Posts

တပ်သားတွေရဲ့ သားသမီးတွေကို အလှည့်ကျ ကင်းစောင့်ခိုင်း

Image
ကော့သောင်း၊ ခမောက်ကြီး ခမရ ၄၃၁ နဲ့ ၅၈၂ တပ်ရင်းတွေမှာ စစ်ကောင်စီတပ်သားတွေရဲ့ သားသမီးတွေကို အလှည့်ကျ ကင်းစောင့်ခိုင်း ဧရာဝတီတိုင်းမ် မတ်လ ၃၀ ရက် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ခမရ ၄၃၁ နှင့် ၅၈၂ တပ်ရင်းတို့တွင် စစ်ကောင်စီတပ်သားများ၏ ၎င်းတို့၏ ဇနီးမယားများအပြင် သားသမီးများပါ အလှည့်ကျ ကင်းစောင့်ပေးနေရကြောင်း သိရသည်။ စစ်ကောင်စီတပ်သားများ၏  သားသမီးတွေကို ည ၈ နာရီမှ ည ၁၂ နာရီအထိ ၄ နာရီအကြာ  ၎င်းတို့ရဲ့ဇနီးမယားများနှင့်အတူ ပူတွဲကာ အလှည့်ကျ ကင်းစောင့်တာဝန်ချပေးထားတာကြောင်း အဆိုပါ တပ်ရင်းများနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ထို ကင်းစောင့်ပေးနေရသည့် စစ်ကောင်စီတပ်သားများ၏ သားသမီးများမှာ အသက် ၁၆ ၊ ၁၇ နှစ် အရွယ်ရှိပြီး စာမေးပွဲပြီးချိန်ကတည်းက စတင်ကာ ယခုလို လုပ်ဆောင်နေကြရတာဖြစ်ကြောင်းသိရှိရသည်။ "ခမရ ၄၃၁ နဲ့ ၅၈၂ ကတော့ အလှည့်ကျ ကင်းစောင့်နေရတယ်လို့သိရပါတယ်။ အခြားတပ်ရင်းတွေရဲ့ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ အခုရက်က စာမေးပွဲပြီးသွားပီဆိုတော့ သူတို့သားသမီးတွေလည်း အလှည့်ကျ ကင်းစောင့်ရတယ်လို့ သိရတယ်။ သိရသလောက်က တပ်တွင်းမှာလည်း အရင်ထက် အင်အားက အ​တော်လေးရော့နဲသွားတာကို တွေရှ်ိရတယ်"

ဂုဏ်သိက္ခာရှိတဲ့ သတင်းဓာတ်ပုံဆု

Image
⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯⎯❍ တကမ္ဘာလုံးက သတင်းဓာတ်ပုံဆရာတွေ၊ မှတ်တမ်းဓာတ်ပုံဆရာတွေ ဝင်ပြိုင်ကြတဲ့ World Press Photo ဆုတွေထဲက ဆုတစ်ခုကို လွိုင်ကော် ပီဒီအက်ဖ်အဖွဲ့က ဓာတ်ပုံဆရာ မောက်ခမ်းဝါ ရရှိကြောင်း ဆုရွေးချယ်ရေးအဖွဲ့က ဒီနေ့ ကြေညာပါတယ်။  . ဆုရတဲ့ ဓာတ်ပုံကတော့ မနှစ်က ကရင်နီ (ကယား)၊ မိုးဗြဲမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတစ်ခုအတွင်း လွိုင်ကော်ပီဒီအက်ဖ် တော်လှန်ရေးတပ်ဖွဲ့တစ်ဦးက ဒဏ်ရာရသူတစ်ဦးကို ထမ်းခေါ်လာတဲ့ ပုံပါ။  . ဥရောပ၊ အလယ်ပိုင်းနဲ့ မြောက် အမေရိက၊ တောင်အမေရိက၊ အာဖရိက၊ အာရှ၊ အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဆိုပြီး နယ်မြေအလိုက် သတ်မှတ် ဆုပေးတဲ့အထဲမှာ မောက်ခမ်းဝါရဲ့ ဓာတ်ပုံက အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဒေသအတွက် ပေးတဲ့ ဆုတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။  . အရှေ့တောင်အာရှနဲ့ သြစတေးလျ (အိုးရှန်းနီးယား) ဒေသအတွက် Singles, Stories, Long-Term Project, Open Format နဲ့ Honorable Metion ဆိုတဲ့ ဆု ၅ ဆုကြေညာခဲ့ပြီး မောက်ခမ်းဝါက Singles ကဏ္ဍအတွက် ဆုရခဲ့တာ ဖြစ်ပါတယ်။  . World Press Photo Award ဆိုတာကတော့ တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိပြီး ကမ္ဘာတစ်ဝှမ်းက ဓာတ်ပုံသတင်းထောက်တွေ၊ မှတ်တမ်းဓာတ်ပုံရိုက်က

