Posts

#မိုက်ကယ်ကျော်မြင့်အား_ငွေပေးစေခိုင်းပြီး #ကြံ့ဖွတ်ပါတီတစ်ခုလုံးကို_ဒေါက်တက်ဖြုတ်ခိုင်း(ရုပ်သံ)

လက်ရှိ ကြံ့ဖွတ်ပါတီဥက္ကဌ ခင်ရီ၏တူမဖြစ်သူ ဒေါ်စောဥမ္မာနှင့်၊ မြေးဖြစ်သူ လဝန်းကြည်ဖြူ တို့အုပ်စုဟာ ငွေကြေး သိန်းပေါင်း ၅၀,၀၀၀ ကျော်အား အုပ်စုဖွဲ့ လိမ်လည်ခဲ့ကြသူများဖြစ်ပြီး၊ ခင်ရီတာဝန်ထမ်းဆောင်ခဲ့သည့် လ.ဝ.က အဖွဲ့အစည်းကပင် လဝန်းကြည်ဖြူအား နိုင်ငံသားမှတ်ပုံတင် အမည်မတူသည့်ကဒ်ပြား ၂ခု ထုတ်ပေးခဲ့ကြောင်း မိုက်ကယ်ကျော်မြင့် မှ သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ကြံ့ဖွတ်ပါတီတစ်ခုလုံးကို ဒေါက်တက်ဖြုတ်သွားခဲ့ပါတယ်။ ဖော်ပြပါရှိသော သတင်းစာရှင်းလင်းပွဲကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ နေလည် ၁၂ နာရီလောက်က Yangon Star City Hotal မှာ ပြုလုပ်ခဲ့တာပါ။ ပွဲအပြီး ရက်ပိုင်းအကြာမှာပဲ မိုက်ကယ်ကျော်မြင့်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ယက်စာမျက်နှာပေါ်ကနေပြီး “ပြည်သူတွေ စိတ်ဆင်းရဲဒုက္ခရောက်စေမည့် ပြဿနာများကို ကာကွယ်ဖြေရှင်းပေးသွားမည်။ သို့သော်... ငါ့တူမ/ငါ့မြေး/ငါ့ဆွေမျိုးတို့၏ လိ-မ်လည် yokeမာမှုကြောင့် ပြည်သူတွေ ဆင်းရဲဒုက္ခရောက်လျှင်မူကား ငါနှင့်လားလားမှမဆိုင်။ ပုံ.. ဥက္ကဌ​ကြီးလောင်ကီး” ဆိုပြီး ကြံ့ဖွတ်ဥက္ကဌခင်ရီကို လှောင်ပြောင်သည့်ပို့စ်များ ရေးသားခဲ့ပါသေးတယ်။ ၎င်းပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲသည်

အုပ်ချုပ်ရေးမှူး စိုးမင်းဟန် ပစ်ခတ်ခံရပြီး သေဆုံး

Image
မန္တလေးမြို့တွင် ပြည်သူပိုင် နေအိမ်များကို ကျူးကျော်ဟု ဆိုကာ ရှင်းလင်းရာ၌ ဦးဆောင်ခဲ့သည့် အုပ်ချုပ်ရေးမှူး စိုးမင်းဟန် ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ ဧပြီ ၃ ခေတ်သစ် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်အုပ်ချုပ်ရေးမှူး အကြမ်းဖက်စစ်ကောင်စီထောက် တိုင် အကြီးစား စီးပွားရေးသမား စိုးမင်းဟန်အား ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း အောင်စည်တော် စစ်ဆင်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဧပြီလ ၃ ရက်နံနက်ပိုင်းက ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၁၃၁ လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်း ကြားတွင်နေထိုင်သော ပြည်ခွန်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ပြစ်မှုကျူးလွန်မှုများကို အကြမ်းဖက် စစ်တပ်က ကင်းလွတ်ခွင့်အဖွဲ့ဝင်ကဒ်ပေးထားသူ၊ လန်ဒန်ဆေးရုံပိုင်ရှင်၊ Mytel စီးပွားရေး ပါတနာ၊ မန္တလေးမြို့အတွင်း၌ ကျူးကျော်များဟုဆိုကာ ဖျက်သိမ်းရှင်းလင်းရာတွင် အမိန့်ပေးစေခိုင်းသူ၊ ၅၀၀ တန် ထမင်းထုပ်ဦးဆောင်စီစဉ်သူ စိုးမင်းဟန်အား သေနတ်ဖြင့် ၁၁ ချက်ပစ်ခတ်ရာ သေဆုံးသွား ကြောင်း သိရသည်။ “ထွက်ပြေးတယ်၊ လိုက်ပစ်တာ၊ ဓားနဲ့ဝင်လာတဲ့တစ်ယောက်တော့ တစ်ချက်ပစ်ပြီး ကာကွယ်ခဲ့ရတယ်၊ ဒဏ်ရာတော့ ရနိုင်တယ်၊ ခွေးတွေ

ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် သုံးသောင်းနီးပါးသေဆုံးခဲ့

Image
ဧပြီ၂ရက် ခေတ်သစ် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် သုံးသောင်းနီးပါးသေဆုံးခဲ့ပါတယ်။ ဧပြီ၂ရက် အကြမ်းဖက် အာဏာသိမ်းစစ်တပ်အောက်တွင် ဆက်လက်အမှုထမ်းနေကြသော အရာရှိ၊ အရာခံ၊ အကြပ် စစ်သည်များနှင့် ရဲတပ်ဖွဲ့ဝင်များကို ပြည်သူ့ဘက်သို့ ကူးပြောင်း ရပ်တည်၍ “ပြည်သူ့ရင်ခွင်” ခိုလှုံလာကြရန် အထူးတိုက်တွန်းနှိုးဆော်ချက်မှာ NUGကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။ "ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ချိန်မှ ၂၀၂၃ ခုနှစ်၊ မတ်လအထိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင် (၂၉၆၅၀)ဦး သေဆုံးပြီး (၁၁၁၂၃၀)ဦး ထိခိုက်ဒဏ်ရာ ရသည် အထိ ချေမှုန်းနိုင် ခဲ့ပြီးဖြစ်ပါတယ်အကြမ်းဖက်သမားများ၊ စစ်ရာဇဝတ်ကောင်များ ဖြစ်ကြသည့် အာဏာသိမ်းစစ်တပ်ကို သစ္စာခံကာ ပြည်သူလူထု၏ ဆန့်ကျင်ဘက်တွင် ဆက်လက်ရပ်တည် နေကြသော စစ်သား၊ ရဲသားများကိုမူ ပြည်သူ့ရန်သူ၊ တော်လှန်ရေးရန်သူအဖြစ် သတ်မှတ်ရမည်ဖြစ်၍ ပြည်သူ့တော်လှန်ရေးကြီး၏ အရှိန်မြှင့် တိုက်ခိုက်ချေမှုန်းခြင်းကို ခံကြရမည်ဖြစ်ကြောင်းကို တပါတည်း အသိပေးလိုပါတယ်။ အလားတူ တော်လှန်ရေးအလွန်ကာလတွင်လည်း အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု (Transitional Justice) ဆိုင်ရာ မူဝါဒ၊ လုပ်ထုံးလုပ်

