူးချုပ်နယ်ဒါးမြ လက်အောက်ခံ ကော် သူးလေအာမီ(KTLA)တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး KTLA တပ်စခန်း နေရာအချို့ကို KNLAက ရှင်းလင်းသိမ်းပိုက် နိုင်ခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။ အဆိုပါ ဒေသ၌ တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်ပတ်ခန့်ရှိပြီဟု ၎င်းက ဆိုသည်။ "အဲဒီဘက်မှာ သူတို့ KTLA နေရာကို တစ်ခုချင်းတစ်ခုချင်းတက်ရှင်းနေတာပေါ့။ရှင်းတယ် ဆိုတာက  မနေ့ကပြော တာတော့ ၂နေရာပဲ။ ဒါပေမဲ့ သိမ်းတယ်ဆိုတာက သူများဖယ်ပေးတာပဲ ။ မပစ်လို့ပေါ့ ပစ်လို့ရှိရင် ပစ်ခတ်မှုတော့ ရှိမယ်” ဟု ကရင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ကရင်အချင်းချင်း တိုက်ပွဲဖြစ်ပွားနေခြင်းမျိုး မဖြစ်သင့်ကြောင်း၊ စစ်အာဏာရှင် ဖြုတ်ချရေးကို အဓိကလုပ်ဆောင် ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ "ဒါကတော့ ကိုယ့်ကရင်အဖွဲ့အစည်းအချင်းချင်းပဲ ဒါမျိုးက မလိုလားအပ်တဲ့ကိစ္စပဲ ဘယ်ကောင်းမလဲ။ ကိုယ့်အချင်း ချင်းပြဿနာနောက်မှရှင်းပေါ့”ဟု ကရင်သတင်းရ

မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တရုတ်အထူးကိုယ်စားလှယ်တွေ့ဆုံဆွေးနွေး

Image
RFA Burmese 2023.02.22 “ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ဝင်များအား ၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ RFA တရုတ်အစိုးရရဲ့ အာရှရေးရာဆိုင်ရာ အထူးသံတမန် တိန့်ရှီကျန် (Deng Xijun) ဟာ မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ဆီ သွားရောက်ပြီး တွေ့ဆုံဆွေးနွေးနေပါတယ်။ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ (NDAA) ဌာနချုပ်တွေကို သွားရောက်ပြီး အကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့တာလို့ RFA က စုံစမ်းသိရှိရပါတယ်။ UWSA ပြောခွင့်ရှိသူ ဦးညီရန်းက "တွေ့ကြတာ မှန်ပါတယ်။ အဓိကက မြန်မာပြည် ငြိမ်းချမ်းရေးအတွက် တိုက်တွန်း ဆွေးနွေးတာပါ" လို့ RFA ကို ဒီကနေ့ ပြောပါတယ်။ တရုတ်အစိုးရရဲ့ အာရှရေးရာဆိုင်ရာ အထူးသံတမန် တိန့်ရှီကျန် (Deng Xijun)။ ဘာတွေဆွေးနွေးခဲ့ကြသလဲ ဆိုတဲ့အသေးစိတ်ကိုတော့ ပြောဆိုတာ မရှိပါဘူး။ တရုတ်အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး KIO နဲ့ NDAA တပ်ဖွဲ့တွေကို မေးမြန်းနိုင်ဖို့ RFA က ကြိုးစားနေဆဲဖြစ်ပါတယ်။ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်နဲ့ တရုတ် ဗဟိုနိုင်ငံခြားရေ

မိုးကုတ်မြို့၊ ကသဲရွာ အုပ်ချုပ်ရေးမှူးရုံးပစ်ခတ်-သထုံသို့လာသောစစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲပစ်ခတ်ရုပ်သံ

