Posts

နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တပ်ပေါင်းစုက တာ​ဝေးပစ်လက်နက်ဖြင့်ပစ်ခတ်တိုက်ခိုက်

||Breaking News|| ကျော်ဇော/People's Spring  နေပြည်တော်ရှိစစ်ကောင်စီလေကြောင်းရန်ကာကွယ်ရေးတပ်အား တာ​​ဝေးပစ်လက်နက်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည် တော်)မှတာဝန်ရှိသူတစ်ဦးက People's Spring သတင်းဌာနသို့ ပြောကြားသည်။ တောင်ညိုဒေသ ဥတ္တသီရိမြို့နယ်တွင် အခြေစိုက်သည့် အမှတ် ၈)လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်အောက်မှ လေဆိပ်ဗျူဟာအား PDF တပ်ပေါင်းစုက ယမန်နေ့(ဖေဖော်ဝါရီ ၂၂) နံနက်ပိုင်းတွင် တာဝေးပစ်လက်နက် ၂ စင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ "လေဆိပ်ဗျူဟာ ​နေပြည်​တော် လေ​ကြောင်းရန်ကာကွယ်ရေးတပ်ကို တာ​ဝေးပစ်နဲ့ ပစ်ခတ်တာပါ ​"ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)၏ တာဝန်ရှိသူတစ်ဦးက People's Spring သို့အတည်ပြု​ပြောကြားသည်။ တာ​ဝေးပစ် ၂စင်းခတ်တိုက်ခိုက်ရာ တပ်စခန်းဝန်းအတွင်းရှိ အရာရှိလိုင်းခန်းဟုယူဆရ​သောအ​ဆောက်အအုံတစ်ခုကိုထိမှန်ခဲ့​ကြောင်းသိရသည်။စစ်​ကောင်စီတပ်မှ ​သေဆုံးထိခိုက်မှုများရှိနိုင်ပြီး  အသေးစိပ်အခြေ အနေများကိုစုံစမ်း​နေဆဲဖြစ်​ကြောင်းသိရသည်။ ပစ်ခတ်တိုက်ခိုက်ခံရပြီး​နောက် ​စစ်ကာင်စီတပ်ကရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့​ကြောင်းလည်း P

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ််ရပ်တည်ကြောင်း အီးယူထုတ်ပြန်

Image
▪️စစ်ကောင်စီအနေဖြင့် ရုရှားနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ယူကရိန်းသံအမတ် သတိပေး ယန်းဒီ/People’s Spring ယူကရိန်းကို ရုရှားကျူးကျော််စစ် ၁၂ လမြောက် အထိမ်းအမှတ်အဖြစ်် ရန်ကုန်မြို့၌ ယူကရိန်းနိုင်ငံတော်အလံကို ဥရောပသမဂ္ဂက လွှင့်တင်ခဲ့ပြီး မြန််မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ််မတ်ရပ်တည်ကြောင်း ပြသခဲ့သည်။ ဥရောပသမဂ္ဂသည် မြန်မာနှင့် ယူကရိန်း ပြည်သူများ၏ ဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်မှုနှင့် ယင်းတို့၏ လွတ်လပ်ရေး မျှော်မှန်းချက်များအတွက် မားမားမတ်မတ် ရပ်တည်ထောက်ခံလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်သည်။ ယူကရိန်းသံအမတ််ကြီး Oleksander Lysak ကလည်း ယမန်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ သံရုံးအကြီးအကဲများနှင့်တွေ့ဆုံစဥ် မြန်မာပြည်သူများကို ထောက်ခံကြောင်း ပြသခဲ့ပြီး မြန်မာစစ်ကောင်စီအနေဖြင့် ရုရှားနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို သတိပေးခဲ့ကြောင်း အီးယူက ဖော်ပြသည်။ ဖေဖော်ဝါရီ ၂၀ ရက်တွင် ဥရောပသမဂ္ဂသည် အာဏာသိမ်းစစ်ကောင်စီအပေါ် ဆဌမအကြိမ််မြောက်ပိတ်ဆို့ဒဏ်ခတ်မှုအဖြစ် မြန်မာစစ်တပ်၏ အဓိက လက်နက်ပွဲစားများ၊ ထောက်တိုင်မျ

အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတနှင့် လူ့အခွင့်အရေး အဖွဲ့များက ကြိုဆို၊