တရားမျှတမှုဆိုတာကို ပြန်ပေးဖို့တော့ မေ့နေကြတာ

Image
တရားမျှတမှုဆိုတာကို လူတွေက ကိုယ့်အတွက်ပဲ လိုချင်ကြတာ။ ပြန်ပေးဖို့တော့ မေ့နေကြတာမျိုး။ တရားမျှတမှုဆိုလို့ ရာဇဝတ်ပြစ်မှုအကြီးကြီးတွေပဲ ပြေးမြင်ရမှာလည်းမဟုတ်ဘူး။  ကိုယ့် လူ့ပတ်ဝန်းကျင်မှာအသေးအဖွဲ တရားမျှတမှုမရှိတာကို လက်ပိုက်ကြည့်မနေတာ လည်း တရားမျှတမှုကို ကျင့်ကြံတာပဲ။ ကိုယ်ယူခဲ့သလို ပြန်ပေးတတ်တာမျိုးကလည်း တရားမျှတမှုကို ကျင့်ကြံတာပဲ။ ဒီ society ကြောင့် ကိုယ်အသာစံခဲ့ရတယ် ဆိုရင်၊ ဒီ society နာနေတဲ့အချိန် ကိုယ်မနာချင်လို့လည်း မရဘူး။ နောက်တမျိုးက  သူ့ဖက်ကျတော့ အိုးပစ် အိမ်ပစ် ဘဝပစ် career ပစ် မိသားစုပစ် လုပ်ပလေ့စေ၊ ကိုယ့်ဖက်ကျတော့ အသေးအဖွဲသာယာမှုလေးတွေတောင် အောင့်ထားဖို့ အားမနာတတ်ဘူး။ သူတို့ခက်ခဲနေချိန် ငါ ဒါလုပ်လိုက်ရင် မတရားသလိုများဖြစ်မလား လို့မတွေးဘူး။ ဒါဟာလည်း တရားမျှတဖို့ ပျက်ကွက်တာပဲ။ "ဟာ…ဒါလေး တွေများကွာ၊ ရေးကြီးခွင်ကျယ်" ဆိုပြီး တရားမျှတမှုခေါင်းစဉ်အောက် ထည့်တွေးရမှန်း‌တောင် မသိ‌သေးဘူးဆိုရင်တော့ တရားမျှတမှုဟာ ဝေးနေဦးမှာပဲ။  ဘာလို့ဆို…ကြီးမားတဲ့ တရားမျှတမှုတွေဆိုတာ သေးငယ်တဲ့ တရားမျှတမှုတွေအပေါ် ဆင့်ကဲတည်ဆောက်ထားတာ ဖြစ်လို့ပါ။  Justice is not one sided. ဖြူဖြူကျော်သိန်း