Image
ဘီးလင်းမှ သထုံသို့လာသော ကား ၇ စီးပါဝင်သော စစ်ကောင်စီယာဉ်တန်းကို ညအချိန် မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက် (ရုပ်/သံ) ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ခေတ်သစ် မွန်ပြည်နယ်၊ ဘီလင်းမှ သထုံဘက်သို့ လာသော ကား ၇ စီးပါဝင်သည့် စစ်ကောင်စီယာဉ် တန်းကို ယမန်နေ့ ညပိုင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PDF သတင်းရင်းမြစ်များက ရန်ကုန် ခေတ်သစ်သတင်းဌာန ထံသို့ ပြောဆိုသည်။  ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ည ၈ နာရီ ၄၄ မိနစ်အချိန် ဘီးလင်းမှ သထုံဘက်သို့ စစ်ကား ၇ စီး မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီးပျက်စီးသွားခဲ့ကြောင်း၊ ညတွင်းချင်းပင် မိုင်းထိ ပျက် စီး သွားသော စစ်ကားကို ဆွဲယူသွားကြောင်း၊  စစ်ဆင်ရေးကို KNU တပ်မဟာ ၁ တပ် ရင်း ၂ တပ်ခွဲ ၃ နှင့် ဘီးလင်း ပကဖ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရသည်။ မိုးကုတ်မြို့၊ ကသဲရွာ အုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံး (ရုပ်/သံ) ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃  မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ကသဲရွာ အုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကြောင်း မိုးကုတ်ပြည်သူ့ကာကွယ်ရေးတပ်မတော်ထံမှ သိရှိရသည်။  ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၅ နာရီ ၄၀ မိနစ်အချိန် မိုးက

EXXON FILM Investment ငွေထုတ်မှု ယာယီရပ်ဆိုင်း

Image
စစ်ကောင်စီကိုအကြောင်းပြကာ  EXXON FILM Investment အက်ပလီကေးရှင်း ငွေထုတ်မှု ယာယီရပ်ဆိုင်း၊ ရင်းနှီးမြုပ်နှံမှုကိုတော့ ဆက်လက်ခွင့်ပြုဟုဆို ဖေဖော်ဝါရီလ ၂၃ ရက် အဖွဲ့ဝင် သောင်းဂဏန်းကျော်ရှိနေသည့် အွန်လိုင်းမှတဆင့်ရင်းနှီးမြုပ်နှံမှုလုပ်စေသည်ဆိုသော  EXXON FILM Investment အက်ပလီကေးရှင်းသည် ငွေထုတ်ဝန်ဆောင်မှုကို ယာယီရပ်ဆိုင်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်နေ့က ကြေညာလိုက်ပြီး စစ်ကောင်စီက လုံခြုံရေးဆိုင်ရာ သံသယကြောင့်ဖြစ်သည်ဟု အကြောင်းပြသည်။ ပြည်သူ့ကာကွယ်ရေးတပ် (PDF) များကို ထောက်ပံ့နေသည်ဟူသော သံသယဖြင့် စစ်ကောင်စီက  EXXON FILM အား စုံစမ်းစစ်ဆေးမည့်အကြောင်းသာ ထုတ်ပြန်ချက်တွင်ရေးသားထားသော်လည်း မည်သို့စစ်ဆေးမည်ဆိုသည့်အချက်ကိုမူ ဖော်ပြထားခြင်းမရှိပါ။ ကသာမြို့နယ်ရှိ စစ်ပွဲကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသော ဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးရာတွင် ပါဝင်ရာက ယခုလိုသံသယအဝင်ခံနေရခြင်းဖြစ်သည်ဟုပါရှိသည်။  ထို့အပြင်စုံစမ်းစစ်ဆေးမှု ပြီးစီးမှသာ အဖွဲ့ဝင်များ၏ ငွေထုတ်ဝန်ဆောင်မှုကိုလည်း ပြန်လည် လုပ်ဆောင်ပေးနိုင်မည်ဟုပါရှိသည်။   သို့သော် ငွေထုတ်ယူခွင့်ပိတ်ထားသော်လည်း အဖွဲ့ဝင်ဟောင်းများအနေဖြင့် ရင်းနှီးမြုပ်နှံမှုကိုတ

UGများအား ဖမ်းဆီးရန်ဟုဆိုကာ နေပြည်တော်မှ အထူးလေ့ကျင့်ထားသည့် ဒုရဲအုပ် ၄၃ဦးအား ရန်ကုန်သို့ စေလွှတ်ထား