Image
Khit Thit Media  · အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတနှင့် လူ့အခွင့်အရေး အဖွဲ့များက ကြိုဆို၊ စစ်ကောင်စီနှင့် ဆက်နွယ် ပတ်သတ်နေသူများကိုလည်း ဆက်လက်ဒဏ်ခတ် အရေးယူဖို့ တောင်းဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ဥရောပသမဂ္ဂ အီးယူက စစ်ကောင်စီနဲ့ ပါဝင်ပတ်သတ် ဆက်နွယ်နေတဲ့  လူပုဂ္ဂိုလ် ကိုးဦးနှင့် အဖွဲ့အစည်း ခုနစ်ခုတို့အပေါ်  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်နေ့က ဒဏ်ခတ်ပတ်ဆို့မှုအသစ်များ ထပ်မံ ချမှတ်အရေးယူလိုက်ပါတယ်။ အဆိုပါ အီးယူရဲ့ ဒဏ်ခတ် အရေးယူပိတ်ဆို့မှုတွေအပေါ် NuG အစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဖြစ်တဲ့  Justice For Myanmar က ထောက်ခံ ကြိုဆိုလိုက်ပါတယ်။ ယာယီသမ္မတ ဒူဝါလရှီးက (၇ / ၂၀၂၃) အစိုးရအဖွဲ့အစည်းအဝေး အတွင်း "ဥရောပသမဂ္ဂ (EU) အနေနဲ့ အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါများကို (၆) ကြိမ်မြောက် ဒဏ်ခတ်အရေးမှုတရပ်ကို ထုတ်ပြန်ကြေညာခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ကြိမ် အီးယူရဲ့ ဒဏ်ခတ်အရေးယူမှုဟာ ပြည်သူတရပ်လုံး တိုက်တွန်း စောင့်မျှော်နေတဲ့ စစ်အုပ်စုရဲ့ လေယာဥ်လောင်စာဆီများ တင်သွင်းမှုရပ်တန့်ဖို့နဲ့ တင်သွင်း သူများကို အရေ

နိုင်ငံရေးအကျဉ်းသားများ ရှိနေသည့် ကျောက်ဆည်အချုပ်ထောင်တွင် ပစ်ခတ်မှုများဖြစ်ပြီး နာရေးကားများ ဝင်ထွက်နေ

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်အကျဉ်းထောင်တွင် ယနေ့ နံနက်ပိုင်း ပစ်ခတ် မှုဖြစ်ပွားပြီး နာရေးကားများ ဝင်ထွက်မှုရှိနေကြောင်း ဒေသပြည်သူများက ပြောသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၅ နာရီအချိန် ကျောက်ဆည်မြို့နယ်၊ အကျဉ်းထောင်တွင် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်ခဲ့ပြီး ၀ရုန်းသုန်းကား အသံများကြားရကြောင်း၊ ယင်းနောက် နံနက် ၁၀ နာရီတွင် နာရေးကားများ ဝင်ထွက်နေပြီး အကျဉ်းထောင်ဧရိယာတစ်ခုလုံးကို ပိတ်ဆို့ထားကြောင်း၊ ကျောက်ဆည် အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတချို့ရှိနေကြောင်း သိရှိရသည်။ "ဒီနေ့မနက်ပိုင်း၊ ကျောက်ဆည်အချုပ်ထောင်မှာ ပစ်ခတ်သံတွေကြားနေရတယ်။ မနက် ၅ နာရီ လောက်ကတည်းကပါ။ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ဘယ်လင်း သုခဒါန ပရဟိတ ကားနဲ့ သယ်သွားတာတွေ့တယ်။ ပစ်ခတ်သံတော့ တော်တော်များတယ်။  အခု အကျဥ်း ထောင် ဧရိယာ ကိုပိတ်ထားတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နောက်ဆက်တွဲ အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။  

နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ် ဒုံးဖြင့် ပစ်ခတ်ခံရ

Image
နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ် ဒုံးဖြင့် ပစ်ခတ်ခံရဟု စစ်ဘက်သတင်းရင်းမြစ်များ အတည်ပြု  ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃  နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ယနေ့နံနက်ပိုင်း ဒုံးဖြင့် ပစ်ခတ်ခံရကြောင်း စစ်ဘက်သတင်းရင်းမြစ်များ အတည်ပြု ပြောဆိုသည်။  ဖေဖော်ဝါရီလ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်တွင် နေပြည်တော်၊ လယ်ဝေးရှိ အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ်ကို ဒုံး ၂ စင်းဖြင့် ပစ်ခတ်ခံရခြင်းဖြစ်ပြီး တပ်အတွင်း အဆောက်အအုံတစ်ခုကို ထိမှန်ခဲ့ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များထံမှ သိရှိရသည်။  "အပစ်ခံရတာမှန်တယ်။ အသေးစိတ်တော့ မသိရသေးဘူး။ အပစ်ခံရတာ ဟုတ် ပါတယ်။ လူထိလား မထိလား အဲဒါလည်း သေချာမသိရသေးဘူး။ တပ် တွေ မတူ တော့ မေးလို့ မြန်းလို့ မကောင်းဘူး" ဟု စစ်ဘက်သတင်းရင်းမြစ်က ပြော ဆိုသည်။  တော်လှန်ရေးသတင်းရင်းမြစ်များက အရာရှိရိပ်သာဟု ယူဆရသော အဆောက် အအုံတစ်လုံးကို ဒုံးကျည်ထိမှန်ကြောင်း၊ စစ်သားများ ထိခိုက်သေဆုံးမှုကို စုံ စမ်းနေဆဲဖြစ်ကြောင်း ပြောဆိုထားသည်။  အမှတ် ၂၀၃၁ လေကြောင်းရန်ကာကွယ်ရေးတပ် ပတ်ဝန်းကျင်ရှိ ကျေးရွာများ နှင့် အနီးပတ်ဝန်းကျင်တွင် ယနေ့ညပိ

မြောက်ဥက္ကလာရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးကိုYUFက ဗုံးပစ်တိုက်ခိုက်၊ ထိခိုက်မှုရှိနိုင်ဟုပြော

Image
ကျော်ဇော/People's Spring  ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ စစ်ကောင်စီအုပ်ချုပ်ရေးမှူးရုံးတစ်ရုံးကို လက်ပစ်ဗုံးပစ်သွင်း၍ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Yangon Underground Force - YUF က People's Spring သတင်းဌာနသို့ ပြောသည်။ယမန်နေ့(ဖေဖော်ဝါရီ ၂၃)ညနေ ၃ နာရီ ၁၀ မိနစ်ဝန်းကျင်က မြောက်ဥက္ကလာ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ရပ်ကွက်အုပ်ကြီးနှင့် စစ်ကောင်စီတပ်သားအချို့ရှိနေစဥ် လက်ပစ်ဗုံးတစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။"ကျနော်တို့လုပ်တဲ့အချိန် အဲဒီရုံးထဲမှာ စစ်--သုံးကောင်တော့ရှိတယ်။ ဒါပေမဲ့ Stand By(အသင့်အနေ အထား)မရှိတဲ့အတွက် ကျနော်တို့ လုပ်နိုင်ခဲ့တယ်။ အနီးကပ်ပစ်လိုက်တာ။ အနီးကပ်ဆိုတာက ၁၀ ပေအကွာလောက်က ပစ်လိုက်တာ"ဟု YUF မှ တော်လှန်ရေးရဲဘော်တစ်ဦးက People's Spring သို့ ပြောသည်။အဆိုပါ (င)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအား ဖောက်ခွဲတိုက်ခိုက်ချိန်တွင် ရုံးထဲ၌ စစ်က ောင်စီတပ်သားသုံးဦးအပြင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးအချို့လည်းရှိနေပြီး ၎င်းတို့ထိုင်နေသည့်ဘေးနားကပ်လျက်သို့ ကျရောက်ပေါက်ကွဲသွားကြောင်း YUF မှရဲဘော်က ဆက်ပြောသည်။ ယင်းအုပ်ချုပ်ရေးမှူးရုံး ဖော