ဒီဇယ်ရဖို့လိုင်းဝင်ကြရပြီ

Image

စွမ်းဆောင်ရည်မြင့်မားသည့် ဒုတိယမျိုးဆက် ဒရုန်းအမျိုးအစားအသစ်များ

Image
Federal Wings မှ ပထမမျိုးဆက်ထက် စွမ်းဆောင်ရည်မြင့်မားသည့် ဒုတိယမျိုးဆက် ဒရုန်းအမျိုးအစားအသစ်များ ထုတ်ဖော်ပြသ CJ Platform KNU ထိန်းချုပ်နယ်မြေများအတွင်း တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ စစ်ကောင်စီကို တွန်းလှန်နေသည့် Federal Wings မှ ပထမမျိုးဆက်ထက် စွမ်းဆောင်ရည်မြင့်မားသည့် ဒုတိယမျိုးဆက် ဒရုန်းအမျိုးအစားသစ်များကို ယနေ့တွင် ထုတ်ဖော်ပြသခဲ့သည်။ Federal Wings သည် KNU-KNLA/KNDO တပ်ရင်းတပ်ဖွဲ့များဖြင့် ပူးပေါင်းကာ ပူးတွဲတိုက်ဝင်နေခြင်းလည်း ဖြစ်သည်။ Federal Wings အနေဖြင့် ပထမဆုံး ဒရုန်းပျံသန်းမှု စမ်းသပ်ခြင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာ ၄ ရက်တွင် စတင်ခဲ့ပြီး၊ ၂၀၂၂ ခုနှစ် ဧပြီ လမှစတင်ကာ KNU တပ်မဟာ ၆ နှင့် တပ်မဟာ ၃ နယ်မြေများ၌ စစ်ဆင်ရေးများကို စတင် အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။ 🖋မွန်လေး ဓာတ်ပုံ- Federal Wings #CjPlatform #FederalWings

Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

Image
စစ်ကောင်စီအတွက် အလုပ်လုပ်နေသော မြန်မာ့အာမခံလုပ်ငန်းမှ Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲ  By Yangon Khit Thit News Agency March 29, 2023  စစ်ကောင်စီအတွက် အလုပ်လုပ်နေသော မြန်မာ့အာမခံလုပ်ငန်းမှ Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲ ရန်ကုန်၊ မတ် ၂၉ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် အကြမ်းဖက်စစ်တပ် လက် အောက်ခံ မြန်မာ့အာမခံ လုပ်ငန်းမှ Non-CDM ခရိုင်တာဝန်ခံ စိုးငြိမ်းကို ဖမ်း ဆီး လိုက်ကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တောင်ပိုင်းတိုင်း တာဝန် ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မတ်လ ၂၅ ရက် ညနေ ၄ နာရီခန့်က ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် အကြမ်း ဖက်စစ်ကောင်စီ လက်အောက်ခံ ဒေါက်တိုင် လုပ်ကိုင်နေသူတစ်ဦး ဆိုင်ကယ် ဖြင့် သွားလာနေကြောင်း တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေး ပို့ချက်အရ PDF တပ်ရင်း ၅ တပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးမောင်းနှင်လာ သော ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ မြန်မာ့အာမခံလုပ်ငန်းမှ ခရိုင် တာဝန်ခံ အသက် ၅၈ နှစ် အရွယ် စိုးငြိမ်းဖြစ်ကြောင်း

စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် အရပ်သားဦးရေဟာ ၃၁၈၂ဦးထိရှိပြီဖြစ်

Image
မြန်မာနိုင်ငံ၌ စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ်ဖေဖော်ဝါရီ ၁ရက်နေ့မှ စတင်ပြီး ၂၀၂၃ ခုနှစ် မတ်လ ၂၉ရက်နေ့အထိ ၂၅လ အတွင်း၌ စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့သည့် အရပ်သားဦး ရေဟာ ၃၁၈၂ဦးထိရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP၏ ထုတ်ပြန်ချက်အရ သိရသည်။ စစ်တပ်ကအာဏာသိမ်းခဲ့သည့် ၂၀၂၁ခုနှစ် ဖေ ဖော်ဝါရီ ၁ရက်နေ့မှ ၂၀၂၃ခုနှစ် မတ်လ ၂၉ရက်နေ့ ညနေ ၆ နာရီအချိန်ထိ AAPPက ကောက်ယူထားခဲ့သည့် စာရင်းများအရ လက်ရှိအချိန်ထိ စစ်ကောင် စီတပ်၏ မတရားဖမ်းဆီးခံရသူစုစုပေါင်းဟာ ၁၇၀၅၈ဦးထိရှိနေပြီး ၅၂၅၄ဦးဟာထောင်ဒဏ်ချမှတ်ခံထားရကြောင်း သိရသည်။  စစ်ကောင်စီက အပြစ်ဒဏ်ချမှတ်ခဲ့သည့် စာရင်းများတွင်လူ ၁၀၃ ဦးသည် သေဒဏ်ချမှတ်ခံထားရတယ်လို့လဲ  AAPP၏ ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။ ယင်းအပြင် ဖမ်းဆီးခံထားရသူများအတွင်းမှ ၁၂၀ဦးကို မျက်ကွယ်ပြစ်ဒဏ်ချမှတ်ထားခြင်းဖြစ်ပြီး ၄၁ဦးကို မျက်ကွယ်သေဒဏ်ချမှတ်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် စစ်အာဏာသိမ်းပြီးချိန်မှစပြီး ယမန်နေ့ မတ်လ ၂၉ ရက်နေ့အထိ သေဒဏ်ချမှတ်ခံရသူစုစုပေါင်းသည် ၁၄၅   ဦးထိရှိနေပြီး ဖမ်းဆီးခံထားရသူများထဲမှ ၂၄ဦးသည် အာမခံနှင့် ပြန်လည်လွတ်မြောက်လာခဲ့ကြသောကြောင့် ပြန်လ