Image
Author  လင်းခိုင် Published on Feb 22, 2023 ရန်ကုန်မြို့ရှိ   မြေအောက်တော်လှန်ရေးအင်အားစုများအား   စုံစမ်းဖော်ထုတ်   ဖမ်းဆီးရန်ဟုဆိုကာ   နေပြည်တော်မှ အထူးလေ့ကျင့်ထားသည့်   ဒုရဲအုပ်   ၄၃   ယောက်အား   ရန်ကုန်သို့   စေလွှတ်ထားကြောင်း   ရဲသတင်းအရင်းအမြစ် အသိုင်းအဝိုင်းထံမှ   စုံစမ်းသိရှိရသည်။ ဖေဖော်ဝါရီ   ၂၀   ရက်တွင်   နေပြည်တော်မှ   ဒုရဲအုပ်   ၄၃   ယောက်ကို   ကော့မှူး၊   ကွမ်းခြံကုန်၊   ခရမ်း၊တွံတေးမြို့နယ်များတွင်   တာဝန်ထမ်းဆောင်ရန်ဟုဆိုကာ   စေလွှတ်ခြင်းဖြစ်ကြောင်း   ရဲသတင်းအရင်းမြစ်က   ဆိုသည်။ “ အဓိက   ကော့မှူး၊   ကွမ်းခြံကုန်း၊   ခရမ်း၊   တွံတေးမြို့နယ်မှာ   တာဝန်ထမ်းဆောင်ဖို့ဆိုပြီး   စေလွှတ်တာ၊   ကျန်တဲ့ဘယ်လို   ကိစ္စတွေရှိတယ်ဆိုတာတော့   သေချာမသိရဘူး။   အဲ့ဒီမြို့နယ်တွေမှာ   စကစ   တွေ   ၊   အုပ်ကြီးတွေ   အသတ်ခံရရင်   လုပ်တဲ့သူကို   မဖမ်းမိတော့   အင်အားတိုးချဲ့တာလားမသိဘူး ”  ဟု   ရဲသတင်းအရင်းအမြစ်က  CJ Platform  သို့ပြောကြားသည်။ စစ်ကောင်စီမှ   ကော့မှူး၊   ကွမ်းခြံကုန်း၊   ခရမ်းနှင့်   တွံတေးမြို့နယ်များတွင်   ယခုကဲ့သို့   ဒုရဲအုပ်များ   အင်အားတိုးချဲ့ ချထားခြင်းသည်   မြေအောက်တော်လှန

သန်းရွှေ မှတ်ဉာဏ် ယိုယွင်းဆုံးရှုံးသည့် အယ်လ်ဇိုင်းမား ရောဂါဆိုးရွားလာ

Image
အာဏာရှင်ဟောင်း   ဦးသန်းရွှေ   မှတ်ဉာဏ်   ယိုယွင်းဆုံးရှုံးသည့်   အယ်လ်ဇိုင်းမား   ရောဂါ ဆိုးရွားလာ၊   အသိဉာဏ်   မပျောက်ဆုံးမှီ   ဝိနည်းနှင့်အညီ   နေထိုင်သည့်   ဆရာတော်ကြီးများအား   ပင့်ဆောင့်သော်လည်း   ငြင်းပယ်ခံရ Author CJ Platform  အယ်ဒီတာအဖွဲ့ Published on Feb 23, 2023 အာဏာရှင်ဟောင်း   ဦးသန်းရွှေ   မှတ်ဉာဏ်   ယိုယွင်းဆုံးရှုံးသည့်   အယ်လ်ဇိုင်းမား   ရောဂါ   ဆိုးရွားလာ၊   အသိဉာဏ်   မပျောက်ဆုံးမှီ   ဝိနည်းနှင စစ်အာဏာရှင်   ဟောင်း   ဦးသန်းရွှေ   တစ်ယောက်   ဇရာထောင်းသူများ   ဖြစ်လေ့ရှိသည့်   အယ်လ်ဇိုင်းမား   ရောဂါ ဆိုးရွားလာကြောင်းခိုင်လုံသည့်   သတင်းရင်းမြစ်ထံမှ  CJ Platform  က   စုံစမ်းသိရသည်။ ဦးသန်းရွှေမှာ   မှတ်ဉာဏ်များ   လုံးဝ   ဥဿုံ   မပျောက်ဆုံးမီချိန်တွင်   ထေရ်ရဝါဒ   စစ်စစ်   ဆရာတော်   သံဃာတော်ကြီး အချို့ကို   ဖူးမျှော်ခွင့်   ရနေလိုသော်လည်း   ယခု   အချိန်ထိ   ဆရာတော်ကြီးများက   ကြွရောက်ခြင်း   မရှိသေးဟုလည်း သိရသည်။ စစ်ကောင်စီ   ထိပ်တန်း   အရာရှိများနှင့်   ရင်းနှီးကျွမ်းဝင်သည့်  CJ Platform  ၏   သတင်းရင်းမြစ်က   စစ်အာဏာရှင် ဟောင်း   ဦးသန်းရွှေသည်   မှတ်ဉာဏ်   တဖြည်းဖြည်း   ယို