ဘုရား ကျောင်း ရဟန်း ဒါယကာကြီး KTV မှာအသတ်ခံရ

Image
က၀မြို့နယ်၊ အုန်းနှဲကျေးရွာ KTV အနီးတွင် ရဲများ တိုက်ခိုက်ခံရပြီး ရဲတပ်ကြပ် နိုင်ဦး သေဆုံးခဲ့ ရန်ကုန်၊ ဧပြီ ၂  ခေတ်သစ် ပဲခူးတိုင်း၊ က၀မြို့နယ် ၊ အုန်းနှဲကျေးရွာ KTV အနီးတွင် ရဲများ မတ်လ ၂၆ ရက် နေ့ တွင် တိုက်ခိုက်ခံရပြီး ရဲ ၁ ဦးသေဆုံးခဲ့ပြီး  သေဆုံးသူမှ ရဲတပ်ကြပ် နိုင်ဦး ဖြစ်ကြောင်း သိရှိရသည်။  မတ်လ ၂၆ ရက်နေ့ ညပိုင်း က၀မြို့နယ်၊ အုန်းနှဲကျေးရွာ KTV သို့သွားရောက် ကြသည့် ရဲများကို တော်လှန်ရေးရဲဘော်များက တိုက်ခိုက်ခဲ့ရာတွင် ရဲတစ်ဦး ပွဲ ချင်းပြီး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။   "အုန်းနှဲကျေးရွာမှာက အုပ်ကြီးစန်းမြင့်က  KTV ဖွင့်ထားတာ။ အဲဒါ ရဲတွေက KTV ကိုလာရင်း တန် ၁၀၀ ဆန်စက်ဘက်မှာ အပစ်ခံရတယ်။ အုပ် ကြီး ဖွင့် ထား တဲ့ KTV မှာ စစ်ခွေးတွေ ရဲခွေးတွေက လာပြီး ပျော်မြူးနေလေ့ရှိတာ။ အဲဒါ လက် ပစ်ဗုံးနဲ့ပစ်ပြီး ဝင်ပစ်တာ။ အချက် ၂၀ ကျော်တယ်။ ရဲစခန်းမှူး အပါအဝင် ရဲ ခွေးတွေ အချို့ဒဏ်ရာရပြီး ဆေးရုံတင်ထားရတယ်။ ရဲခွေး တစ်ဦးကတော့ ပွဲချင်းပြီးကို သေတာ" ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။  ရဲတပ်ကြပ်နိုင်ဦးသည် အုန်းနှဲကျေးရွာရဲစခန်းတွင် နယ်ထိန်းရဲ ရာထူးတာဝန် ထမ်းဆောင်နေသူဖြစ်ပြီး  ၎င်း၏ရက်လည်ကိ

စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း ခမရ ၁၀၈ ဓနုဖြူတပ်ရင်း မှ တပ်ကြပ် မျိုးတင့် ဝန်ခံပြောဆို

ကရင်နီပြည်နယ်၊ ဖရူဆိုတွင် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် စစ်ဘေးရှောင်များကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အပါအဝင် စစ်ရာဇဝတ်မှုများ ကျူးလွန်ခဲ့ဟု  ခမရ ၁၀၈ တပ်မှ တပ်ကြပ် မျိုးတင့် ဝန်ခံ (ရုပ်/သံ) ရန်ကုန်၊ ဧပြီ ၂  ကရင်နီပြည်နယ်၊ ဖရူဆိုတွင် ကလေးငယ်များ၊ အမျိုးသမီးများ အပါအဝင် စစ်ဘေးရှောင်များကို စစ်တပ်က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်း  ခမရ ၁၀၈  ဓနုဖြူတပ်ရင်း မှ တပ်ကြပ် မျိုးတင့် ဝန်ခံပြောဆိုကြောင်း KNDFက ဗီဒီယိုနှင့်တကွ တရားဝင် သတင်းထုတ်ပြန်သည်။     ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ ကရင်နီပြည်နယ်၊ ဖရူဆို၊ မိုဆိုဖက်တွင် စစ်တပ်က ကလေးသူငယ်များ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ ၃၅ ကို အရှင်လတ်လတ် ဖမ်းဆီး သတ်ဖြတ် မီးရှို့ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၃၅ ဦးကိုသတ်ဖြတ်ခဲ့ပြီး မော်တော်ယာဥ်များနှင့်အတူ သတ်ဖြတ်မီးရှို့လိုက်ကြောင်း၊ အသတ်ခံရသော ပြည်သူများထဲတွင် ကလေးငယ်များနှင့် မိန်းကလေးငယ်များ ၊အမျိုးသမီးများပါဝင်ကြောင်း၊  သတ်ဖြတ်မီးရှို့ခံရသော ပြည်သူများ၏ ရုပ်အလောင်းများမှာ မီးကျွမ်းပြီး အရိုးများသာ ကျန်ရှိခဲ့ကြောင်း သိရှိရသည်။  ဖရူဆိုမြို့နယ်၊ မိုဆိုအစုလိုက်အပြုံလိ