မယ်ခါးထာ့စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက် က ၄၈ ဦးသေဆုံးဟုဆို

Image
အောင်လေး၊ Salween Press  မတ်လ၂၈ ရက်၂၀၂၃ KNU တပ်မဟာ ၅ ဒေသ သံလွင်းကမ်းနားရှိ မယ်ခါးထာ့စစ်ကောင်စီတပ်စခန်းနှင့်လယ်တိုးစခန်းနှစ်ခု ဒီနေ့မနက်တွင် တစ်ပြိုင်နက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၄၈ ဦးသေဆုံးကာ တစ်ခုသိမ်းပိုက်ခံရတယ်လို့ KNU သတင်းရင်းမြစ်ကဆိုပါတယ်။  KNU မူတြော်ခရိုင်တပ်မဟာ၅အုပ်ချုပ်နယ်မြေတွင်အခြေချကျူးကျော်နေထိုင်သည့်လယ်တိုးစခန်းနှင့်မယ်ခါးထာစခန်းကို ယနေ့မနက်၆နာရီဝန်းကျင်တွင်knlaပူးပေါင်းအဖွဲ့မှတိုက်ခိုက်ခဲ့တယ်လို့knuနဲ့နီးစပ်သည့်သတင်းရင်းမြစ်ကပြောသည်။ “အဓိကတိုက်တာမယ်ခါးထာစခန်းကိုသိမ်းတာ။ တိုက်ပွဲကတစ်နာရီဝန်းကျင်ဘဲကြာတယ်” လို့ အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်။  စခန်းသိမ်းပြီးမီးရှိုပြီးနောက်စစ်ကောင်စီဘက်မှတိုက်လေယာဉ်ဖြင့်မယ်ခါးထာစခန်းထဲသို့လာရောက်ဗုံးကျဲခဲ့တယ်လို့ဆိုပါတယ်။ကျဲချတဲ့ဗုံးသီးကြောင့်ထိုင်းဘက်ခြမ်းရှိ မယ်ခါးထာရွာဘက်သို့ကျည်ခွံအပိုင်းအစလွင့်စင်တာရှိတယ်လို့မယ်ခါးထာမှဒေသခံတစ်ဦးကဆိုပါတယ်။ ထိုစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီဘက်မှ၄၈ဦးသေဆုံးကာ အချို့လည်းထွက်ပြေးလွတ်မြောက်သွားတယ်လို့ကရင်လူမှုကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဉီးကပြောပါတယ်။ “ဒီထက်မကလည်းသေနိုင်တယ်။ သေချာမစီစစ်ရသေးဘူး knlaပူးပေ

"နေပျော်သေးရဲ့လား သူငယ်ချင်းတို့"