စစ်ကိုင်းနှင့် မကွေးဘက်သို့ ဦးတည်နိုင်ပြီး စခ အင်အား ၅၀၀ နှင့် ၁၀၀၀ အကြားရှိ

Image
ကလောနှင့်ဟဲဟိုးမှ တပ်များကို  စစ်သား၊ လက်နက်အင်အား အပြည့်အစုံဖြင့် ရွှေ့ပြောင်းမှုများလုပ်နေ ၊ စစ်အုပ်ချုပ်ရေးကြေညာထားသော စစ်ကိုင်းနှင့် မကွေးဘက်သို့ ဦးတည်နိုင်ပြီး အင်အား ၅၀၀ နှင့် ၁၀၀၀ အကြားရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ခေတ်သစ် ရှမ်းပြည်နယ်၊ ကလောနှင့်ဟဲဟိုးဘက်မှ ယနေ့ နံနက်ပိုင်း စစ်ကားများစွာကို စစ်သား အင်အား အပြည့်အစုံ ၊ လက်နက်အပြည့်အစုံဖြင့် ရှေ့တန်းထွက်ခွာ လာကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက်အစောပိုင်းမှစတင်ပြီး ကလောနှင့်ဟဲဟိုးမှ တပ်များကို စစ်ကားများဖြင့် လက်နက်အပြည်အစုံ တင်၍ ထွက်ခွာလာ သည် ကိုမြင်တွေ့ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာန ထံသို့ ပြောဆိုသည်။  "တောင်ကြီးကနေ ကလောဖက်အသွား စစ်ခွေးကားတွေ အတော်များတယ်။ ၅၀ ကျော်လောက်တယ်။  ကားတိုင်းမှာ စစ်သားအပြည့်၊ လက်နက် အပြည့် အစုံ ပါတယ်။  ကလောမြို့ ၁၁၂ တပ်ရင်းရှေ့မှာလည်း စစ်ခွေးကား ၃၀ ကျော် တယ်။ အင်အား ၃၀၀ လောက်ရှိတယ်။  ဟဲဟိုးဘက်ကလည်း စစ်ကား ၂၀ လောက် ဆင်းလာတယ်။  ကလောနဲ့ ဟဲဟိုးက တပ်ကတွေ အကုန် ထွက် လာ တာ။ အင်အားတော်တော်များပါတယ်။ ကရင်နီ ဘက် သွားတာ မဟုတ်တာ တော့သေချာပါတယ

ရွှေဘို၊ ထူးကြီးရွာကို စစ်တပ် မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် ပြာကျ

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ ခေတ်သစ် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ထူးကြီးရွာကို အကြမ်းဖက် စစ်တပ် စီးနင်း မီးရှို့ဖျက်ဆီးမှု ရွာလုံးကျွတ် ပြာကျခဲ့ကြောင်း S&C အဖွဲ့က တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၅ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ် ထူးကြီးရွာကို အကြမ်းဖက် စစ်တပ် စစ်ကြောင်းများက ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင်နေအိမ် ၂၀၀ ကျော်မီးလောင်ပြာကျခဲ့ကြောင်း သိရသည်။  " ထူးကြီးကျေးရွာကို စစ်ခွေးတွေကဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ မီးရှို့ဖျက်ဆီးခဲ့တာ ရွာလုံးကျွတ် ပြာကျသွားတယ်။ စုစုပေါင်း နေအိမ် ၂၀၀ ကျော်လောက်ရှိမယ်။ အခုထိ ရှင်းလင်းရေးတွေ လုပ်နေတုန်းပဲ ပြည်သူတွေတော့ စစ်ခွေးတွေ မရောက်ခင် ရွာလုံးကျွတ် ရှောင်တိမ်းနိုင်ခဲ့တယ်" ဟု S&C မီးဘေး စစ်ဘေး ပညာရေး စောင့်ရှောက်မှု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။