ဒဲရက် ရှိုလက်၏ BURMA ACT အပေါ် ရှင်းလင်းချက်

Image
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန၏ အထက်တန်း အကြံပေး ဒဲရက် ရှိုလက်သည် မကြာမီ က ပြီးဆုံးသွားခဲ့သော ထိုင်း နှင့် အင်ဒိုနီးရှား ခရီးစဉ် အပြီး ဝါရှင်တန် တွင် RFA မှ တွေ့ဆုံမေးမြန်း ခဲ့စဉ် အတွင်း BURMA ACT နှင့် စပ်လျှင်းပြီး ယခုလို ရှင်းလင်းသွားခဲ့သည်။ "ကျွန်တော်တို့ အနေနဲ့ ဒီဥပဒေ ပါ အကြောင်းအရာတွေ နေ့စဉ် နဲ့ အမျှ အကောင်အထည် ဖေါ် လုပ်ဆောင်နေပါတယ်။ မြန်မာ နိုင်ငံကို လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီတွေ ပေးနေတာ အများဆုံး မဟုတ်တောင်၊ အများဆုံး ပေးနေတဲ့ နိုင်ငံတွေထဲမှာ ပါနေပါတယ်၊  ဒီလို အကူ အညီတွေ ပေးနိုင်ဖို့ ရန်ကုန် မှာ ရှိတဲ့ ကျွန်တော်တို့ သံရုံးကတဆင့် အင်တိုက်အားတိုက် လုပ်နေတဲ့ အပြင်၊ အသက်အန္တရာယ် မထိခိုက်စေမယ့် အကူ အညီမျိုး တွေကိုလည်း တော်လှန်ရေး အုပ်စု တွေကို ပံ့ပိုးပေးနေပါတယ်၊ ဒီနေရာမှာ စီမံချက်ရေးဆွဲတာတို့၊ ဘတ်ဂျက် နှင့် စီမံခန့်ခွဲမှု အပိုင်းတွေ ပါဝင်ပါတယ်။ အထူးသဖြင့် အာဏာသိမ်း အဖွဲ့ရဲ့ ထိန်းချုပ်မှု ပြင်ပ မှာ ရှိနေတဲ့ ၅၀ ရာနှုန်းကျော် ရှိနေတဲ့ ဒေသတွေ မှာ ဖြစ်ပါတယ်။ ဒါကလည်း Burma ACT မှာ ပါတဲ့ အတွက် အခုလို ပံ့ပိုးပေးနိုင်တာ ဖြစ်လို့ အလွန် အရေးပါ ပါတယ်လို့ ပြောချင်ပါတယ်၊ ဒါ့အပြင်