စစ်ကောင်စီထံ မှတ်ပုံတင်ခွင့်လျှောက်ထားသည့် နိုင်ငံရေးပါတီ ၈ ခုရှိလာ

Image
မ​ဇ္စျိမ။ ။ စစ်ကောင်စီ၏ နိုင်ငံရေးပါတီများမှတ်ပုံတင်ခွင့်ဥပဒေအရ စစ်ကောင်စီလက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပါတီဆက်လက်တည်ထောင်ခွင့်နှင့် မှတ်ပုံတင်ခွင့် ပြန်လျှောက်ထားသည့် နိုင်ငံရေးပါတီ ရှစ်ခု အထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။ ယခင်က ကြံ့ခိုင်ရေးပါတီအပါအဝင် မှတ်ပုံတင်ခွင့်လျှောက်ထားသည့် ပါတီ ငါးပါတီရှိပြီး ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က ဒီမိုကရက်တစ်အင်အားစုလေဘာပါတီ၊ ဒီမိုကရေစီပါတီသစ် (ကချင်)နှင့် ပြည်သူ့အကျိုးပြုကျောင်းသားများပါတီတို့က ထပ်မံလျှောက်ထားလာခြင်းဖြစ်ကြောင်း ယနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် မီဒီယာများတွင် ဖော်ပြထားသည်။ ဒီမိုကရက်တစ်အင်အားစုလေဘာပါတီကမူ နိုင်ငံရေးပါတီအသစ်အဖြစ် တည်ထောင်ရန် လျှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ ပါတီများတွင် ကြံ့ခိုင်ရေးပါတီက မှတ်ပုံတင်ခွင့်ကို အစောဆုံးလျှောက်ထားခဲ့ခြင်းဖြစ်ပြီး ထို့နောက်တွင် ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုဒီမိုကရေစီပါတီ (UDP)၊ မြန်မာပြည်သူ့ဒီမိုကရက်တစ်ပါတီ (MPD)နှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်ပါတီ (PNO) တို့က အသီးသီး လျှောက်ထားခဲ့ကြခြင်းဖြစ်သည်။ လက်ရှိ မှတ်ပုံတင်ခွင့် ပြန်လျှောက်ထားသည့် ပါတီများတွင် ၂၀၂၀ ပြည့်နှစ်အထွေထွေ

ဩစတြေးလျသတ္တုကုမ္ပဏီက စစ်တပ်အဆက်အနွှယ်မှတစ်ဆင့် ငွေကြေးလွှဲပြောင်း

Image
ထူးအောင် Published on Feb 23, 2023myanmar-now ရှမ်းပြည်နယ်မှ လုပ်ငန်းရောင်းရငွေ လွှဲပြောင်းရာတွင် စစ်တပ်နှင့် ဆက်စပ်နေသူကို အသုံးချခြင်းမှာ ငွေကြေးခဝါချမှု အန္တရာယ် ရှိနိုင်သည်ဟု စောင့်ကြည့်အဖွဲ့တစ်ခုက ပြောသည်။ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ပြီးနောက် ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီက ရှမ်းပြည်နယ်ရှိ ရင်းနှီးမြှုပ်နှံမှုကို ရောင်းထုတ်ရာမှ ရမည့် ဒေါ်လာ ၁၀ သန်းကျော်ကို စစ်တပ်အဆက်အနွှယ် စီးပွားရေးသမားတစ်ဦး ပိုင်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) မှတစ်ဆင့် လွှဲပြောင်း ရယူလျက်ရှိသည်။ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ဘော်တွင်းသတ္တုတွင်းစီမံကိန်းတွင် ပြည်တွင်းမှ ဝင်းမြင့်မိုရ်၊ East Asia Power (EAP) တို့နှင့် အကျိုးတူ လုပ်ကိုင်နေသည့် ဩစတြေးလျ သတ္တုတူးဖော်ရေးကုမ္ပဏီ Mallee Resource (Myanmar Metals) သည် မြန်မာနိုင်ငံမှ အပြီးအပိုင် ထွက်ခွာမည်ဖြစ်ကြောင်း ၂၀၂၁ ဧပြီလတွင် ကြေညာခဲ့သည်။ ထို့နောက် ၎င်း၏ကုမ္ပဏီခွဲကို ဝင်းမြင့်မိုရ်ထံ ဒေါ်လာ ၁၂ ဒသမ ၀၆ သန်းဖြင့် ၂၀၂၁  ဩဂုတ်လတွင် ရောင်းချခဲ့ရာမှ ငွေကြေးလွှဲပြောင်းရန် အခက်အခဲရှိသည်ဆိုကာ ကော်မရှင်ခ ၁၅ ရာခိုင်နှုန