Image
"တပ်မတော်အရာရှိဟောင်းတစ်ဦးမှ Hlaing Info သို့ ပေးပို့လာသော  စာ" ခွင့်ပြန်ဖို့ အချိန်ကောရကြသေးရဲ့လား။ ခွင့်ရရင်ရော အရင်လို အိမ်ကို ဆောင့်ကြွားကြွား ပြန်ရဲကြသေးရဲ့လား။ အိမ်ပြန်ရောက်ရင်ရော အရင်လိုသူငယ်ချင်းတွေ မိသားစုတွေနဲ့ ဟိုနားဒီနား သွားရဲကြသေးရဲ့လား။ အရင်တုန်းက သူငယ်ချင်းတွေကရော မင်းကိုအရင်လိုအထင်ကြီး လေးစားနိုင်ကြသေးရဲ့လား။ အရင်လိုရော အဖက်လုပ်ကြသေးရဲ့လား။ ပြောရရင်ဆုံးတော့မှာ မဟုတ်။ ဒီနှစ်နှစ်အတွင်းမှာ စစ်တပ်ဟာ ဥပဒေက ကင်းလွတ်ခွင့်ရထားတဲ့ လူသတ်မုဒိန်းကောင်လိုပဲ ပြုမူလုပ်ကိုင်ခဲ့သမျှအားလုံးက မင်းတိုရဲ့ယူနီဖောင်းမှာ စွန်းထင်းပေကျံနေခဲ့ပြီ။ အဲဒီအတွက် ပြည်သူတွေရဲ့အသွေးထဲ၊ အသားထဲ၊ နှလုံးသားထဲ တောက်လောက်နေတဲ့ နာကျည်းမှုမီးတောက်တွေက မီးသတ်ဌာနခေါ်ပြီး ဥုံဖွလုပ် ငြိမ်းလိုရတဲ့မီး မဟုတ်။ ရက်စက်ယုတ်မာမှုတွေကို မင်းတို့ကိုယ်တိုင်က ကာယကံမြောက်ကျူးလွန်ထားရင်တော့ သိကြားမင်းလည်း ဆင်းမကယ်နိုင်တာမို့ ဝဋ်လည်မယ့်နေ့သာ ထိုင်စောင့်။ မင်းမပါခဲ့ဘူးဆိုရင်တော့ ကိုယ့်ဘဝအတွက် ကိုယ်စဥ်းစားရမယ့် နောက်ဆုံးအချိန်ရောက်ပြီဆိုတာ လာသတိပေးတာ။  မင်းတို့ရဲ့ဘဝတွေက အောက်ခြေနားမှာ နေရသူတွေမို့ သေစရာရှိရင်လည်း ရှေ့ဆုံး

ငွေညှစ်နေသော ယာဉ်ထိန်းရဲအဖွဲ့ ဗုံးဖြင့် ပစ်ခတ်ခံရပြီး ရဲမေ ၁ ဦးဒဏ်ရာရ

Image
တာမွေတွင် လိုင်းကြေးတောင်း ငွေညှစ်နေသော ယာဉ်ထိန်းရဲအဖွဲ့ ဗုံးဖြင့် ပစ်ခတ်ခံရပြီး ရဲမေ ၁ ဦးဒဏ်ရာရ ၊ အလုံမြို့နယ်တွင် ဗုံးပေါက်ကွဲ ရန်ကုန်၊ မတ် ၂၈ ခေတ်သစ် ရန်ကုန်တိုင်း၊ တာမွေမြို့နယ်တွင် လိုင်းကြေးတောင်း ငွေညှစ်နေသော ယာဉ် ထိန်းရဲအဖွဲ့ ဗုံးဖြင့် ပစ်ခတ်ခံရပြီး ရဲမေ ၁ ဦး ဒဏ်ရာရရှိကြောင်း ဒေသ ပြည် သူများနှင့် စစ်တပ်၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။  မတ်လ ၂၈ ရက်နေ့ နံနက် ၁၀ နာရီ ၂၀ မိနစ်အချိန်  ရန်ကုန်တိုင်း၊ တာမွေ မြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ အရှေ့မြင်းပြိုင်ကွင်းလမ်း၊ ဝင်းဘရားသား မှန်အလူမီနီယံဆိုင်​ရှေ့တွင် ယာဉ်များကို စစ်ဆေးပြီး ငွေကြေးတောင်းခံ နေသော ယာဉ်ထိန်းရဲအဖွဲ့ကို တာမွေ ခုံးကျော်တံတားပေါ်မှ ဗုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုကြောင့် ယာဉ်ထိန်းရဲ ၁ ဦး ဒဏ်ရာ ရရှိကြောင်း သိရှိရသည်။  "ဗုံးပေါက်ပြီးတော့ အဲဒီနားမှာ ကားတွေကို လိုက်စစ်တာရှိတယ်။ ဗုံးသံကလည်း ကျယ်တယ်။ တံတားဘက်အခြမ်းတော့ ခဏလေး ပိတ်ဆို့ပြီး ရှင်းလင်းတာတွေ လုပ်တယ်။ ခဏကြာတော့ ပြန်ဖွင့်သွားပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။  ထို့ပြင် မတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန် အလုံလမ်းဘေး ရထား သံလမ်းတွ