ကိုးကိုးကျွန်း ပေါ်တွင် တရုတ် ထောက်လှန်းရေး စခန်း ရှိနေပြီလော

Image
ယနေ့ အိန္ဒိယ သတင်း စာ နှင့် မီဒီယာများ တွင် ပွဲဆူသွားစေသည်က ဂြိုလ်တု မှ ရိုက်ကူးထားသော ဓါတ်ပုံများ ထွက်လာခဲ့ပြီး ထိုဓါတ်ပုံများထဲတွင် ကိုးကိုးကျွန်း ပေါ်ရှိ စစ်ဖက်ဆိုင်ရာ အဆောက်အအုံများ အသစ် ထပ်မံ ဆောက်လုပ်နေသည်ကို တွေ့လိုက်ရ၍ပင် ဖြစ်သည်။ ယင်းသည် တရုတ် တို့ အတွက် စပိုင် စခန်း ဖြစ်ဖွယ် ရှိသည်ဟု သုံးသပ်နေကြသည်။ ထိုဓါတ်ပုံ၏ အလယ်တည့်တည့် တွင် အသစ်စက်စက် လေယာဉ် သိုလှောင်ရုံ နှစ်ခု ကို တွေ့ရသည်။ မြောက်ဖက်တွင် သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ခံ တံတား ရှည်ကြီး တခုနှင့် ရေတပ် သင်္ဘောများ အဝင်အထွက် များ တွေ့ရသည်ဟု ဆိုသည်။ ထို့ပြင် လေယာဉ်ပြေးလမ်း၏ အရှည်အားလည်း ယခင် ၁,၃၀၀ မှ  မီတာ ၂,၃၀၀ အထိ ထပ်မံ တိုးချဲ့ထားသည်၊ ယခု ကိစ္စအား လန်ဒန် ရှိ ချာတန်ဟောက်စ် တွေးခေါ်မျှော်မြင်ရေး အဖွဲ့ကြီး မှ စတင် ‌ဖေါ်ထုတ်လာခဲ့ခြင်း ဖြစ်သည်။ ထိုအဖွဲ့ကြီး၏ အစီရင်ခံစာတွင် မြန်မာ စစ်တပ်သည် တရုတ် နှင့် ပေါင်းပြီး ရေတပ် ထောက်လှန်းရေး လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်ရန် ရည်ရွယ်ခြင်း ဖြစ်သည် ဟု ဆိုသည်။  စစ်တပ်အား  မြို့ကြီးများရှိ ၎င်းတို့နိုင်ငံသားများ အား စောင့်ကြည့်ထောက်လှန်းနိုင်ရန် နည်းပညာ အကူအညီ နှင့် ပစ

သမိုင်းအမှားဘက်သို့ တရုတ် တပတ်ပြန်လည်လာသည်

Image
အောင်ဇော် 1 April 2023 အမေရိကန် ပြည်ထောင်စုသည် မြန်မာစင်ပြိုင်အစိုးရနှင့် ထိတွေ့ဆက်ဆံမှုကို တိုးမြှင့်ပြီး ဒီမိုကရက်တစ် အတိုက်အခံနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို ထောက်ခံရန် စိတ်အားထက်သန်လာသောအခါ အိမ်နီးချင်း တရုတ်နိုင်ငံသည် အမေရိကန် သြဇာကြီးထွားလာခြင်းကို ဆန့်ကျင်ရန် ခြေလှမ်းများ လှမ်းလာသည်။ သို့သော် တရုတ်သည် မှန်ကန်သောမူဝါဒကို ချမှတ်ခြင်းရှိ၊ မရှိ မေးခွန်းထုတ်ရန်ရှိသည်။ တရုတ်က အသစ်ခန့်လိုက်သည့် အထူးသံတမန် မစ္စတာ တိန့်ရှီကျွန်းသည် မြန်မာသို့ ဒီဇင်ဘာလအတွင်း နှစ်ကြိမ်လာရောက် လည်ပတ်ခဲ့သည်။ သူ၏ ခရီးစဉ်တွင် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံခြင်းလည်း ပါဝင်သည်။ သူသည် မြောက်ပိုင်းမဟာမိတ်များထံသို့ သွားရောက်ပြီး ‘ဝ’ ပြည်သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ရက္ခိုင့်တပ်တော် (AA)၊ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တို့မှ ကိုယ်စားလှယ်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးသည်။ ထိုတိုင်းရင

မင်းအောင်လှိုင် အလိမ်ပေါ်ပြန်ဘီ !