စစ်အုပ်ချုပ်ရေးကြေညာပြီး မြေပြင်စစ်ကြောင်းအပြင် လေကြောင်းဖြင့်ပါ တိုက်နေ

Image
ခင်ရီရီဇော်Published on Feb 23, 2023myanmar-now အရာတော် အပါအဝင် စစ်ကိုင်းတိုင်းရှိ ၃ မြို့နယ်ကို ယမန်နေ့ (ဖေဖော်ဝါရီ ၂၂) တွင် စစ်ကောင်စီက စစ်အုပ်ချုပ်ရေး ထပ်မံကြေညာခဲ့သည်။ တစ်နိုင်ငံလုံးရှိ မြို့နယ်ထက်ဝက်ခန့်ကိုသာ ထိန်းချုပ်ထားနိုင်ကြောင်း အာဏာသိမ်းခေါင်းဆောင်က ဝန်ခံပြောဆိုပြီးနောက် စစ်အုပ်ချုပ်ရေးကြေညာသည့် မြို့နယ်ပေါင်း ၄၀ ရှိပြီဖြစ်သည်။ စစ်ကိုင်းတိုင်းအတွင်း ရွာစဉ်လှည့် မီးရှို့နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ကို ယမန်နှစ်အတွင်းက တွေ့ရစဉ်။ စစ်ကိုင်းတိုင်းအလယ်ပိုင်းရှိ အရာတော်မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာပြီးနောက် စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းအပြင် လေကြောင်းဖြင့်ပါ တိုက်ခိုက်နေကြောင်း ဒေသခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် တော်လှန်ရေးအဖွဲ့ထံမှ သိရသည်။ အရာတော် အပါအဝင် စစ်ကိုင်းတိုင်းရှိ ၃ မြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ (ဖေဖော်ဝါရီ ၂၂) တွင် စစ်အုပ်ချုပ်ရေး ထပ်မံကြေညာခဲ့သည်။ အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာအချို့ကို ယမန်နေ့မှစ၍ အင်အားရာဂဏန်းရှိ မြေပြင်စစ်ကြောင်းအပြင် စစ်လေယာဉ်များဖြင့်ပါ တိုက်နေခြင်း ဖြစ်သည်။ ယမန်နေ့တွင် စစ်လေယာဉ်တစ်စီးသာ လာရောက်သော်လည်း ယနေ့ (ဖေဖော်ဝါရီ ၂၃) တွင် အရာ

ASEAN အတွက် ခက်ခဲနေသည့် မြန်မာ့အရေး အမေရိကန် ဦးဆောင်ရမည်

Image
Irrawaddy ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုကို မြန်မာတနိုင်ငံလုံး ဆန့်ကျင်တိုက်ခိုက်မှုများ ပြေလည်မည့် အလားအလာမရှိဘဲ တတိယနှစ်အတွင်း ရောက်လာသော်လည်း နိုင်ငံတကာ အသိုက်အဝန်းသည် ထိုအကျပ်အတည်းကို ကူညီအဆုံးသတ်ပေးရန် လက်တွေ့ အကောင်အထည်ဖော်နိုင်မည့် သေနင်္ဂဗျူဟာ မရှိဘဲ ဖြစ်နေသည်။ ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ခေါင်းဆောင်များသည် အကြမ်းဖက်မှုများ ရပ်ဆိုင်းရေးနှင့် ညှိနှိုင်းအဖြေရှာရေး ဆွေးနွေးပွဲများ စတင်ရေးအတွက် ဘုံသဘောတူညီချက် ၅ ချက်ကို အဆိုပြုပြီး နိုင်ငံတကာတုံ့ပြန်မှုအား ဦးဆောင်ရန် ကြိုးစားခဲ့သည်။ သို့သော် စစ်ကောင်စီ၏ တင်းမာသော သဘောထားနှင့် အခြေခံအားဖြင့် အပြတ်ချေမှုန်းရေးစစ်ပွဲတွင် အပေးအယူလုပ်ရန် မည်သည့်ဆွေးနွေးပွဲမျှ မဖြစ်နိုင်ဆိုသည့် သံသယများကြောင့် ထိုဘုံသဘောတူညီချက် ၅ ချက်သည် မွေးဖွားစဉ်ကပင် အသက်ပါမလာခဲ့ပေ။ မြန်မာ့အရေးတိုးတက်မှုရှိစေရန် ဘုံသဘောတူညီချက် ၅ ချက်သည် အကောင်းဆုံးဖြစ်ကြောင်း ဆက်လက် အားပေးစေကာမူ တိုးတက်မှုမရှိခြင်းအတွက် စိတ်ပျက်ကြောင်း ယခုလအတွင်း ဂျကာတာတွင် ကျင်းပသည့် ASEAN နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဖော်ပြကြသည်။ ထက်