Image
နောက်ဆုံးလိမ်တဲ့ကောင်သာ အရှုံးဆိုတာ အမှန်ပဲ ပြည်သူမသိခင်တော့ သာသလိုရှိတာပေါ့လေ ကြောင်ကြာကြာ ရေမငုတ်နိုင်ဆိုတာ ဒါပါပဲ ထင်တော့ထင်သား သတင်းက ထွက်မလာသေးလို့သာ ဒါကြောင့် မအလ ရခိုင်သွားပြီး သွေးခွဲပြနေတာလို့ ရေးပြခဲ့သလို တပင်ရွှေထီး သွေးခွဲအကွက်တွေ ထုတ်သုံးနေတာလို့ ကြိုရေးခဲ့သေး ဘာကြောင့်ဆိုတော့ သာကောလာတယ် NLD ဖျက်တယ် ရခိုင်သွားတယ် မသိရင် သာကောစနက် ထောက်ခံသလိုတွေ ဖြစ်စေဘို့ အာရုံလွဲ ဂျင်းထဲ့တာပဲ  ခု ဧရာဝတီသတင်းထဲမှာပါလာတဲ့ ပြည်သူမသိသေးတဲ့ အချက်တွေအရဆိုရင် NUG အဆင့်မြင့် ကာကွယ်ရေး အရာရှိတွေ မြောက်ပိုင်းသွားရောက်ပြီး ‘ဝ’ အပါအဝင် တိုင်းရင်းသားလန-က်ကိုင်အဖွဲ့အစည်း မဟာမိတ်များနှင့်  အစည်းအဝေးများ ကျင်းပခြင်းနဲ့ စိန့ တိန့်ရှီကျွန်းက မြောက်ပိုင်းနယ်စပ် ရောက်နေတဲ့အချိန်မှာ NUG အဆင့်မြင့် ကာကွယ်ရေးအရာရှိများက  UWSA ဌာနချုပ် ပန်ဆန်းတွင် ရှိနေတယ်ဆိုတာရယ်  ‘ဝ’ ခေါင်းဆောင်များက NUG ကို ထောက်ခံရန် မကြာသေးမီက  ကတိပြုပြီး MNDAA သည်လည်း လွန်ခဲ့သောနှစ်မှစတင်ပြီး NUG နှင့် PDF တပ်များကို လန-က်နှင့် လေ့ကျင့်မှု ပေးနေမှု ဒီအချက်တွေကို မအလတို့ စိုးရိမ်ပြီး ၀နဲ့ မြောက်ပိုင်းအဖွဲ့တွေခေါ်တွေ့တယ် အဆင်မပြေကြောင်း သိရပ

VPower နဲ့ စစ်တပ်ကို အဓိက ချိတ်ဆက်ပေးခဲ့တာက ထွန်းမင်းလတ်

Image
By ကျော်မောင်— ၂၀၂၁ မေလက Nikkei Asia ဆောင်းပါးမှာပါတဲ့ စိတ်၀င်စားစရာ အချက်ကတော့  🔻 A key figure in VPower's deals with the Myanmar military is Tun Min Latt, son of retired Lt. Col. Khin Maung Latt. He was named in a 2019 United Nations Fact-Finding Mission report on the military's economic interests as a private shareholder in the Star Sapphire Group of Companies 🔻 ဆိုတာပါပဲ  မြန်မာစစ်တပ်နှင့် VPower သဘောတူညီချက်များတွင် အဓိကကျသူမှာ အငြိမ်းစား ဒု-ဗိုလ်မှူးကြီး ခင်မောင်လတ်၏သား ထွန်းမင်းလတ်ဖြစ်သည်။  သူ့ကို Star Sapphire Group of Companies တွင် စစ်တပ်၏ စီးပွားရေး အကျိုးစီးပွားအတွက် ပုဂ္ဂလိက ရှယ်ယာရှင်အဖြစ် 2019 United Nations Fact-Finding Mission အစီရင်ခံစာတွင် ထည့်သွင်းခဲ့သည်။ ၂ နှစ်ခန့် ကြာသောအခါ ‌မီးပေးတဲ့ သင်္ဘောကြီးလည်း ထွက်ခွာသွားခဲ့ပါပြီ.... ဟောင်ကောင် အခြေစိုက် VPower နဲ့ တရုတ်အစိုးရပိုင် CNTIC တို့ဟာ မြန်မာ့အရေးစောင့်ကြည့်လေ့လာတဲ့အဖွဲ့တွေရဲ့ မေးခွန်းထုတ်မှုနဲ့ ဝေဖန်မှုကို ၂၀၂၁ တည်းက ရင်ဆိုင်ခဲ့ရပါတယ်။ အဓိကကတော့ စစ်တပ်နဲ့အကျိုးစီးပွား‌ ရှိနေတဲ့အတွက်ပါ။ ဒါ့ကြောင့် မြန်မာမ